ကိုယ္ပိုင္ ဟိုတယ္တစ္ခုကို ေဆး႐ုံအျဖစ္ ေျပာင္းလဲၿပီး ကို႐ိုနာဗိုင္းရပ္စ္ လူနာေတြကို အခမဲ့ ကုသေပးသြားမယ့္ ေရာ္နယ္လ္ဒို

ကိုယ္ပိုင္ ဟိုတယ္တစ္ခုကို ေဆး႐ုံအျဖစ္ ေျပာင္းလဲၿပီး ကို႐ိုနာဗိုင္းရပ္စ္ လူနာေတြကို အခမဲ့ ကုသေပးသြားမယ့္ ေရာ္နယ္လ္ဒို

ကိုယ္ပိုင္ ဟိုတယ္တစ္ခုကို ေဆး႐ုံအျဖစ္ ေျပာင္းလဲၿပီး ကို႐ိုနာဗိုင္းရပ္စ္ လူနာေတြကို အခမဲ့ ကုသေပးသြားမယ့္ ေရာ္နယ္လ္ဒို

ေဘာလုံးေလာကရဲ႕ အေအာင္ျမင္ဆုံး နာမည္ႀကီး ကစားသမား စီေရာ္နယ္လ္ဒိုဟာ ေပၚတူဂီမွ သူပိုင္သည့္ ေဟာ္တယ္မ်ားကို ကို႐ိုနာဗိုင္းရပ္စ္ ေဆး႐ုံမ်ားအျဖစ္ မၾကာခင္အခ်ိန္အတြင္း ေျပာင္းလဲေပးၿပီး အခမဲ့ ေဆးကုသမႈပါ ေဆာင္႐ြက္ေပးသြားမယ္လို႔ သိရပါတယ္။

ဒါ့အျပင္ အဆိုပါ ေဆး႐ုံမွာ လာေရာက္ ကုသေပးတဲ့ ဆရာဝန္မ်ား၊ သူနာျပဳမ်ားႏွင့္ ေဆး႐ုံလုပ္သားမ်ားအားလုံး၏ လစာမ်ားကိုပါ ေရာ္နယ္လ္ဒိုမွ ေပးသြားမည္ ျဖစ္ေၾကာင္း မာကာသတင္းစာက ေဖာ္ျပထားပါတယ္။

ေပၚတူဂီႏိုင္ငံမွာ ဗိုင္းရပ္စ္ကူးစက္ခံရသူ ၁၁၂ ဦးအထိ ရွိေနၿပီး ေနာက္ထပ္ ျပန႔္ပြားမႈ မရွိေစေရးအတြက္ အစိုးရမွ အစြမ္းကုန္ႀကိဳးပမ္းအားထုတ္ေနပါတယ္။

ေပၚတူဂီႏွင့္ နယ္ခ်င္းစပ္ စပိန္ႏိုင္ငံမွာေတာ့ လူအေယာက္ ၆၀၄၆ဦး အထိ ကူးစက္ပ်ံ႕ပြားလ်က္ရွိၿပီး ေသဆုံးသူဦးေရမွာ ၁၉၁ ဦးအထိ ရွိလာခဲ့ၿပီျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ ဦးေရဟာ ဥေရာပတိုက္မွာ အခ်ိန္ႏွင့္အမွ် ျမႇင့္တက္လ်က္ရွိၿပီး အလြန္စိုးရိမ္ဖြယ္ေကာင္းသည့္ အေျခအေနတစ္ခုကို ဆိုက္ေရာက္ ေနပါတယ္။

ေရာ္နယ္လ္ဒို၏ အသင္းေဖာ္ ႐ူဂါနီဟာ လြန္ခဲ့သည့္ တပတ္က ကို႐ိုနာဗိုင္းရပ္စ္ကို ကူးစက္ခံလိုက္ရသည့္အတြက္ ေရာ္နယ္လ္ဒို အပါအဝင္ ဂ်ဴဗင္တပ္စ္အသင္းသားမ်ားအားလုံးဟာ ေဆးစစ္ခဲ့ရပါတယ္။

ဒါေပမယ့္ ကံေကာင္းသည္က ေရာ္နယ္လ္ဒိုဟာ ဗိုင္းရပ္စ္ကူးစက္ခံရျခင္း မရွိဘူးလို႔ အေျဖထြက္ေပၚလာခဲ့ပါတယ္။ ကမာၻတစ္ဝွမ္းမွ ဘီလ်ံနာသူေဌးအမ်ားစုဟာ ကို႐ိုနာဗိုင္းရပ္စ္ကို တိုက္ဖ်က္ဖို႔အတြက္ ေဒၚလာ သန္းေပါင္းမ်ားစြာ လႉဒါန္းခဲ့သလို၊

ေရာ္နယ္လ္ဒိုဟာလည္း သူ၏ ေဟာ္တည္မ်ားကို ေဆး႐ုံအျဖစ္ ေျပာင္းလဲၿပီး ကူးစက္ခံ လူနာမ်ားကို အခမဲ့ ေဆးကုသမႈ ျပဳလုပ္ေပးသြားမွာ ျဖစ္ပါတယ္။

လာမည့္တပတ္အတြင္း စီေရာ္နယ္လ္ဒို ရဲ႕ PestanaCR7 ဆိုသည့္ ေဟာ္တယ္ကို အရင္ဆုံး ေဆး႐ုံအျဖစ္ ေျပာင္းလဲေပးၿပီး ဆရာဝန္မ်ား၊ သူနာျပဳမ်ား၊ ေဆး႐ုံလုပ္သားမ်ားႏွင့္အတူ ကို႐ိုနာဗိုင္းရပ္စ္ လူနာမ်ားကို ကုသေပးသြားမွာ ျဖစ္တယ္လို႔ သူ႔ရဲ႕ တြစ္တာမွ တဆင့္ေၾကျငာသြားခဲ့ပါတယ္။

စေပါ့ဗစ္လစ္

Unicode

ကိုယ်ပိုင် ဟိုတယ်တစ်ခုကို ဆေးရုံအဖြစ် ပြောင်းလဲပြီး ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို အခမဲ့ ကုသပေးသွားမယ့် ရော်နယ်လ်ဒို

ဘောလုံးလောကရဲ့ အအောင်မြင်ဆုံး နာမည်ကြီး ကစားသမား စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီမှ သူပိုင်သည့် ဟော်တယ်များကို ကိုရိုနာဗိုင်းရပ်စ် ဆေးရုံများအဖြစ် မကြာခင်အချိန်အတွင်း ပြောင်းလဲပေးပြီး အခမဲ့ ဆေးကုသမှုပါ ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါ ဆေးရုံမှာ လာရောက် ကုသပေးတဲ့ ဆရာဝန်များ၊ သူနာပြုများနှင့် ဆေးရုံလုပ်သားများအားလုံး၏ လစာများကိုပါ ရော်နယ်လ်ဒိုမှ ပေးသွားမည် ဖြစ်ကြောင်း မာကာသတင်းစာက ဖော်ပြထားပါတယ်။

ပေါ်တူဂီနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၁၂ ဦးအထိ ရှိနေပြီး နောက်ထပ် ပြန့်ပွားမှု မရှိစေရေးအတွက် အစိုးရမှ အစွမ်းကုန်ကြိုးပမ်းအားထုတ်နေပါတယ်။

ပေါ်တူဂီနှင့် နယ်ချင်းစပ် စပိန်နိုင်ငံမှာတော့ လူအယောက် ၆၀၄၆ဦး အထိ ကူးစက်ပျံ့ပွားလျက်ရှိပြီး သေဆုံးသူဦးရေမှာ ၁၉၁ ဦးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ဦးရေဟာ ဥရောပတိုက်မှာ အချိန်နှင့်အမျှ မြှင့်တက်လျက်ရှိပြီး အလွန်စိုးရိမ်ဖွယ်ကောင်းသည့် အခြေအနေတစ်ခုကို ဆိုက်ရောက် နေပါတယ်။

ရော်နယ်လ်ဒို၏ အသင်းဖော် ရူဂါနီဟာ လွန်ခဲ့သည့် တပတ်က ကိုရိုနာဗိုင်းရပ်စ်ကို ကူးစက်ခံလိုက်ရသည့်အတွက် ရော်နယ်လ်ဒို အပါအဝင် ဂျူဗင်တပ်စ်အသင်းသားများအားလုံးဟာ ဆေးစစ်ခဲ့ရပါတယ်။

ဒါပေမယ့် ကံကောင်းသည်က ရော်နယ်လ်ဒိုဟာ ဗိုင်းရပ်စ်ကူးစက်ခံရခြင်း မရှိဘူးလို့ အဖြေထွက်ပေါ်လာခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှ ဘီလျံနာသူဌေးအများစုဟာ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့အတွက် ဒေါ်လာ သန်းပေါင်းများစွာ လှူဒါန်းခဲ့သလို၊

ရော်နယ်လ်ဒိုဟာလည်း သူ၏ ဟော်တည်များကို ဆေးရုံအဖြစ် ပြောင်းလဲပြီး ကူးစက်ခံ လူနာများကို အခမဲ့ ဆေးကုသမှု ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

လာမည့်တပတ်အတွင်း စီရော်နယ်လ်ဒို ရဲ့ PestanaCR7 ဆိုသည့် ဟော်တယ်ကို အရင်ဆုံး ဆေးရုံအဖြစ် ပြောင်းလဲပေးပြီး ဆရာဝန်များ၊ သူနာပြုများ၊ ဆေးရုံလုပ်သားများနှင့်အတူ ကိုရိုနာဗိုင်းရပ်စ် လူနာများကို ကုသပေးသွားမှာ ဖြစ်တယ်လို့ သူ့ရဲ့ တွစ်တာမှ တဆင့်ကြေငြာသွားခဲ့ပါတယ်။

စပေါ့ဗစ်လစ်

Be the first to comment

Leave a Reply

Your email address will not be published.


*