Cေredit ရႊ၀ီကီ
Unicode
ဒေါ်လာဈေး အတက်အကျ၊ကမ္ဘာ့စီးပွားပျက်ကပ်နှင့်မြန်မာပြည် သူတွေ ရဲ့ ဘဝ
ဒေါ်လာဟာ မြန်မာ့ငွေကြေးဈေးကွက်ထဲမှာ ရက်တို လတိုအတွင်း ၁၇% လောက် ကျသွားတယ်။ ကျတာကောင်းတယ်၊ တက်တာကောင်းတယ် အမျိုးမျိုး ပြောကြမယ်။ကမ္ဘာ့နိုင်ငံကြီးတွေမှာ ဒီလို အတက်အကျများတဲ့ Volatile market အခြေအနေကို ဘယ်သူမှ မကြိုက်ဘူး။
၁% ၂% အတက်အကျ တက်ကျ ဆိုရင်ကို ရောင်းသူအကြိုက် ဖြစ်လိုက် ဝယ်သူ့အကြိုက် ဖြစ်လိုက် အရူး လင်လုပ်ရသလို ဖြစ်လို့ ရောင်းသူကော ဝယ်သူကောက ငြိမ်တာပဲ ကြိုက်ပါတယ် လို့ အစိုးရ ကို သွားပြောကြမယ်။
ကျစေချင်ရင် ပညာတတ်အစိုးရတွေက တအိအိ ဆွဲချတယ်။ ခံရသူမသိလိုက်ဘူး။ တက်စေချင်ရင်လည်း တအိအိ ဆွဲတင်တယ်။ ခံရမှန်း မသိသလောက်နီးပါး။ မြန်မာငွေဈေး တက်တော့ ဘဏ်ကြွေးဆပ်ရသူ ၁၇% ပိုဆပ်ရတယ်။ Export မကောင်းဘူး။ မြန်မာငွေဈေးကျတော့ ဘဏ်က အတိုးအရ နည်းမယ်။ Import မကောင်းဘူး။
အတက်အကျ လှုပ်နေရင် risk များတယ် ဆိုပြီး စီးပွါးရေးသမားက ထိုင်ကြည့်နေရော။ တိုင်းပြည်မကောင်းဘူး။ ဒီနေ့ ငါမွဲ..မင်းချမ်းသာ နောက်တနေ့ မင်းမွဲ..င ါချမ်းသာဆို ဓားပြ စီးပွါးရေးပါပဲ။
စီးပွားပျက်ကပ် ဆိုတာ… ရေနံဈေးကျတော့ ရေနံထုတ်တဲ့ နိုင်ငံတွေ ဝင်ငွေနည်းသွားတယ်။ ပိုက်ဆံ မဖြုန်းနိုငိတော့ဘူး။ တရုတ်စီးပွားပျက်တော့တရုတ် တွေ ဝင်ငွေ နည်းသွားတယ်။ တရုတ်ဖြုန်းအားကျသွားမယ်။
အီတလီမှာ ဗိုင်းရပိဖြစ်တော့ အီတလီ စီးပွားကျသွားတယ်။ အီတလီ ဖြုန်းအားကတော့ ဆင်းသွားပြီ။ အမေရိကန်မှာ စတော့ ဈေးတွေ ကျတော့ အမေရိကန် တွေ မဖြုန်းနိုင်တော့ဘူး။
ဒီလို ငွေလျှံတဲ့ နိုင်ငံကြီးတွေ မဖြုန်းနိုင်တော့ဘူးဆိုရင်၊ ဖြုန်းအားကျသွားပြီဆိုရင် တကမ္ဘာလုံးက ကုန်ထုတ်လုပ်ငန်းတွေ ဒုက္ခရောက်ကုန်တော့တာပါ။ စက်ရုံတွေပိတ်ရမယ်။ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်မယ်။ တကမ္ဘာလုံးက စက်ရုံတွေ ပိတ်ရရင် ကုန်ကြမ်းဈေးတွေ ကျမယ်။
ကုန်ကြမ်းထုတ်တဲ့ နိုင်ငံတွေ ဝင်ငွေ နည်းကုန်မယ်။ အလုပ်လက်မဲ့ တွေ ဖြစ်ကုန်မယ်။ (မြန်မာပြည်သူတွေအပေါ် သက်ရောက်လာပါမယ်)ဒါဆိုရင် မြန်မာအပါအဝင် တကမ္ဘာလုံး အတိုင်းအတာ နှင့် စီးပွားပျက်ကြီး ဆိုက်ပါတော့မယ်။ ၁၉၃၀ ခုနှစ်တုန်းက ကမ္ဘာမှာ ဖြစ်သွားခဲ့ဖူးပါတယ်…
Cေredit ရွှဝီကီ
Be the first to comment
Leave a Reply
Your email address will not be published.
*