ကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရး ေဒၚလာသန္း ၂၀ လႉမည္ ဟု ေဖ့စ္ဘြတ္ခ္ စီအီးအို ေျပာ

ကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရး ေဒၚလာသန္း ၂၀ လႉမည္ ဟု ေဖ့စ္ဘြတ္ခ္ စီအီးအို ေျပာ

ကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရး ေဒၚလာသန္း ၂၀ လႉမည္ ဟု ေဖ့စ္ဘြတ္ခ္ စီအီးအို ေျပာ

ကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရး အတြက္ ေဒၚလာသန္း ၂၀ အထိ လႉဒါန္း သြားမယ္လို႔ ေဖ့စ္ဘြတ္ခ္ တည္ေထာင္သူနဲ႔ စီအီးအို ျဖစ္သူ မာ့ခ္ဇူကာဘတ္ မတ္ ၁၃ ရက္ေန႔မွာ ထုတ္ျပန္ လိုက္ပါတယ္။

ဇူကာဘတ္က သူ႔ Facebook စာမ်က္ႏွာမွာ ေဒၚလာ ၁၀ သန္းကို COVID-19 Solidarity Response Fund ကို လႉဒါန္းထားၿပီး အဲဒီပေရာဂ်တ္က ကုလသမဂၢ၊ WHO ကမာၻ႔က်န္းမာေရး အဖြဲ႕တို႔နဲ႔ ပူးတြဲလုပ္ေဆာင္ေနတာပါ။

ဇူကာဘတ္ဟာ CDC Foundation ကိုလည္း ေဒၚလာ ၁၀သန္း လႉထားပါေသးတယ္။ သူ႔ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမွာ ဒီရန္ပုံေငြေတြက ကမာၻတဝန္း ကို႐ိုနာဗိုင္းရပ္စ္ ျပန႔္ပြားမႈကို တုံ႔ျပန္တားဆီးဖို႔ လုပ္ေနတာေတြအတြက္ အေထာက္အကူျဖစ္ေအာင္ လႉတာလို႔လည္း ရွင္းျပထားပါတယ္။

ဒါ့အျပင္ ကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ဖို႔ ေဖ့စ္ဘြတ္ခ္ဟာ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ကို အခမဲ့ ေၾကာ္ျငာေတြ လိုသေလာက္ ေပးသြားမယ္ လို႔ စီအီးအို မက္ဇူကာဘတ္ က မတ္လ ၃ ရက္မွာ ေၾကညာ ခဲ့ပါေသးတယ္။

ျဖစ္ေပၚေနတဲ့ အေျခအေနအရ ေဖ့စ္ဘြတ္ခ္ဟာ WHO, CDC နဲ႔ UNICEF တို႔လို က်န္းမာေရးအဖြဲ႕အစည္းေတြနဲ႔ အတူလုပ္ေဆာင္ေနၿပီး ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္လို႔ အခ်ိန္နဲ႔တေျပးညီ တိက်တဲ့သတင္းေတြကို အဲဒီအဖြဲ႕အစည္းေတြ ထုတ္ျပန္ႏိုင္ေစဖို႔ ကူညီေပးသြားမယ္လို႔ ဇူကာဘတ္က ေျပာခဲ့ပါတယ္။

ေဖ့စ္ဘြတ္ခ္အေနနဲ႔ တျခား အဖြဲ႕အစည္းေတြ ကိုလည္း အကူအညီေတြနဲ႔ ေၾကာ္ျငာသန္းခ်ီ ေပးအပ္ၿပီး လိုအပ္ရင္ ထပ္တိုး အကူအညီ ေပးႏိုင္ဖို႔ ကမာၻလုံးဆိုင္ရာ က်န္းမာေရး ကြၽမ္းက်င္သူ ေတြနဲ႔ အနီးကပ္ အတူအလုပ္လုပ္သြားမယ္ လို႔လည္း ဇူကာဘတ္က ပို႔စ္တင္ခဲ့ဖူးပါတယ္။

ဒီဗြီဘီ

Unicode

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ဒေါ်လာသန်း ၂၀ လှူမည် ဟု ဖေ့စ်ဘွတ်ခ် စီအီးအို ပြော

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး အတွက် ဒေါ်လာသန်း ၂၀ အထိ လှူဒါန်း သွားမယ်လို့ ဖေ့စ်ဘွတ်ခ် တည်ထောင်သူနဲ့ စီအီးအို ဖြစ်သူ မာ့ခ်ဇူကာဘတ် မတ် ၁၃ ရက်နေ့မှာ ထုတ်ပြန် လိုက်ပါတယ်။

ဇူကာဘတ်က သူ့ Facebook စာမျက်နှာမှာ ဒေါ်လာ ၁၀ သန်းကို COVID-19 Solidarity Response Fund ကို လှူဒါန်းထားပြီး အဲဒီပရောဂျတ်က ကုလသမဂ္ဂ၊ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့တို့နဲ့ ပူးတွဲလုပ်ဆောင်နေတာပါ။

ဇူကာဘတ်ဟာ CDC Foundation ကိုလည်း ဒေါ်လာ ၁၀သန်း လှူထားပါသေးတယ်။ သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဒီရန်ပုံငွေတွေက ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို တုံ့ပြန်တားဆီးဖို့ လုပ်နေတာတွေအတွက် အထောက်အကူဖြစ်အောင် လှူတာလို့လည်း ရှင်းပြထားပါတယ်။

ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ဖို့ ဖေ့စ်ဘွတ်ခ်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကို အခမဲ့ ကြော်ငြာတွေ လိုသလောက် ပေးသွားမယ် လို့ စီအီးအို မက်ဇူကာဘတ် က မတ်လ ၃ ရက်မှာ ကြေညာ ခဲ့ပါသေးတယ်။

ဖြစ်ပေါ်နေတဲ့ အခြေအနေအရ ဖေ့စ်ဘွတ်ခ်ဟာ WHO, CDC နဲ့ UNICEF တို့လို ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ အတူလုပ်ဆောင်နေပြီး ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ အချိန်နဲ့တပြေးညီ တိကျတဲ့သတင်းတွေကို အဲဒီအဖွဲ့အစည်းတွေ ထုတ်ပြန်နိုင်စေဖို့ ကူညီပေးသွားမယ်လို့ ဇူကာဘတ်က ပြောခဲ့ပါတယ်။

ဖေ့စ်ဘွတ်ခ်အနေနဲ့ တခြား အဖွဲ့အစည်းတွေ ကိုလည်း အကူအညီတွေနဲ့ ကြော်ငြာသန်းချီ ပေးအပ်ပြီး လိုအပ်ရင် ထပ်တိုး အကူအညီ ပေးနိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ကျွမ်းကျင်သူ တွေနဲ့ အနီးကပ် အတူအလုပ်လုပ်သွားမယ် လို့လည်း ဇူကာဘတ်က ပို့စ်တင်ခဲ့ဖူးပါတယ်။

ဒီဗွီဘီ

Be the first to comment

Leave a Reply

Your email address will not be published.


*