ေၾကးစည္ တီးရျခင္း အေၾကာင္းရင္း က ဘာကို ရည္ၫႊန္းတာလဲ

ေၾကးစည္ တီးရျခင္း အေၾကာင္းရင္း က ဘာကို ရည္ၫႊန္းတာလဲ

ေၾကးစည္ တီးရျခင္း အေၾကာင္းရင္း က ဘာကို ရည္ၫႊန္းတာလဲ

“ေၾကးစည္” ဘာေၾကာင့္တီးရသလဲ ?”

“ေက်းဇူးေတာ္ရွင္ မဟာေဗာဓိၿမိဳင္ဆရာေတာ္ဘုရားႀကီး”ဟာ

“ရွမ္းျပည္နယ္,သံလြင္ျမစ္ အေရွ႕ျခမ္း” “သုဝဏၰသွ်မ္ေတာင္”မွ “ကန႔္ဘလူၿမိဳ႕နယ္၊”နတ္တလူေတာရ”သို႔ “(၁၉၉၇)ခုႏွစ္၊ဇြန္လ”ထဲမွာ ေျပာင္းႂကြသီတင္းသုံးေတာ္မူခဲ့ပါတယ္။

“နတ္တလူေတာရ”ဟာ “ကန႔္ဘလူၿမိဳ႕နယ္”ထဲမွာ ပါဝင္ေပမယ့္ “ဇီးကုန္း၊ထန္းတပင္ၿမိဳ႕”မ်ားနဲ႔ ပိုနီးပါတယ္။ “ေ႐ႊဘိုၿမိဳ႕” ႀကီးက တစ္ဆင့္သြားရင္လည္း သြားရလြယ္ပါတယ္။

“နတ္တလူေတာရ”ဟာ “ဆရာေတာ္ဘုရားႀကီး”ရဲ႕ ဖြားရာဇာတိ “မင္းကုန္း႐ြာ”ရဲ႕အေရွ႕ဘက္”ႏွစ္မိုင္ေက်ာ္”ေလာက္မွာ ရွိပါတယ္။ “ဇာတိေျမ”ဆီ ျပန္ႂကြ”သာသနာျပဳတယ္”လို႔ဆိုႏိုင္ပါတယ္။

“ဆရာေတာ္ဘုရားႀကီး”ဟာ ေရာက္ေလရာ ေတာရမ်ားမွာ”ဆြမ္းခံတဲ့အက်င့္”ရွိခဲ့တဲ့အတိုင္း “နတ္တလူေတာရ”သို႔ ႂကြေရာက္စဥ္မွာပင္ ပတ္ဝန္းက်င္ေဂါစဂါမ္႐ြာမ်ားမွာ “ဆြမ္းခံႂကြ”ေတာ္မူ ပါတယ္။

“ဆရာေတာ္ဘုရားႀကီး”-“နတ္တလူေတာရ”ကို ေျပာင္းႂကြလာတဲ့ သတင္းၾကားတာနဲ႔

ရပ္ေဝးက လိုက္လာတဲ့ တပည့္သာဝကေတြလည္း “ဆရာေတာ္ဘုရားႀကီး”ေခြၽး မတိတ္မီ အလုအယက္ ဖူးေျမာ္ၾကပါတယ္။

“ဆရာေတာ္ဘုရားႀကီး”က”ေမတၱာၿပဳံး”ျဖင့္ အားလုံးကို ႏႈတ္ဆက္ေျပာေဟာေနစဥ္…

“ဆရာေတာ္ဘုရား… ဆြမ္းခံႂကြတာ ဘာလိုပါေသးလဲ ဘုရား။

တပည့္ေတာ္တို႔က ခုမွ ဆရာေတာ့္ေနာက္လိုက္ရတာဆိုေတာ့ ဘာလိုလို႔ လိုမွန္း မသိေသးလို႔ပါဘုရား”-လို႔

“ေဒသခံလူႀကီးတစ္ဦး”က ေမးေလွ်ာက္ပါတယ္။

သူေမးတာက စိတ္ဝင္စားစရာေကာင္းပါတယ္။

“လိုတာေပါ့ဗ်။ ေၾကးစည္ လိုတယ္၊ ေၾကးစည္”

“ဆရာေတာ္ဘုရား”အမိန႔္ရွိမွ ရပ္ထဲ႐ြာထဲ “ရဟန္းသံဃာနဲ႔ ကိုရင္ကေလး”ေတြ ဆြမ္းခံႂကြလာစဥ္ ၾကားရေလ့ရွိတဲ့ “ေၾကးစည္သံတလြင္လြင္”ကို ေအာက္ေမ့မိေနပါတယ္။

ၿပီးေတာ့ “ကုသိုလ္ေကာင္းမႈျပဳၿပီးတိုင္း “ေၾကးစည္”တီးၿပီး “ေမတၱာပို႔, အေမွ်၀ ေလ့ရွိ”တာကိုလည္း သတိရလာပါတယ္။

“ဘာျဖစ္လို႔ “ေၾကးစည္”လိုတာလဲဗ်။ “ကုသိုလ္ေကာင္းမႈ”ေတြျပဳ.ၿပီးတိုင္း ဘာေၾကာင့္ ေၾကးစည္တီးရတာလဲဗ်”

“ဆရာေတာ္”အေမးရွိလိုက္ေပၿပီ။

ဘယ္သူမွ ႐ုတ္တရက္ မေျဖႏိုင္ၾကပါ။ “ဆရာေတာ္ ဘုရားႀကီး”က –

“ေၾကးစည္ သံၾကားရင္ စိတ္ ထဲ ေအး မသြားဘူးလား။

ရဟန္းသံံဃာ ေတြ ဖူး လိုက္ရရင္ေကာ ေအး မသြားဘူးလား။

တရားနာ လိုက္ရေတာ့လည္း ေအး မသြားဘူးလား။

“ေၾကးစည္”ဆိုတာ “ေအးတာ”ကို “ကိုယ္စားျပဳတာ”… “ကိေလသာအပူမီး”ေတြ ဝိုင္းေနတဲ့ လူ ေတြကိုအေအးဓါတ္၊ အၿငိမ္းဓါတ္၊ နိဗၺာနဓါတ္ႀကီး သတိရေအာင္ ႏႈိးေဆာ္လိုက္တာ။

ၿပီးေတာ့ “ေၾကး”ဆိုတဲ့ သတၱဳကအလြန္ေအးတာ။ ဟိုး ေျမႀကီးထဲ အတြင္းနက္နက္ ေျမဆီကေန “ေၾကး”ျဖစ္လာတာ။

ဒါေၾကာင့္ “ေၾကးစည္သံမ်ား”မၾကားလိုက္နဲ႔….. တစ္ခါတည္း ေအးခနဲ ျဖစ္သြားေတာ့တာ။ ဓါတ္႐ိုက္တာ၊ဓါတ္ကူးတာေပါ့”-လို႔ ရွင္းျပလိုက္ေတာ့မွ အားလုံးသေဘာေပါက္သြားပါတယ္။

“ေၾကးစည္သံၾကားရင္ ေခြး ဘာေၾကာင့္အူရသလဲ” “ဆရာေတာ္ဘုရားႀကီး”က ဆက္ၿပီးေတာ့ ေမးျပန္ပါတယ္။

“ေၾကးစည္သံၾကားရင္ လူေတြကေတာ့ ေအးခနဲ ခံစားရၿပီး, ေခြးေတြက ဘာလို႔ အူရတာတုန္းဗ်ာ…”

ကြၽန္ေတာ္တို႔ မေျဖႏိုင္ၾကပါ။ “ေၾကးစည္-က “အေအး”၊ “ေခြး”က “အပူ”ဗ်။

“ေခြး”မ်ား ဘယ္ေလာက္”ပူ”တုန္းဆိုရင္ “ေခြးသားစားမိသူ”ဟာ ပူလြန္းလို႔ ေရခ်ိဳး ေရစိမ္ လုပ္ေနရဆိုပဲဗ်…”

“မွန္ပါဘုရား”

“အလြန္ပူတဲ့ ေခြး ဟာအလြန္ေအး တဲ့ ေၾကးစည္သံၾကားေတာ့ ခံံစားမႈ တစ္မ်ိဳး ျဖစ္ေပၚလာၿပီး အူေတာ့တာပါပဲဗ်ာ…”

“ဆရာေတာ္ဘုရား” ရွင္းျပတာကို ပရိသတ္ဘဝင္က်သြားပါတယ္။

ဒါလည္း အပူ နဲ႔ အေအး ဓါတ္ခ်င္း ထိခတ္တုံ႔ျပန္မႈတစ္မ်ိဳးလို႔နားလည္ မွတ္သားခဲ့ရပါတယ္။

မဟာေဗာဓိၿမိဳင္ ဆရာေတာ္ဘုရားႀကီးအား ဦးထိပ္ပန္ဆင္းရင္း ခရစ္ဒစ္

Unicode

ကြေးစည် တီးရခြင်း အကြောင်းရင်းက ဘာကို ရည်ညွှန်းတာလဲ

“ကြေးစည်” ဘာကြောင့်တီးရသလဲ ?”

“ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး”ဟာ

“ရှမ်းပြည်နယ်,သံလွင်မြစ် အရှေ့ခြမ်း” “သုဝဏ္ဏသျှမ်တောင်”မှ “ကန့်ဘလူမြို့နယ်၊”နတ်တလူတောရ”သို့ “(၁၉၉၇)ခုနှစ်၊ဇွန်လ”ထဲမှာ ပြောင်းကြွသီတင်းသုံးတော်မူခဲ့ပါတယ်။

“နတ်တလူတောရ”ဟာ “ကန့်ဘလူမြို့နယ်”ထဲမှာ ပါဝင်ပေမယ့် “ဇီးကုန်း၊ထန်းတပင်မြို့”များနဲ့ ပိုနီးပါတယ်။ “ရွှေဘိုမြို့” ကြီးက တစ်ဆင့်သွားရင်လည်း သွားရလွယ်ပါတယ်။

“နတ်တလူတောရ”ဟာ “ဆရာတော်ဘုရားကြီး”ရဲ့ ဖွားရာဇာတိ “မင်းကုန်းရွာ”ရဲ့အရှေ့ဘက်”နှစ်မိုင်ကျော်”လောက်မှာ ရှိပါတယ်။ “ဇာတိမြေ”ဆီ ပြန်ကြွ”သာသနာပြုတယ်”လို့ဆိုနိုင်ပါတယ်။

“ဆရာတော်ဘုရားကြီး”ဟာ ရောက်လေရာ တောရများမှာ”ဆွမ်းခံတဲ့အကျင့်”ရှိခဲ့တဲ့အတိုင်း “နတ်တလူတောရ”သို့ ကြွရောက်စဉ်မှာပင် ပတ်ဝန်းကျင်ဂေါစဂါမ်ရွာများမှာ “ဆွမ်းခံကြွ”တော်မူ ပါတယ်။

“ဆရာတော်ဘုရားကြီး”-“နတ်တလူတောရ”ကို ပြောင်းကြွလာတဲ့ သတင်းကြားတာနဲ့

ရပ်ဝေးက လိုက်လာတဲ့ တပည့်သာဝကတွေလည်း “ဆရာတော်ဘုရားကြီး”ချွေး မတိတ်မီ အလုအယက် ဖူးမြော်ကြပါတယ်။

“ဆရာတော်ဘုရားကြီး”က”မေတ္တာပြုံး”ဖြင့် အားလုံးကို နှုတ်ဆက်ပြောဟောနေစဉ်…

“ဆရာတော်ဘုရား… ဆွမ်းခံကြွတာ ဘာလိုပါသေးလဲ ဘုရား။

တပည့်တော်တို့က ခုမှ ဆရာတော့်နောက်လိုက်ရတာဆိုတော့ ဘာလိုလို့ လိုမှန်း မသိသေးလို့ပါဘုရား”-လို့

“ဒေသခံလူကြီးတစ်ဦး”က မေးလျှောက်ပါတယ်။

သူမေးတာက စိတ်ဝင်စားစရာကောင်းပါတယ်။

“လိုတာပေါ့ဗျ။ ကြေးစည် လိုတယ်၊ ကြေးစည်”

“ဆရာတော်ဘုရား”အမိန့်ရှိမှ ရပ်ထဲရွာထဲ “ရဟန်းသံဃာနဲ့ ကိုရင်ကလေး”တွေ ဆွမ်းခံကြွလာစဉ် ကြားရလေ့ရှိတဲ့ “ကြေးစည်သံတလွင်လွင်”ကို အောက်မေ့မိနေပါတယ်။

ပြီးတော့ “ကုသိုလ်ကောင်းမှုပြုပြီးတိုင်း “ကြေးစည်”တီးပြီး “မေတ္တာပို့, အမျှေ၀ လေ့ရှိ”တာကိုလည်း သတိရလာပါတယ်။

“ဘာဖြစ်လို့ “ကြေးစည်”လိုတာလဲဗျ။ “ကုသိုလ်ကောင်းမှု”တွေပြု.ပြီးတိုင်း ဘာကြောင့် ကြေးစည်တီးရတာလဲဗျ”

“ဆရာတော်”အမေးရှိလိုက်ပေပြီ။

ဘယ်သူမှ ရုတ်တရက် မဖြေနိုင်ကြပါ။ “ဆရာတော် ဘုရားကြီး”က –

“ကြေးစည် သံကြားရင် စိတ် ထဲ အေး မသွားဘူးလား။

ရဟန်းသံံဃာ တွေ ဖူး လိုက်ရရင်ကော အေး မသွားဘူးလား။

တရားနာ လိုက်ရတော့လည်း အေး မသွားဘူးလား။

“ကြေးစည်”ဆိုတာ “အေးတာ”ကို “ကိုယ်စားပြုတာ”… “ကိလေသာအပူမီး”တွေ ဝိုင်းနေတဲ့ လူ တွေကိုအအေးဓါတ်၊ အငြိမ်းဓါတ်၊ နိဗ္ဗာနဓါတ်ကြီး သတိရအောင် နှိုးဆော်လိုက်တာ။

ပြီးတော့ “ကြေး”ဆိုတဲ့ သတ္တုကအလွန်အေးတာ။ ဟိုး မြေကြီးထဲ အတွင်းနက်နက် မြေဆီကနေ “ကြေး”ဖြစ်လာတာ။

ဒါကြောင့် “ကြေးစည်သံများ”မကြားလိုက်နဲ့….. တစ်ခါတည်း အေးခနဲ ဖြစ်သွားတော့တာ။ ဓါတ်ရိုက်တာ၊ဓါတ်ကူးတာပေါ့”-လို့ ရှင်းပြလိုက်တော့မှ အားလုံးသဘောပေါက်သွားပါတယ်။

“ကြေးစည်သံကြားရင် ခွေး ဘာကြောင့်အူရသလဲ” “ဆရာတော်ဘုရားကြီး”က ဆက်ပြီးတော့ မေးပြန်ပါတယ်။

“ကြေးစည်သံကြားရင် လူတွေကတော့ အေးခနဲ ခံစားရပြီး, ခွေးတွေက ဘာလို့ အူရတာတုန်းဗျာ…”

ကျွန်တော်တို့ မဖြေနိုင်ကြပါ။ “ကြေးစည်-က “အအေး”၊ “ခွေး”က “အပူ”ဗျ။

“ခွေး”များ ဘယ်လောက်”ပူ”တုန်းဆိုရင် “ခွေးသားစားမိသူ”ဟာ ပူလွန်းလို့ ရေချိုး ရေစိမ် လုပ်နေရဆိုပဲဗျ…”

“မှန်ပါဘုရား”

“အလွန်ပူတဲ့ ခွေး ဟာအလွန်အေး တဲ့ ကြေးစည်သံကြားတော့ ခံံစားမှု တစ်မျိုး ဖြစ်ပေါ်လာပြီး အူတော့တာပါပဲဗျာ…”

“ဆရာတော်ဘုရား” ရှင်းပြတာကို ပရိသတ်ဘဝင်ကျသွားပါတယ်။

ဒါလည်း အပူ နဲ့ အအေး ဓါတ်ချင်း ထိခတ်တုံ့ပြန်မှုတစ်မျိုးလို့နားလည် မှတ်သားခဲ့ရပါတယ်။

မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးအား ဦးထိပ်ပန်ဆင်းရင်း ခရစ်ဒစ်

Be the first to comment

Leave a Reply

Your email address will not be published.


*