၅.သစ်ကြံပိုးခေါက်
၎.ချောကလက်
၃.ကြက်သွန်ဖြူ
၎. ပျားရည်
၅.သံလွင်ဆီ
Unicode
အသက် ၁၁၄ နှစ်ရှိပြီဖြစ်တဲ့ ဖိုးဖိုးရဲ့ လျှို့ဝှက်အစားအစာများ
အသက်ရှည်ကျန်းမာခြင်းဆိုတာက တော့ တကယ့်ကို လောကကြီးပေးထားတဲ့ လက်ဆောင်မွန်လက်ဆောင်ကောင်းကြီး တစ်ခုပါပဲ။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်း ဖြစ်တဲ့ WHO(World Health Organization) ရဲ့အဆိုအရ လူတွေဟာ ပျမ်းမျှ အသက်၇၅နှစ်မှာပဲ သေဆုံးကုန်ကြတယ်လို့ ဆိုထားပါတယ်။ အသက်၁၀၀တန်းရောက်နေတဲ့ လူတွေကတော့ တော်တော်ရှားပါးတဲ့ လူတွေပါ။
အဲ့ဒီလို အရွယ်ရောက်နေတဲ့ လူတွေဆီမှာလဲ ကိုယ်ပိုင် လေ့လာကျင့်သုံးနေတဲ့ နေထိုင်မှုပုံစံတွေ သီးသန့် ရှိကြပါတယ်။ အဲ့ဒီလို သက်တော်ရှည် ဘဘတစ်ယောက်ကရဲ့အသက်ရှည်စေတဲ့ နည်းလမ်းတစ်ခု ဖြစ်တဲ့ အစားစာ(၅)ခုကို ပြောပြထားပါတယ်။ သူပြောပြထားတဲ့ အစားစာ(၅)မျိုးကို ပြောချင်လွန်းလို့ ပရိသတ်ကြီးသိအောင် ပြောပြပေးလိုက်ပါတယ်။
၅.သစ်ကြံပိုးခေါက်
သစ်ကြံပိုးခေါက် ဟာ အစားစာတစ်ခုတင်မဟုတ်ပဲ ဆေးဘက်ဝင်တဲ့ အာနိသင်တွေအများကြီး ပါဝင်နေတယ်လို့လဲ သိရပါတယ်။ နှလုံးရောဂါ၊ ကင်ဆာ၊ နဲ့အခြား ဘက်တီရီးယားနဲ့ မှိုတွေကနေတစ်ဆင့် ဖြစ်နိုင်တဲ့ရောဂါတွေကို ကာကွယ်ပေးပါတယ်။ HIV ဗိုင်းရပ်စ်ကိုတောင် တိုက်ခိုက်ပေးနိုင်တယ်ဆိုပြီးတော့တောင် ပြောစမှတ်ပြုကြပါတယ်။
၄.ချောကလက်
ချောကလက်ကို စားသုံးခြင်းကလည်း ကျွနု်ပ်တို့ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။ ချောကလက်က ကောင်းကျိုးပေးတဲ့ အချက်လက်တွေ များစွာရှိပါတယ်။ အဲ့တာတွေကဘာတွေလည်းဆိုတော့ ကိုလက်စထရောဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးထားခြင်း နဲ့ စိတ်ဖိစီးမှုများလာတဲ့အခါ လျော့ကျစေနိုင်တာတွေဖြစ်ပါတယ်။
၃.ကြက်သွန်ဖြူ
ကြက်သွန်ဖြူက အယ်လ်ဇိုင်းမားရောဂါတွေနဲ့ ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးတယ်လို့ သိရပါတယ်။ အဲ့တာတွေအပြင် ကျန်းမာရေး အပြောင်းအလဲ အတွက်တော်တော်အသုံးဝင်တယ်လို့ကို ဆိုထားပါတယ်။ တကယ်လို့ ခင်ဗျားဟာ ကြက်သွန်ဖြူမကြိုက်တဲ့သူ ဖြစ်ခဲ့ရင်တောင် ဒီစာကိုဖတ်ပြီး မီးဖိုချောင်ထဲကိုသွားပြီး ကြက်သွန်ဖြူကို ရှာပါလိမ့်မယ်။
၄. ပျားရည်
ပျားရည်က ပျားထွက်ပစ္စည်းတစ်ခုဖြစ်ပြီး ဆေးဝါးအထောက်အပံ့ ပစ္စည်းတစ်ခုအနေနဲ့ အသုံးပြလာတာနှစ် ၅၀၀လောက် ရှိပါပြီ။ ပျားရည်က သဘာဝနည်းလမ်းနဲ့ ကုသမှုပြုလုပ်ခြင်းတွေမှာအတော် အထောက်အကူဖြစ်စေတဲ့ ဓာတ်တွေဖြစ်တဲ့ ပိုးသတ်ခြင်း ၊ ဘတ်တီးရီးယားများတိုက်ဖျက်ခြင်း စတဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်.။ တချို့လူတွေဆိုရင် အလှပရေးရာတွေမှာတောင် အသုံးပြုနေကြပါပြီ။
၅.သံလွင်ဆီ
သံလွင်ဆီကလည်း ကျွန်ုပ်တို့ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ သဘာဝထွက်ကုန်တစ်ခုအဖြစ် ရှိနေပါတယ်။ သံလွင်ဆီမှာ ပါဝင်တဲ့ သဘာဓာတ်အပေါင်းစုတွေက ကျွန်ုပ်တို့ ခန္ဒာကိုယ် ကျန်းမာသန်စွမ်းမှုနဲ့ ဦးနှောက်ဖွံ့ဖြိုးအတွက် အသုံးဝင်တယ်လို့ ပြောထားပါတယ်။ နောက်ပြီးတော့ ကင်ဆာဖြစ်နိုင်ချေကိုလည်း လျောချနိုင်တဲ့စွမ်းအင် ရှိပါတယ်။
Share From Lovely Myanmar
Be the first to comment
Leave a Reply
Your email address will not be published.
*