သားသမီးကိုငရဲေပးတဲ့ မိဘဆိုတာတကယ္ရွိပါသလား
သားသမီးကိုငရဲေပးတဲ့ မိဘဆိုတာတကယ္ရွိပါသလား……..ရွိပါတယ္ . .
1။`အျပစ္တင္လြန္းတဲ့မိဘ´
ဘာလုပ္လုပ္ အျပစ္တင္ေနတတ္တာ . .တစ္နည္းဆိုရရင္ ေလာဘႀကီးမိၾကတာပါ…အသုံးမက် ဘူးဆိုတဲ့ ေဘာင္ထဲသြတ္သြင္းတာ သားသမီးက တကယ္အသုံးမက် တာျဖစ္ခ်င္ျဖစ္မယ္။ ဒါေပမဲ့ အသုံးမက်တာကိုပဲ ေဖာက္ျမင္ေနတတ္တာ။ ဒါကို ၾကားရဖန္မ်ားလာတဲ့အခါ ေဒါသက မိဘကိုျပန္ခံေျပာတတ္ဖို႔ စတင္လာတယ္။
2 ။`ဘက္လိုက္တာ´
သားသမီးခ်င္းတူတူ ငါ့သမီးေလး …ငါ့သားေလး ဘက္လိုက္ဆက္ဆံတတ္တာ။ ဘက္လိုက္တတ္တဲ့ မိဘေတြရဲ႕ သားသမီးေတြဟာ မစည္းလုံးၾကတာမ်ားတယ္။ မိဘကေသြးခြဲထားလို႔ပါ။ “နင္ကညံ့တယ္ နင္ကေတာ္တယ္” ဆိုၿပီး ကြာလတီခြဲလိုက္တဲ့ ကုန္ပစၥည္းေတြဟာ ဘယ္ေတာ့မွေဈးႏႈန္းညႇိမရၾကေတာ့ဘူး။
ဘက္လိုက္မႈက မေလးစားမႈကို အစပ်ိဳးပါတယ္။ အခ်င္းခ်င္း မနာလိုစိတ္ကေန အမုန္းတရားပြားမ်ားလာတယ္။ ကေလးဘဝကတည္းက အ႐ိုးစြဲတဲ့ အမုန္းတရားက ဘယ္ေတာ့မွ ေဖ်ာက္မရေတာ့ဘူး။ မိဘေတြသာမရွိၾကေတာ့ရင္ ဒီေမာင္ႏွမေတြဟာ ပက္သက္စရာ လုံးဝကိုမရွိေတာ့တဲ့လူေတြ ျဖစ္ေနၾကပါလိမ့္မယ္..
3 ။`ဆဲဆိုလြန္းတာ´
ေန႔စဥ္အဆဲခံရတဲ့လူဟာ မခံခ်င္စိတ္ေၾကာင့္ ေဒါသမ်ားမယ္။ ျပန္ေျပာမိရင္ေတာ့ မိဘကိုခံေျပာသလိုျဖစ္တယ္ … ငရဲႀကီးမယ္။ ဒုကၡေရာက္မွေအးမယ္၊ ေခြးျဖစ္မွာဆိုတဲ့ က်ိန္စာဆန္ဆန္ စကားေတြဟာ အရမ္းဆိုးပါတယ္။ ေကာင္းေကာင္းမြန္မြန္ေျပာၿပီး ခိုင္းလို႔ရႏိူင္ေပမဲ့ ဆဲေရးၿပီးမွ လုပ္မယ္ထင္တဲ့အေတြးနဲ႔ ခိုင္းတာဟာ ဆိုးဝါးလြန္းပါတယ္။
4 ။`သားသမီးအိမ္ေထာင္ေရးကို စြက္ဖက္တာ´
“နင့္ ေယာက္က်ားက ဘယ္လို ” “နင္ယူထားတဲ့ မိန္းမက ဘယ္လို ” ဆိုတာမ်ိဳးမေျပာသင့္ပါဘူး …သားသမီးရဲ႕ ေ႐ြးခ်ယ္မႈကိုလဲေလးစားရပါမယ္။ သူေတာင္ သူ႔ဘဝကို သူေနတတ္လို ေနေနတာပါ။ သားသမီးက သူ႔အိမ္ေထာင္နဲ႔ပက္သက္ၿပီး ကူညီပါလို႔မေျပာမခ်င္း ဝင္ပါစရာမလိုတာပါ။
ငါ့သမီးမွန္တယ္ ငါ့သားမွန္တယ္ ဆိုတဲ့ အယူအဆဟာ မွားပါတယ္။ ကိုယ့္သားသမီးအေၾကာင္း သိတယ္ဆိုတာ ကေလးဘဝမွာပဲျဖစ္ပါလိမ့္မယ္။ ကေလးဘဝမွာသာ မိဘနဲ႔တစ္ေနကုန္ရွိေနလို႔ သူတို႔ အက်င့္ေလးေတြ သိေနၾကရတာ။ သူတို႔္အ႐ြယ္ေရာက္တဲ့အခါ မိဘနဲ႔ေနခ်ိန္နည္းေလ မိဘက သားသမီးစိတ္ကို မသိရေလဆိုတာကို သတိထားသင့္ပါတယ္။
သားသမီးဆိုတာ မိဘကို အစစအရာရာ ေျပာျပခ်င္တဲ့အ႐ြယ္ဆိုတာ အသက္ေလးငါးဆယ္ႏွစ္အ႐ြယ္မွာပဲရွိတယ္။ ဒါကို ကေလးလိုပဲ အကုန္သိခ်င္၊ အကုန္ေျဖရွင္းေပးခ်င္တယ္ဆိုရင္ေတာ့ တကယ္ျဖစ္လာရင္ေတာင္ မိဘကိုမတိုင္ပင္ၾကေတာ့တာမ်ားပါတယ္။ ” ငါေျပာသားပဲ” ဆိုတဲ့စကားေနာက္က အျပစ္တင္မႈေတြဟာ ျပႆနာကိုေျဖရွင္းဖို႔ ေဝးကြာေစတာ သားသမီးေတြကရိပ္စားမိၾကပါတယ္။ သားသမီးအေၾကာင္း တကယ္သာသိရင္ ဒါမ်ိဳးမလုပ္သင့္တာကို သိကိုသိထားရမယ္။
5 ။`သားသမီးကိုေျပာဆိုဆက္ဆံပုံမွားတာ´
အခ်ိဳ႕ မိဘေတြရွိပါတယ္ ။ ျပင္ပမွာေတာ့ လူငယ္လူႀကီးမေ႐ြးကို အရမ္းအေလးထား ဆက္ဆံတတ္ပါတယ္။ ေျပာရရင္ လူေတြအေပၚ ေလးစားမႈရွိတာေပါ့ ။ သားသမီးကိုက် အဲ့လိုမလုပ္ႏိုင္ၾကပါဘူး။ သားသမီးဆိုတာ ငယ္ႏိုင္လိုျဖစ္ေနေတာ့ စိတ္အလိုမက်တိုင္း သားသမီးကို ႏွိမ္ေနတတ္တာမ်ိဳးပါ။ ေစတနာစကားေပမဲ့ အေျပာမတတ္ရင္ နားခါးတာလူ႔သဘာဝပါ။ အျပင္ပန္းကမွတ္မထားခ်င္ရင္ေနမယ္ စိတ္ခံစားခ်က္ကေတာ့ မိဘက ငါေျပာတိုင္း မေကာင္းျမင္တယ္ဆိုၿပီးေဒါသႀကီးေနတတ္တဲ့ သားသမီးေတြရွိလာရတာပါ။
စိတ္ဆိုတာ အၿမဲၾကည္သာမေနပါဘူး။ အၿမဲနားပူေအာင္ ေန႔စဥ္ဆုံးမစကားဆိုမေနမိပါေစနဲ႔။ သူေန႔စဥ္လုပ္တာေတြမွတ္ထားၿပီး တစ္ပတ္တစ္ခါ တစ္လတစ္ခါေလာက္သာ စားပြဲဝိုင္းမွာေအးေအးေဆးေဆးပဲ ဆုံးမစကား တစ္ခြန္းခ်င္းေျပာ သင့္ပါတယ္။
တစ္ပတ္တစ္ခါမို႔ ဆုံးမရတာ စိတ္လဲရွည္တယ္။ သားသမီးအေနနဲ႔လဲ မိဘက ခ်က္က်လက္က်ေျပာေတာ့ ျငင္းရခက္တယ္. ။သူ႔အမွားကို ဆင္ျခင္ႏိုင္တယ္။ “ေဒါသပါတဲ့ ဆုံးမစကားဟာ ေျပာင္းျပန္အက်ိဳးသက္ေရာက္ပါတယ္ ။ ” ဘာလို႔လဲဆိုေတာ့ သားသမီးဆိုတာလူသားမို႔ ေဒါသထြက္ရင္အ႐ြဲ႕တိုက္တတ္လို႔ပါ။
အဆင္မေျပမႈေတြကို သူတို႔လဲမလိုလားၾကပါဘူး။ ဒါေပမဲ့ ျငင္းဆန္မရရင္ေတာ့ မိဘနဲ႔ထိပ္တိုက္ရင္ဆိုင္ျခင္းထက္ အေဝးကို ေျပးသြားလိုက္တာ အကုသိုလ္အနည္းဆုံး အဆင္ေျပဆုံးလို႔ ထင္ျမင္ယူဆလာၾကပါတယ္။
မိဘနဲ႔အဆင္မေျပတဲ့ သားသမီးဟာ သူ႔ဖာသာရပ္တည္ေနရတဲ့အခါမွာလဲ အဆင္ေျပဘို႔ဆိုတာမလြယ္ကူပါဘူး။ အဆင္ေျပေျပ မေျပေျပ မိဘမသိပါေစနဲ႔ ။ အဆင္ေျပတယ္ပဲေျပာလိုက္ပါ ။ ေတြးပူေနတတ္တဲ့ မိဘကိုလည္း စိတ္မပင္ပန္းေစသလို အကုသိုလ္လဲနည္းေစပါတယ္။ တတ္ႏိုင္ရင္ အေဝးကေနေထာက္ပံ့ျခင္းကိုလုပ္လို႔ရပါတယ္။ အနီးမွာပဲေနမယ္ဆိုလဲ မိဘနဲ႔ အဆင္ေျပေအာင္ နည္းလမ္းရွာၿပီး စိတ္ေလ်ာ့ၾကပါ။
မိဘဆိုတာ အဖိုးတန္ပါတယ္။ ဒါေပမဲ့ သားသမီးဆိုတာလဲ လူသားမို႔ သူလဲသူ႔တန္ဖိုးနဲ႔သူ ရွိတယ္ဆိုတာ မိဘမ်ား အထူးသတိခ်ပ္မိၾကရင္ မိဘနဲ႔သားသမီးမ်ား ဆက္ဆံေရးဟာလဲ ပိုအဆင္ေျပၾကမွာပါ…။
Credit:Original uploader.
Unicode
သားသမီးကိုငရဲပေးတဲ့ မိဘဆိုတာတကယ်ရှိပါသလား
သားသမီးကိုငရဲပေးတဲ့ မိဘဆိုတာတကယ်ရှိပါသလား……..ရှိပါတယ် . .
1။`အပြစ်တင်လွန်းတဲ့မိဘ´
ဘာလုပ်လုပ် အပြစ်တင်နေတတ်တာ . .တစ်နည်းဆိုရရင် လောဘကြီးမိကြတာပါ…အသုံးမကျ ဘူးဆိုတဲ့ ဘောင်ထဲသွတ်သွင်းတာ သားသမီးက တကယ်အသုံးမကျ တာဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ အသုံးမကျတာကိုပဲ ဖောက်မြင်နေတတ်တာ။ ဒါကို ကြားရဖန်များလာတဲ့အခါ ဒေါသက မိဘကိုပြန်ခံပြောတတ်ဖို့ စတင်လာတယ်။
2 ။`ဘက်လိုက်တာ´
သားသမီးချင်းတူတူ ငါ့သမီးလေး …ငါ့သားလေး ဘက်လိုက်ဆက်ဆံတတ်တာ။ ဘက်လိုက်တတ်တဲ့ မိဘတွေရဲ့ သားသမီးတွေဟာ မစည်းလုံးကြတာများတယ်။ မိဘကသွေးခွဲထားလို့ပါ။ “နင်ကညံ့တယ် နင်ကတော်တယ်” ဆိုပြီး ကွာလတီခွဲလိုက်တဲ့ ကုန်ပစ္စည်းတွေဟာ ဘယ်တော့မှဈေးနှုန်းညှိမရကြတော့ဘူး။
ဘက်လိုက်မှုက မလေးစားမှုကို အစပျိုးပါတယ်။ အချင်းချင်း မနာလိုစိတ်ကနေ အမုန်းတရားပွားများလာတယ်။ ကလေးဘဝကတည်းက အရိုးစွဲတဲ့ အမုန်းတရားက ဘယ်တော့မှ ဖျောက်မရတော့ဘူး။ မိဘတွေသာမရှိကြတော့ရင် ဒီမောင်နှမတွေဟာ ပက်သက်စရာ လုံးဝကိုမရှိတော့တဲ့လူတွေ ဖြစ်နေကြပါလိမ့်မယ်..
3 ။`ဆဲဆိုလွန်းတာ´
နေ့စဉ်အဆဲခံရတဲ့လူဟာ မခံချင်စိတ်ကြောင့် ဒေါသများမယ်။ ပြန်ပြောမိရင်တော့ မိဘကိုခံပြောသလိုဖြစ်တယ် … ငရဲကြီးမယ်။ ဒုက္ခရောက်မှအေးမယ်၊ ခွေးဖြစ်မှာဆိုတဲ့ ကျိန်စာဆန်ဆန် စကားတွေဟာ အရမ်းဆိုးပါတယ်။ ကောင်းကောင်းမွန်မွန်ပြောပြီး ခိုင်းလို့ရနိူင်ပေမဲ့ ဆဲရေးပြီးမှ လုပ်မယ်ထင်တဲ့အတွေးနဲ့ ခိုင်းတာဟာ ဆိုးဝါးလွန်းပါတယ်။
4 ။`သားသမီးအိမ်ထောင်ရေးကို စွက်ဖက်တာ´
“နင့် ယောက်ကျားက ဘယ်လို ” “နင်ယူထားတဲ့ မိန်းမက ဘယ်လို ” ဆိုတာမျိုးမပြောသင့်ပါဘူး …သားသမီးရဲ့ ရွေးချယ်မှုကိုလဲလေးစားရပါမယ်။ သူတောင် သူ့ဘဝကို သူနေတတ်လို နေနေတာပါ။ သားသမီးက သူ့အိမ်ထောင်နဲ့ပက်သက်ပြီး ကူညီပါလို့မပြောမချင်း ဝင်ပါစရာမလိုတာပါ။
ငါ့သမီးမှန်တယ် ငါ့သားမှန်တယ် ဆိုတဲ့ အယူအဆဟာ မှားပါတယ်။ ကိုယ့်သားသမီးအကြောင်း သိတယ်ဆိုတာ ကလေးဘဝမှာပဲဖြစ်ပါလိမ့်မယ်။ ကလေးဘဝမှာသာ မိဘနဲ့တစ်နေကုန်ရှိနေလို့ သူတို့ အကျင့်လေးတွေ သိနေကြရတာ။ သူတို့်အရွယ်ရောက်တဲ့အခါ မိဘနဲ့နေချိန်နည်းလေ မိဘက သားသမီးစိတ်ကို မသိရလေဆိုတာကို သတိထားသင့်ပါတယ်။
သားသမီးဆိုတာ မိဘကို အစစအရာရာ ပြောပြချင်တဲ့အရွယ်ဆိုတာ အသက်လေးငါးဆယ်နှစ်အရွယ်မှာပဲရှိတယ်။ ဒါကို ကလေးလိုပဲ အကုန်သိချင်၊ အကုန်ဖြေရှင်းပေးချင်တယ်ဆိုရင်တော့ တကယ်ဖြစ်လာရင်တောင် မိဘကိုမတိုင်ပင်ကြတော့တာများပါတယ်။ ” ငါပြောသားပဲ” ဆိုတဲ့စကားနောက်က အပြစ်တင်မှုတွေဟာ ပြဿနာကိုဖြေရှင်းဖို့ ဝေးကွာစေတာ သားသမီးတွေကရိပ်စားမိကြပါတယ်။ သားသမီးအကြောင်း တကယ်သာသိရင် ဒါမျိုးမလုပ်သင့်တာကို သိကိုသိထားရမယ်။
5 ။`သားသမီးကိုပြောဆိုဆက်ဆံပုံမှားတာ´
အချို့ မိဘတွေရှိပါတယ် ။ ပြင်ပမှာတော့ လူငယ်လူကြီးမရွေးကို အရမ်းအလေးထား ဆက်ဆံတတ်ပါတယ်။ ပြောရရင် လူတွေအပေါ် လေးစားမှုရှိတာပေါ့ ။ သားသမီးကိုကျ အဲ့လိုမလုပ်နိုင်ကြပါဘူး။ သားသမီးဆိုတာ ငယ်နိုင်လိုဖြစ်နေတော့ စိတ်အလိုမကျတိုင်း သားသမီးကို နှိမ်နေတတ်တာမျိုးပါ။ စေတနာစကားပေမဲ့ အပြောမတတ်ရင် နားခါးတာလူ့သဘာဝပါ။ အပြင်ပန်းကမှတ်မထားချင်ရင်နေမယ် စိတ်ခံစားချက်ကတော့ မိဘက ငါပြောတိုင်း မကောင်းမြင်တယ်ဆိုပြီးဒေါသကြီးနေတတ်တဲ့ သားသမီးတွေရှိလာရတာပါ။
စိတ်ဆိုတာ အမြဲကြည်သာမနေပါဘူး။ အမြဲနားပူအောင် နေ့စဉ်ဆုံးမစကားဆိုမနေမိပါစေနဲ့။ သူနေ့စဉ်လုပ်တာတွေမှတ်ထားပြီး တစ်ပတ်တစ်ခါ တစ်လတစ်ခါလောက်သာ စားပွဲဝိုင်းမှာအေးအေးဆေးဆေးပဲ ဆုံးမစကား တစ်ခွန်းချင်းပြော သင့်ပါတယ်။
တစ်ပတ်တစ်ခါမို့ ဆုံးမရတာ စိတ်လဲရှည်တယ်။ သားသမီးအနေနဲ့လဲ မိဘက ချက်ကျလက်ကျပြောတော့ ငြင်းရခက်တယ်. ။သူ့အမှားကို ဆင်ခြင်နိုင်တယ်။ “ဒေါသပါတဲ့ ဆုံးမစကားဟာ ပြောင်းပြန်အကျိုးသက်ရောက်ပါတယ် ။ ” ဘာလို့လဲဆိုတော့ သားသမီးဆိုတာလူသားမို့ ဒေါသထွက်ရင်အရွဲ့တိုက်တတ်လို့ပါ။
အဆင်မပြေမှုတွေကို သူတို့လဲမလိုလားကြပါဘူး။ ဒါပေမဲ့ ငြင်းဆန်မရရင်တော့ မိဘနဲ့ထိပ်တိုက်ရင်ဆိုင်ခြင်းထက် အဝေးကို ပြေးသွားလိုက်တာ အကုသိုလ်အနည်းဆုံး အဆင်ပြေဆုံးလို့ ထင်မြင်ယူဆလာကြပါတယ်။
မိဘနဲ့အဆင်မပြေတဲ့ သားသမီးဟာ သူ့ဖာသာရပ်တည်နေရတဲ့အခါမှာလဲ အဆင်ပြေဘို့ဆိုတာမလွယ်ကူပါဘူး။ အဆင်ပြေပြေ မပြေပြေ မိဘမသိပါစေနဲ့ ။ အဆင်ပြေတယ်ပဲပြောလိုက်ပါ ။ တွေးပူနေတတ်တဲ့ မိဘကိုလည်း စိတ်မပင်ပန်းစေသလို အကုသိုလ်လဲနည်းစေပါတယ်။ တတ်နိုင်ရင် အဝေးကနေထောက်ပံ့ခြင်းကိုလုပ်လို့ရပါတယ်။ အနီးမှာပဲနေမယ်ဆိုလဲ မိဘနဲ့ အဆင်ပြေအောင် နည်းလမ်းရှာပြီး စိတ်လျော့ကြပါ။
မိဘဆိုတာ အဖိုးတန်ပါတယ်။ ဒါပေမဲ့ သားသမီးဆိုတာလဲ လူသားမို့ သူလဲသူ့တန်ဖိုးနဲ့သူ ရှိတယ်ဆိုတာ မိဘများ အထူးသတိချပ်မိကြရင် မိဘနဲ့သားသမီးများ ဆက်ဆံရေးဟာလဲ ပိုအဆင်ပြေကြမှာပါ…။
Credit:Original uploader.
Leave a Reply