ထိုင္းေရာက္ျမန္မာမ်ား ဧၿပီလကုန္အထိ ေခတၱျပန္မလာရန္ထုတ္ျပန္

ထိုင္းေရာက္ျမန္မာမ်ား ဧၿပီလကုန္အထိ ေခတၱျပန္မလာရန္ထုတ္ျပန္

ထိုင္းေရာက္ျမန္မာမ်ား ဧၿပီလကုန္အထိ ေခတၱျပန္မလာရန္ထုတ္ျပန္

ထိုင္းႏိုင္ငံေရာက္ ျမန္မာအလုပ္သမားမ်ား အေနျဖင့္ မတ္လ ၃၀ ရက္ေန႔ အထိ ျမန္မာႏိုင္ငံသို႔ ေခတၱခဏ ျပန္လာျခင္းမလုပ္ရန္ ျမန္မာသံ႐ုံး(ဘန္ေကာက္) မတ္လ ၁၅ ရက္ေန႔တြင္ ထုတ္ျပန္ ေၾကညာသည္။

ကမာၻ႔က်န္းမာေရးအဖြဲ႕မွ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈကို ကမာၻ႔ကပ္ေရာဂါ အျဖစ္သတ္မွတ္ခဲ့ၿပီးေနာက္ ျမန္မာႏိုင္ငံတြင္ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ငန္းမ်ားကို တင္းၾကပ္စြာ ေဆာင္႐ြက္ေနသလို ထိုင္းႏိုင္ငံတြင္လည္း ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအျဖစ္

အျပည္ျပည္ဆိုင္ရာ ဝင္ေပါက္ထြက္ေပါက္မ်ား ျဖစ္ေသာ ေလဆိပ္ ၊ ေရဆိပ္ ၊နယ္စပ္ဂိတ္မ်ားမွတစ္ဆင့္ ဝင္ေရာက္လာသည့္ ခရီးသည္မ်ား၏ က်န္းမာေရး စစ္ေဆးမႈမ်ားကို အထူးၾကပ္မတ္ စစ္ေဆးလွ်က္ရွိသည္။

အလားတူ ထိုင္းႏိုင္ငံရွိ စက္႐ုံအလုပ္႐ုံမ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရး စီမံခ်က္မ်ားခ်မွတ္ ေဆာင္႐ြက္ေနၿပီျဖစ္သည့္ အတြက္ အလုပ္သမားမ်ား ခရီးသြားလာျခင္းကို အားမေပးလိုေသာေၾကာင့္ သၾကၤန္ကာလ ေနရပ္ျပန္ အလုပ္သမားမ်ားအား ထိုင္း Re-entry Visa ေၾကးကို ယခင္ႏွစ္မ်ားကကဲ့သို႔ ကင္းလြတ္ခြင့္ မေပးေတာ့ပဲ ဘတ္တစ္ေသာင္း ေကာက္ခံမည္ဟု ထိုင္းအစိုးရက သတ္မွတ္ထားသည္။

ယင္းအတြက္ေၾကာင့္ ထိုင္းႏိုင္ငံေရာက္ ျမန္မာအလုပ္သမားမ်ား၏ က်န္းမာေရး ၊စီးပြားေရး ၊လူမႈေရး အျပင္ အလုပ္သမားမိသားစုဝင္မ်ား၏ ဘဝလုံၿခဳံမႈကို ကာကြယ္ ေစာင့္ေရွာက္ရန္ ျမန္မာအလုပ္သမားမ်ား အေနျဖင့္

ဧၿပီလ ၃၀ ရက္ေန႔ အထိ တစ္ႏိုင္ငံႏွင့္ တစ္ႏိုင္ငံ ကူးလူးသြားလာျခင္း ၊ ခရီးသြားလာမႈမ်ားႏွင့္ ျမန္မာႏိုင္ငံသို႔ ေခတၱခဏ ျပန္ျခင္း မ်ားကို တတ္ႏိုင္သမွ် ေရွာင္ၾကဥ္ရန္ ျမန္မာသံ႐ုံးက ထုတ္ျပန္ထားျခင္း ျဖစ္သည္။

ၾသကၤန္ကာလ မိခင္ႏိုင္ငံသို႔ ျပန္ၾကမည့္ အလုပ္သမားမ်ားသည္ ထိုင္းႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိသည့္အခါ အလုပ္ရွင္မ်ားကို အေၾကာင္းၾကားရမည္ ျဖစ္ၿပီး ၁၄ ရက္အၾကာ သီးျခားခြဲထား၍ ေရာဂါလကၡဏာ ေစာင့္ၾကည့္ျခင္း ခံရမည္ဟု ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

ထိုင္းႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူမွာ ၇၅ ဦး အထိ ရွိလာၿပီ ျဖစ္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕က မတ္လ ၁၅ ရက္ေန႔တြင္ ထုတ္ျပန္ ထားသည္။

credit

Unicode

ထိုင်းရောက်မြန်မာများ ဧပြီလကုန်အထိ ခေတ္တပြန်မလာရန်ထုတ်ပြန်

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အနေဖြင့် မတ်လ ၃၀ ရက်နေ့ အထိ မြန်မာနိုင်ငံသို့ ခေတ္တခဏ ပြန်လာခြင်းမလုပ်ရန် မြန်မာသံရုံး(ဘန်ကောက်) မတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကမ္ဘာ့ကပ်ရောဂါ အဖြစ်သတ်မှတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို တင်းကြပ်စွာ ဆောင်ရွက်နေသလို ထိုင်းနိုင်ငံတွင်လည်း ရောဂါကာကွယ်ထိန်းချုပ်ရေးအဖြစ်

အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်ထွက်ပေါက်များ ဖြစ်သော လေဆိပ် ၊ ရေဆိပ် ၊နယ်စပ်ဂိတ်များမှတစ်ဆင့် ဝင်ရောက်လာသည့် ခရီးသည်များ၏ ကျန်းမာရေး စစ်ဆေးမှုများကို အထူးကြပ်မတ် စစ်ဆေးလျှက်ရှိသည်။

အလားတူ ထိုင်းနိုင်ငံရှိ စက်ရုံအလုပ်ရုံများတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး စီမံချက်များချမှတ် ဆောင်ရွက်နေပြီဖြစ်သည့် အတွက် အလုပ်သမားများ ခရီးသွားလာခြင်းကို အားမပေးလိုသောကြောင့် သင်္ကြန်ကာလ နေရပ်ပြန် အလုပ်သမားများအား ထိုင်း Re-entry Visa ကြေးကို ယခင်နှစ်များကကဲ့သို့ ကင်းလွတ်ခွင့် မပေးတော့ပဲ ဘတ်တစ်သောင်း ကောက်ခံမည်ဟု ထိုင်းအစိုးရက သတ်မှတ်ထားသည်။

ယင်းအတွက်ကြောင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ ကျန်းမာရေး ၊စီးပွားရေး ၊လူမှုရေး အပြင် အလုပ်သမားမိသားစုဝင်များ၏ ဘဝလုံခြုံမှုကို ကာကွယ် စောင့်ရှောက်ရန် မြန်မာအလုပ်သမားများ အနေဖြင့်

ဧပြီလ ၃၀ ရက်နေ့ အထိ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးလူးသွားလာခြင်း ၊ ခရီးသွားလာမှုများနှင့် မြန်မာနိုင်ငံသို့ ခေတ္တခဏ ပြန်ခြင်း များကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန် မြန်မာသံရုံးက ထုတ်ပြန်ထားခြင်း ဖြစ်သည်။

သြင်္ကန်ကာလ မိခင်နိုင်ငံသို့ ပြန်ကြမည့် အလုပ်သမားများသည် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါ အလုပ်ရှင်များကို အကြောင်းကြားရမည် ဖြစ်ပြီး ၁၄ ရက်အကြာ သီးခြားခွဲထား၍ ရောဂါလက္ခဏာ စောင့်ကြည့်ခြင်း ခံရမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူမှာ ၇၅ ဦး အထိ ရှိလာပြီ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန် ထားသည်။

credit

Be the first to comment

Leave a Reply

Your email address will not be published.


*