သီေပါၿမိဳ႕မွ COVID 19 ေစာင့္ၾကည့္လူနာႏွင့္ လိုက္ပါပို႔ေဆာင္ခဲ့သည့္ ဆိုင္ကယ္ကယ္ရီယာဥ္ေမာင္းတို႔၏ ေနအိမ္ကို ဝင္၊ထြက္ခြင့္ ပိတ္ထား

သီေပါၿမိဳ႕မွ COVID 19 ေစာင့္ၾကည့္လူနာႏွင့္ လိုက္ပါပို႔ေဆာင္ခဲ့သည့္ ဆိုင္ကယ္ကယ္ရီယာဥ္ေမာင္းတို႔၏ ေနအိမ္ကို ဝင္၊ထြက္ခြင့္ ပိတ္ထား

သီေပါၿမိဳ႕မွ COVID 19 ေစာင့္ၾကည့္လူနာႏွင့္ လိုက္ပါပို႔ေဆာင္ခဲ့သည့္ ဆိုင္ကယ္ကယ္ရီယာဥ္ေမာင္းတို႔၏ ေနအိမ္ကို ဝင္၊ထြက္ခြင့္ ပိတ္ထား

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊သီေပါၿမိဳ႕တြင္ တ႐ုတ္ျပည္နယ္မွ ျပန္လည္ေရာက္ရွိလာသည့္ အသက္ ၂၀အ႐ြယ္လူငယ္တစ္ဦးကို ကို႐ိုနာဗိုင္းရပ္စ္ေစာင့္ၾကည့္လူနာအျဖစ္ သီေပါျပည္သူ႔ေဆး႐ုံတြင္ ကုသေပးလွ်က္ရွိေၾကာင္းႏွင့္လက္ရွိတြင္ ၎ေစာင့္ၾကည့္လူနာေနထိုင္ခဲ့သည့္ ေနအိမ္ကို လူဝင္၊ထြက္ခြင့္ ပိတ္ထားေၾကာင္း သီေပါျပည္သူ႔ေဆး႐ုံအုပ္ႀကီး ေဒါက္တာနႏၵာဝင္းကေျပာသည္။

ထို႔ျပင္ ၎ကို႐ိုနာဗိုင္းရပ္စ္ေစာင့္ၾကည့္လူနာသည္ တ႐ုတ္ျပည္မွ သီေပါၿမိဳ႕သို႔ျပန္လည္ေရာက္ရွိလာစဥ္ ေန အိမ္သို႔ ဆိုင္ကယ္ျဖင့္ လိုက္ပါပို႔ေဆာင္ေပးခဲ့သည့္ ဆိုင္ကယ္ကယ္ရီေမာင္းႏွင္သူႏွင့္ ၎၏မိသားစုဝင္တို႔ ကိုလည္း ေနအိမ္ဝင္၊ထြက္ခြင့္ ပိတ္ထားေၾကာင္း သီေပါျပည္သူ႔ေဆး႐ုံအုပ္ႀကီး ေဒါက္တာ နႏၵာဝင္းက ဆို သည္။

“ တ႐ုတ္ျပည္က ျပန္လာတယ္။ၿပီးေတာ့ ဖ်ားတယ္။ေခ်ာင္းဆိုးတဲ့အတြက္ ေစာင့္ၾကည့္လူနာအျဖစ္ ဆုံးျဖတ္ရပါတယ္။ အရင္ဆုံးအဲဒီအိမ္ကလူေတြကို အျပင္မထြက္ခိုင္းေတာ့ဘူး။ သတင္းေပးတဲ့ ဆိုင္ကယ္ကယ္ရီေမာင္းတဲ့ကေလးကိုေက်းဇူးတင္ေပမယ့္ ထိေတြ႕သြားတာ ျဖစ္တဲ့အတြက္ သူ႔မိသားစုမွာလည္းအႏၲရာယ္ရွိသြားၿပီ။ သူတို႔ကိုလည္း အိမ္ထဲကေနအျပင္မထြက္ခိုင္းေတာ့ ဘဲအိမ္ထဲမွာပဲေနခိုင္းထားပါတယ္။” ဟု သီေပါျပည္သူ႔ေဆး႐ုံအုပ္ႀကီး ေဒါက္တာနႏၵာဝင္းက မဇၩိမသို႔ေျပာသည္။

လက္ရွိတြင္ ကို႐ိုနာဗိုင္းရပ္စ္ေစာင့္ၾကည့္လူနာအား ေဆးသြင္းျခင္းလုပ္ငန္းမ်ားကို မတ္ ၁၇ ရက္တြင္ ႏွစ္ႀကိမ္၊မတ္ ၁၈ရက္တြင္ တစ္ႀကိမ္ထိုးႏွံေပးၿပီးျဖစ္ေၾကာင္းႏွင့္ ထိုသို႔ေဆးသြင္းျခင္း၊ေဆးကုၾသခင္းမ်ား ေၾကာင့္ လူနာမွာသက္သာလာၿပီး ေအာက္စီဂ်င္အကူအညီမပါဘဲ ေနႏိုင္ၿပီျဖစ္ေၾကာင္း ေဆး႐ုံအုပ္ႀကီးေဒါက္တာနႏၵာဝင္းကေျပာၾကားသည္။

အဆိုပါ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ေစာင့္ၾကည္လူနာသည္ တ႐ုတ္ျပည္၊ေကြ႕က်ဳံးၿမိဳ႕မွ သီေပါၿမိဳ႕သို႔ မတ္ ၁၇ရက္က တရားမဝင္လမ္းေၾကာင္းမွတဆင့္ ျပန္လည္ေရာက္ရွိလာသူျဖစ္ၿပီး ၎လူနာကို တာဝန္သိ ဆိုင္ကယ္ကယ္ရီေမာင္းႏွင္သူကသတင္းေပးခဲ့ျခင္းေၾကာင့္ ေစာင့္ၾကည္လူနာအျဖစ္ ေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ျခင္းျဖစ္ေၾကာင္း နယ္စည္းမျခားပရဟိတအဖြဲ႕ ဥကၠ႒ ကိုေမာင္မ်ိဳးက ေျပာၾကားသည္။

“သူက တ႐ုတ္ျပည္ဘက္ကေန အလုပ္လုပ္ၿပီးျပန္လာတာ။ အသက္က ၂၀ေလာက္ရွိမယ္။ တ႐ုတ္ျပည္ကေန သီေပါကိုကားနဲ႔ျပန္လာတယ္။ သီေပါေရာက္ေတာ့ ဆိုင္ကယ္ကယ္ရီနဲ႔ အိမ္ကိုျပန္တယ္။ အဲဒီအခ်ိန္မွာ သူကကိုယ္အရမ္းပူေနတယ္။ေနမေကာင္းတဲ့ပုံစံျဖစ္ေနေတာ့ ဆိုင္ကယ္ကယ္ရီေမာင္းတဲ့သူကေတာ့ ကြၽန္ေတာ္တို႔ ကိုအေၾကာင္းၾကားတယ္။ ကြၽန္ေတာ္တို႔ကလည္း ေဆး႐ုံအုပ္ႀကီးနဲ႔တိုင္ပင္ၿပီး ေဆး႐ုံအုပ္ႀကီးၫႊန္ၾကားတဲ့အတိုင္း စီမံေဆာင္႐ြက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ အသင္းကားနဲ႔ပဲ ေဆး႐ုံကိုမေန႔က မတ္လ ၁၇ရက္က ပို႔လိုက္တာပါ” ဟု နယ္စည္းမျခားပရဟိတအဖြဲ႕ဥကၠ႒ ကိုေမာင္မ်ိဳးကေျပာသည္။

သီေပါျပည္သူ႔ေဆး႐ုံႀကီးတြင္ ေစာင့္ၾကည္လူနာမ်ားေတြ႕ရွိပါက ထားရွိႏိုင္ရန္ ေရခ်ိဳးခန္း၊ အိမ္သာမ်ား ပါဝင္သည့္ သီးသန႔္ခန္း ႏွစ္ခန္းကို ျပင္ဆင္ထားေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္လည္း COVID 19 ကူးစက္ခံထားရသူမရွိေသးေသာ္လည္း သက္ဆိုင္ရာေဆး႐ုံအသီးသီး တြင္ ဓာတ္ခြဲအေျဖကို ေစာင့္ဆိုင္းဆဲႏွင့္ ေစာင့္ၾကည္လူနာ ၉ဦးရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက မတ္လ ၁၇ရက္ ည၈နာရီက ေၾကညာထားသည္။ Mizzima

Unicode

သီပေါမြို့မှ COVID 19 စောင့်ကြည့်လူနာနှင့် လိုက်ပါပို့ဆောင်ခဲ့သည့် ဆိုင်ကယ်ကယ်ရီယာဉ်မောင်းတို့၏ နေအိမ်ကို ဝင်၊ထွက်ခွင့် ပိတ်ထား

ရှမ်းပြည်နယ်မြောက်ပိုင်း၊သီပေါမြို့တွင် တရုတ်ပြည်နယ်မှ ပြန်လည်ရောက်ရှိလာသည့် အသက် ၂၀အရွယ်လူငယ်တစ်ဦးကို ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာအဖြစ် သီပေါပြည်သူ့ဆေးရုံတွင် ကုသပေးလျှက်ရှိကြောင်းနှင့်လက်ရှိတွင် ၎င်းစောင့်ကြည့်လူနာနေထိုင်ခဲ့သည့် နေအိမ်ကို လူဝင်၊ထွက်ခွင့် ပိတ်ထားကြောင်း သီပေါပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒာဝင်းကပြောသည်။

ထို့ပြင် ၎င်းကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာသည် တရုတ်ပြည်မှ သီပေါမြို့သို့ပြန်လည်ရောက်ရှိလာစဉ် နေ အိမ်သို့ ဆိုင်ကယ်ဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့သည့် ဆိုင်ကယ်ကယ်ရီမောင်းနှင်သူနှင့် ၎င်း၏မိသားစုဝင်တို့ ကိုလည်း နေအိမ်ဝင်၊ထွက်ခွင့် ပိတ်ထားကြောင်း သီပေါပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ နန္ဒာဝင်းက ဆို သည်။

“ တရုတ်ပြည်က ပြန်လာတယ်။ပြီးတော့ ဖျားတယ်။ချောင်းဆိုးတဲ့အတွက် စောင့်ကြည့်လူနာအဖြစ် ဆုံးဖြတ်ရပါတယ်။ အရင်ဆုံးအဲဒီအိမ်ကလူတွေကို အပြင်မထွက်ခိုင်းတော့ဘူး။ သတင်းပေးတဲ့ ဆိုင်ကယ်ကယ်ရီမောင်းတဲ့ကလေးကိုကျေးဇူးတင်ပေမယ့် ထိတွေ့သွားတာ ဖြစ်တဲ့အတွက် သူ့မိသားစုမှာလည်းအန္တရာယ်ရှိသွားပြီ။ သူတို့ကိုလည်း အိမ်ထဲကနေအပြင်မထွက်ခိုင်းတော့ ဘဲအိမ်ထဲမှာပဲနေခိုင်းထားပါတယ်။” ဟု သီပေါပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒာဝင်းက မဇ္ဈိမသို့ပြောသည်။

လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာအား ဆေးသွင်းခြင်းလုပ်ငန်းများကို မတ် ၁၇ ရက်တွင် နှစ်ကြိမ်၊မတ် ၁၈ရက်တွင် တစ်ကြိမ်ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ထိုသို့ဆေးသွင်းခြင်း၊ဆေးကုသြခင်းများ ကြောင့် လူနာမှာသက်သာလာပြီး အောက်စီဂျင်အကူအညီမပါဘဲ နေနိုင်ပြီဖြစ်ကြောင်း ဆေးရုံအုပ်ကြီးဒေါက်တာနန္ဒာဝင်းကပြောကြားသည်။

အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စောင့်ကြည်လူနာသည် တရုတ်ပြည်၊ကွေ့ကျုံးမြို့မှ သီပေါမြို့သို့ မတ် ၁၇ရက်က တရားမဝင်လမ်းကြောင်းမှတဆင့် ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ၎င်းလူနာကို တာဝန်သိ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူကသတင်းပေးခဲ့ခြင်းကြောင့် စောင့်ကြည်လူနာအဖြစ် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း နယ်စည်းမခြားပရဟိတအဖွဲ့ ဥက္ကဋ္ဌ ကိုမောင်မျိုးက ပြောကြားသည်။

“သူက တရုတ်ပြည်ဘက်ကနေ အလုပ်လုပ်ပြီးပြန်လာတာ။ အသက်က ၂၀လောက်ရှိမယ်။ တရုတ်ပြည်ကနေ သီပေါကိုကားနဲ့ပြန်လာတယ်။ သီပေါရောက်တော့ ဆိုင်ကယ်ကယ်ရီနဲ့ အိမ်ကိုပြန်တယ်။ အဲဒီအချိန်မှာ သူကကိုယ်အရမ်းပူနေတယ်။နေမကောင်းတဲ့ပုံစံဖြစ်နေတော့ ဆိုင်ကယ်ကယ်ရီမောင်းတဲ့သူကတော့ ကျွန်တော်တို့ ကိုအကြောင်းကြားတယ်။ ကျွန်တော်တို့ကလည်း ဆေးရုံအုပ်ကြီးနဲ့တိုင်ပင်ပြီး ဆေးရုံအုပ်ကြီးညွှန်ကြားတဲ့အတိုင်း စီမံဆောင်ရွက်ပြီးတော့ ကျွန်တော်တို့ အသင်းကားနဲ့ပဲ ဆေးရုံကိုမနေ့က မတ်လ ၁၇ရက်က ပို့လိုက်တာပါ” ဟု နယ်စည်းမခြားပရဟိတအဖွဲ့ဥက္ကဋ္ဌ ကိုမောင်မျိုးကပြောသည်။

သီပေါပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည်လူနာများတွေ့ရှိပါက ထားရှိနိုင်ရန် ရေချိုးခန်း၊ အိမ်သာများ ပါဝင်သည့် သီးသန့်ခန်း နှစ်ခန်းကို ပြင်ဆင်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်လည်း COVID 19 ကူးစက်ခံထားရသူမရှိသေးသော်လည်း သက်ဆိုင်ရာဆေးရုံအသီးသီး တွင် ဓာတ်ခွဲအဖြေကို စောင့်ဆိုင်းဆဲနှင့် စောင့်ကြည်လူနာ ၉ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၁၇ရက် ည၈နာရီက ကြေညာထားသည်။ Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*