0
Unicode
ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်တာ နင့်အပူပါလားဆိုတဲ့ သူတွေကို ဒဲ့ပြောလိုက်တဲ့ မောင်မောင်အေး…..
လတ်တလောမှာတော့ ကမ္ဘာတစ်ဝှမ်းလုံးမှာ ကြောက်လန့် နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကတော့ ဒီနေ့ နေ့လည်(၂)နာရီအထိ စစ်တမ်းများ အရ နိုင်ငံပေါင်း(၁၁၈)နိုင်ငံမှာ ပျံ့နှံ့နေပြီး လူပေါင်း (၄၉၈၀) ယောက် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ ဒီဗိုင်းရပ်စ်ကတော့ ကူးစက်ခံရသူတွေကို ပြင်းထန်တဲ့အသက်ရှုလမ်း ကြောင်းထိခိုက်မှုနဲ့ အချိန်တိုအတွင်း သေဆုံးစေမှာဖြစ်ပြီး မထင်မှတ်ထားလောက်အောင် ပျံ့နှံ့မှုနှုန်းမြန်ဆန်ခဲ့တာကြောင့် ကမ္ဘာ့ကပ်ရောဂါ အဖြစ်လည်း သတ်မှတ်လိုက်ကြပြီ ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ ကူးစက်ခံရသူ တစ်ယောက်မှ မတွေ့ရှိသေးပေမယ့်လည်း မနေ့ညနေက စတင်ထွက်ပေါ်လာတဲ့ ကောလဟလတွေကြောင့် ဈေးဝယ်စင်တာ တွေမှာ အလုအယက် ဝယ်ခဲ့ကြတဲ့ အထိ ဂယက်ရိုက်ခဲ့ပါတယ်။
ငွေကြေးတတ်နိုင်သူတွေကတော့ အများကြီး ဝယ်စုထားနိုင်ကြပေမယ့် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ လူတွေအတွက်ကတော့ ဝယ်လိုအားများလာတဲ့ အချိန် ကုန်ဈေးနှုန်းတက်လာမယ့် ပြဿနာတွေပါ ဖြစ်လာနိုင်တာကြောင့် လူမှုကွန်ရက်မှာ အတော်လေးပွဲဆူခဲ့တဲ့ညလို့လည်း ဆိုရမှာပါ။
အဲ့ဒီအထဲမှာမှ မောင်မောင်အေးလည်း အပါအဝင် ဖြစ်ခဲ့ပြီး သူကိုယ်တိုင်လည်း လက်ရှိဖြစ်နေတဲ့အခြေအနေအပေါ် မကျေနပ်တာ တွေကို ရေးသား ခဲ့ပါတယ်။
“မသိရင်ဖဲ နောက်( ၅) မိနစ်ကြရင်ကို ဘာစားစရာမှ မရှိတော့လို့ ကိုယ့်ခြေအိတ်ကိုယ် ပြုတ်သောက်ရတော့မှာလား ဆိုတဲ့ စိုးရိမ်မှုမျိုးတွေ…..
မနက်ဖန် သန်ဘက်ခါကို လွင်တီးခေါင်ပြင် သဲကန္တာရထဲ (၁၀) ရက်လောက် ပစ်ထား ခံရပြီး လဒတွေအဆွဲခံရတော့မှာ မို့လို့ ကြောက်လန့်နေကြတဲ့ ပုံမျိုးတွေ…လေပါ့….
ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်တာ နင့်အပူပါလား လို့ပြောချင်တဲ့ သူတွေကိုတော့ ငါ့အပူရော နင့်အပူပါ ပါတယ်လို့ပဲ ပြောရတော့မယ်”
“အဲ့လို အလန့်တကြားတွေလုပ်ပြလေ… မလိုအပ်ဘဲ ပစ္စည်းတွေစွတ်လှောင်လို့ Stock တွေပြတ် ..ကုန်ဈေးနှုန်းတွေတက်… တကယ်ခံရ ဒုက္ခရောက်ရတော့ ကိုယ့်ပြည်သူတွေ အောက်ခြေလူတန်းစားတွေ…
သူတို့ စားဝတ်နေရေး ဒုက္ခရောက်ရင် ခင်ဗျားတို့ ကျုပ်တို့လည်း အေးချမ်းမယ် လုံခြုံမယ် မထင်ကြနဲ့” ဆိုပြီး ရေးသား မျှဝေခဲ့ပါတယ်။
ပရိသတ်ကြီးရေ… လတ်တလောဖြစ်နေတဲ့ အနေအထားတွေအရ ကြိုတင်ပြင်ဆင်တာ အကောင်းဆုံးဆိုပေမယ့်လည်း မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေအရ ကိုယ့်ဘက်ကိုပဲ ကြည့်ပြီး အုံးအုံးကြွက်ကြွက် ဖြစ်မလာအောင် ကောလာဟလတွေကိုယုံပြီး လိုက်မလုပ်ကြဖို့ မောင်မောင်အေးရေးသားခဲ့တာလေးကို မျှဝေ ပေးလိုက်ပါတယ်နော်။ယ်နော်။(Myanmar News Market)
Be the first to comment
Leave a Reply
Your email address will not be published.
*