Unicode
ကိုရိုနာဗိုင်းရစ်ကြောင့် မြန်မာနိုင်ငံမှာ တကယ် ကျပ်တည်းလာရင် တတ်နိုင်သမျှ လှူဖို့ တိုင်ပင် ထားတယ် ဆိုတဲ့ ယုန်လေး နဲ့ မြင့်မြတ်
ယုန်လေး ကတော့ ရုပ်ရှင် သရုပ်ဆောင်၊ အဆိုတော်၊ ဒါရိုက်တာ တစ်ယောက်အနေနဲ့ ရပ်တည်နေသူ တစ်ယောက်ပါ။
မကြာခဏဆိုသလို တကယ်လိုအပ်နေတဲ့ နေရာတွေမှာ တတ်နိုင်တဲ့ဘက်ကနေ ကူညီလှူဒါန်းပေးနေသူ တစ်ယောက်ဖြစ်ပြီး လတ်တလောဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးတော့လည်း တကယ်ကျပ်တည်းလာတဲ့ အချိန်ရောက်ရင် တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းပေးသွားမယ်လို့ ဆိုပါတယ်။
“တကယ် ဖြစ်ပြီး လူတွေကျပ်တည်းကျပြီဆိုလည်း…ကျွန်တော်တို့ တက်နိုင်သလောက် ကူမှာပါ။မနေ့က မြင့်မြတ် နဲ့ ကျွန်တော် တိုင်ပင်ထားပါတယ်…ဆန်တွေ ဆီတွေ လိုအပ်တဲ့နေရာတွေ ကျွန်တော်တို့ကိုယ်တိုင် လာလှူမှာပါ . လိူင်သာယာ . တောင်ဒဂုံ ရွှေပြည်သာ . အင်းစိန်. . . . . . . . ကျွန်တော်တို့ လက်လှမ်းမှီသလောက်ပေါ့ ။
OG တင်တာ မတင်တာနဲ့ ဘာမှ မဆိုင်ဘူးနော် .တစ်သက်လုံး အဲ့လိုပဲ လှူနေကျ”ဆိုပြီး သူ့ရဲ့ဖေ့ဘွတ်ခ် စာမျက်နှာမှာ ရေးသား ဖော်ပြ ခဲ့ပါတယ်။
လက်ရှိ အချိန်မှာတော့ ကမ္ဘာတစ်ဝှမ်း မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေး အခြေအနေ ကျဆင်းလျက်ရှိတဲ့ အပြင် အခြေခံ လူသုံးကုန်ပစ္စည်းတွေနဲ့ စားသောက်ကုန် တွေကို အလုအယက် ဝယ်ယူမှု တွေကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်လာတဲ့ပြဿနာကို နိုင်ငံတိုင်း ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူမရှိသေးပေမယ့်လည်း ကောလာဟလတချို့ကြောင့် ဈေးဝယ်စင်တာ တွေမှာ စားသောက်ကုန် အလုအယက် ဝယ်သူတချို့ ရှိလာပြီ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အခြေခံ လူတန်းစား တွေအပေါ်မှာ ရိုက်ခတ်မှု ရှိလာမှာကိုတော့ တော်တော်များများက စိုးရိမ် နေကြတာဖြစ်ပြီး ယုန်လေးနဲ့ မြင့်မြတ်ကတော့ တကယ် ကျပ်တည်းလာတဲ့ အချိန် ရောက်ရင် ရန်ကုန်မြို့တွင်း လိုအပ်နေရာတဲ့ နေရာတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်း ပေးသွားပါမယ်တဲ့ ပရိသတ်ကြီးရေ။
Original Gangster-1 ထဲက ညီအစ်ကိုအရင်းတွေလို အတူတူလက်တွဲလာခဲ့တဲ့ ယုန်လေးနဲ့မြင့်မြတ်တို့ အောင်မြင်မှုတွေ ဆက်တိုက်ရပြီး လိုအပ်နေတဲ့ နေရာတွေကို ကူညီပံ့ပိုးပေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Be the first to comment
Leave a Reply
Your email address will not be published.
*