ကိုရိုနာဗိုင္းရပ္စ္ႏွင့္ ႀကိဳးၾကာေတာင္ပံမ်ား မခတ္ႏိုင္ေတာ့သည့္ ျမန္မာဆရာဝန္ေတြရဲ႕ ဘဝ…….

ကိုရိုနာဗိုင္းရပ္စ္ႏွင့္ ႀကိဳးၾကာေတာင္ပံမ်ား မခတ္ႏိုင္ေတာ့သည့္ ျမန္မာဆရာဝန္ေတြရဲ႕ ဘဝ…….

ကိုရိုနာဗိုင္းရပ္စ္ႏွင့္ ႀကိဳးၾကာေတာင္ပံမ်ား မခတ္ႏိုင္ေတာ့သည့္ ျမန္မာဆရာဝန္ေတြရဲ႕ ဘဝ…….

ႀကိဳးၾကာ ေတာင္ပံမ်ား မခတ္ႏိုင္ေတာ့မည္ကို စိုးရိမ္မိပါသည္။ ဒီပို႔စ္က အစိုးရဆရာဝန္ နဲ႔သူနာျပဳမ်ားရယ္ က်န္းမာေရးဝန္ထမ္းမ်ား အားလုံးအတြက္ ရည္႐ြယ္ပါတယ္…

ကြၽန္ေတာ္ ဆရာဝန္ တစ္ေယာက္ပါ.. အစိုးရဆရာဝန္ တစ္ေယာက္ပါ.. ျမန္မာျပည္က အစိုးရဆရာဝန္ တစ္ေယာက္ရဲ႕ လစာက အေျခခံ ၂ သိန္း ၇ ေသာင္းခြဲ ပါ…

အလုပ္ခ်ိန္က? အလုပ္ခ်ိန္က ပုံမွန္႐ုံဖြင့္ရက္တိုင္း မနက္ ၈ နာရီ ခြဲကေန ညေန ၄ နာရီပါ..

သက္ဆိုင္ရာဌာနအလိုက္ ပိုေစာပါတယ္.. မနက္ ၇:၃၀ ကေန ညေန ၆/၇ နာရီထိ လုပ္ရတဲ့ေနရာေတြ ရွိပါတယ္.. (ခြဲခန္းက ဆရာမ ေတြပါ) အမ်ားစုက ၄ ရက္တစ္ခါ ၅ ရက္တစ္ခါ ၂၄ ဂ်ဴတီ ဆင္းရပါတယ္.. စေနေန႔သာ ဂ်ဴတီၾကရင္ သူတို႔နားရက္ မရွိေတာ့ပါဘူး…

အခါႀကီးရက္ႀကီးေတြ လျပည့္ေန႔ ႏွစ္သစ္ကူး ဘယ္ပိတ္ရက္မွ ေဆး႐ုံ မပိတ္ပါဘူး.. အေရးအခင္းျဖစ္လဲ မပိတ္ပါဘူး.. အခုလိုကပ္ ေရာဂါျဖစ္ လဲမပိတ္တဲ့အျပင္ ပိုေတာင္ အလုပ္မ်ားပါေသးတယ္…

ကြၽန္ေတာ္တို႔ဆီမွာ နဂိုထဲက လူအင္အားမေလာက္ပါဘူး.. စက္ပစၥည္းလဲမစုံလင္ပါဘူး.. ႀကိဳတင္ျပင္ဆင္ထားၿပီးၿပီ ဆိုတာက ဘာမွ မျဖစ္ေသးလို႔ပါ…

အကယ္၍ စျဖစ္ ၿပီ ပဲဆိုၾကပါစို႔.. အဲ့ဒီလူနာ က ရန္ကုန္ေဆး႐ုံႀကီး အေရးေပၚကိုအရင္ေရာက္လာမွာပါ ကိုရိုနာဗိုင္းရပ္စ္ COVID-19 မစစ္ရေသးခင္မွာ အေရးေပၚက ဆရာဝန္ေတြ အကုန္လုံး ထိေတြ႕ႏိုင္ပါတယ္.. ဘယ္သူ မွ PPE မဝတ္ထားပါဘူး…

ကဲ ေရာက္လာတဲ့ လူနာက ၂ မ်ိဳးျဖစ္ႏိုင္ပါတယ္.. ေရာဂါ လကၡဏာအရ သီးသန႔္ ထားၿပီးကုမယ္ သူ႔ကို COVID-19 ပိုးစစ္မယ္.. ဒါမွမဟုတ္ အရမ္းဆိုးလို႔ အထူးၾကပ္မတ္ကုသေဆာင္ (ICU) မွာ Ventilator တင္ထားရမယ္..

ခုခ်ိန္ထိ စစ္သမွ် Negative ဆိုေတာ့ ထားပါေတာ့ အကယ္၍ Positive သာျဖစ္ခဲ့ရင္ အဲ့ေန႔မွာ ဂ်ဴတီက်တဲ့ ဆရာဝန္ေတြ ဆရာမေတြကို ဘယ္လိုလုပ္ၾကမလဲ..

၁၄ ရက္ေစာင့္ၾကည့္မွာလား… အဲ့လိုဆရာဝန္ေတြအမ်ားအျပားကို ၁၄ ရက္ေပးနား ႏိုင္ေလာက္ တဲ့ဝန္ထမ္းအင္အား ရွိလား…

H1 N1 တုန္းကလဲကူးစက္မႈ ဒီေလာက္မလြယ္လို႔သာ မဟုတ္ရင္ ဆရာဝန္ ဆရာမေတြ အကုန္ကူးတယ္.. အခု COVID-19 က အရမ္းကူးစက္ လြယ္ပါတယ္..

အဲ့ဒါကို အထင္ေသးခဲ့လို႔ အီတလီ တစ္ႏိုင္ငံလုံး ဒုကၡ ေရာက္ကုန္တာ သက္ေသပါ…

ကြၽန္ေတာ့္သူငယ္ခ်င္းတစ္ေယာက္ကေမးတယ္.. မင္းတို႔ကို အစိုးရက က်န္းမာေရးအာမခံ ထားေပးလားတဲ့.. မထားေပးဘူးဆိုေတာ့.. ဟာဒီေလာက္ High Risk Person ေတြကို တဲ့…

အလုပ္ခ်ိန္ ေတြမ်ားလို႔ မိသားစုကိုလဲအခ်ိန္မေပးႏိုင္ပါဘူး.. လစာနဲလို႔လဲ မိသားစုကို မေထာက္ပံ့ႏိုင္ပါဘူး..

ခုလိုေရာဂါ ကပ္ဆိုးမွာလဲ မိသားစုကို မကာကြယ္ႏိုင္႐ုံမက ကိုယ္က ေရာဂါပိုးသယ္ လာႏိုင္တဲ့သူပါ.. ေသႏိုင္မဲ့ေရာဂါကူးစက္ႏိုင္ေပမယ့္ ကုသေပးေနတာ ဆရာဝန္ဆရာမ ေတြပါ…

အဲ့တာကို ဘာမွ မလုပ္ေပးႏိုင္ရင္ေတာင္ အလကားေနရင္း ေျပာေနဆိုေန ေစာ္ကားေနတဲ့သူေတြကိုေတာ့ မားမားမတ္မတ္ေရွ႕ကရပ္ၿပီး ေျဖရွင္းေပးသင့္ပါတယ္…

ႀကိဳးၾကာေတြလဲအေတာင္ ေတာ္ေတာ္ ေညာင္းေနပါၿပီ.. ခုခ်ိန္ထဲ လဲပစ္ထားတုန္းပဲေနာ္…

ခက္လြယ္(ေဒါက္တာ ေအာင္ပိုင္စိုး ပို႕စ္မွ)

Unicode

ကိုရိုနာဗိုင်းရပ်စ်နှင့် ကြိုးကြာတောင်ပံများ မခတ်နိုင်တော့သည့် မြန်မာဆရာဝန်တွေရဲ့ ဘဝ…….

ကြိုးကြာ တောင်ပံများ မခတ်နိုင်တော့မည်ကို စိုးရိမ်မိပါသည်။ ဒီပို့စ်က အစိုးရဆရာဝန် နဲ့သူနာပြုများရယ် ကျန်းမာရေးဝန်ထမ်းများ အားလုံးအတွက် ရည်ရွယ်ပါတယ်…

ကျွန်တော် ဆရာဝန် တစ်ယောက်ပါ.. အစိုးရဆရာဝန် တစ်ယောက်ပါ.. မြန်မာပြည်က အစိုးရဆရာဝန် တစ်ယောက်ရဲ့ လစာက အခြေခံ ၂ သိန်း ၇ သောင်းခွဲ ပါ…

အလုပ်ချိန်က? အလုပ်ချိန်က ပုံမှန်ရုံဖွင့်ရက်တိုင်း မနက် ၈ နာရီ ခွဲကနေ ညနေ ၄ နာရီပါ..

သက်ဆိုင်ရာဌာနအလိုက် ပိုစောပါတယ်.. မနက် ၇:၃၀ ကနေ ညနေ ၆/၇ နာရီထိ လုပ်ရတဲ့နေရာတွေ ရှိပါတယ်.. (ခွဲခန်းက ဆရာမ တွေပါ) အများစုက ၄ ရက်တစ်ခါ ၅ ရက်တစ်ခါ ၂၄ ဂျူတီ ဆင်းရပါတယ်.. စနေနေ့သာ ဂျူတီကြရင် သူတို့နားရက် မရှိတော့ပါဘူး…

အခါကြီးရက်ကြီးတွေ လပြည့်နေ့ နှစ်သစ်ကူး ဘယ်ပိတ်ရက်မှ ဆေးရုံ မပိတ်ပါဘူး.. အရေးအခင်းဖြစ်လဲ မပိတ်ပါဘူး.. အခုလိုကပ် ရောဂါဖြစ် လဲမပိတ်တဲ့အပြင် ပိုတောင် အလုပ်များပါသေးတယ်…

ကျွန်တော်တို့ဆီမှာ နဂိုထဲက လူအင်အားမလောက်ပါဘူး.. စက်ပစ္စည်းလဲမစုံလင်ပါဘူး.. ကြိုတင်ပြင်ဆင်ထားပြီးပြီ ဆိုတာက ဘာမှ မဖြစ်သေးလို့ပါ…

အကယ်၍ စဖြစ် ပြီ ပဲဆိုကြပါစို့.. အဲ့ဒီလူနာ က ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကိုအရင်ရောက်လာမှာပါ ကိုရိုနာဗိုင်းရပ်စ် COVID-19 မစစ်ရသေးခင်မှာ အရေးပေါ်က ဆရာဝန်တွေ အကုန်လုံး ထိတွေ့နိုင်ပါတယ်.. ဘယ်သူ မှ PPE မဝတ်ထားပါဘူး…

ကဲ ရောက်လာတဲ့ လူနာက ၂ မျိုးဖြစ်နိုင်ပါတယ်.. ရောဂါ လက္ခဏာအရ သီးသန့် ထားပြီးကုမယ် သူ့ကို COVID-19 ပိုးစစ်မယ်.. ဒါမှမဟုတ် အရမ်းဆိုးလို့ အထူးကြပ်မတ်ကုသဆောင် (ICU) မှာ Ventilator တင်ထားရမယ်..

ခုချိန်ထိ စစ်သမျှ Negative ဆိုတော့ ထားပါတော့ အကယ်၍ Positive သာဖြစ်ခဲ့ရင် အဲ့နေ့မှာ ဂျူတီကျတဲ့ ဆရာဝန်တွေ ဆရာမတွေကို ဘယ်လိုလုပ်ကြမလဲ..

၁၄ ရက်စောင့်ကြည့်မှာလား… အဲ့လိုဆရာဝန်တွေအများအပြားကို ၁၄ ရက်ပေးနား နိုင်လောက် တဲ့ဝန်ထမ်းအင်အား ရှိလား…

H1 N1 တုန်းကလဲကူးစက်မှု ဒီလောက်မလွယ်လို့သာ မဟုတ်ရင် ဆရာဝန် ဆရာမတွေ အကုန်ကူးတယ်.. အခု COVID-19 က အရမ်းကူးစက် လွယ်ပါတယ်..

အဲ့ဒါကို အထင်သေးခဲ့လို့ အီတလီ တစ်နိုင်ငံလုံး ဒုက္ခ ရောက်ကုန်တာ သက်သေပါ…

ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကမေးတယ်.. မင်းတို့ကို အစိုးရက ကျန်းမာရေးအာမခံ ထားပေးလားတဲ့.. မထားပေးဘူးဆိုတော့.. ဟာဒီလောက် High Risk Person တွေကို တဲ့…

အလုပ်ချိန် တွေများလို့ မိသားစုကိုလဲအချိန်မပေးနိုင်ပါဘူး.. လစာနဲလို့လဲ မိသားစုကို မထောက်ပံ့နိုင်ပါဘူး..

ခုလိုရောဂါ ကပ်ဆိုးမှာလဲ မိသားစုကို မကာကွယ်နိုင်ရုံမက ကိုယ်က ရောဂါပိုးသယ် လာနိုင်တဲ့သူပါ.. သေနိုင်မဲ့ရောဂါကူးစက်နိုင်ပေမယ့် ကုသပေးနေတာ ဆရာဝန်ဆရာမ တွေပါ…

အဲ့တာကို ဘာမှ မလုပ်ပေးနိုင်ရင်တောင် အလကားနေရင်း ပြောနေဆိုနေ စော်ကားနေတဲ့သူတွေကိုတော့ မားမားမတ်မတ်ရှေ့ကရပ်ပြီး ဖြေရှင်းပေးသင့်ပါတယ်…

ကြိုးကြာတွေလဲအတောင် တော်တော် ညောင်းနေပါပြီ.. ခုချိန်ထဲ လဲပစ်ထားတုန်းပဲနော်…

ခက်လွယ်(ဒေါက်တာ အောင်ပိုင်စိုး ပို့စ်မှ)

Be the first to comment

Leave a Reply

Your email address will not be published.


*