




ကံ၊ ကံ၏အကျိုး….!


(ရှင်းလင်းချက်)






ကယ်တင်သော်လည်း……




အဲဒီတော့ ဘုရားရှင်က ဆွမ်းကွမ်းရှားနေတဲ့အချိန်မှာ ဘာလှူမှာလဲ မေးတယ်….















ကျွန်တော်တို့ တတွေ သူတော်ကောင်ုးကီးတွေရဲ့ စောင်မ ကယ်တင်မူ့ကို ရရှိဖို့ အတွက် ရတနာသုံးပါးကို စော်ကားတဲ့ အကုသိုလ်ကံမျိုးတွေ မကျူးလွနိမိဖို့ တော့ လိုလိမ့်မယ်ထင်တယ်….





Unicode

ပြည်ပ စပွန်ဆာတွေ အားကိုးနဲ့ တို့ဗုဒ္ဓကို မာ့ခ်တပ်ပေးခဲ့ကြတာ အခုတော့ တကမ္ဘာလုံး မာ့ခ်တွေ တပ်နေကြရရော….

ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်နှလုံး ညှိုးနွမ်းအောင် အမျိုးမျိုး အနိုင်ကျင့် ပြုမူနေကြတာ ….

အခုတော့ တန်ပြန်ဝိပါကတွေ ရောက်လာပြီး စိတ်ညစ်နေကြရပြီ မဟုတ်လား…..။

ကံ၊ ကံ၏အကျိုး….!

မြတ်ဗုဒ္ဓရဲ့ သာသနာ ဘေးကင်းတယ်ဆိုတဲ့ နိမိတ်လာ…!

(ရှင်းလင်းချက်)

မြတ်ဗုဒ္ဓရဲ့ပုံကို မကြည်ညိုဘဲ လုပ်သင့် မလုပ်သင့်မသိကြဘဲ…

လောဘမူစိတ်အရင်းခံ ကျေနပ်ကြသူတွေအတွက် ကံ ကံ၏အကျိုးအဖြစ် အနဲဆုံးအနေနဲ့ maskတပ်နေကြရပြီ…။

ဖြစ်လာတဲ့ ကမ္ဘာကသိတဲ့ နာမည်ကျော်သွားတဲ့ပုံရိပ်….

နိမိတ်ဖတ်လိုက်တော့….မြတ်ဗုဒ္ဓရဲ့ သာသနာ ဘေးကင်းပါတယ်။

Action & Reaction ဆိုတာ ရှောင်လွဲလို့ ရစတမ်း မရှိဘူး….။သုခမြိုင် ပရဟိတကျောင်း အရှင်သောမသာရ

ကယ်တင်သော်လည်း……

ဝေသာလီမှာ ကပ်ဘေးဆိုက်တော့ သံဃာတော်တွေ ဆွမ်းကွမ်းမပြည့်စုံကြဘူး ….

အဲဒီတော့ အရှင်မဟာမောဂ္ဂလန် ကိုယ်တော်မြတ်ကြီးက ဘုရားရှင်ကို လျောက်တယ် …..

အရှင်ဘုရား သံဃာတော်တွေအတွက် တပည့်တော်ကို အစာအာဟာရ အတွက် လှူဒါန်းခွင့်ပြုပါတဲ့…..

အဲဒီတော့ ဘုရားရှင်က ဆွမ်းကွမ်းရှားနေတဲ့အချိန်မှာ ဘာလှူှမှာလဲ မေးတယ်….

မှန်လှပါဘုရား ကမ္ဘာမြေကြီးတည်ခါစ က မြေဆီလွှာတွေဟာ ကမ္ဘာကြီးရဲ့ အောက်ဆုံးလွှာမှာ ခုထိရှိနေပါသေးတယ် ….

အဲဒီတော့ ကမ္ဘာကြီးကို တခြမ်းခွဲပြီး သတ္တဝါတွေကို တခြမ်းမှာထား ကျန်တဲ့အခြမ်းကို လှန်ပြီးမြေဆီလွှာတွေယူမယ် ဘုရားလျှောက်တော့ …..

ဘုရားရှင်က….ချစ်သား ဆွမ်းကွမ်းအာဟာရ အတွက် တန်ခိုးနဲ့ပြုလုပ်ခြင်းဟာ မသင့်တော်ဘူးဆိုပြီး ပိတ်ပင်တားမြစ်ခဲ့ဘူးတယ်….

ဘုရားရှင်ဟောကြားထားတဲ့ တရားတော်တွေထဲမှာ ကပ္ပထိတိ ဆိုတဲ့ စကားတခွန်းရှိတယ် …..

အဓိပ္ပါယ်ကတော့ ကမ္ဘာကြီးကို ရပ်စေနိုင်သူ တဲ့ တရားထူးရဖို့အကြောင်းပြည့်စုံတဲ့သူတဦးဟာ တရားအားထုတ်နေတယ် ….

အဲဒီအချိန်မှာလည်း ကမ္ဘာကြီးပျက်ဖို့အကြောင်းဖန်လာမယ်ဆိုရင် တရားအားထုတ်တဲ့သူ တရားထူးရပြီးမှသာ ကမ္ဘာုကီးကပျက်လိမ့်မယ်တဲ့….

မဂ်ဖိုလ်နိဗ္ဗါန် နဲ့ပါရမီ ရဲ့အစွမ်းဟာ ကမ္ဘာကြီးကိုတောင် ရပ်စေနိုင်ပါတယ်….

နောက်တခါ ဘုန်းကံကြီးသူတွေ သီလ သမာဓိ ပညာကြီးမားသူတွေ ရဲ့သစ္စာစကားဟာ မိုးရွာတာတို့ နေပူတာတို့ ငလျင်လှုပ်တာ တို့ကိုဖြစ်စေပါတယ်တဲ့ ….

ဇာတ်တော်တွေထဲမှာ အများကြီးရှိသလို့ဒီနေ့ခေတ်မှာလည်း အများကြီးရှိပါတယ်….

ဘုရားရှင်လက်ထက်တော်အခါကလည်း နေတွေ လတွေနဲ့ဆော့နေတဲ့ ရဟန္တာ ကိုရင်လေးတွေ အများကြီး ရှိပါတယ်….

ပြောချင်တာက…..တန်ခိုး တို့ ဘုန်းကံတို့ပါရမီတို့ မဂ္ဖိုလ်တို့ဟာ သဘာဝတရားကြီးးကို နိုင်နင်းပါတယ်….

ဒီကနေ့မြန်မာနိုင်ငံမှာ ဘုန်းကံကြီးသူတွေ သီလသမာဓိ ပညာ ပြည့်ဝသူတွေ နဲ့ အရိယာလို့သမုတ်ထားတဲ့ မဂ္ဖိုလ်နိဗ္ဗါန် ရရှိနေသူတွေ အများကြီးရှိပါတယ်….

အဲဒီပုဂ္ဂိုလ်ကြီးတွေရဲ့ အစွမ်းနဲ့ဒီကနေ့မြန်မာပြည်ကြီးမှာ သူများနိုင်ငံတွေလို သဘာဝဘေးတွေ ကပ်ဘေးတွေ သူများနိုင်ငံတွေလောက် မဆိုးတာဆိုရင် လက်ခံပါ့မလား….

ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာဟာ အနည်းစုပဲရှိလို့ အများစုကတော့ ဒီအဆိုကို လက်ခံမယ်မထင်ပါဘူး….

ကျွန်တော်တို့တတွေ သူတော်ကောင်းုကီးတွေရဲ့ စောင်မ ကယ်တင်မူ့ကို ရရှိဖို့အတွက် ရတနာသုံးပါးကို စော်ကားတဲ့ အကုသိုလ်ကံမျိုးတေ ွ မကျူးလွနိမိဖို့တော့ လိုလိမ့်မယ်ထင်တယ်….

မြန်မာပြည်မှာ ရတနာသုံးပါးကို စော်ကားတဲ့သူတွေ တနေ့တခြား များပြားလာနေတယ်….သူတော်ကောင်းကြီးတွေက ခွင့်လွှတ်ပေမဲ့ ကံတွေက ခွှင့်မလွှတ်တတ်ကြဘူး…

ကယ်တယ်ဆိုတာလည်း ကယ်လို့ရလောက်တဲ့ အခြေအနေရှိမှ ဖြစ်တာပါ….ဒါလေးတော့ ဗုဒ္ဓဘာသာဝင်တွေ သိထားဖို့ လိုလိမ့်မယ်….

ဖန်ဆင်းရှင်ဝါဒ နဲ့ကံကံရဲ့အကျိုး လွန်ဆွဲပွဲကြီးမှာ တရားခံ မဖြစ်ကြပါစေနဲ့…..။

အားလုံး သတိရှိကြပါ……ရှဲယ်ပေးခြင်းဖြင့်မျှဝေပေးကြပါ…..ဦးမြင့်ခိုင်

Be the first to comment

Leave a Reply

Your email address will not be published.


*