တရား တပုဒ္ေၾကာင့္ အိမ္မွာ ဆြဲထားတဲ့ နတ္အုန္းသီးႀကီးကို လႊင့္ပစ္လိုက္တဲ့ ရဟန္း အမႀကီး

တရား တပုဒ္ေၾကာင့္ အိမ္မွာ ဆြဲထားတဲ့ နတ္အုန္းသီးႀကီးကို လႊင့္ပစ္လိုက္တဲ့ ရဟန္း အမႀကီး

တရား တပုဒ္ေၾကာင့္ အိမ္မွာ ဆြဲထားတဲ့ နတ္အုန္းသီးႀကီးကို လႊင့္ပစ္လိုက္တဲ့ ရဟန္း အမႀကီး

အားလုံးပဲမဂၤလာပါ။ သူငယ္ခ်င္းျဖစ္သူ အရွင္ေသာပါကႏွင့္ အရွင္ကုမာရတို႔ရဲ႕မိခင္ဒကာမႀကီး ေဒၚတင္အိျဖစ္ပါတယ္။ ဦးဇင္း မန္းေ႐ႊၿမိဳ႕ေတာ္ႀကီးမွာ စာသင္စဥ္က လိုအပ္သည္မ်ားကိုေထာက္ပံ့လႉဒါန္းေပးခဲ့တဲ့ ဒကာမႀကီးျဖစ္ပါတယ္။ ဦးဇင္းတို႔ စာၾကည့္တိုက္မွ စာအုပ္ေတြ အၿမဲငွားဖတ္ပါတယ္။ တရားေတြလည္း အၿမဲနာပါတယ္။

တေန႔ ဦးဇင္းက တရားေတြေဟာျပရင္း ၃၇ မင္းနတ္ေတြအေၾကာင္း ေရာက္သြားပါတယ္။ တကယ္ေတာ့ ဒီနတ္ေတြဟာ အပါယ္ေလးဘုံထဲမွာ ၿပိတၱာဘုံထဲက ျဖစ္တယ္။ မိမိတို႔ထက္ အဆင့္အတန္းနိမ့္လို႔ သူတို႔ကို မကိုးကြယ္သင့္ေၾကာင္း ေဟာပါ တယ္။

အဲဒီလိုေဟာေတာ့ ဒကာမႀကီးေမးပါတယ္။ သူတို႔ကို မကိုးကြယ္သူေတြကို ခိုက္ေအာင္လုပ္တယ္ ေဘးေတြေတြ႕ ေစတယ္ နတ္ကိုင္တယ္ဆိုတာကေကာ ဘယ္လိုလဲလို႔ ေမးပါတယ္။

အဲဒီမွာဦးဇင္းက ဥပမာတစ္ခုေပးၿပီး ရွင္းျပခဲ့ပါတယ္။ ဒကာမႀကီးတို႔အိမ္ေရွ႕မွာ သူေတာင္းစားတစ္ေယာက္က ပိုက္ဆံလာ ေတာင္းတယ္ ၊ပိုက္ဆံသြားေပးတုန္း အဲဒီသူေတာင္းစားက ဒကာမႀကီးကို ဆဲမယ္ ႐ိုက္မယ္ ဆိုရင္ ေခါင္းငုံခံမလား ေမးေတာ့ ဘယ္ခံမလဲလို႔ ေျပာပါတယ္။

အဲဒီ လာေတာင္းတဲ့သူကေကာ မိမိကို ႐ိုက္ရဲပါ့မလားေမးေတာ့ ႐ိုက္ရဲဖို႔မေျပာနဲ႔ စကားေတာင္ သူမ်ားသနားေအာင္ အသံနိမ့္ေျပာရတာလို႔ ေျဖပါတယ္။

အဲ ဒီ လာေတာင္းသူကို ဒကာမႀကီးက အိမ္ေပၚကိုပင့္ၿပီး ေခါင္းရင္းမွာ ဖ်ာခင္းေပးကာ ထိုင္ပါဆရာႀကီး ဆိုၿပီး ထိုင္ကန္ေတာ့ မယ္၊ ၿပီးေတာ့ တပည့္ေတာ္မ တို႔ဟာ အမိုက္မဲမေလးေတြ ျဖစ္ပါတယ္ ဆိုဆုံးမပါဆိုၿပီး ဆရာတင္ၿပီးသြားတဲ့ အခ်ိန္ မိမိကို ႐ိုက္ရင္ေရာ ဘာျပန္လုပ္မလဲ ေမးေတာ့ လုပ္မရေတာ့ပါဘုရားတဲ့။

ဒါေၾကာင့္ မိမိအိမ္ေပၚေခၚတင္ထားလို႔ အိမ္ေပၚေရာက္ ေနတာ ျပန္ေမာင္းခ်လိုက္ေတာ့ လို႔ေျပာၿပီးေရာ ဒကာမႀကီးက သူ႔အိမ္မွာဆြဲထားတဲ့ နတ္အုန္းသီးႀကီးကို တခါထဲ အမႈိက္ ေတာင္းထဲလြတ္ပစ္လိုက္ပါေတာ့တယ္။

ဒကာမႀကီးကေတာ့ စိတ္ဓာတ္ျပတ္သားတယ္ ရဲရင့္တယ္။ ယေန႔ထိေအာင္ ရတနာသုံးပါးက လြဲရင္ ဘာမွ မကိုးကြယ္ ေတာ့ပါဘူး။ ဒီစာကိုဖတ္အၿပီးမွာ ဘယ္ႏွစ္ေယာက္ေလာက္မ်ား ဒကာမႀကီးလို အမႈိက္ေတာင္းထဲ စြန႔္ပစ္ၾကမလဲမသိဘူး၊

မွားယြင္းေသာ အယူ မွားယြင္းေသာလမ္းစဥ္မ်ားကို စြန႔္ပယ္ႏိုင္ၾကပါေစ။ လႊတ္ေတာ္ထဲမွာ အုပ္ခ်ဳပ္ေရးထဲမွာ၊ ဌာနဆိုင္ရာ ေနရာ အသီးသီးမွာ မေခၚတင္ပဲ (မဲေပးမထားပဲ) ဝင္ေရာက္ေနရာသူမ်ားကိုလည္း ေမာင္းထုတ္ႏိုင္ၾကပါေစ..

မင္းသုည (ဗုဒၶတကၠသိုလ္) (လက္ဆယ္ျဖာမိုး၍ ခရက္ဒစ္)

Unicode

တရား တပုဒ်ကြောင့် အိမ်မှာ ဆွဲထားတဲ့ နတ်အုန်းသီးကြီးကို လွှင့်ပစ်လိုက်တဲ့ ရဟန်း အမကြီး

အားလုံးပဲမင်္ဂလာပါ။ သူငယ်ချင်းဖြစ်သူ အရှင်သောပါကနှင့် အရှင်ကုမာရတို့ရဲ့မိခင်ဒကာမကြီး ဒေါ်တင်အိဖြစ်ပါတယ်။ ဦးဇင်း မန်းရွှေမြို့တော်ကြီးမှာ စာသင်စဉ်က လိုအပ်သည်များကိုထောက်ပံ့လှူဒါန်းပေးခဲ့တဲ့ ဒကာမကြီးဖြစ်ပါတယ်။ ဦးဇင်းတို့ စာကြည့်တိုက်မှ စာအုပ်တွေ အမြဲငှားဖတ်ပါတယ်။ တရားတွေလည်း အမြဲနာပါတယ်။

တနေ့ ဦးဇင်းက တရားတွေဟောပြရင်း ၃၇ မင်းနတ်တွေအကြောင်း ရောက်သွားပါတယ်။ တကယ်တော့ ဒီနတ်တွေဟာ အပါယ်လေးဘုံထဲမှာ ပြိတ္တာဘုံထဲက ဖြစ်တယ်။ မိမိတို့ထက် အဆင့်အတန်းနိမ့်လို့ သူတို့ကို မကိုးကွယ်သင့်ကြောင်း ဟောပါ တယ်။

အဲဒီလိုဟောတော့ ဒကာမကြီးမေးပါတယ်။ သူတို့ကို မကိုးကွယ်သူတွေကို ခိုက်အောင်လုပ်တယ် ဘေးတွေတွေ့ စေတယ် နတ်ကိုင်တယ်ဆိုတာကကော ဘယ်လိုလဲလို့ မေးပါတယ်။

အဲဒီမှာဦးဇင်းက ဥပမာတစ်ခုပေးပြီး ရှင်းပြခဲ့ပါတယ်။ ဒကာမကြီးတို့အိမ်ရှေ့မှာ သူတောင်းစားတစ်ယောက်က ပိုက်ဆံလာ တောင်းတယ် ၊ပိုက်ဆံသွားပေးတုန်း အဲဒီသူတောင်းစားက ဒကာမကြီးကို ဆဲမယ် ရိုက်မယ် ဆိုရင် ခေါင်းငုံခံမလား မေးတော့ ဘယ်ခံမလဲလို့ ပြောပါတယ်။

အဲဒီ လာတောင်းတဲ့သူကကော မိမိကို ရိုက်ရဲပါ့မလားမေးတော့ ရိုက်ရဲဖို့မပြောနဲ့ စကားတောင် သူများသနားအောင် အသံနိမ့်ပြောရတာလို့ ဖြေပါတယ်။

အဲ ဒီ လာတောင်းသူကို ဒကာမကြီးက အိမ်ပေါ်ကိုပင့်ပြီး ခေါင်းရင်းမှာ ဖျာခင်းပေးကာ ထိုင်ပါဆရာကြီး ဆိုပြီး ထိုင်ကန်တော့ မယ်၊ ပြီးတော့ တပည့်တော်မ တို့ဟာ အမိုက်မဲမလေးတွေ ဖြစ်ပါတယ် ဆိုဆုံးမပါဆိုပြီး ဆရာတင်ပြီးသွားတဲ့ အချိန် မိမိကို ရိုက်ရင်ရော ဘာပြန်လုပ်မလဲ မေးတော့ လုပ်မရတော့ပါဘုရားတဲ့။

ဒါကြောင့် မိမိအိမ်ပေါ်ခေါ်တင်ထားလို့ အိမ်ပေါ်ရောက် နေတာ ပြန်မောင်းချလိုက်တော့ လို့ပြောပြီးရော ဒကာမကြီးက သူ့အိမ်မှာဆွဲထားတဲ့ နတ်အုန်းသီးကြီးကို တခါထဲ အမှိုက် တောင်းထဲလွတ်ပစ်လိုက်ပါတော့တယ်။

ဒကာမကြီးကတော့ စိတ်ဓာတ်ပြတ်သားတယ် ရဲရင့်တယ်။ ယနေ့ထိအောင် ရတနာသုံးပါးက လွဲရင် ဘာမှ မကိုးကွယ် တော့ပါဘူး။ ဒီစာကိုဖတ်အပြီးမှာ ဘယ်နှစ်ယောက်လောက်များ ဒကာမကြီးလို အမှိုက်တောင်းထဲ စွန့်ပစ်ကြမလဲမသိဘူး၊

မှားယွင်းသော အယူ မှားယွင်းသောလမ်းစဉ်များကို စွန့်ပယ်နိုင်ကြပါစေ။ လွှတ်တော်ထဲမှာ အုပ်ချုပ်ရေးထဲမှာ၊ ဌာနဆိုင်ရာ နေရာ အသီးသီးမှာ မခေါ်တင်ပဲ (မဲပေးမထားပဲ) ဝင်ရောက်နေရာသူများကိုလည်း မောင်းထုတ်နိုင်ကြပါစေ..

မင်းသုည (ဗုဒ္ဓတက္ကသိုလ်) (လက်ဆယ်ဖြာမိုး၍ ခရက်ဒစ်)

Be the first to comment

Leave a Reply

Your email address will not be published.


*