သီရိ သုဓမၼမဏိေဇာတဓရ ဘြဲ႕တံဆိပ္ ခ်ီးျမႇင့္ခံ ရသူ ျမန္မာအမ်ိဳးသမီးမ်ားႏွ င့္ ခ်ီးျမႇင့္ခံ ရ ဖို႔ လိုအပ္ေသာ အရည္အခ်င္းမ်ား

သီရိ သုဓမၼမဏိေဇာတဓရ ဘြဲ႕တံဆိပ္ ခ်ီးျမႇင့္ခံ ရသူ ျမန္မာအမ်ိဳးသမီးမ်ားႏွ င့္ ခ်ီးျမႇင့္ခံ ရ ဖို႔ လိုအပ္ေသာ အရည္အခ်င္းမ်ား

သီရိ သုဓမၼမဏိေဇာတဓရ ဘြဲ႕တံဆိပ္ ခ်ီးျမႇင့္ခံ ရသူ ျမန္မာအမ်ိဳးသမီးမ်ားႏွ င့္ ခ်ီးျမႇင့္ခံ ရ ဖို႔ လိုအပ္ေသာ အရည္အခ်င္းမ်ား

ႏိုင္ ငံေတာ္ကေပးတဲ့ဒီဘြဲ႕ တက္ေရာက္ယူတာပတ္သက္ၿပီးဘယ္လိုအရည္အခ်င္းေတြရွိရင္ ေပးတာလဲဆိုတဲ့ေမးခြန္းကို က်မ ညီမ တစ္ေယာက္ကေမးေတာ့..အတိအက် မေျဖႏိုင္ခဲ့ဘူး…ဒါ့ေၾကာင့္ ဗဟုသုတ အေနနဲ႔သိထားသင့္တယ္ ထင္လို႔ သူငယ္ခ်င္းတစ္ေယာက္ တင္ထားတဲ့ post ကေနCopy ယူတင္ေပးလိုက္ပါတယ္။

သီရိသုဓမၼမဏိေဇာတဓရ ဘြဲ႕တံဆိပ္ႏွင့္ သီရိသုဓမၼသိဂႌ ဘြဲ႕တံဆိပ္ ဂုဏ္အဂၤါအရည္အခ်င္း

(၁) ဥပါသကာဂုဏ္ရည္(၁၀)ပါးကို ေစာင့္ထိန္းသူျဖစ္ျခင္း။

(၂) ရွင္သာမေဏ အပါး ၂၀၀ ႏွင့္အထက္ တစ္ဦးတည္းဒါယကာခံ၍ ရွင္ျပဳေပးျခင္း။

 

(၃) ရွင္သာမေဏ အပါး ၂၀ ကို တစ္ဦးတည္းဒါယကာခံ၍ ရဟန္းခံေပးၿပီး ပစၥည္းေလးပါး ေထာက္ပံ့ေပးလ်က္ရွိျခင္း။

(၄) ဗုဒၶသာသနာ ထြန္းကားမႈအားနည္းေသာ ေဒသမ်ားတြင္ ဘုရား၊ ပုထိုး၊ ေစတီ၊ သိမ္၊ ေက်ာင္း၊ ဇရပ္၊ ေရတြင္း၊ ေရကန္၊ သာသနိကအေဆာက္အဦမ်ား အသစ္တည္ေဆာက္ လႉဒါန္းျခင္း၊ ျပဳျပင္မြမ္းမံျခင္းတို႔ကို က်ပ္သိန္း ၂၀၀ အထက္ လႉဒါန္းခဲ့ျခင္း။

 

(၅) ပရိယတၱိတကၠသိုလ္၊ ပရိယတၱိစာသင္တိုက္တို႔တြင္ ထာဝရေငြပေဒသာပင္၊ ပစၥည္းေလးပါးႏွင့္ သာသနိကအေဆာက္အဦတို႔အတြက္ က်ပ္သိန္း ၂၀၀ အထက္ လႉဒါန္းခဲ့ျခင္း။

(၆) ျပစ္ဒဏ္က်ခံခဲ့ဖူးသူ မျဖစ္ျခင္း။

 

(၇) တည္ဆဲဥပေဒမ်ားႏွင့္အညီ လိုက္နာေနထိုင္သူ ျဖစ္ျခင္း။

(၈) သမၼာအာဇီဝလုပ္ငန္းျဖင့္ အသက္ေမြးဝမ္းေက်ာင္းျပဳသူ ျဖစ္ျခင္း။

 

(၉) ရွင္ျပဳျခင္း၊ ရဟန္းခံျခင္း၊ ဗုဒၶသာသနာ ထြန္းကားမႈအားနည္းေသာေဒသမ်ားသို႔ လႉဒါန္းျခင္း၊ ပရိယတၱိစာသင္တိုက္မ်ားသို႔ လႉဒါန္းျခင္းအပါအဝင္ အျခား သာသနာေရးဆိုင္ရာကိစၥရပ္မ်ားတြင္ လႉဒါန္းျခင္းစသည့္ လႉဒါန္းေငြ စုစုေပါင္းသည္ က်ပ္သိန္း ၄၀၀၀ အထက္ ရွိျခင္း…

Credit-အရွင္ Sumana Lay

Unicode

သီရိ သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ် ချီးမြှင့်ခံ ရသူ မြန်မာအမျိုးသမီးများနှ င့် ချီးမြှင့်ခံ ရ ဖို့ လိုအပ်သော အရည်အချင်းများ

နိုင် ငံတော်ကပေးတဲ့ဒီဘွဲ့ တက်ရောက်ယူတာပတ်သက်ပြီးဘယ်လိုအရည်အချင်းတွေရှိရင် ပေးတာလဲဆိုတဲ့မေးခွန်းကို ကျမ ညီမ တစ်ယောက်ကမေးတော့..အတိအကျ မဖြေနိုင်ခဲ့ဘူး…ဒါ့ကြောင့် ဗဟုသုတ အနေနဲ့သိထားသင့်တယ် ထင်လို့ သူငယ်ချင်းတစ်ယောက် တင်ထားတဲ့ post ကနေCopy ယူတင်ပေးလိုက်ပါတယ်။

သီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်နှင့် သီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ် ဂုဏ်အင်္ဂါအရည်အချင်း

(၁) ဥပါသကာဂုဏ်ရည်(၁၀)ပါးကို စောင့်ထိန်းသူဖြစ်ခြင်း။

(၂) ရှင်သာမဏေ အပါး ၂၀၀ နှင့်အထက် တစ်ဦးတည်းဒါယကာခံ၍ ရှင်ပြုပေးခြင်း။

(၃) ရှင်သာမဏေ အပါး ၂၀ ကို တစ်ဦးတည်းဒါယကာခံ၍ ရဟန်းခံပေးပြီး ပစ္စည်းလေးပါး ထောက်ပံ့ပေးလျက်ရှိခြင်း။

(၄) ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းသော ဒေသများတွင် ဘုရား၊ ပုထိုး၊ စေတီ၊ သိမ်၊ ကျောင်း၊ ဇရပ်၊ ရေတွင်း၊ ရေကန်၊ သာသနိကအဆောက်အဦများ အသစ်တည်ဆောက် လှူဒါန်းခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့ကို ကျပ်သိန်း ၂၀၀ အထက် လှူဒါန်းခဲ့ခြင်း။

(၅) ပရိယတ္တိတက္ကသိုလ်၊ ပရိယတ္တိစာသင်တိုက်တို့တွင် ထာဝရငွေပဒေသာပင်၊ ပစ္စည်းလေးပါးနှင့် သာသနိကအဆောက်အဦတို့အတွက် ကျပ်သိန်း ၂၀၀ အထက် လှူဒါန်းခဲ့ခြင်း။

(၆) ပြစ်ဒဏ်ကျခံခဲ့ဖူးသူ မဖြစ်ခြင်း။

(၇) တည်ဆဲဥပဒေများနှင့်အညီ လိုက်နာနေထိုင်သူ ဖြစ်ခြင်း။

(၈) သမ္မာအာဇီဝလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ဖြစ်ခြင်း။

(၉) ရှင်ပြုခြင်း၊ ရဟန်းခံခြင်း၊ ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းသောဒေသများသို့ လှူဒါန်းခြင်း၊ ပရိယတ္တိစာသင်တိုက်များသို့ လှူဒါန်းခြင်းအပါအဝင် အခြား သာသနာရေးဆိုင်ရာကိစ္စရပ်များတွင် လှူဒါန်းခြင်းစသည့် လှူဒါန်းငွေ စုစုပေါင်းသည် ကျပ်သိန်း ၄၀၀၀ အထက် ရှိခြင်း…

Credit-အရှင် Sumana Lay

Be the first to comment

Leave a Reply

Your email address will not be published.


*