ကမာၻ႔ အမ်ိဳးသားလူဦးေရ (၁၆)သန္းဟာ မြန္ဂိုဘုရင္ဂ်င္ဂ်စ္ခန္ ေသြးေႏွာေၾကာင္း သိရ

ကမာၻ႔အမ်ိဳးသားလူဦးေရ (၁၆)သန္းဟာ မြန္ဂိုဘုရင္ဂ်င္ဂ်စ္ခန္ ေသြးေႏွာေၾကာင္း သိရ

ကမာၻ႔ အမ်ိဳးသားလူဦးေရ (၁၆)သန္းဟာ မြန္ဂိုဘုရင္ဂ်င္ဂ်စ္ခန္ ေသြးေႏွာေၾကာင္း သိရ

(၁၃)ရာစုကေန (၁၄)ရာစုအတြင္းရွိခဲ့တဲ့ မြန္ဂိုအင္ပါယာဟာ ကမာၻ႔သမိုင္းမွာ သိမ္းပိုက္နယ္ေျမေတြအခ်င္းခ်င္း ထိစပ္ေနတဲ့ အႀကီးမားဆုံးအင္ပါယာႀကီးတစ္ခုျဖစ္ပါတယ္။ အင္ပါယာထူေထာင္သူေခါင္းေဆာင္ ဂ်င္ဂ်စ္ခန္ဟာ မယားေပါင္းမ်ားစြာယူၿပီး ကေလးေတြ အေျမာက္အျမားေမြးခဲ့သူလည္း ျဖစ္ပါတယ္။

(၂၀၁၃)မွာျပဳလုပ္ခဲ့တဲ့ ေလ့လာခ်က္တစ္ခုမွာေတာ့ ကမာၻေပၚမွာရွိတဲ့ အမ်ိဳးသားဦးေရ(၁၆)သန္းဟာ ဂ်င္ဂ်စ္ခန္က ဆင္းသက္လာတဲ့ သားစဥ္ေျမးဆက္ေတြ ျဖစ္တယ္လို႔ဆိုပါတယ္။

ဒီထက္ပိုၿပီး အံ့ၾသစရာေကာင္းတာတစ္ခုက ယခင္မြန္ဂိုအင္ပါယာထဲမွာ ေနထိုင္ေနၾကတဲ့ အမ်ိဳးသားဦးေရ(၈)ရာခိုင္ႏႈန္းေလာက္မွာ ဂ်င္ဂ်စ္ခန္နဲ႔ ဆက္ႏြယ္ေနတဲ့ Y ခ႐ိုမိုဇုန္းေတြ ရွိေနတာကို ေတြ႕ၾကရပါတယ္။

မြန္ဂိုအင္ပါယာဟာ တ႐ုတ္ကေန အီရန္ႏိုင္ငံ၊ ႐ုရွားရဲ႕ အစိတ္အပိုင္းအခ်ိဳ႕တိုင္ေအာင္ လႊမ္းမိုးအုပ္ခ်ဳပ္ခဲ့ပါတယ္။ ဂ်င္ဂ်စ္ခန္ဟာ မြန္ဂိုလီးယားမွာ (၁၁၆၂)ခုႏွစ္တုန္းက ေမြးဖြားခဲ့ပါတယ္။ အသက္(၁၆)ႏွစ္အ႐ြယ္မွာ ပထမဆုံး အိမ္ေထာင္ျပဳခဲ့ပါတယ္။

ခန္ရဲ႕ မိဖုရားေခါင္ႀကီး ေဘာ့ေတးဟာ မြန္ဂိုအင္ပါယာကို အေမြဆက္ခံမယ့္ သားေလးေယာက္ေမြးဖြားခဲ့ပါတယ္။ ဂ်င္ဂ်စ္ခန္လက္ထက္မွာ မြန္ဂိုစစ္တပ္ႀကီးဟာ အာရွတစ္ခြင္ကို ၾကမ္းၾကဳတ္စြာနဲ႔ ျဖန႔္က်က္သိမ္းပိုက္ခဲ့ပါတယ္။ ခန္လက္ထက္ စစ္ပြဲေတြအတြင္းမွာ လ်င္ျမန္လွတဲ့ မြန္ဂိုျမင္းစီးစစ္သည္ေတြဟာ ေအာင္ျမင္မႈေတြ ဆက္တိုက္ရရွိခဲ့ပါတယ္။

ဂ်င္ဂ်စ္ခန္နဲ႔ မြန္ဂိုစစ္တပ္ က်င့္သုံးတဲ့ နည္းလမ္းေတြကေတာ့ လူမဆန္ပဲ ရက္စက္႐ိုင္းစိုင္းလြန္းပါတယ္။ ၿမိဳ႕တစ္ၿမိဳ႕ကိုသိမ္းပိုက္ၿပီးၿပီဆိုတာနဲ႔ မြန္ဂိုေတြေတြဟာ ၿမိဳ႕ထဲမွာရွိတဲ့ လူေတြနဲ႔တိရစာၦန္ေတြကို အကုန္သတ္ျဖတ္ပါတယ္။ အသက္ရွင္က်န္ခဲ့တဲ့ လူေတြကိုေတာ့ ဓားျပတိုက္ၿပီး ပစၥည္းေတြသိမ္းယူတာနဲ႔ အမ်ိဳးသမီးေတြဆို မေတာ္မတရား ျပဳက်င့္တာေတြလုပ္ၾကပါတယ္။

တိုက္ပြဲေတြ ဆက္ေနတဲ့အခါ အခ်ိဳ႕လူေတြကို လူဒိုင္းသဖြယ္ ေရွ႕ကကာခိုင္းၿပီး အသုံးခ်ၾကပါတယ္။ နယ္ေျမတစ္ခုကိုသိမ္းပိုက္ၿပီးၿပီ ဆိုတာနဲ႔ ဂ်င္ဂ်စ္ခန္ဟာ သူ႔စိတ္ႀကိဳက္ အမ်ိဳးသမီးေတြကို ေ႐ြးခ်ယ္ၿပီး ေမာင္းမေဆာင္ထဲကို သြတ္သြင္းေစပါတယ္။ အခ်ိဳ႕ကလည္း ဂ်င္ဂ်စ္ခန္ဟာ ေနရာေဒသအသီးသီးက အမ်ိဳးသမီးေပါင္း(၁,၀၀၀) ေက်ာ္ကိုကိုယ္ဝန္တည္ေစခဲ့တယ္လို႔လည္း ဆိုၾကပါတယ္။

ခန္ဟာ (၁၂၂၇)ခုႏွစ္မွာေသဆုံးခဲ့ၿပီး ေသဆုံးရတဲ့ အေၾကာင္းရင္းကေတာ့ ပင္ပန္းႏြမ္းနယ္မႈေၾကာင့္လား၊ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါေဝဒနာေၾကာင့္လားဆိုတာ မသိရပါဘူး။ ဂ်င္ဂ်စ္ခန္ရဲ႕သားတစ္ဦးဟာဆိုရင္ မယားေတြ၊ အေျမႇာင္မယားေတြနဲ႔တင္ပဲ ေမြးထားတဲ့ သားအေယာက္(၄၀) ေလာက္ရွိတယ္လို႔သိရပါတယ္။

အာရွတိုက္ရဲ႕ အစိတ္အပိုင္းေတာ္ေတာ္မ်ားမ်ားနဲ႔ အေရွ႕ဥေရာပတိုက္အထိ အာဏာျဖန႔္က်က္ႏိုင္ခဲ့တဲ့ ဂ်င္ဂ်စ္ခန္ရဲ႕မ်ိဳး႐ိုးအေမြကို သားေတြကလည္း ကေလးေတြအမ်ားႀကီးေမြးၿပီး မ်ိဳး႐ိုးဆက္လက္ျပန႔္ႏွံ႔ေစခဲ့ၾကတယ္လို႔ယူဆရပါတယ္။

Unicode

ကမ္ဘာ့ အမျိုးသားလူဦးရေ (၁၆)သန်းဟာ မွန်ဂိုဘုရင်ဂျင်ဂျစ်ခန် သွေးနှောကြောင်း သိရ

(၁၃)ရာစုကနေ (၁၄)ရာစုအတွင်းရှိခဲ့တဲ့ မွန်ဂိုအင်ပါယာဟာ ကမ္ဘာ့သမိုင်းမှာ သိမ်းပိုက်နယ်မြေတွေအချင်းချင်း ထိစပ်နေတဲ့ အကြီးမားဆုံးအင်ပါယာကြီးတစ်ခုဖြစ်ပါတယ်။ အင်ပါယာထူထောင်သူခေါင်းဆောင် ဂျင်ဂျစ်ခန်ဟာ မယားပေါင်းများစွာယူပြီး ကလေးတွေ အမြောက်အမြားမွေးခဲ့သူလည်း ဖြစ်ပါတယ်။

(၂၀၁၃)မှာပြုလုပ်ခဲ့တဲ့ လေ့လာချက်တစ်ခုမှာတော့ ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသားဦးရေ(၁၆)သန်းဟာ ဂျင်ဂျစ်ခန်က ဆင်းသက်လာတဲ့ သားစဉ်မြေးဆက်တွေ ဖြစ်တယ်လို့ဆိုပါတယ်။

ဒီထက်ပိုပြီး အံ့သြစရာကောင်းတာတစ်ခုက ယခင်မွန်ဂိုအင်ပါယာထဲမှာ နေထိုင်နေကြတဲ့ အမျိုးသားဦးရေ(၈)ရာခိုင်နှုန်းလောက်မှာ ဂျင်ဂျစ်ခန်နဲ့ ဆက်နွယ်နေတဲ့ Y ခရိုမိုဇုန်းတွေ ရှိနေတာကို တွေ့ကြရပါတယ်။

မွန်ဂိုအင်ပါယာဟာ တရုတ်ကနေ အီရန်နိုင်ငံ၊ ရုရှားရဲ့အစိတ်အပိုင်းအချို့တိုင်အောင် လွှမ်းမိုးအုပ်ချုပ်ခဲ့ပါတယ်။ ဂျင်ဂျစ်ခန်ဟာ မွန်ဂိုလီးယားမှာ (၁၁၆၂)ခုနှစ်တုန်းက မွေးဖွားခဲ့ပါတယ်။ အသက်(၁၆)နှစ်အရွယ်မှာ ပထမဆုံး အိမ်ထောင်ပြုခဲ့ပါတယ်။

ခန်ရဲ့မိဖုရားခေါင်ကြီး ဘော့တေးဟာ မွန်ဂိုအင်ပါယာကိုအမွေဆက်ခံမယ့် သားလေးယောက်မွေးဖွားခဲ့ပါတယ်။ ဂျင်ဂျစ်ခန်လက်ထက်မှာ မွန်ဂိုစစ်တပ်ကြီးဟာ အာရှတစ်ခွင်ကို ကြမ်းကြုတ်စွာနဲ့ ဖြန့်ကျက်သိမ်းပိုက်ခဲ့ပါတယ်။ ခန်လက်ထက် စစ်ပွဲတွေအတွင်းမှာ လျင်မြန်လှတဲ့ မွန်ဂိုမြင်းစီးစစ်သည်တွေဟာ အောင်မြင်မှုတွေ ဆက်တိုက်ရရှိခဲ့ပါတယ်။

ဂျင်ဂျစ်ခန်နဲ့ မွန်ဂိုစစ်တပ် ကျင့်သုံးတဲ့ နည်းလမ်းတွေကတော့ လူမဆန်ပဲ ရက်စက်ရိုင်းစိုင်းလွန်းပါတယ်။ မြို့တစ်မြို့ကိုသိမ်းပိုက်ပြီးပြီဆိုတာနဲ့ မွန်ဂိုတွေတွေဟာ မြို့ထဲမှာရှိတဲ့ လူတွေနဲ့တိရစ္ဆာန်တွေကို အကုန်သတ်ဖြတ်ပါတယ်။ အသက်ရှင်ကျန်ခဲ့တဲ့ လူတွေကိုတော့ ဓားပြတိုက်ပြီး ပစ္စည်းတွေသိမ်းယူတာနဲ့ အမျိုးသမီးတွေဆို မတော်မတရား ပြုကျင့်တာတွေလုပ်ကြပါတယ်။

တိုက်ပွဲတွေ ဆက်နေတဲ့အခါ အချို့လူတွေကို လူဒိုင်းသဖွယ် ရှေ့ကကာခိုင်းပြီး အသုံးချကြပါတယ်။ နယ်မြေတစ်ခုကိုသိမ်းပိုက်ပြီးပြီ ဆိုတာနဲ့ ဂျင်ဂျစ်ခန်ဟာ သူ့စိတ်ကြိုက် အမျိုးသမီးတွေကို ရွေးချယ်ပြီး မောင်းမဆောင်ထဲကို သွတ်သွင်းစေပါတယ်။ အချို့ကလည်း ဂျင်ဂျစ်ခန်ဟာ နေရာဒေသအသီးသီးက အမျိုးသမီးပေါင်း(၁,၀၀၀) ကျော်ကိုကိုယ်ဝန်တည်စေခဲ့တယ်လို့လည်း ဆိုကြပါတယ်။

ခန်ဟာ (၁၂၂၇)ခုနှစ်မှာသေဆုံးခဲ့ပြီး သေဆုံးရတဲ့ အကြောင်းရင်းကတော့ ပင်ပန်းနွမ်းနယ်မှုကြောင့်လား၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာကြောင့်လားဆိုတာ မသိရပါဘူး။ ဂျင်ဂျစ်ခန်ရဲ့သားတစ်ဦးဟာဆိုရင် မယားတွေ၊ အမြှောင်မယားတွေနဲ့တင်ပဲ မွေးထားတဲ့ သားအယောက်(၄၀) လောက်ရှိတယ်လို့သိရပါတယ်။

အာရှတိုက်ရဲ့ အစိတ်အပိုင်းတော်တော်များများနဲ့ အရှေ့ဥရောပတိုက်အထိ အာဏာဖြန့်ကျက်နိုင်ခဲ့တဲ့ ဂျင်ဂျစ်ခန်ရဲ့မျိုးရိုးအမွေကို သားတွေကလည်း ကလေးတွေအများကြီးမွေးပြီး မျိုးရိုးဆက်လက်ပြန့်နှံ့စေခဲ့ကြတယ်လို့ယူဆရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*