ရင္ေသြးကေလး ေသဆုံးသြားလို႔ ကမာၻေပၚမွာ တစ္ေကာင္တည္း က်န္ေတာ့တဲ့ သစ္ကုလားအုပ္ျဖဴ

ရင္ေသြးကေလး ေသဆုံးသြားလို႔ ကမာၻေပၚမွာ တစ္ေကာင္တည္း က်န္ေတာ့တဲ့ သစ္ကုလားအုပ္ျဖဴ

ရင္ေသြးကေလး ေသဆုံးသြားလို႔ ကမာၻေပၚမွာ တစ္ေကာင္တည္း က်န္ေတာ့တဲ့ သစ္ကုလားအုပ္ျဖဴ

လူသားေတြ စိုးမိုးေနတဲ့ ကမာၻေပၚမွာ တိရစာၦန္ေတြဆိုတာ လူသားေတြရဲ႕ အကာအကြယ္ အေစာင့္အေရွာက္ ေအာက္မွာ ေနေနရတာပါ ။ လူသားေတြကသာ အေစာင့္အေရွာက္ မေပးလို႔ ကေတာ့ တိရစာၦန္မ်ိဳးစိတ္ အခ်ိဳ႕က အလိုလိုေနရင္းနဲ႔ မ်ိဳးသုဥ္းေပ်ာက္ကြယ္ သြားရပါ တယ္ ။ သူတို႔အတြက္က သဘာဝ ေဘးအႏၲရာယ္ကို ရင္ဆိုင္ေနရတဲ့အျပင္ လူသားအခ်ိဳ႕ ရဲ႕ေဘးကိုလည္း ေရွာင္တိမ္းေနရပါတယ္ ။

ရွားပါးမ်ိဳးစိတ္ေတြက ထိန္းသိမ္းေနတဲ့ ၾကားက တျဖည္းျဖည္း ေလ်ာ့နည္း လာေနပါတယ္ ။ တစ္ႏွစ္ထက္ တစ္ႏွစ္ နည္းပါးလာတဲ့ ရွားပါးမ်ိဳး စိတ္ထဲမွာ သစ္ကုလားအုပ္ျဖဴ မ်ိဳးစိတ္လည္း ပါပါတယ္ ။

ဘီဘီစီရဲ႕ မွတ္တမ္း အဆိုအရ သစ္ကုလားအုပ္ျဖဴ မ်ိဳးစိတ္က ၂ေကာင္တည္း ရွိေနရာမွ ရင္ေသြးတစ္ေကာင္ ေသဆုံးသြားလို႔ တစ္ေကာင္ပဲ က်န္ေတာ့တယ္လို႔ သိရပါတယ္ ။

ကင္ညာႏိုင္ငံ ဂါရစၥာေကာင္တီ ေဒသ အေရွ႕ေျမာက္ပိုင္းက ေက်း႐ြာေတြကို သစ္ကုလားအုပ္ျဖဴေတြ မ်ိဳးတုန္းေအာင္ လုပ္လို႔ စြပ္စြဲ ျပစ္တင္မႈေတြ ရွိေနပါတယ္ ။

သုေတသီ ေတြက မွတ္တမ္း လုပ္ရင္းနဲ႔ ေနာက္ဆုံး မ်ိဳးဆက္ေတြကို ထိန္းသိမ္းေနတဲ့ ၾကားက သစ္ကုလားအုပ္ အျဖဴ အငယ္ေကာင္ေလးက သတ္စားတာကို ခံလိုက္ရ ပါတယ္ ။

ေတာထဲမွာ အဲ့ဒိ အေကာင္ေလးရဲ႕ အ႐ိုးစုေတြကို ေတြ႕ခဲ့ရတယ္လို႔ ဆိုတယ္ ။ အဲ့ဒိေကာင္ေတြကို သဘာဝမွာ ေတြ႕ရဖို႔က အလြန္ခက္ သြားပါၿပီ ။

သူတို႔က ဇီဝထြန္းျခင္းေၾကာင့္ အေရျပားေရာင္ျခယ္ေတြ မရွိကာ အျဖဴေရာင္ သက္သက္ ျဖစ္ေနတာပါ ။ ဇီ၀ ထြန္းျခင္းဆိုတာ ႏွစ္တစ္ေထာင္မွာ တစ္ခါ ျဖစ္ခ်င္မွ ျဖစ္မွာပါ ။

တစ္ခါတစ္ေလ ဆိုရင္ ႏွစ္သန္းနဲ႔ ခ်ီၿပီး ၾကာႏိုင္ပါတယ္ ။ ဇီဝတစ္ခါ ထြန္းရင္ မ်ိဳးစိတ္သစ္ တစ္ခု ေပၚေပါက္လာခဲ့ဲၿပီး ထူးျခားတဲ့ ခံႏိုင္ရည္ တစ္မ်ိဳးကို ေတြ႕ရ တတ္ပါတယ္ ။ အဲ့ဒိ အျဖဴေရာင္ သစ္ကုလားအုပ္ကို ၂၀၁၇ ကမွ စတင္ ေျခရာခံ ႏိုင္ခဲ့ပါတယ္ ။

အဲ့ဒိပုံကို အင္တာနက္ေပၚ တင္တုန္းကလည္း ပုံေတြ ပလူပ်ံ ခဲ့ပါေသးတယ္ ။ လူသားေတြရဲ႕ ၿမိဳ႕ျပ ဖြံ႕ၿဖိဳးမႈက တိရစာၦန္ ေတြကို သူတို႔ စားက်က္ ကေန ေမာင္းထုတ္ေနတဲ့ အျပင္ ေဂဟ စနစ္တစ္ခုကို ပ်က္စီးေစဖို႔ လမ္းစ ျဖစ္ခဲ့ပါတယ္ ။

ေမာင္ယႆ

REF: world of buzz / Photo; daily mai

Unicode

ရင်သွေးကလေး သေဆုံးသွားလို့ ကမ္ဘာပေါ်မှာ တစ်ကောင်တည်း ကျန်တော့တဲ့ သစ်ကုလားအုပ်ဖြူ

လူသားတွေ စိုးမိုးနေတဲ့ ကမ္ဘာပေါ်မှာ တိရစ္ဆာန်တွေဆိုတာ လူသားတွေရဲ့ အကာအကွယ် အစောင့်အရှောက် အောက်မှာ နေနေရတာပါ ။ လူသားတွေကသာ အစောင့်အရှောက် မပေးလို့ ကတော့ တိရစ္ဆာန်မျိုးစိတ် အချို့က အလိုလိုနေရင်းနဲ့ မျိုးသုဉ်းပျောက်ကွယ် သွားရပါ တယ် ။ သူတို့အတွက်က သဘာဝ ဘေးအန္တရာယ်ကို ရင်ဆိုင်နေရတဲ့အပြင် လူသားအချို့ ရဲ့ဘေးကိုလည်း ရှောင်တိမ်းနေရပါတယ် ။

ရှားပါးမျိုးစိတ်တွေက ထိန်းသိမ်းနေတဲ့ ကြားက တဖြည်းဖြည်း လျော့နည်း လာနေပါတယ် ။ တစ်နှစ်ထက် တစ်နှစ် နည်းပါးလာတဲ့ ရှားပါးမျိုး စိတ်ထဲမှာ သစ်ကုလားအုပ်ဖြူ မျိုးစိတ်လည်း ပါပါတယ် ။

ဘီဘီစီရဲ့ မှတ်တမ်း အဆိုအရ သစ်ကုလားအုပ်ဖြူ မျိုးစိတ်က ၂ကောင်တည်း ရှိနေရာမှ ရင်သွေးတစ်ကောင် သေဆုံးသွားလို့ တစ်ကောင်ပဲ ကျန်တော့တယ်လို့ သိရပါတယ် ။

ကင်ညာနိုင်ငံ ဂါရစ္စာကောင်တီ ဒေသ အရှေ့မြောက်ပိုင်းက ကျေးရွာတွေကို သစ်ကုလားအုပ်ဖြူတွေ မျိုးတုန်းအောင် လုပ်လို့ စွပ်စွဲ ပြစ်တင်မှုတွေ ရှိနေပါတယ် ။

သုတေသီ တွေက မှတ်တမ်း လုပ်ရင်းနဲ့ နောက်ဆုံး မျိုးဆက်တွေကို ထိန်းသိမ်းနေတဲ့ ကြားက သစ်ကုလားအုပ် အဖြူ အငယ်ကောင်လေးက သတ်စားတာကို ခံလိုက်ရ ပါတယ် ။

တောထဲမှာ အဲ့ဒိ အကောင်လေးရဲ့ အရိုးစုတွေကို တွေ့ခဲ့ရတယ်လို့ ဆိုတယ် ။ အဲ့ဒိကောင်တွေကို သဘာဝမှာ တွေ့ရဖို့က အလွန်ခက် သွားပါပြီ ။

သူတို့က ဇီဝထွန်းခြင်းကြောင့် အရေပြားရောင်ခြယ်တွေ မရှိကာ အဖြူရောင် သက်သက် ဖြစ်နေတာပါ ။ ဇီ၀ ထွန်းခြင်းဆိုတာ နှစ်တစ်ထောင်မှာ တစ်ခါ ဖြစ်ချင်မှ ဖြစ်မှာပါ ။

တစ်ခါတစ်လေ ဆိုရင် နှစ်သန်းနဲ့ ချီပြီး ကြာနိုင်ပါတယ် ။ ဇီဝတစ်ခါ ထွန်းရင် မျိုးစိတ်သစ် တစ်ခု ပေါ်ပေါက်လာခဲ့ဲပြီး ထူးခြားတဲ့ ခံနိုင်ရည် တစ်မျိုးကို တွေ့ရ တတ်ပါတယ် ။ အဲ့ဒိ အဖြူရောင် သစ်ကုလားအုပ်ကို ၂၀၁၇ ကမှ စတင် ခြေရာခံ နိုင်ခဲ့ပါတယ် ။

အဲ့ဒိပုံကို အင်တာနက်ပေါ် တင်တုန်းကလည်း ပုံတွေ ပလူပျံ ခဲ့ပါသေးတယ် ။ လူသားတွေရဲ့ မြို့ပြ ဖွံ့ဖြိုးမှုက တိရစ္ဆာန် တွေကို သူတို့ စားကျက် ကနေ မောင်းထုတ်နေတဲ့ အပြင် ဂေဟ စနစ်တစ်ခုကို ပျက်စီးစေဖို့ လမ်းစ ဖြစ်ခဲ့ပါတယ် ။

မောင်ယဿ

REF: world of buzz / Photo; daily mai

Be the first to comment

Leave a Reply

Your email address will not be published.


*