









Credit

Unicode

ကိုရိုနာဗိုင်းရပ်စ် ကာကွယ် ဖို့ ကားမှတ်တိုင်မှာ လက်ဆေးစင် ထားရှိပြီး ကုသိုလ်ယူ

ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင် ကာကွယ်ရေး အတွက် အများပြည်သူများ လက် ဆေး နိုင်ဖို့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် စံပြဈေး ကား မှတ် တိုင်အနီးမှ လက်ဆေးစင်နဲ့ လက်သန့်ဆေးရည်များ ထားရှိထားမှု ကို မတ်လ ၁၇ ရက်နေ့ ညနေပိုင်း က တွေ့မြင် ရတာပါ။

အများပြည်သူကြား ကိုရိုနာဗိုင်းရပ်စ် အရေး အလေးထား ဆောင်ရွက်လာစေဖို့ လူမှု ကူညီရေး အဖွဲ့ တစ်ခုက ဒီ လှုပ်ရှားမှုကို တစ်နိုင်တစ်ပိုင် လုပ်ဆောင်တာ ဖြစ် ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က

“ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှု အများဆုံးကြုံတွေ့ရနိုင်တဲ့ လုပ်ငန်းတွေ (CMP) လို့ အများသိကြတဲ့ ကုန်ကြမ်းပေး၊ ကုန်ချောယူ လက်ခစားစနစ်၊ ဟိုတယ် နဲ့ ခရီးသွားလာရေးလုပ်ငန်းတွေ၊

အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေ အတွက် အထူးသက်သာတဲ့ အတိုးနှုန်းနဲ့ ချေးငွေတွေ နဲ့ အခွန် ကင်းလွတ်ခွင့် ရနိုင်ရေး စီမံပေးသွားပါမယ်။

ဒါ့အပြင် ပို့ကုန်လုပ်ငန်း တွေက ကြိုတင် ကောက်ခံတဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကိုလည်း အခုဘဏ္ဍာနှစ်ကုန် အထိ ကင်းလွတ်ခွင့် ပေးသွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဝန်ကြီးဌာန အသီးသီးက ညွှန်ကြားချက် ထုတ်ပြန်တာ၊ ညွှန်ကြားချက်တွေရဲ့ရည်ရွယ်ချက်တွေကို ရှင်းလင်းတင်ပြတာ၊ လိုအပ်တဲ့ အစီအစဉ် ချမှတ်တာတို့ကို တစိုက်မတ်မတ် လုပ်သွားမယ်လို့လည်း ဆိုပါတယ်

ပြီးတော့ ပြည်သူပြည်သားတွေ အနေနဲ့လည်း တတ်နိုင်သမျှ ပူးပေါင်းပါဝင် ထည့်ဝင်နိုင်စေမယ့် ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ဆိုင်ရာ ရန်ပုံငွေတရပ်ကို ထူထောင်သွားမှ ာဖြစ်တဲ့အတွက် စေတနာရှင် ပြည်သူတွေအနေနဲ့ မိမိတို့ တတ်နိုင်သမျှ ထည့်ဝင် လှူဒါန်းနိုင်ဖို့လည်း တိုက်တွန်းနှိုးဆော် သွားပါတယ်။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*