ကို႐ိုနာဗိုင္းရပ္စ္ ထက္ သၾကၤန္ မက်င္းပျဖစ္မွာ စိုးရိမ္ ေနသူမ်ား ဖတ္ပါ ၊ လူသိမ်ားဖို႔ မွ်ေဝေပးပါ

ကို႐ိုနာဗိုင္းရပ္စ္ ထက္ သၾကၤန္ မက်င္းပျဖစ္မွာ စိုးရိမ္ ေနသူမ်ား ဖတ္ပါ ၊ လူသိမ်ားဖို႔ မွ်ေဝေပးပါ

ကို႐ိုနာဗိုင္းရပ္စ္ ထက္ သၾကၤန္ မက်င္းပျဖစ္မွာ စိုးရိမ္ ေနသူမ်ား ဖတ္ပါ ၊ လူသိမ်ားဖို႔ မွ်ေဝေပးပါ

CNN သတင္းမွာ အီတလီဝန္ႀကီးခ်ဳပ္ေဟာင္းက ေနာင္တႀကီးစြာရၿပီး ေျပာသြားခဲ့တဲ့ မိန႔္ခြန္းစကားကို ဖတ္ခဲ့ရတယ္။

ကြၽန္ေတာ္တို႔က ကမာၻႀကီးတစ္ခုတည္းမွာ ေနတာပါ ကြၽန္ေတာ့ မိတ္ေဆြ ဥေရာပသားေတြ အေမရိကန္ေတြ ကို ေတာင္းပန္ခ်င္တာက အမွားေတြ လုပ္ၿပီး အခ်ိန္ မျဖဳန္းၾကပါနဲ႔။ကိုယ္ႏိုင္ငံမွာ မျဖစ္ေသးဘူးဆိုၿပီး ကဇာတ္႐ုံေတြ သြားၾကတယ္ လူထူထပ္တဲ့ေနရာကို သြားၾကတယ္။

ကြၽန္ေတာ္တို႔လို တူညီတဲ့ အမွားမ်ိဳး မလုပ္ၾကပါနဲ႔ ေတာင္းပန္ပါတယ္။

ယေန႔ အီတလီမွာ ေန႔ခ်င္းညခ်င္း လူေပါင္း 9000 ေက်ာ္ ကူးစက္ခံရၿပီး 400ေက်ာ္ ေသဆုံးခဲ့ပါၿပီ။ သူတို႔ဟာ ဒီ virusကို ေပါ့ေလ်ာ့ခဲ့ပါတယ္တဲ့။ အခုေတာ့ အနီေရာင္အဆင့္ သတ္မွတ္ၿပီးတစ္ႏိုင္ငံလုံး အဝင္အထြက္ Shut Down လုပ္ပစ္လိုက္ၿပီ။ဒီလိုလုပ္ပစ္လို႔လဲ အခ်ိန္လြန္ကုန္ၿပီ ကူးတဲ့သူေတြဆက္ကူးၿပီး ေသတဲ့သူေတြဆက္ေသေနဆဲ။

လည္ပတ္စရာအေကာင္းဆုံးနဲ႔ ေပ်ာ္စရာအေကာင္းဆုံးႏိုင္ငံထဲမွာ အီတလီပါတယ္။ အခုေတာ့ တႏိုင္ငံလုံး သရဲေျခာက္မတတ္ ေျခာက္ကပ္လို႔။

ကမာၻေပၚမွာ အဆင္းရဲဆုံးႏိုင္ငံေတြ ျဖစ္တဲ့ ကြၽန္ေတာ္တို႔ ျမန္မာ လာအိုနဲ႔ အေရွ႕တီေမာႏိုင္ငံေတြမွာ ဒီ virus မရွိတာ တကမာၻလုံး က အံ့ၾသေနၾကတယ္။

တကယ္မရွိတာလား ❓ရွိမွန္းေတာင္ မသိႏိုင္ၾကတာလား ❓

WHO က ကမာၻကပ္ေရာဂါႀကီးအျဖစ္ ေၾကျငာခ်ိန္မွာ ကြၽန္ေတာ္တို႔ ျမန္မာေတြကေတာ့ Corona ကို သၾကၤန္သတင္းေလာက္ေတာင္ စိတ္မဝင္စားၾကပါ။

သၾကၤန္ဆိုတာ ေနာင္တႏွစ္ အစား ျပန္ရႏိုင္ပါတယ္။

ကြၽန္ေတာ္တို႔အသက္ဟာ အစားထိုးစရာ အေခ်ာင္းအပို မရွိပါ။ သၾကၤန္တြင္းမွာသာ ကူးစက္ခဲ့ရင္ ေတာမီးလို ၿငိမ္းမရခင္ ေျမပုံမွာ ျမန္မာဆိုတာ ေပ်ာက္သြားမွာပါ။

ျမန္မာျပည္ ဟာ ဒုတိယအီတလီ ျဖစ္လာႏိုင္ပါတယ္။ အရွိန္အဟုန္နဲ႔ တကမာၻလုံးမွာ ကူးစက္မႈအျမင့္ဆုံး အေသအေပ်ာက္အမ်ားဆုံးႏိုင္ငံအျဖစ္ ေန႔ခ်င္းညခ်င္း ျဖစ္သြားႏိုင္ပါတယ္။

က်န္းမာေရးဂ႐ုစိုက္ပါ။ က်န္းမာေရးေကာင္းေအာင္ လုပ္ထားပါ။ လူစုလူေဝးေရွာင္ပါ။ လမ္းေဘးစာ မစားပါနဲ႔။ ျပည္ပမထြက္ပါနဲ႔။ ပြဲလမ္းသဘင္ေရွာင္ပါ။ ဆန္ ဆီ ဆား အေျခခံအသုံးအေဆာင္မ်ား မျပတ္ခင္ ႀကိဳဝယ္ထားပါ။

ဒီ postေလးကို ေက်းဇူးျပဳၿပီး share ေပးၾကပါ။

Crd – Tharr Oo

Unicode

ကိုရိုနာဗိုင်းရပ်စ် ထက် သင်္ကြန် မကျင်းပဖြစ်မှာ စိုးရိမ် နေသူများ ဖတ်ပါ ၊ လူသိများဖို့ မျှဝေပေးပါ

CNN သတင်းမှာ အီတလီဝန်ကြီးချုပ်ဟောင်းက နောင်တကြီးစွာရပြီး ပြောသွားခဲ့တဲ့ မိန့်ခွန်းစကားကို ဖတ်ခဲ့ရတယ်။

ကျွန်တော်တို့က ကမ္ဘာကြီးတစ်ခုတည်းမှာ နေတာပါ ကျွန်တော့ မိတ်ဆွေ ဥရောပသားတွေ အမေရိကန်တွေ ကို တောင်းပန်ချင်တာက အမှားတွေ လုပ်ပြီး အချိန် မဖြုန်းကြပါနဲ့။ကိုယ်နိုင်ငံမှာ မဖြစ်သေးဘူးဆိုပြီး ကဇာတ်ရုံတွေ သွားကြတယ် လူထူထပ်တဲ့နေရာကို သွားကြတယ်။

ကျွန်တော်တို့လို တူညီတဲ့ အမှားမျိုး မလုပ်ကြပါနဲ့ တောင်းပန်ပါတယ်။

ယနေ့ အီတလီမှာ နေ့ချင်းညချင်း လူပေါင်း 9000 ကျော် ကူးစက်ခံရပြီး 400ကျော် သေဆုံးခဲ့ပါပြီ။ သူတို့ဟာ ဒီ virusကို ပေါ့လျော့ခဲ့ပါတယ်တဲ့။ အခုတော့ အနီရောင်အဆင့် သတ်မှတ်ပြီးတစ်နိုင်ငံလုံး အဝင်အထွက် Shut Down လုပ်ပစ်လိုက်ပြီ။ဒီလိုလုပ်ပစ်လို့လဲ အချိန်လွန်ကုန်ပြီ ကူးတဲ့သူတွေဆက်ကူးပြီး သေတဲ့သူတွေဆက်သေနေဆဲ။

လည်ပတ်စရာအကောင်းဆုံးနဲ့ ပျော်စရာအကောင်းဆုံးနိုင်ငံထဲမှာ အီတလီပါတယ်။ အခုတော့ တနိုင်ငံလုံး သရဲခြောက်မတတ် ခြောက်ကပ်လို့။

ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးနိုင်ငံတွေ ဖြစ်တဲ့ ကျွန်တော်တို့ မြန်မာ လာအိုနဲ့ အရှေ့တီမောနိုင်ငံတွေမှာ ဒီ virus မရှိတာ တကမ္ဘာလုံး က အံ့သြနေကြတယ်။

တကယ်မရှိတာလား ❓ရှိမှန်းတောင် မသိနိုင်ကြတာလား ❓

WHO က ကမ္ဘာကပ်ရောဂါကြီးအဖြစ် ကြေငြာချိန်မှာ ကျွန်တော်တို့ မြန်မာတွေကတော့ Corona ကို သင်္ကြန်သတင်းလောက်တောင် စိတ်မဝင်စားကြပါ။

သင်္ကြန်ဆိုတာ နောင်တနှစ် အစား ပြန်ရနိုင်ပါတယ်။

ကျွန်တော်တို့အသက်ဟာ အစားထိုးစရာ အချောင်းအပို မရှိပါ။ သင်္ကြန်တွင်းမှာသာ ကူးစက်ခဲ့ရင် တောမီးလို ငြိမ်းမရခင် မြေပုံမှာ မြန်မာဆိုတာ ပျောက်သွားမှာပါ။

မြန်မာပြည် ဟာ ဒုတိယအီတလီ ဖြစ်လာနိုင်ပါတယ်။ အရှိန်အဟုန်နဲ့ တကမ္ဘာလုံးမှာ ကူးစက်မှုအမြင့်ဆုံး အသေအပျောက်အများဆုံးနိုင်ငံအဖြစ် နေ့ချင်းညချင်း ဖြစ်သွားနိုင်ပါတယ်။

ကျန်းမာရေးဂရုစိုက်ပါ။ ကျန်းမာရေးကောင်းအောင် လုပ်ထားပါ။ လူစုလူဝေးရှောင်ပါ။ လမ်းဘေးစာ မစားပါနဲ့။ ပြည်ပမထွက်ပါနဲ့။ ပွဲလမ်းသဘင်ရှောင်ပါ။ ဆန် ဆီ ဆား အခြေခံအသုံးအဆောင်များ မပြတ်ခင် ကြိုဝယ်ထားပါ။

ဒီ postလေးကို ကျေးဇူးပြုပြီး share ပေးကြပါ။

Crd – Tharr Oo

Be the first to comment

Leave a Reply

Your email address will not be published.


*