အထည္ခ်ဳပ္ စက္႐ုံမ်ား အတြက္ အေရးတႀကီး လိုအပ္ေနသည့္ ကုန္ၾကမ္းမ်ား တ႐ုတ္ႏိုင္ငံမွ တင္သြင္း ….

အထည္ခ်ဳပ္ စက္႐ုံမ်ား အတြက္ အေရးတႀကီး လိုအပ္ေနသည့္ ကုန္ၾကမ္းမ်ား တ႐ုတ္ႏိုင္ငံမွ တင္သြင္း ….

အထည္ခ်ဳပ္ စက္႐ုံမ်ား အတြက္ အေရးတႀကီး လိုအပ္ေနသည့္ ကုန္ၾကမ္းမ်ား တ႐ုတ္ႏိုင္ငံမွ တင္သြင္း ….

COVID – 19 ေရာဂါ ႐ိုက္ခတ္မႈေၾကာင့္ ျမန္မာႏိုင္ငံရွိ အထည္ခ်ဳပ္စက္႐ုံမ်ား ကုန္ၾကမ္းျပတ္လပ္မႈ မျဖစ္ေပၚေစေရးအတြက္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊

ျမန္မာႏိုင္ငံ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းႏွင့္တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသံ႐ုံး စီးပြားေရးဌာန၊ China Enterprise Chamber of Commerce in Myanmar (CECCM ) တို႔ ပူးေပါင္းစီစဥ္မႈျဖင့္

အထည္ခ်ဳပ္စက္႐ုံမ်ားအတြက္ လိုအပ္သည့္ ကုန္ၾကမ္းပစၥည္းမ်ားကို နယ္စပ္ကုန္သြယ္ေရး လမ္းေၾကာင္းႏွင့္ ေလေၾကာင္းလိုင္းမ်ားမွ တင္ပို႔လ်က္ရွိရာ မူဆယ္နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမွ

CMP ကုန္ၾကမ္း ေမာ္ေတာ္ယာဥ္ အစီး ၅၀ ခန႔္ ေန႔စဥ္တင္သြင္းလ်က္ရွိၿပီး ယေန႔တြင္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ကြမ္က်ိဳးၿမိဳ႕မွ AQ–1359 Cargo ကုန္တင္ေလယာဥ္ျဖင့္ သယ္ေဆာင္လာသည့္ ကုန္ၾကမ္း ပစၥည္းမ်ားမွာ ယေန႔ည ၁၀ နာရီခြဲတြင္ ဆိုက္ေရာက္ခဲ့ေၾကာင္း သိရသည္။

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ကုန္သြယ္ေရးဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမင္းမင္းက အဆိုပါ ကုန္ၾကမ္းပစၥည္းမ်ားမွာ အထည္ခ်ဳပ္စက္႐ုံ (၁၁) ႐ုံအတြက္ အေရးေပၚ လိုအပ္လ်က္ရွိေသာ ကုန္ၾကမ္းပစၥည္းမ်ားျဖစ္ေၾကာင္း ေျပာၾကားသည္။

ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္အေထြေထြ အတြင္းေရးမႉး၊ ျမန္မာႏိုင္ငံ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္း တြဲဖက္အေထြေထြအတြင္းေရးမႉး ေဒၚခိုင္ခိုင္ႏြယ္ က“ကြမ္က်ိဳးကေန တိုက္႐ိုက္လာခဲ့တဲ့ေလယာဥ္ ျဖစ္ပါတယ္။ စုစုေပါင္းကုန္ၾကမ္း ၁၅ တန္ပါ။

အေကာက္ခြန္ရွင္းလင္းေရး လုပ္ငန္းစဥ္ေတြ မနက္ျဖန္မနက္ၿပီးတာနဲ႔ စက္႐ုံေတြဆီေပးပို႔မွာပါ။ တ႐ုတ္ႏိုင္ငံဘက္က ဒီတစ္ခါအဆင္ေျပရင္ ထပ္မံေပးပို႔မယ့္ အေျခအေနရွိပါတယ္။

ဟိုဘက္မွာ ကုန္ၾကမ္းမျပတ္လပ္ဖို႔လည္း လိုအပ္တာေပါ့ေနာ္။ ဒီမွာလည္း ကုန္ၾကမ္းရွိမွ လုပ္ငန္းေတြလည္ ပတ္လို႔ရမွာ ျဖစ္ပါတယ္။ ေလယာဥ္စရိတ္က သေဘၤာစရိတ္ထက္ေတာ့ ပိုတာေပါ့။

အလုပ္ဆက္ရွိေနဖို႔နဲ႔ အလုပ္ဆက္လက္ေပးထားႏိုင္ဖို႔ ကုန္ၾကမ္းရွိမွ အဆင္ေျပတာမို႔ အခုလို ခ်ိတ္ဆက္ႏိုင္တဲ့အတြက္ ဝမ္းသာမိတယ္”ဟု ေျပာၾကားသည္။

ျမန္မာႏိုင္ငံ တ႐ုတ္အထည္အလိပ္ အထည္ခ်ဳပ္အသင္း ဥကၠ႒ ဦးစန္းခြန္ က ကုန္ၾကမ္းေတြ ျပတ္လပ္မႈ မရွိေစဖို႔အတြက္ ေရေၾကာင္း၊ ကုန္းေၾကာင္း၊ ေလေၾကာင္းေတြနဲ႔ သယ္ယူပို႔ေဆာင္ ေနပါတယ္။

ေလယာဥ္နဲ႔တင္ပို႔တာ ကုန္က်စရိတ္ ပိုမ်ားပါတယ္။ ဒါေပမယ့္ တစ္ကယ္အေရးေပၚ လိုအပ္ေနတဲ့အတြက္ ကုန္ၾကမ္းကို ေလယာဥ္နဲ႔ တင္ပို႔တာပါ။

အေရးႀကီးတဲ့ ကုန္ၾကမ္း ေတြျပတ္လပ္မႈ မရွိေစဖို႔အတြက္လည္း တင္ပို႔ႏိုင္ဖို႔ ႀကိဳးစားေနပါတယ္“ ဟု ေျပာသည္။ျမန္မာႏိုင္ငံ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးျမင့္စိုးက“တ႐ုတ္အစိုးရနဲ႔ တ႐ုတ္လုပ္ငန္းရွင္ေတြတို႔ရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈ ကြၽန္ေတာ္တို႔ ႏိုင္ငံဘက္ကလည္း အေကာက္ခြန္ရွင္းလင္းေရးတို႔ စီးပြားေရးႏွင့္ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာနတို႔ ပူးေပါင္း ေဆာင္႐ြက္မႈေတြအားလုံးဝိုင္းၿပီး

လုပ္တဲ့အတြက္ ျမန္ျမန္ဆန္ဆန္နဲ႔ ကေလးေတြ အလုပ္လက္မဲ့ မျဖစ္ေအာင္ အဆက္မျပတ္ လုပ္ႏိုင္ေအာင္ ျဖစ္လာတဲ့အတြက္ ေကာင္းမြန္တဲ့ ရလဒ္တစ္ခု ရတယ္လို႔ ယူဆပါတယ္။

ကုန္ၾကမ္းျပတ္လပ္မႈေၾကာင့္ ရန္ကုန္မွာရွိတဲ့ အထည္ခ်ဳပ္စက္႐ုံ ၂၀ ေလာက္ လုပ္ငန္း ရပ္ဆိုင္းထားရတယ္။ အထည္ခ်ဳပ္စက္႐ုံေတြ ဆက္ၿပီး ရပ္မသြားေအာင္ ဒီလိုအစီအစဥ္မ်ိဳးေတြ ဝိုင္းႀကိဳးစားသြားရမွာ ျဖစ္ပါတယ္။

ဒီလို ထိထိေရာက္ေရာက္ ပူးေပါင္းေဆာင္႐ြက္မႈေတြက ကြၽန္ေတာ္တို႔အတြက္ အင္အားျဖစ္ပါတယ္။ အထည္ခ်ဳပ္လုပ္သားေတြအတြက္ ေကာင္းမြန္တဲ့ရလဒ္ေတြ ဆက္တိုက္ရလာမယ္လို႔ ယုံၾကည္ပါတယ္” ဟု ေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီးတြင္ အထည္ခ်ဳပ္စက္႐ုံေပါင္း ၄၀၀ ေက်ာ္ရွိၿပီး COVID-19 ႐ိုက္ခတ္မႈေၾကာင့္ အထည္ခ်ဳပ္ကုန္ၾကမ္းမ်ား ျပတ္လပ္ကာ ရန္ကုန္ၿမိဳ႕ရွိ အထည္ခ်ဳပ္စက္႐ုံ ၂၀ ခန႔္ ရပ္နားထားရေၾကာင္း ျမန္မာႏိုင္ငံအထည္ခ်ဳပ္ လုပ္ငန္းရွင္မ်ားအသင္းမွ သိရသည္။

ခရက္ဒစ္

naethitmyanmar

Unicode

အထည်ချုပ် စက်ရုံများ အတွက် အရေးတကြီး လိုအပ်နေသည့် ကုန်ကြမ်းများ တရုတ်နိုင်ငံမှ တင်သွင်း ….

COVID – 19 ရောဂါ ရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများ ကုန်ကြမ်းပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး စီးပွားရေးဌာန၊ China Enterprise Chamber of Commerce in Myanmar (CECCM ) တို့ ပူးပေါင်းစီစဉ်မှုဖြင့်

အထည်ချုပ်စက်ရုံများအတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းနှင့် လေကြောင်းလိုင်းများမှ တင်ပို့လျက်ရှိရာ မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ

CMP ကုန်ကြမ်း မော်တော်ယာဉ် အစီး ၅၀ ခန့် နေ့စဉ်တင်သွင်းလျက်ရှိပြီး ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုးမြို့မှ AQ–1359 Cargo ကုန်တင်လေယာဉ်ဖြင့် သယ်ဆောင်လာသည့် ကုန်ကြမ်း ပစ္စည်းများမှာ ယနေ့ည ၁၀ နာရီခွဲတွင် ဆိုက်ရောက်ခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက အဆိုပါ ကုန်ကြမ်းပစ္စည်းများမှာ အထည်ချုပ်စက်ရုံ (၁၁) ရုံအတွက် အရေးပေါ် လိုအပ်လျက်ရှိသော ကုန်ကြမ်းပစ္စည်းများဖြစ်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်အထွေထွေ အတွင်းရေးမှူး၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် က“ကွမ်ကျိုးကနေ တိုက်ရိုက်လာခဲ့တဲ့လေယာဉ် ဖြစ်ပါတယ်။ စုစုပေါင်းကုန်ကြမ်း ၁၅ တန်ပါ။

အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းစဉ်တွေ မနက်ဖြန်မနက်ပြီးတာနဲ့ စက်ရုံတွေဆီပေးပို့မှာပါ။ တရုတ်နိုင်ငံဘက်က ဒီတစ်ခါအဆင်ပြေရင် ထပ်မံပေးပို့မယ့် အခြေအနေရှိပါတယ်။

ဟိုဘက်မှာ ကုန်ကြမ်းမပြတ်လပ်ဖို့လည်း လိုအပ်တာပေါ့နော်။ ဒီမှာလည်း ကုန်ကြမ်းရှိမှ လုပ်ငန်းတွေလည် ပတ်လို့ရမှာ ဖြစ်ပါတယ်။ လေယာဉ်စရိတ်က သင်္ဘောစရိတ်ထက်တော့ ပိုတာပေါ့။

အလုပ်ဆက်ရှိနေဖို့နဲ့ အလုပ်ဆက်လက်ပေးထားနိုင်ဖို့ ကုန်ကြမ်းရှိမှ အဆင်ပြေတာမို့ အခုလို ချိတ်ဆက်နိုင်တဲ့အတွက် ဝမ်းသာမိတယ်”ဟု ပြောကြားသည်။

မြန်မာနိုင်ငံ တရုတ်အထည်အလိပ် အထည်ချုပ်အသင်း ဥက္ကဋ္ဌ ဦးစန်းခွန် က ကုန်ကြမ်းတွေ ပြတ်လပ်မှု မရှိစေဖို့အတွက် ရေကြောင်း၊ ကုန်းကြောင်း၊ လေကြောင်းတွေနဲ့ သယ်ယူပို့ဆောင် နေပါတယ်။

လေယာဉ်နဲ့တင်ပို့တာ ကုန်ကျစရိတ် ပိုများပါတယ်။ ဒါပေမယ့် တစ်ကယ်အရေးပေါ် လိုအပ်နေတဲ့အတွက် ကုန်ကြမ်းကို လေယာဉ်နဲ့ တင်ပို့တာပါ။

အရေးကြီးတဲ့ ကုန်ကြမ်း တွေပြတ်လပ်မှု မရှိစေဖို့အတွက်လည်း တင်ပို့နိုင်ဖို့ ကြိုးစားနေပါတယ်“ ဟု ပြောသည်။မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက“တရုတ်အစိုးရနဲ့ တရုတ်လုပ်ငန်းရှင်တွေတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ကျွန်တော်တို့ နိုင်ငံဘက်ကလည်း အကောက်ခွန်ရှင်းလင်းရေးတို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်မှုတွေအားလုံးဝိုင်းပြီး

လုပ်တဲ့အတွက် မြန်မြန်ဆန်ဆန်နဲ့ ကလေးတွေ အလုပ်လက်မဲ့ မဖြစ်အောင် အဆက်မပြတ် လုပ်နိုင်အောင် ဖြစ်လာတဲ့အတွက် ကောင်းမွန်တဲ့ ရလဒ်တစ်ခု ရတယ်လို့ ယူဆပါတယ်။

ကုန်ကြမ်းပြတ်လပ်မှုကြောင့် ရန်ကုန်မှာရှိတဲ့ အထည်ချုပ်စက်ရုံ ၂၀ လောက် လုပ်ငန်း ရပ်ဆိုင်းထားရတယ်။ အထည်ချုပ်စက်ရုံတွေ ဆက်ပြီး ရပ်မသွားအောင် ဒီလိုအစီအစဉ်မျိုးတွေ ဝိုင်းကြိုးစားသွားရမှာ ဖြစ်ပါတယ်။

ဒီလို ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်မှုတွေက ကျွန်တော်တို့အတွက် အင်အားဖြစ်ပါတယ်။ အထည်ချုပ်လုပ်သားတွေအတွက် ကောင်းမွန်တဲ့ရလဒ်တွေ ဆက်တိုက်ရလာမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အထည်ချုပ်စက်ရုံပေါင်း ၄၀၀ ကျော်ရှိပြီး COVID-19 ရိုက်ခတ်မှုကြောင့် အထည်ချုပ်ကုန်ကြမ်းများ ပြတ်လပ်ကာ ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ ၂၀ ခန့် ရပ်နားထားရကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ သိရသည်။

ခရက်ဒစ်

naethitmyanmar

Be the first to comment

Leave a Reply

Your email address will not be published.


*