ေအေသြးပိုင္ရွင္မ်ားက ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈမႈ၌ ခုခံအားနည္းဟု တ႐ုတ္ပညာရွင္မ်ား ေျပာ

ေအေသြးပိုင္ရွင္မ်ားက ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈမႈ၌ ခုခံအားနည္းဟု တ႐ုတ္ပညာရွင္မ်ား ေျပာ

ေအေသြးပိုင္ရွင္မ်ားက ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈမႈ၌ ခုခံအားနည္းဟု တ႐ုတ္ပညာရွင္မ်ား ေျပာ

ေအေသြးပိုင္ရွင္မ်ားသည္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ရာတြင္ ခုခံအား ပိုနည္းၾကၿပီး အိုေသြးပိုင္ရွင္မ်ားမွာ ကို႐ိုနာဗိုင္းရပ္စ္ကို ပို၍ ခုံခံႏိုင္စြမ္း မ်ားသည္ဟု Covid-19 အျဖစ္ သိထားေသာ ေရာဂါ ျဖစ္ပြားသည့္ တ႐ုတ္ႏိုင္ငံမွ လူနာမ်ားအား ကနဦးသုေတသနျပဳခ်က္အရ သိရသည္။

ဝူဟန္ႏွင့္ ရွန္က်င္းၿမိဳ႕မ်ားမွ ဗိုင္းရပ္စ္ကူးစက္ခံရေသာ လူနာေပါင္း ၂၀၀၀ ေက်ာ္ထက္မနည္းကို ေသြးအုပ္စုခြဲၿပီး တ႐ုတ္ေဆးသုေတသနပညာရွင္မ်ားက ဌာနက်န္းမာေသာ လူအုပ္စုႏွင့္ ႏႈိင္းယွဥ္သုေတသနျပဳခဲ့သည္။ ထိုအခါတြင္ ေအေသြးပိုင္ရွင္မ်ားသည္ ဗိုင္းရပ္စ္ကူးစက္မႈႏႈန္း ျမင့္မားၿပီး ျပင္းထန္သည့္ ေရာဂါလကၡဏာမ်ားလည္း ပို၍ျဖစ္ပြားႏိုင္သည္ကို ေတြ႕ရွိသည္။

“ေအေသြးပိုင္ရွင္မ်ားအေနျဖင့္ ေရာဂါကူးစက္ႏိုင္မႈကို ေလွ်ာ့ခ်ရန္ ပို၍ခိုင္မာအားေကာင္းေသာ တစ္ကိုယ္ရည္ကာကြယ္မႈမ်ား ပိုမိုလုပ္ေဆာင့္သင့္ေၾကာင္း။” ဝူဟန္တကၠသိုလ္ Zhongnan ေဆး႐ုံမွ Centre for Evidence – Based and Translational Medicine မွ Wang Xinguan ဦးစီးသည့္ သုေတသနပညာရွင္မ်ားကေရးသားသည္။

“Sars-CoV-2 ေခၚ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သည့္ ေအေသြးအုပ္စုမ်ားကို ပိုၿပီးေစာင့္ၾကည့္သင့္ကာ ၾကပ္ၾကပ္မတ္မတ္ ကုသမႈေပးသင့္သည္။”ဟု ဝန္က ေရးသားသည္။

ဆန႔္က်င္ဖက္အားျဖင့္ အိုေသြးအုပ္စုမ်ားသည္ အိုေသြးမဟုတ္ေသာ အုပ္စုမ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ ေရာဂါကူးစက္မည့္ ေဘး သိသိသာသာ နည္းပါးသည္ဟု မတ္ ၁၁ ရက္က Medrixiv.org တြင္ ၎တို႔ ေရးသားေဖာ္ျပေသာ စာတမ္းအရ သိရသည္။

ဝူဟန္တြင္ Covid-19 ေရာဂါေၾကာင့္ ေသဆုံးသူ ၂၀၆ ဦးတြင္ ၈၅ ဦးမွာေအေသြးအုပ္စုျဖစ္ၿပီး အိုေသြးအုပ္စုမွ ၅၂ ဦးရွိ၍ ၆၃ ရာခိုင္ႏႈန္းပိုမ်ားသည္။ ထိုသို႔ ႏႈိင္းယွဥ္မႈ စံနမူနာျပဳမႈ၌ မတူညီေသာ အသက္အ႐ြယ္ႏွင့္ လိင္တို႔ကိုလည္းထည့္သြင္းထားသည္။

“ဒီေတြ႕ရွိခ်က္ဟာ Sars-CoV-2 နဲ႔ အျခား ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈကို ကိုင္တြယ္ေျဖရွင္းရာ၌ လူနာေရာ၊ က်န္းမာေရးအမႈထမ္းတို႔ကိုပါ ေအ၊ အို၊ ဘီ ေသြးအုပ္စုမ်ား ခြဲကာ စီမံခန႔္ခြဲၿပီး အကူအညီ ျဖစ္ေစႏိုင္မည္။”ဟု စာတမ္းတြင္ ဝန္က ေရးသားခဲ့သည္။

ယခု သုေတသနကို ေပက်င္း၊ ဝူဟန္၊ ရွန္ဟိုင္းႏွင့္ ရွန္က်င္းၿမိဳ႕မ်ားအပါအဝင္ တ႐ုတ္တစ္နံတစ္လ်ားက ၿမိဳ႕မ်ားရွိ သိပၸံပညာရွင္မ်ားႏွင့္ ဆရာဝန္မ်ားက လုပ္ေဆာင္ခဲ့ျခင္း ျဖစ္သည္။

သုေတသနအား ျပန္လည္သုံးသပ္ျခင္း မျပဳလုပ္ရေသးဘဲ စာတမ္းေရးသားသူမ်ားက လက္ရွိ ေဆးကုသေရး၌ ယခုသုေတသနကို အသုံးခ်ျခင္းတြင္ ေဘးအႏၲရာယ္မ်ား ရွိလာႏိုင္သည္ဟုလည္း သတိေပးေရးသားခဲ့သည္။

သုေတသနတြင္ မပါဝင္ေသာ တီအန္က်င္းမွ State Key Laboratory of Experimental Haematology မွ သုေတသနပညာရွင္ ေဂါင္ယင္တိုင္က သုေတသနအား အႀကီးစားလုပ္ေဆာင္ရန္ လိုအပ္သည္ဟု ေျပာသည္။

လူနာ ၂၀၀၀ ျဖင့္ သုေတသနျပဳျခင္းသည္ ေသးငယ္ေသာ ပမာဏ မဟုတ္ေသာ္လည္း လက္ရွိ ကမာၻတစ္ဝန္း၌ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူမွာ ၁၈၀၀၀၀ ေက်ာ္ ရွိသည့္ အေရအတြက္ႏွင့္ ႏႈိင္းယွဥ္လွ်င္ မေျပာပေလာက္ေသာ ပမာဏ ျဖစ္ေနသည္။ Mizzima

Unicode

အေသွေးပိုင်ရှင်များက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှု၌ ခုခံအားနည်းဟု တရုတ်ပညာရှင်များ ပြော

အေသွေးပိုင်ရှင်များသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရာတွင် ခုခံအား ပိုနည်းကြပြီး အိုသွေးပိုင်ရှင်များမှာ ကိုရိုနာဗိုင်းရပ်စ်ကို ပို၍ ခုံခံနိုင်စွမ်း များသည်ဟု Covid-19 အဖြစ် သိထားသော ရောဂါ ဖြစ်ပွားသည့် တရုတ်နိုင်ငံမှ လူနာများအား ကနဦးသုတေသနပြုချက်အရ သိရသည်။

ဝူဟန်နှင့် ရှန်ကျင်းမြို့များမှ ဗိုင်းရပ်စ်ကူးစက်ခံရသော လူနာပေါင်း ၂၀၀၀ ကျော်ထက်မနည်းကို သွေးအုပ်စုခွဲပြီး တရုတ်ဆေးသုတေသနပညာရှင်များက ဌာနကျန်းမာသော လူအုပ်စုနှင့် နှိုင်းယှဉ်သုတေသနပြုခဲ့သည်။ ထိုအခါတွင် အေသွေးပိုင်ရှင်များသည် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်မားပြီး ပြင်းထန်သည့် ရောဂါလက္ခဏာများလည်း ပို၍ဖြစ်ပွားနိုင်သည်ကို တွေ့ရှိသည်။

“အေသွေးပိုင်ရှင်များအနေဖြင့် ရောဂါကူးစက်နိုင်မှုကို လျှော့ချရန် ပို၍ခိုင်မာအားကောင်းသော တစ်ကိုယ်ရည်ကာကွယ်မှုများ ပိုမိုလုပ်ဆောင့်သင့်ကြောင်း။” ဝူဟန်တက္ကသိုလ် Zhongnan ဆေးရုံမှ Centre for Evidence – Based and Translational Medicine မှ Wang Xinguan ဦးစီးသည့် သုတေသနပညာရှင်များကရေးသားသည်။

“Sars-CoV-2 ခေါ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သည့် အေသွေးအုပ်စုများကို ပိုပြီးစောင့်ကြည့်သင့်ကာ ကြပ်ကြပ်မတ်မတ် ကုသမှုပေးသင့်သည်။”ဟု ဝန်က ရေးသားသည်။

ဆန့်ကျင်ဖက်အားဖြင့် အိုသွေးအုပ်စုများသည် အိုသွေးမဟုတ်သော အုပ်စုများနှင့် နှိုင်းယှဉ်လျှင် ရောဂါကူးစက်မည့် ဘေး သိသိသာသာ နည်းပါးသည်ဟု မတ် ၁၁ ရက်က Medrixiv.org တွင် ၎င်းတို့ ရေးသားဖော်ပြသော စာတမ်းအရ သိရသည်။

ဝူဟန်တွင် Covid-19 ရောဂါကြောင့် သေဆုံးသူ ၂၀၆ ဦးတွင် ၈၅ ဦးမှာအေသွေးအုပ်စုဖြစ်ပြီး အိုသွေးအုပ်စုမှ ၅၂ ဦးရှိ၍ ၆၃ ရာခိုင်နှုန်းပိုများသည်။ ထိုသို့ နှိုင်းယှဉ်မှု စံနမူနာပြုမှု၌ မတူညီသော အသက်အရွယ်နှင့် လိင်တို့ကိုလည်းထည့်သွင်းထားသည်။

“ဒီတွေ့ရှိချက်ဟာ Sars-CoV-2 နဲ့ အခြား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကိုင်တွယ်ဖြေရှင်းရာ၌ လူနာရော၊ ကျန်းမာရေးအမှုထမ်းတို့ကိုပါ အေ၊ အို၊ ဘီ သွေးအုပ်စုများ ခွဲကာ စီမံခန့်ခွဲပြီး အကူအညီ ဖြစ်စေနိုင်မည်။”ဟု စာတမ်းတွင် ဝန်က ရေးသားခဲ့သည်။

ယခု သုတေသနကို ပေကျင်း၊ ဝူဟန်၊ ရှန်ဟိုင်းနှင့် ရှန်ကျင်းမြို့များအပါအဝင် တရုတ်တစ်နံတစ်လျားက မြို့များရှိ သိပ္ပံပညာရှင်များနှင့် ဆရာဝန်များက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

သုတေသနအား ပြန်လည်သုံးသပ်ခြင်း မပြုလုပ်ရသေးဘဲ စာတမ်းရေးသားသူများက လက်ရှိ ဆေးကုသရေး၌ ယခုသုတေသနကို အသုံးချခြင်းတွင် ဘေးအန္တရာယ်များ ရှိလာနိုင်သည်ဟုလည်း သတိပေးရေးသားခဲ့သည်။

သုတေသနတွင် မပါဝင်သော တီအန်ကျင်းမှ State Key Laboratory of Experimental Haematology မှ သုတေသနပညာရှင် ဂေါင်ယင်တိုင်က သုတေသနအား အကြီးစားလုပ်ဆောင်ရန် လိုအပ်သည်ဟု ပြောသည်။

လူနာ ၂၀၀၀ ဖြင့် သုတေသနပြုခြင်းသည် သေးငယ်သော ပမာဏ မဟုတ်သော်လည်း လက်ရှိ ကမ္ဘာတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူမှာ ၁၈၀၀၀၀ ကျော် ရှိသည့် အရေအတွက်နှင့် နှိုင်းယှဉ်လျှင် မပြောပလောက်သော ပမာဏ ဖြစ်နေသည်။ Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*