Unicode
COVID-19 ကို ဘယ်လို ကာကွယ်ရမလဲ ဆိုတာကို ပရိသတ်တွေအတွက် စေတနာနဲ့ အသိပညာပေးလိုက်တဲ့ မအေးသောင်း
မင်းသမီးချောလေး မအေးသောင်းကတော့ မြန်မာဝတ်စုံလေးတွေကို အမြတ်တနိုး ဝတ်ဆင်တတ်သူလေး ဖြစ်ပြီး အမြဲတမ်းလိုလို ရိုးရိုးယဉ်ယဉ်လေး လှနေတာ ဖြစ်ပါတယ်။
မြန်မာဆန်ဆန် အလှပိုင်ရှင်လေး မအေးသောင်းက ကိုယ်လုံးကိုယ်ပေါက် လှပတဲ့အပြင် ကျစ်လစ်လှပတဲ့ ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတာကြောင့် ပုရိသတွေက ပိုကြွေနေရတာ ဖြစ်ပါတယ်။
ဒါ့ အပြင် မအေးသောင်းက ကိုကို၊ မောင်မောင်တွေရဲ့ နှုတ်ဖျားမှာ ရေပန်းစားအောင်မြင်နေတာလည်း ဖြစ်ပါတယ်။ တစ်နေ့တစ်ခြား ပိုပိုပြီး လှသွေးကြွယ်လာတဲ့ မအေးသောင်းက အခုလည်း ခရမ်းရောင် မြန်မာဝတ်စုံလေးနဲ့ အလှပုံလေးတွေကို အသစ် တင်ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် မအေးသောင်းက လတ်တလောမှာ ကမ္ဘာအနှံ့ ဖြစ်ပွားနေတဲ့ ကပ်ရောဂါ COVID-19 ကို ဘယ်လို နည်းလမ်းလေးတွေနဲ့ ကာကွယ်ရမလဲ ဆိုတာကို အသိပညာ ပေးထားပါသေးတယ်။ မအေးသောင်းက “လူစုလူဝေး ရှိတဲ့ နေရာလည်းရှောင်မယ်။
လက်လည်း ခဏခဏဆေးတယ်။ Handgel ကို အရက်ပျံ ပါတာ သုံးတယ်။ ဈေးဝယ်ဖြစ်ရင် အခြားလူတွေနဲ့ အနည်းဆုံး ၃ပေ အကွာမှာ ရပ်ပြီး ဝယ်တယ်။ မျက်စိ နှာခေါင်း ပါးစပ်ကိုလည်း လက်နဲ့ တိုက်ရိုက် ထိတွေ့ခြင်းကို ရှောင်တယ်။
ချောင်းဆိုး နှာချေရင် လက်မောင်းနဲ့ အုပ်ပြီး ချောင်းဆိုးတယ် နှာချေတယ်။ တစ်ရှုးနဲ့ အုပ်ဆိုးရင်လည်း ချက်ခြင်း လွှတ်ပစ်တယ်။ လူများတဲ့ နေရာ သွားရင် Mask တပ်တယ်။ မီးဖိုချောင်သုံးပစ္စည်း တွေကို သုံးပြီးရင် စနစ်တကျ ဆေးကြောတယ်။
နေမကောင်းရင် အိမ်မှာ နားနေမယ် အဓိကကတော့ သတင်းမှားတွေများတတ်လို့**ယုံကြည်စိတ်ချရတဲ့ WHO နဲ့ အစိုးရအဖွဲ့အစည်းရဲ့ သတင်းထုတ်ပြန်ချက်တွေကိုပဲ ကြည့်ပြီး လိုက်နာမယ်။ ကဲ စိတ်ချပြီလား ??????”ဆိုပြီး စေတနာ နဲ့ မျှဝေ ပေးထားတာပဲ ဖြစ်ပါတယ်။
Source & Photo Credit-Aye Thaung’s FB Acc
Be the first to comment
Leave a Reply
Your email address will not be published.
*