သင့္လက္မပုံစံက ေျပာျပမည့္ သင့္စိတ္ေနစိတ္ထား နဲ႔ ကိုယ္ရည္ကိုယ္ေသြး

သင့္ လက္ မပုံစံ ကေျပာျပ မည့္ သင့္စိတ္ေနစိတ္ထား နဲ႔ ကိုယ္ ရည္ကိုယ္ေသြး

သင့္လက္မပုံစံက ေျပာျပမည့္ သင့္စိတ္ေနစိတ္ထား နဲ႔ ကိုယ္ရည္ကိုယ္ေသြး

ကြၽန္ေတာ္ တို႔ရဲ႕ လက္ပုံစံက ကြၽန္ေတာ္တို႔ရဲ႕ အေၾကာင္းကို အမ်ားႀကီးေျပာျပႏိုင္ပါတယ္။ သင့္လက္ေခ်ာင္းပုံစံေတြကို ၾကည့္ၿပီး မႈခင္းဆိုင္ရာ ကိစၥရပ္ေတြကိုေတာင္ အေျဖရွာႏိုင္ပါတယ္။အထူးသျဖင့္ လက္မမွာ လက္ဆစ္ ႏွစ္ဆစ္သာရွိတဲ့ အတြက္ ပိုမိုထူးျခားပါတယ္။

ထိုလက္မေၾကာင့္ပဲ ကြၽန္ေတာ္တို႔ကို အျခား တိရစာန္ေတြနဲ႔ ကြဲျပားေစတာ ျဖစ္ပါတယ္။ လူတစ္ေယာက္နဲ႔ တစ္ေယာက္ေတာင္မွ လက္မပုံစံခ်င္း မတူညီၾကပါဘူး။ ထိုသို႔ တစ္ေယာက္နဲ႔ တစ္ေယာက္ကြဲျပားတဲ့ လက္မပုံစံကိုၾကည့္ၿပီး ထိုလူရဲ႕ စိတ္ေနစိတ္ထားနဲ႔ ကိုယ္ရည္ကိုယ္ေသြးကို အကဲျဖတ္ႏိုင္ပါတယ္။

(၁) A အမ်ိဴးအစား ႏွင့္တူေသာ လက္မ

သင့္လက္မရွိ လက္ဆစ္ ႏွစ္ခုလုံးက တူညီေနတယ္ ဆိုပါက သင္ဟာ ေပ်ာ္႐ြင္မႈနဲ႔ ၿငိမ္းခ်မ္းမႈကို ႏွစ္သက္တဲ့ ေအးေအးခ်မ္းခ်မ္းသမား ျဖစ္ပါတယ္။ ဒီလိုလက္မပုံစံရွိသူေတြ ဟာ မ်ားေသာအားျဖင့္ ေအးခ်မ္းၿပီး စကားေျပာဆိုျခင္းနဲ႔ စာသင္ျခင္း အတတ္ပညာေတြမွာ ဆရာက်ပါတယ္။ သင့္မွာ ဘဝနဲ႔ ခ်ီတဲ့ ဗဟုသုတေတြ ျပည့္ဝေနသူပါ။

သင္ဟာ ကိုယ္ခ်င္းစာနာစိတ္ ျပည့္ဝတဲ့သူျဖစ္လို႔ ကိစၥတစ္ခု ျဖစ္တိုင္း သင့္ကို ရင္ဖြင့္တိုင္ပင္ခ်င္တဲ့ မိသားစုဝင္ေတြ သူငယ္ခ်င္းေတြ သင့္အနားမွာ အၿမဲ ရွိေနတတ္ပါတယ္။

(၂) B နဲ႔ တူေသာ လက္မ အမ်ိဴးအစား

သင့္လက္မရဲ႕ ပထမအဆစ္ဟာ ဒုတိယအဆစ္ထက္ ပိုရွည္ေနပါက သင္ဟာ ၿပီးျပည့္စုံေကာင္းမြန္မႈကို အလြန္ျမတ္ႏိုးသူ တနည္းအားျဖင့္ perfect ျဖစ္မွ ႀကိဳက္တဲ့ perfectionist တစ္ေယာက္ပဲ ျဖစ္ပါတယ္။ သင္ဟာ သင့္စိတ္ကူးစိတ္သန္းေတြကို အလြန္တရာ အေလးထားေဆာင္႐ြက္ၿပီး ကိစၥတိုင္းကို အေသးစိတ္ကအစ တိက်စြာ ေဆာင္႐ြက္တတ္သူ ျဖစ္ပါတယ္။

သင္ဟာ ၿပီးျပည့္စုံေအာင္ျမင္မႈကို တန္ဖိုးထားသူျဖစ္တာနဲ႔ အညီ သင့္မွာ ရည္မွန္းခ်က္ တစ္ခုခုအၿမဲ ရွိေန တတ္ပါတယ္။ တစ္ခါတစ္ရံမွာေတာ့ သင္ဟာ အေတြးအေခၚေတြကို အေလးထားသူျဖစ္တတ္ၿပီး ေအာင္ျမင္ဖို႔အတြက္ နည္းလမ္းေကာင္းတစ္ခု ကို ရွာေဖြေနသူ ျဖစ္ပါတယ္။ သင္ဟာ႐ိုးသားသူ ျဖစ္တာမို႔ လူေတြရဲ႕ ေလးစားျခင္းကို ခံရသူလည္း ျဖစ္ပါတယ္။

(၃) C နဲ႔ တူေသာ လက္မ အမ်ိဴးအစား

သင့္လက္မရဲ႕ ဒုတိယ အဆစ္ဟာ ပထမအဆစ္ထက္ ႀကီးမားေနပါက သင္ဟာ အလုပ္ႀကိဳးစားသူတစ္ေယာက္ ျဖစ္ေၾကာင္း ေဖာ္ျပေနပါတယ္။ သင့္ဘဝမွာ ေအာင္ျမင္မႈကို ဘယ္ေတာ့မွ လြယ္လြယ္နဲ႔ ရခဲ့တာ မဟုတ္ပါဘူး။ဒါေပမယ့္ သင္ဟာ အခက္အခဲတိုင္းကို ေအာင္ျမင္စြာ ေက်ာ္ျဖတ္ႏိုင္ခဲ့တာခ်ည္း ျဖစ္ပါတယ္။

ဒီလိုလက္မမ်ိဴးရွိသူေတြဟာ စမတ္က်ၿပီး ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ရွိသူ ျဖစ္ပါတယ္။ သင့္စိတ္ကူးစိတ္သန္းေတြဟာ အၿမဲျပတ္သားၿပီး သင္ဟာ ေတြေဝျခင္း မရွိပဲ ဆုံးျဖတ္ခ်က္တိုင္းကို တိက်စြာ ခ်မွတ္တတ္သူျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ လုပ္ငန္းခြင္ေတြမွာ ယုံၾကည္စိတ္ခ်ရသူ တစ္ေယာက္အျဖစ္ သတ္မွတ္ခံရသူ ျဖစ္တတ္ ပါတယ္။

(၄)လြယ္ကူစြာ ေကြးႏိုင္ေသာ လက္မအမ်ိဴးအစား

သင့္လက္မကို မတ္မတ္ေထာင္ၾကည့္ပါ။ ထို႔ေနာက္ အျခားလက္ျဖင့္ ထိုလက္မကို ဖိၾကည့္ပါ။အလြယ္တကူ ေကြးသြားပါက သင္ဟာ စိတ္ခံစားလြယ္ၿပီး သင့္စိတ္ထဲရွိတဲ့အတိုင္း ကြယ္ဝွက္မထားတတ္သူမ်ိဴး ျဖစ္ပါတယ္။

ထိုလက္မအမ်ိဴးအစားကို ေတာင္တက္သမားလက္မလို႔ တင္စားေခၚေဝၚၿပီး ထိုလက္မပိုင္ရွင္မ်ားအေနျဖင့္ ပတ္ဝန္းက်င္အသစ္နဲ႔ အေျပာင္းအလဲ အသစ္တိုင္းကို လိုက္ေလ်ာညီေထြစြာ ျပဳမူေနထိုင္တတ္သူမ်ားျဖစ္ၾကပါတယ္။ထို႔ျပင္ အႏုပညာနဲ႔ ပတ္သက္ၿပီး စိတ္ကူးစိတ္သန္းေကာင္းမ်ား ကိုလည္း ပိုင္ဆိုင္ တတ္ၾက ပါေသးတယ္။

သင္ဟာ အႏုပညာသမားျဖစ္ဖို႔ ေမြးဖြားလာတယ္ဆိုရင္ မမွားပါဘူး။ ထိုလက္မမ်ိဴးရွိသူေတြဟာ အလြန္စပ္စုတတ္ၾကၿပီး ပတ္ဝန္းက်င္ကို စိတ္ဝင္စားစြာ ေလ့လာၾကပါတယ္။ ျပႆနာမ်ားကိုေက်ာ္လြားၿပီး ေအာင္ျမင္မႈ ရရွိေအာင္လည္း ႀကိဳးစားတတ္ၾကသူမ်ား ျဖစ္ပါတယ္။

(၅)ေျဖာင့္တန္းေသာ လက္မ အမ်ိဴးအစား

သင့္လက္မကို မတ္မတ္ေထာင္ၾကည့္ပါ။ သင့္လက္မဟာ ေကြးေကာက္ျခင္းမရွိပဲ ေထာင္မတ္ေနပါက သင္ဟာေခါင္းမာတတ္ၿပီး လြမ္းမိုးလိုတဲ့ စိတ္ေနသေဘာထား ရွိသူ ျဖစ္ပါတယ္။

သင္ဟာ အေနတည္သူျဖစ္တာမို႔ ပတ္ဝန္းက်င္က ရွိန္တတ္ေပမယ့္ ကတိတည္သူတစ္ေယာက္ျဖစ္တဲ့ အတြက္ သင့္ကို ေလးစားၾကပါတယ္။ သင္ဟာကိစၥတိုင္းကို ခ်က္ျခင္း ခြဲျခမ္းစိတ္ျဖာႏိုင္တဲ့ အစြမ္းရွိၿပီး မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ကို ခ်တတ္သူ ျဖစ္ပါတယ္။

Writer_Dr Jue (XYZ News)
Credit-DailyHotNews

Unicode

သင့်လက်မပုံစံက ပြောပြမည့် သင့်စိတ်နေစိတ်ထား နဲ့ ကိုယ်ရည်ကိုယ်သွေး

ကျွန်တော် တို့ရဲ့ လက်ပုံစံက ကျွန်တော်တို့ရဲ့ အကြောင်းကို အများကြီးပြောပြနိုင်ပါတယ်။ သင့်လက်ချောင်းပုံစံတွေကို ကြည့်ပြီး မှုခင်းဆိုင်ရာ ကိစ္စရပ်တွေကိုတောင် အဖြေရှာနိုင်ပါတယ်။အထူးသဖြင့် လက်မမှာ လက်ဆစ် နှစ်ဆစ်သာရှိတဲ့ အတွက် ပိုမိုထူးခြားပါတယ်။

ထိုလက်မကြောင့်ပဲ ကျွန်တော်တို့ကို အခြား တိရစာန်တွေနဲ့ ကွဲပြားစေတာ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်တောင်မှ လက်မပုံစံချင်း မတူညီကြပါဘူး။ ထိုသို့ တစ်ယောက်နဲ့ တစ်ယောက်ကွဲပြားတဲ့ လက်မပုံစံကိုကြည့်ပြီး ထိုလူရဲ့ စိတ်နေစိတ်ထားနဲ့ ကိုယ်ရည်ကိုယ်သွေးကို အကဲဖြတ်နိုင်ပါတယ်။

(၁) A အမျိူးအစား နှင့်တူသော လက်မ

သင့်လက်မရှိ လက်ဆစ် နှစ်ခုလုံးက တူညီနေတယ် ဆိုပါက သင်ဟာ ပျော်ရွင်မှုနဲ့ ငြိမ်းချမ်းမှုကို နှစ်သက်တဲ့ အေးအေးချမ်းချမ်းသမား ဖြစ်ပါတယ်။ ဒီလိုလက်မပုံစံရှိသူတွေ ဟာ များသောအားဖြင့် အေးချမ်းပြီး စကားပြောဆိုခြင်းနဲ့ စာသင်ခြင်း အတတ်ပညာတွေမှာ ဆရာကျပါတယ်။ သင့်မှာ ဘဝနဲ့ ချီတဲ့ ဗဟုသုတတွေ ပြည့်ဝနေသူပါ။

သင်ဟာ ကိုယ်ချင်းစာနာစိတ် ပြည့်ဝတဲ့သူဖြစ်လို့ ကိစ္စတစ်ခု ဖြစ်တိုင်း သင့်ကို ရင်ဖွင့်တိုင်ပင်ချင်တဲ့ မိသားစုဝင်တွေ သူငယ်ချင်းတွေ သင့်အနားမှာ အမြဲ ရှိနေတတ်ပါတယ်။

(၂) B နဲ့ တူသော လက်မ အမျိူးအစား

သင့်လက်မရဲ့ ပထမအဆစ်ဟာ ဒုတိယအဆစ်ထက် ပိုရှည်နေပါက သင်ဟာ ပြီးပြည့်စုံကောင်းမွန်မှုကို အလွန်မြတ်နိုးသူ တနည်းအားဖြင့် perfect ဖြစ်မှ ကြိုက်တဲ့ perfectionist တစ်ယောက်ပဲ ဖြစ်ပါတယ်။ သင်ဟာ သင့်စိတ်ကူးစိတ်သန်းတွေကို အလွန်တရာ အလေးထားဆောင်ရွက်ပြီး ကိစ္စတိုင်းကို အသေးစိတ်ကအစ တိကျစွာ ဆောင်ရွက်တတ်သူ ဖြစ်ပါတယ်။

သင်ဟာ ပြီးပြည့်စုံအောင်မြင်မှုကို တန်ဖိုးထားသူဖြစ်တာနဲ့ အညီ သင့်မှာ ရည်မှန်းချက် တစ်ခုခုအမြဲ ရှိနေ တတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ သင်ဟာ အတွေးအခေါ်တွေကို အလေးထားသူဖြစ်တတ်ပြီး အောင်မြင်ဖို့အတွက် နည်းလမ်းကောင်းတစ်ခု ကို ရှာဖွေနေသူ ဖြစ်ပါတယ်။ သင်ဟာရိုးသားသူ ဖြစ်တာမို့ လူတွေရဲ့ လေးစားခြင်းကို ခံရသူလည်း ဖြစ်ပါတယ်။

(၃) C နဲ့ တူသော လက်မ အမျိူးအစား

သင့်လက်မရဲ့ ဒုတိယ အဆစ်ဟာ ပထမအဆစ်ထက် ကြီးမားနေပါက သင်ဟာ အလုပ်ကြိုးစားသူတစ်ယောက် ဖြစ်ကြောင်း ဖော်ပြနေပါတယ်။ သင့်ဘဝမှာ အောင်မြင်မှုကို ဘယ်တော့မှ လွယ်လွယ်နဲ့ ရခဲ့တာ မဟုတ်ပါဘူး။ဒါပေမယ့် သင်ဟာ အခက်အခဲတိုင်းကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တာချည်း ဖြစ်ပါတယ်။

ဒီလိုလက်မမျိူးရှိသူတွေဟာ စမတ်ကျပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိသူ ဖြစ်ပါတယ်။ သင့်စိတ်ကူးစိတ်သန်းတွေဟာ အမြဲပြတ်သားပြီး သင်ဟာ တွေဝေခြင်း မရှိပဲ ဆုံးဖြတ်ချက်တိုင်းကို တိကျစွာ ချမှတ်တတ်သူဖြစ်ပါတယ်။ ဒါကြောင့်ပဲ လုပ်ငန်းခွင်တွေမှာ ယုံကြည်စိတ်ချရသူ တစ်ယောက်အဖြစ် သတ်မှတ်ခံရသူ ဖြစ်တတ် ပါတယ်။

(၄)လွယ်ကူစွာ ကွေးနိုင်သော လက်မအမျိူးအစား

သင့်လက်မကို မတ်မတ်ထောင်ကြည့်ပါ။ ထို့နောက် အခြားလက်ဖြင့် ထိုလက်မကို ဖိကြည့်ပါ။အလွယ်တကူ ကွေးသွားပါက သင်ဟာ စိတ်ခံစားလွယ်ပြီး သင့်စိတ်ထဲရှိတဲ့အတိုင်း ကွယ်ဝှက်မထားတတ်သူမျိူး ဖြစ်ပါတယ်။

ထိုလက်မအမျိူးအစားကို တောင်တက်သမားလက်မလို့ တင်စားခေါ်ဝေါ်ပြီး ထိုလက်မပိုင်ရှင်များအနေဖြင့် ပတ်ဝန်းကျင်အသစ်နဲ့ အပြောင်းအလဲ အသစ်တိုင်းကို လိုက်လျောညီထွေစွာ ပြုမူနေထိုင်တတ်သူများဖြစ်ကြပါတယ်။ထို့ပြင် အနုပညာနဲ့ ပတ်သက်ပြီး စိတ်ကူးစိတ်သန်းကောင်းများ ကိုလည်း ပိုင်ဆိုင် တတ်ကြ ပါသေးတယ်။

သင်ဟာ အနုပညာသမားဖြစ်ဖို့ မွေးဖွားလာတယ်ဆိုရင် မမှားပါဘူး။ ထိုလက်မမျိူးရှိသူတွေဟာ အလွန်စပ်စုတတ်ကြပြီး ပတ်ဝန်းကျင်ကို စိတ်ဝင်စားစွာ လေ့လာကြပါတယ်။ ပြဿနာများကိုကျော်လွားပြီး အောင်မြင်မှု ရရှိအောင်လည်း ကြိုးစားတတ်ကြသူများ ဖြစ်ပါတယ်။

(၅)ဖြောင့်တန်းသော လက်မ အမျိူးအစား

သင့်လက်မကို မတ်မတ်ထောင်ကြည့်ပါ။ သင့်လက်မဟာ ကွေးကောက်ခြင်းမရှိပဲ ထောင်မတ်နေပါက သင်ဟာခေါင်းမာတတ်ပြီး လွမ်းမိုးလိုတဲ့ စိတ်နေသဘောထား ရှိသူ ဖြစ်ပါတယ်။

သင်ဟာ အနေတည်သူဖြစ်တာမို့ ပတ်ဝန်းကျင်က ရှိန်တတ်ပေမယ့် ကတိတည်သူတစ်ယောက်ဖြစ်တဲ့ အတွက် သင့်ကို လေးစားကြပါတယ်။ သင်ဟာကိစ္စတိုင်းကို ချက်ခြင်း ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ အစွမ်းရှိပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချတတ်သူ ဖြစ်ပါတယ်။

Writer_Dr Jue (XYZ News)
Credit-DailyHotNews

 

Be the first to comment

Leave a Reply

Your email address will not be published.


*