Crd
Unicode
ဒီကြောင်း ပြီးကတည်းက နောက်အခါ “ ခါငှက်သား မစားတော့ပါ ”
ဒီသမိုင်းလေးကို သိပြီး သကာလ “ နောင်အခါ ကျွန်တော် ခါငှက်သား မစားတော့ပါ ”
ပြောင်ခေါင်းဒေသရဲ့ တောတောင်ထဲ ရောက်ချိန် မှာ ငှက်မုဆိုး တစ်ယောက်က လာရောင်းတာ .. တစ်ကောင်ကို ၃၀၀၀ – ကျပ် နဲ့ ခါငှက် ၂ ကောင် ။ ၂ ကောင်ဆိုတော့ ၆၀၀၀ – ကျပ်ပေါ့ ။ ဝယ်မိတာ ကတော့ အသေကောင်တွေပါ … ။
အဲဒီ ငှက်မုဆိုးကို ခါ – ကို ဘယ်လို ထောင်သလဲ အင်တာဗျူးမိတယ် ။ သူတို့ပြောတာက ခါငှက်အထီး တွေကိုပဲ ထောင်လို့ ရပါတယ်တဲ့ ။ mp 3 box ကို ဆိုင်ကယ် ဘက်ထရီလေး နဲ့ ချိတ် ၊ ခါငှက် အမရဲ့ အသံလုပ်ပြီး မြှူဆွယ်တဲ့ သဘော ။ ညနေ မိုးချုပ် အချိန် ခါငှက်အထီးတွေက အမသံကြား တော့ ငှက်မုဆိုးတွေရဲ့ ညွှတ်ကွင်းထဲ မိကြတာပဲ ။ …. ။
ခါငှက်အသားက အရမ်း ကျစ်တယ် ။ ရင့်တယ် ။ မွနေအောင် ထောင်းပြီး ကြော်စားရတဲ့ အမျိုး ။ ထောင်ဖမ်းတဲ့ အခါမှာလဲ ခါငှက် အမတွေကိုတော့ မျိုးမ ပျောက်အောင် ပြန်လွှတ်ပေးပါတယ်တဲ့ … ။
နောက်ဆက်တွဲ ကျွန်တော် မောင်ဂျိမ်းစ် လေ့လာ သိရှိ မိတာက ခါငှက်တို့ သဘာဝဟာ ချင်းတောင် တန်းက အောက်ချင်းငှက်တွေလိုပဲ ။ တစ်လင် – တစ်မယား စနစ် ။ ဝါတွင်းကာလ မိတ်မလိုက်ဘူး ။ သူ့နယ်မြေ ကိုယ့်နယ်မြေ စည်းထားတယ် ။ အဲဒီ ခါငှက်တွေက ဥမကွဲအသိုက်မပြတ် နေထိုင်ကြပြီးလျှင် သား ၊ သမီး အများအပြား အတောင်စုံ ခွဲခွာသွားသော်လည်း အိုကြီး ၊ အိုမ အထိ အတူတကွ နေထိုင်ကြတာတဲ့ … ။
ယခု အဲဒီ သမိုင်းလေး သိပြီးသကာလ ခါငှက် လေးတွေရဲ့ အတုယူစရာတွေကို နောင်တ နှင့် တကွ ဒီတသက် ခါငှက်သား မစားတော့ပါ…
Crd
Be the first to comment
Leave a Reply
Your email address will not be published.
*