


ကောလာဟလ သတင်းအမှား များကို လူ့ကျင့်ဝတ်အရ ဆက်လက် မဖြန့်ဝေကြ ပါရန် မေတ္တာရပ်ခံ၊ကောလာဟလ သတင်းအမှားများ ဆက်လက် ဖန်တီးဖြန့်ဝေ သူများကိုလည်း တရားဥပဒေ အရပြင်းထန်စွာအရေးယူ သွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက

သတင်းထုတ်ပြန်













Unicode

C O V I D-19 ရောဂါနှင့် ပတ်သက်ပြီး သတင်းမှား ဖြန့်ဝေပါက ပြင်းထန်စွာ အရေးယူမည်

ကောလာဟလ သတင်းအမှား များကို လူ့ကျင့်ဝတ်အရ ဆက်လက် မဖြန့်ဝေကြ ပါရန် မေတ္တာရပ်ခံံ၊ကောလာဟလ သတင်းအမှားများ ဆက်လက် ဖန်တီးဖြန့်ဝေ သူများကိုလည်း တရားဥပဒေ အရပြင်းထန်စွာအရေးယူ သွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက

သတင်းထုတ်ပြန်

(Source/ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ယနေ့မွန်းလွဲပိုင်းတွင် ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင်ဖော်ပြ ထားချက်မှ)

ကောလာဟလ သတင်းမှားများနှင့် ပတ်သက်၍ ပြည်သူများထံ ရှင်းလင်းခြင်း

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၁၂) ရက်နေ့

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် COVID-19 ရောဂါ စောင့်ကြည့် လူနာနှင့် သံသယလူနာများသတင်းများ၊ အဆိုပါ လူနာများ၏ ဓာတ်ခွဲအဖြေသတင်း များကို ပြည်သူများ ထံ နေ့စဉ် (update) ထုတ်ပြန်ပေးလျက် ရှိပါ သည် ။

ယနေ့ (၁၂-၃-၂၀၂၀)၊ ည (၁၀) နာရီ အချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ မတွေ့ ရှိသေးပါ ။

ယခုအခါ မသမာသူများက ပြည်သူများအား စိုးရိမ်ထိတ်လန့်စေရန် ရည်ရွယ်၍ လည်းကောင်း၊ ထိုသို့ ပြည်သူများ၏ စိုးရိမ်ထိန်လန့်မှု အပေါ်တွင် မကောင်းသော စိတ်ထားဖြင့် အကျိုးအမြတ် ထုတ်လို၍ လည်းကောင်း ကောလာဟလ သတင်းမှား များကို ပုံစံအမျိုးမျိုးဖြင့် ဖန်တီးဖြန့်ဖြူး လျက်ရှိ ပါသည်။

ယနေ့ညနေတွင် လူမှုကွန်ရက် (Facebook messenger) မှ တစ်ဆင့် ကောလာဟလ သတင်းမှားကို အသံဖိုင်ဖြင့် ဖန်တီးဖြန့်ဖြူးနေ သည်ကို တွေ့ရှိနေ ရပါသည်။

အဆိုပါ အသံဖိုင်တွင် “ပြည်ထောင်စုဝန်ကြီး၏ PSO မှ ပြောကြားသည်” ဆို၍ မဟုတ်မမှန်လုပ်ကြံဖန်တီးပြောဆိုကာ ပြည်သူများ စိုးရိမ်ထိတ်လန့်စေရန် လုပ်ဆောင်လျက် ရှိပါသည်။

ထိုသို့လုပ်ဆောင်မှုမှာ ပြည်သူတစ်ဦး၊ နိုင်ငံသားတစ်ဦး အနေဖြင့် မည်သို့မျှမလုပ်ဆောင်သင့်ပါ။

ကောလာဟလသတင်းမှားများ ဖြန့်ဖြူးနေသူများကိုလည်း သက်ဆိုင်ရာဌာနများ၏ အကူအညီဖြင့် ရှာဖွေဖော်ထုတ်၍ တည်ဆဲဥပဒေများအတိုင်း အရေးယူသွားမည်ဖြစ်ပါသည်။

ပြည်သူမျာ းအနေဖြင့်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အသိပညာပေး နှိုးဆော်ချက်များကို လိုက်နာဆောင်ရွက်ကြ ပါရန်နှင့် မှန်ကန်သော ကျန်းမာရေး အသိပညာများကို ဝေမျှကြ ပါရန် ထပ်မံတိုက်တွန်း နှိုးဆော် အပ်ပါ သည်။

ကျန်းမာရေးဝန်ကြီးဌာန

Be the first to comment

Leave a Reply

Your email address will not be published.


*