ကိုရို နာဗိုင်းရပ်စ် ကို အနိုင်ရခဲ့ကြသူ များ (သို့) COVID-19 ကုသပျောက် ကင်းသူများရဲ့ အတွေ့အကြုံ

ကိုရို နာဗိုင်းရပ်စ် ကို အနိုင်ရခဲ့ကြသူ များ (သို့) COVID-19 ကုသပျောက် ကင်းသူများရဲ့ အတွေ့အကြုံ

ကိုရို နာဗိုင်းရပ်စ် ကို အနိုင်ရခဲ့ကြသူ များ (သို့) COVID-19 ကုသပျောက် ကင်းသူများရဲ့ အတွေ့အကြုံ

ကို ရိုနာ ရောဂါခံစားခဲ့ရပြီး ဆေးရုံကဆင်းလာတဲ့ သူတွေဖြစ်ပါတယ်။ သူတို့အားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကတော့ အားလုံးအတူတူဖြစ်တယ်…။ အထီးကျန်ခြင်း၊ ကြောက်ရွံ့ခြင်း၊ စိတ်ဓာတ်ကျခြင်း..။

ကိုရိုနာ ရောဂါခံစားခဲ့ရတဲ့ဗြိတိန်လူမျိုးတစ်ဦး Connor Reed။ အသက် ၂၅ နှစ်..။ သူက တော်တော်နာမည်ကြီးတယ်..။ သူ ကိုရိုနာရတော့ ဝူဟန်မှာကိုး…။ အဲဒီတုန်းက ကိုရိုနာဗိုင်းရပ်စ် အသစ်ထွက်နေပြီဆိုတာ၊ အဲဒါဘာရောဂါလဲဆိုတာတောင် ကမ္ဘာက မသိသေး…။

ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှ အဲဒီ ဗိုင်းရပ်ဟာ SARS-CoV-2 ရယ်လို့၊ ဒီဗိုင်းရက်ကြောင့် ဖြစ်တဲ့ ရောဂါကို COVID-19 ရယ်လို့ WHO က နာမည်ပေးခဲ့တာဖြစ်တယ်..။ သူဖြစ်တာ ၂၀၁၉၊ နိုဝင်ဘာကတည်းက.။

Connor Reed က ဝေလနယ်က ဗြိတိန်လူမျိုး..။ သူက တရုတ်နိုင်ငံ၊ ဝူဟန်မြို့ (Wuhan) မှာ အင်္ဂလိပ်စာပြနေတဲ့ ကျောင်းဆရာတစ်ယောက်ပေါ့..။ ဝူဟန်ရောက်တာ ၃ နှစ်နီးပါးရှိပြီ..။ Connor Reed ဟာ ကိုရိုနာ ဗိုင်းရပ်စ်ရပြီး တစ်လနီးပါး အိမ်တွင်းအောင်းနေခဲ့ရတယ်.။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်.. “အဲဒီနေ့က ကျွန်တော် အိပ်ရာက နိုးလာတော့ မအီမလည်ဖြစ်နေတယ်၊ ပြီးတော့ ချောင်း အရမ်း ဆိုးတယ်။ ကျွန်တော်ပျားရည်နဲ့ရေနွေး ပူပူနဲ့ရောသောက်တယ်။”

“ပထမတုန်းက အအေးမိတာပဲ ထင်တာ ။ သာမန် အအေးမိသလိုပါပဲ။ နှာခေါင်း အရမ်းပိတ်တယ်။ ၃ ရက်မြောက်အထိ မသက်သာတော့ ကျွန်တော်ဝီစကီနဲ့ပျားရည် ရောသောက်တယ်။” “၅ ရက်မြောက်နေ့က ပြန်ကောင်းလာတယ်…။” “ထူးခြားတာက နေကောင်းလာလိုက်၊ ပြန်ဆိုးသွားလိုက်ပဲ..။ တောက်လျှောက် နေမကောင်းဖြစ်တာ မဟုတ်ဘူး”

“၂ ရက်ပဲကြာတယ်… ကျွန်တော် အရမ်းပြန် ဖျားလာတယ်..။ မျက်လုံးတွေ ပူတယ်..။ တစ်ကိုယ်လုံး ကိုက်လာတယ်..။ချောင်ဆိုးလွန်းလို့ အသံတောင် ဝင်တယ်..။ စကားပြောလို့ မရတော့ဘူး။”

“ကျွန်တော် တုပ်ကွေးရောဂါ အကြိမ်ကြိမ် ကြုံဖူးတယ်..။ ဒါဟာအဆိုးရွားဆုံးပဲ။ အသက် အန္တရယ်မရှိဘူးဆိုတာ သိပေမဲ့ ကျွန်တော် အရမ်းကို ကြောက်ခဲ့တယ်တယ်။ “အသက်ရှူကြပ်တဲ့ အချိန်က အကြောက်ဆုံးပဲ..။”

“၉ ရက်မြောက်နေ့ …၊ အိပ်ရာထဲမှာပဲ နေရတယ်၊ အစာမစားချင်တော့ဘူး..။ ခေါင်းတွေ အရမ်းကိုက်တယ်၊ နေရတာ အဆင်မပြေဘူး။ “၁၁ ရက်မြောက်နေ့ သက်သာလာပြန်တယ်..။ ဒါပေမဲ့ ကျွန်တော့် ကြောင်လေး ရုတ်တရက် သေသွားတယ်..ဘာလို့လဲတော့ မသိဘူး…”

“၁၂ ရက်မြောက်နေ့မှာ ကျွန်တော် ဝူဟန်က (Zhongnan University Hospital) ဆေးရုံကို သွားခဲ့တာ…ကျွန်တော် ထပ်ဖျားလာပြီး အရိုး အဆစ်တွေပါ ကိုက်လာလို့… အရင်တုန်းက ဒီလိုမျိုး ကျွန်တော်တစ်ခါမှမကြုံဖူးဘူး။” “ဆရာဝန်က ကျွန်တော့် ကို နမိုးနီးယား (အဆုတ်ရောင်ရောဂါ) ရနေပြီတဲ့..”

“အသက်ရူမဝတာ အဆိုးဆုံးပဲ။ အသက်ရူမဝရင် ကိုယ့်ကိုကိုယ်သေတော့မယ်ပဲ ထင်မိတယ်..။ အသက်က တစ်ဝက်ပဲရူနေရသလို ခံစားရတယ်..”

“၁၃ ရက်မြောက်နေ့က စပြီး ကျွန်တော် ဆရာဝန် က နမိုးနီးယားအတွက်ပေးတဲ့ ဆေး (antibiotics)တွေ စသောက်တာ”

“၁၆ ရက်မြောက်နေ့ကျတော့ ကျွန်တော် အမေ့ဆီ ဖုန်းဆက်မိတယ်..။ အမေ ကျွန်တော် အရမ်းနေမကောင်းဖြစ်နေပြီ..လို့..။ အမေက အတော် စိတ်ပူနေပြီ..။ အမေ့ဆီ ဖုန်းဆက်ပြီး နောက်တစ်နေ့ကျတော့ နည်းနည်း သက်သာလာတယ်”

“၂၂ ရက်နေ့မြောက်ကျတော့ ကျွန်တော် အဆုတ်ရောင်တာ အတော်သက်သာနေပြီ..” “၂၄ ရက်ကြာတော့ ကျွန်တော် နေကောင်းသလောက်ဖြစ်နေပြီ..” “ကျွန်တော် အလုပ်ပြန်ဆင်းတယ်..။”

“ကျွန်တော် အဲဒီလို စဖြစ်ပြီး ၃၆ ရက်မြောက်နေ့ပေါ့..သူငယ်ချင်းက ကောလဟလ ထွက်နေတယ်တဲ့ …ကျွန်တော်တို့နေတဲ့ ဝူဟန်မှာ ရောဂါကပ်ဆိုက်နေပြီ.. စားစရာတွေပြေးဝယ်ထားဆိုလို့ ကျွန်တော် အပြေးဝယ်တာ..မနက် ၃ နာရီကြီး…”

“နောက်တစ်နေ့..။ ဝူဟန်မှာ ကြေညာတော့တာပဲ.။ ဗိုင်းရပ်စ် အသစ်ဝင်နေပြီဆိုတာ… ကျွန်တော် ထင်လိုက်တယ်..။ ဒါ ကျွန်တော် ရခဲ့တဲ့ ဗိုင်းရပ်ဆိုတာ… မှတ်မှတ်ရရ အဲဒီနေ့က ကျွန်တော် စ ဖြစ်ပြီး ၃၇ ရက်မြောက်နေ့” (ဝူဟန်က အမည်မသိတဲ့ ဗိုင်းရပ်စ် စနေပြီလို့ WHO ကို တရားဝင် အသိပေးတာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှ ဖြစ်ပါတယ်…။)

“ကျွန်တော် နေမကောင်းစဖြစ်တဲ့နေ့က စရေတွက်ရင် ၅၂ ရက်မြောက်နေ့ပေါ့…။ ဆေးရုံက ကျွန်တော့်ကို သတင်းပေးလာတယ်..။ ကျွန်တော် ခန္ဓာကိုယ်ထဲဝင်ခဲ့တာ ဝူဟန်မှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် အသစ် တဲ့..။ ကျွန်တော်ကဖြင့် နေတောင် ပြန်ကောင်းသွားပြီ..” “ကျွန်တော် COVID -19 ကို အိမ်မှာ တစ်ယောက်တည်းနေရင်း အနိုင်ရခဲ့ပါတယ်…”

“အခုတော့ ဝူဟန် ဟာတကယ့်တစ္ဆေမြို့ကြီးဖြစ်နေပြီ..။ အခုဆို လမ်းတွေပေါ်မှာ ဘယ်သူမှမရှိသလောက်…။ဈေးဆိုင်တွေမှာ သစ်သီးတွေ၊ဟင်းသီး ဟင်းရွက်တွေ သိပ်မရှိတော့ဘူး..။ ဆေးဆိုင်တွေမှာလည်း ဆေးတွေ၊ မျက်နှာဖုံးတွေမရှိဘူး။”

“မျက်နှာဖုံး (mask)မပါဘဲ လမ်းထွက်ရင် ရဲက ဖမ်းမှာ…” (Connor Reed ကပြောတာဖြစ်ပါတယ်..။ သူ့ အတွေးလား၊ တကယ်လားတော့ မသိပါ..။)

နောက်တစ်ယောက်က ဝါရှင်တန်ပြည်နယ်က အသက် ၃၇ နှစ်အရွယ် Elizabeth Schneider..။ ဖေဖော်ဝါရီ ၂၂ ရက် အိမ်တက်ပါတီက ပြန်လာပြီး နောက်ပိုင်း အဖျားတက်လာတယ်။ ပါတီတက်တဲ့လူ ၄၀% လောက်က နေမကောင်းဖြစ်လာတယ်..။

“ကျွန်မ အပူချိန် ၁၀၃ ဒီဂရီ ဖာရင်ဟိုက်အထိရောက်ခဲ့တယ်..။ ခန္ဓာကိုယ်ထဲက ချမ်းစိမ့်၊ ခေါင်းကိုက်..။ ၃ ရက်ဖျားပြီး ၃ ရက်ပြန်ကောင်းခဲ့သေးတယ်..။” ဒါပေမဲ့ Elizabeth Schneider မှာ ကနဦးမှာ ချောင်းဆိုးတာတို့၊ အသက်ရှူကျပ်တာတို့ မရှိတော့ ကိုရိုနာလို့ မထင်မိခဲ့..။

“ထပ်ဖျားတော့ ကိုယ်ခန္ဓာတစ်ခုလုံး နာကျင်ကိုက်ခဲနေတယ်..။ အဆစ်နာတယ်၊ အားမရှိ…၊ ပျို့အန်ချင်သလို ခံစားရတယ် …။ ဖျားလိုက် ပျောက်လိုက် စုစုပေါင်းမှာ ၁၆ ရက်လောက်ဖြစ်တယ်..။” “အဲဒီနေ့က အိမ်တက်ပွဲသွားကြတဲ့သူတွေ မေးကြည့်တော့ တချို့က ဝမ်းလျှောတယ်ပြောကြပေမဲ့ ကျွန်မကတော့ ဝမ်းမလျှောဘူး..”

“ရက်သတ္တပတ် နှစ်ပတ်အကြာ၊ မတ်လ ၇ ရက်နေ့က ဆေးရုံကဖုန်းလာတယ်။ ကျွန်မရောဂါက COVID-19 တဲ့..။ အဲဒီတုန်းက ကျွန်မမှာ အဖျားရှိတယ်…။ နှာစေးပြီး လည်ချောင်းနာနေပြီ။”

“တနင်္လာနေ့၊ မတ်လ ၉ ရက်နေ့ကစပြီးကျွန်မရဲ့ အခြေအနေကောင်းလာတာ ။ ၁၃ ရက်မှာ အဖျားမရှိတော့ဘူး..။” “စိတ်ဓာတ်တော့ ကျတာပေါ့..။ အိမ်တစ်ယောက်တည်းနေရတာ အထီးကျန်တယ်..။ အရမ်းအားနည်းတယ်..။ အစာစားဖို့ ဘာမှ မချက်နိုင်ဘူး…”

နောက်တစ်ယောက်က နယူးဂျာစီ (NJ) က ကိုရိုနာ လူနာ က အသက် ၃၂ အရွယ် James Cai (physician assistant)..။ သူက နယူးဂျာစီရဲ့ ပထမဆုံး လူနာပေါ့..။ ဖေဖော်ဝါရီ ၂၈ ရက်၊ တနင်္ဂနွေနေ့က Times Square မှာရှိတဲ့ ဆေးဘက်ဆိုင်ရာညီလာခံတက်ခဲ့ရာက ကိုရိုနာရခဲ့တာဖြစ်တယ်..။

“ကျွန်တော်ကတော့ ဝမ်းလျှောပြီးရင်ဘတ်အောင့်တယ်။ အဖျားတော့ သိပ်မမြင့်ဘူး..” Cai ဟာ မတ်လ ၃ ရက် ကတည်းက Hackensack University Medical Center မှာ အထီးကျန်စွာနေခဲ့ရတယ်..။ “ကျွန်တော် ချောင်း ခဏခဏ ချောင်းဆိုးလို့ နံရိုးတွေတောင်နာတယ်..”

“ဓာတ်ခွဲခန်းက ကျွန်တော့်ကို ဆေးနှစ်မျိုး ပေးတယ်..”

“ပထမဆုံး ဆေးထိုးပြီတော့ ကျွန်တော် အဖျားကျသွားတယ်..။ ဓာတ်ခွဲခန်းရဲ့ရလဒ်တွေ အားလုံး ပိုကောင်းလာပါပြီ။ ဓာတ်ခွဲခန်းက ဒီဆေးနှစ်မျိုးကကျွန်တော့်ရဲ့ဗိုင်းရပ်စ်ပိုးကို နှေးစေတယ်။ အဲဒီဆေးတွေ အတော့်ကို မျှော်လင့်ချက်ရှိတယ်..”

“အဲဒီဆေးနှစ်မျိုးကို လေးရက်ကြာသောက်ခဲ့ပြီး မတ် ၁၁ ရက်မှာ ကျွန်တော့်ကို သူတို့ စမ်းသပ်နေဆဲ့ ဆေးတစ်မျိုးထပ်ပေးခဲ့တယ်..။ နောက်နေ့ ကျွန်တော် ရောဂါလက္ခဏာ အားလုံးပိုကောင်းလာတယ်..။ အောက်စီဂျင် လယ်ဗယ်လည်း မကျတော့ဘူး။”

“သမီးလေး နဲ့ ဝေးနေရတာ COVID ထက်ပို ပင်ပန်းတယ်…” အခုတော့ ဇနီး နဲ့ ၂၀ လ အရွယ်ရှိတဲ့ ချစ်သမီးလေးကို ပြန်တွေ့နိုင်ပြီပေါ့..။

COVID -19 လူနာတွေ ဘယ်လိုကုလဲ…?

COVID-19 ဟာ ဗိုင်းရပ်စ်ကူးစက်ရောဂါမို့ ဘက်တီးရီးယားပိုးတွေ ပဋိဇီဝဆေးများက မထိရောက်ပါ။ ဒါကြောင့် အခုလောလောဆယ်တော့ များသောအားဖြင့်…

ဗိုင်းရပ်စ်နဲ့ ကိုယ်ခံအား တိုက်နေတဲ့ အချိန်မှာ ရေဓာတ်ဆုံးရှုံးတဲ့ အတွက် လိုအပ်တဲ့ ရေဓာတ်ပြန်ဖြည့်ပေး..။ ဖျားရင် အဖျားကျဆေး (တချို့နိုင်ငံမှာ စမ်းသတ်နေဆဲဆေး)..။ အသက်ရှူကျပ်တဲ့သူတွေ အောက်စီဂျင်ပေး…။ ခန္ဓာကိုယ်က ဗိုင်းရပ်စ်ကို နိုင်တဲ့ အထိ အချိန်တစ်ခုအထိစောင့်ရုံကလွဲပြီး..။ အခြားကုစရာ နည်းလမ်းမရှိသေးပါဘူး။

COVID-19 အတွက် ကာကွယ်ဆေးတွေနဲ့ ကုသမှုနည်းလမ်းတွေကို ကမ္ဘာအနှံ့အပြားကသိပ္ပံညာရှင်တွေက စမ်းသပ် စစ်ဆေးဆဲဖြစ်ပါတယ်..။ COVID -19 အတွက် ကာကွယ်ဆေးဖော်ပြီး အမေရိကန် (Seattle) မှာ မတ်လ ၁၆ ရက်၊ တနင်္လာနေ့က စပြီး လူတွေဆီ ဆေးထိုး စမ်းသပ်မှုတွေ လုပ်နေပါပြီ ..။

ဒါပေမဲ့ သုတေသီတွေဟာ ဖြစ်နိုင်ချေရှိတဲ့ ကာကွယ်ဆေးတွေနဲ့ ဆေးကုသနည်းတွေကို အထပ်ထပ် စမ်းသပ်ဖို့လိုမယ်..။ ယုံကြည်စိတ်ချတဲ့ ကာကွယ်ဆေးကိုရဖို့ လပေါင်းများစွာ ကြာနိုင်ပါတယ်…။ ကာကွယ် ဆေးမရခင်စပ်ကြား ကိုရိုနာကို ကိုယ့်ခန္ဓာကိုယ်ထဲ အဝင်မခံကြပါနဲ့လို့…။

မိမိကိုယ်ကို မိမိကာကွယ်ကြပါ..။

မရွှေမိုး

Be the first to comment

Leave a Reply

Your email address will not be published.


*