လက်တလော ဖေ့ဘုတ်မှာ တန်းဖိုးကြီး အဝတ်အစားတွေနဲ့ ဘွဲ့တံဆိပ်ယူတဲ့ သူတွေကို ဝေဖန်သံတွေပါ

လက်တလော ဖေ့ဘုတ်မှာ တန်းဖိုးကြီး အဝတ်အစားတွေနဲ့ ဘွဲ့တံဆိပ်ယူတဲ့ သူတွေကို ဝေဖန်သံတွေပါ

လက်တလော ဖေ့ဘုတ်မှာ တန်းဖိုးကြီး အဝတ်အစားတွေနဲ့ ဘွဲ့တံဆိပ်ယူတဲ့ သူတွေကို ဝေဖန်သံတွေပါ

လန်ဘော်ဂနီ ကားတစ်စီးရဲ့ တန်ဘိုးက သိန်း၈သောင်းခွဲလောက်ရှိပါတယ် ။ ထီ သိန်းတစ်သောင်းခွဲကို ၇ ကြိမ်ဆက်တိုက်ပေါက်မှ လန်ဘော်ဂနီကားကို ဝယ်နိုင်မှာဖြစ်ပါတယ် ။᠌᠌᠌ ᠌᠌

လက်တလော ဖေ့ဘုတ်မှာ တန်းဖိုးကြီး အဝတ်အစားတွေနဲ့ ဘွဲ့တံဆိပ်ယူတဲ့ သူတွေကို ဝေဖန်သံတွေပါ။

အဝတ်အစား ရတနာတန်ဖိုးဟာ သိန်း သောင်းဂဏန်းဆိုတော့ သုဓမ္မသိင်္ဂီကျောက်မျက်ရတနာပြပွဲကြီး ဘာညာပေါ့။ ဝေဖန်တာထက် ပုတ်ခက်စော်ကားတဲ့ သူကရှိပါသေးတယ်။

ကိုယ့်အမြင်တော့ အရမ်းများလွန်းတာကြောင့်အံ့သြပြီး ဝေဖန်နေကြတာပါ။ တကယ်တော့ သူ့တို့အတွက်က အဲ့ဒါ ပိုင်ဆိုင်ချမ်းသာမှု အပေါ်ယံလေးပါ။ ကျပျောက်နေခဲ့တောင် ဘာမှမဖြစ်ဘူး…

ခင်ဗျားတို့ ပြောလည်း သူတို့က တုန့်ပြန်မှာ မဟုတ်သလို နောက်နေ့ ဖွဘုတ်ထက်မှာ ဆယ်လီ လုပ်မှာလည်း မဟုတ်ပါဘူး။ထားပါတော့…ဒီဘွဲ့တံဆိပ်တော်ရဖို့ သူတို့ စွမ်းဆောင်ခဲ့ရပုံ သူတို့ လှုဒါန်းခဲ့ရပုံကို ကြည့်ရအောင်…

ဒေါ်ပိုးဖြူအောင် ကတော့ အခု လတ်တလောမှ ပူပူနွေးနွေး သီဟသုဓမ္မသိင်္ဂီဘွဲ့ရထားသူပါ ။ ဒီဘွဲ့တွေရဖို့က အံ့မခန်း မရေတွက်နိုင်လောက်အောင် ပိုက်ဆံရှိရပါတယ် ။

ပိုက်ဆံရှိရုံနဲ့လည်း မရသေးပါဘူး ။ အလှူဒါနတွေနဲ့ ပရဟိတလုပ်ငန်းတွေမှာလည်း ပက်ပက်စက်စက် ရက်ရက်ရောရော လှူတမ်းတဲ့သူ ဖြစ်ရပါတယ် ။

မြင်ရတဲ့ ကြားရတဲ့သူတိုင်းက မချီးကျူးဘဲ မနေနိုင်လောက်အောင် သာဓုမခေါ်ဘဲ မနေနိုင်လောက်အောင် အားကျအတုယူ ရလောက်အောင်ကို လှူဒါန်းသူဖြစ်ရပါတယ် ။

ပိုက်ဆံချမ်းသာရုံနဲ့ ရတာတော့ မဟုတ်ပါဘူး ။ လူကြားကောင်းအောင် လှူရုံတမ်းရုံနဲ့လည်း မရပါဘူး ။ လူမြင်ကောင်းအောင် ခရိုဆန်ဆန် ပရဟိတ ဟန်ပြလောက်နဲ့လည်း မပေးပါဘူး ။

တကယ်ကို ထိုက်သင့်မှ လူတွင်မက နတ်တွေကပါ ဆင်းပြီး သာဓု ခေါ်လောက်အောင် ရက်ရောစွန့်ကျဲပေးကမ်းသူ ဖြစ်မှ ရတဲ့ဘွဲ့ပါ ။ ခပ်လွယ်လွယ် ခပ်ပေါ့ပေါ့ ပြောရရင်တော့ သူဌေးဖြစ်မှ ရတဲ့ဘွဲ့ပေါ့ ။

ဒါပေမယ့် သူဌေးဖြစ်ရုံနဲ့တော့ မရပါဘူး ။

သူဌေးဖြစ်ဖို့အတွက် ကံ ဉာဏ် ဝီရိယ ရှိမှဖြစ်တယ်ဆိုတဲ့နေရာမှ ဉာဏ်နဲ့ ဝီရိယက လုပ်ယူလို့ဖြစ်နိုင်ပေမယ့် ကံ…. ကံဆိုတဲ့နေရာမှာလည်း အတိတ်ကံပေါ့. …

ဘယ်လိုမှ လုပ်ယူလို့မရပါဘူး ။ သူတို့တတွေရဲ့ အတိတ်ကံ ဒါနကံက တော်တော်အားကြီးခဲ့တဲ့သူတွေဖြစ်ပါတယ် ။ မြန်မာပြည်မှာ အဲဒီလောက် ချမ်းသာတဲ့သူ လက်တစ်ဆုပ်စာ ရှိပါတယ် ။

မနာလို သွားဖြစ်ရင် အကုသိုလ်ရရုံပဲရှိမယ် ။ ပစ္စုပ္ပန်မှာ ဘာတွေဖြစ်လို့ ဘယ်လိုတွေပဲ လုပ်နေလုပ်နေ အတိတ်ကံ ဒါနကံအားတော့ တော်တော်ကြီးခဲ့ကြတယ် ဆိုတာတော့ မှတ်ယူထားလိုက်ပါ ။

သူတို့ ဘယ်လောက် ကြွယ်ဝချမ်းသာတယ်ဆိုတာ တွက်ဆလို့ရအောင် အရိပ်အမြွက်ဖော်ပြပါ့မယ် ။

သာမန်လူတန်းစားအဖို့ သိန်း တစ်သောင်းခွဲ ထီဆုကြီးက အကြီးကြီးပါ အများကြီးပါ ။ တကယ့် အိပ်မက်ကြီးပေါ့ ။ ထီပေါက်သွားသူအဖို့လည်း တကယ့်အရှင်လတ်လတ် နတ်ပြည်ရောက်သွားရသလိုပါပဲ ။

သူတို့အဖို့တော့ ဘာမှမဟုတ်သေးပါဘူး ။ လန်ဘော်ဂနီ ကားတစ်စီးရဲ့ တန်ဘိုးက သိန်း၈သောင်းခွဲလောက်ရှိပါတယ် ။

ထီ သိန်းတစ်သောင်းခွဲကို ၇ ကြိမ်ဆက်တိုက်ပေါက်မှ လန်ဘော်ဂနီကားကို ဝယ်နိုင်မှာဖြစ်ပါတယ် ။ သူတို့ ဘယ်လောက်ချမ်းသာကြသလဲဆိုရင် လန်ဘော်ဂနီကားကို အစီး ၂ဝ လောက် ပိုင်ဆိုင်ထားကြပါတယ် ။

ဒါက ကားအရေအတွက်ကိုပဲ ပြောတာနော် ။ ကျန်တဲ့ ပစ္စည်းတွေ စည်းစိမ်တွေ မပါသေးဘူးနော် ။ အဲလောက်ဆို တကယ့်သူဌေးကြီးတွေ ဘယ်လောက်ချမ်းသာသလဲဆိုတာ ခန့်မှန်းမိလောက်ပါပြီ ။

ကျွန်တော် အသက် ၂ဝ ဝန်းကျင်လောက်တုန်းက ထီဆုကြီးရဲ့ အမြင့်ဆုံးပမာဏက ၁၅ဝဝ ။ ထီ သိန်းထောင့်ငါးရာ ခေတ်ပေါ့ ။

အဲဒီအချိန်တုန်းက သူဌေးတစ်ယောက်အိမ်ရောက်တော့ သူနေတဲ့ တိုက်ခန်းကလေးကို သဘောကျခဲ့တယ် ။ တကယ် နတ်ဗိမာန်လို ခံစားလိုက်ရတယ် ။ ခြေထောက်တောင် မချရက်ဘူး ။

အဲဒီမှာ “ ကျွန်တော် ထီ သိန်းထောင့်ငါးရာ ပေါက်ရင် ဒီလိုတိုက်မျိုး ဆောက်မယ်ဗျာ ” လို့ ပြောမိတော့ “ ငါ့တူ သိန်းထောင့်ငါးရာထီ တစ်ကြိမ်ပေါက်ရုံနဲ့ မရဘူးကွယ့် ၃ ကြိမ်ပေါက်မှ ဒီတိုက်မျိုး ဆောက်လို့ရမယ် ” လို့ အပြောခံခဲ့ရဘူးတယ် ။

အရက်တစ်ပုလင်းကို ခင်ဗျားတို့ ကျွန်တော်တို့သိကြတာ ရက်ဒ် ဘလက် ဘလူး ဝှိုက် စီးလယ်ဗယ်, ချီးစ်ဗက် ဘာညာ စသဖြင့်ပေါ့ အနည်းဆုံး ၃ သောင်းကနေ အများဆုံး ၃ သိန်းခွဲပေါ ။

တကယ့် သူဌေးတွေသောက်နေကြတာက အနိမ့်ဆုံး ၁၈ သိန်းကနေ သိန်း အစိပ် သုံးဆယ်လောက်အထိ တန်တဲ့အရက်ပုလင်းတွေကို နေ့စဉ်နေ့တိုင်း သောက်နေကြတာပါ ။

ဆွဲကြိုးလေး လက်တစ်ဆစ်လောက် အိုင်ဖုန်း-၁၁ လောက်ကိုင် ကလစ်တို့ R-start ဒိုဆိုင်ကယ်တို့လောက် စီး, လေးငါးသောင်းတန် အရက်လောက် သောက်နိုင်လိုက်ကြရင်ကိုပဲ အရပ်ထဲမှာ သုံးမကုန်တဲ့ စည်းစိမ်ကြီး ပိုင်ဆိုင်ထားတယ် ထင်ကြတာ ။

ဖုန်းနဲ့ပတ်သက်လို့ နဲနဲလေး ပွားလိုက်ပါရစေဦး ။ အိုင်ဖုန်း-၁၁ က အလွန်ဆုံးတန်လှ သိန်း ၂ဝ ကနေ ၃ဝ ပါပဲ ။ တကယ့် ချမ်းသာတဲ့သူတွေ ကိုင်တဲ့ ကီးပတ်ဖုန်းတံဆိပ်က Vertu တဲ့ ။

အရှည်က Vertu Signature Diamond တဲ့ ။ အမေရိကန် ဒေါ်လာ ရှစ်သောင်းကျော် ကိုးသောင်းနီးပါး တန်ပါတယ် ။ မြန်မာငွေနဲ့ဆိုရင် သိန်း ၁၅ဝဝ နီးပါးတန်ပါတယ် ။

အိုင်ဖုန်းဆိုရင်လည်း သူတို့ကိုင်တာက iPhone Princess Plus တဲ့ ။ အမေရိကန်ဒေါ်လာ တစ်သိန်းခုနစ်သောင်းခွဲလောက်တန်ပါတယ် ။ မြန်မာငွေနဲ့ တွက်မကြည့်ရဲလို့ မတွက်တော့ပါဘူး ။

အိုင်ဖုန်းဆိုတဲ့နေရာမှာ ခင်ဗျားတို့ ကျွန်တော်တို့ သိတာက အိုင်ဖုန်း-၁၁ လောက်ပဲ အမြင့်ဆုံးလို့ သိကြတာပါ ။ စောန iPhone Princess Plus ဆိုတာတောင် ဘာမှ မဟုတ်သေးပါဘူး ။

ကမ္ဘာ့ အမြင့်ဆုံးသော အိုင်ဖုန်းက Diamond Rose iPhone တဲ့ ။ အမေရိကန်ဒေါ်လာ ၈ သန်းအထိ တန်ပါတယ် ။ ရိုင်းရိုင်းပြောရရင် ကိုယ့်နိုင်ငံအတွင်းက မြို့နယ်တစ်ခုကိုတောင် ဝယ်လို့ရနိုင်လောက်တဲ့ ပမာဏပါ ။

အဝတ်အစားဆိုရင်လည်း ၅ သောင်းတန် ၁ သိန်းတန်လောက်ဝတ်ပြီး ဆရာကြီး လုပ်နေကြတယ် ။ သူတို့ဝတ်တာတွေက အနိမ့်ဆုံး ၁ဝ သိန်းကနေ သိန်းရာချီပြီး တန်တဲ့အဝတ်အစားတွေ ဝတ်နေကြတာပါ ။

အခု ဒေါ်ပိုးဖြူအောင် အဝတ်ပေါ်က အနီစက်ကလေးတွေက တကယ့်ပတ္တမြား အစစ်တွေနော် ။ တန်ဘိုးကို ခန့်မှန်းမိအောင်လို့ပါ ။

ဒါက တကယ့်ကို လက်တစ်ဆုပ်စာ လူတန်းစား, သန်းခြောက်ဆယ်ဆိုတဲ့ လူဦးရေထဲ လူ ၃ဝ လောက်ကို ပြောတာပါ ။

အရမ်းကြီး ဘဝင်မမြင့်ဖို့, ပြောချင်တာပါ ။ ကျွန်တော်ကတော့ သူတို့ရဲ့ အတိတ်ကုသိုလ် အတိတ်ဒါန အားကြီးပုံကို အားကျမိပါတယ် ။ ပစ္စုပ္ပန်ဒါန အားကိုလည်း သာဓု အနုမောဒနာခေါ်ဆိုပါတယ် ။

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ

၁။ အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်၂။ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်(သာသနာတော်ဆိုင်ရာအမြင့်ဆုံးဘွဲ့တံဆိပ်တော်များဖြစ်သည်)(၁၃၇၂-ခု)၃။

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်၎။ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်၅။ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ၆။ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ၇။ မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်

၈။ မဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော် ၉။ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော် ၁၀။ ဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော်

၁၁။ အဂ္ဂမဟာကမ္မဋ္ဌာစရိယ ဘွဲ့တံဆိပ်တော် ၁၂။ မဟာကမ္မဋ္ဌာစရိယ ဘွဲ့တံဆိပ်တော် ၁၃။ စူဠကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် ၁၄။ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်{ လူအမျိုးသား } ၁၅။

အဂ္ဂမဟာ သိရီသုဓမ္မ မဏိဇောတဓရ ဘွဲ့တံဆိပ်တော် ၁၆။ သိရီသုဓမ္မ မဏိဇောတဓရ ဘွဲ့တံဆိပ်တော် ၁၇။ သီဟသုဓမ္မ မဏိဇောတဓရ ဘွဲ့တံဆိပ်တော်၁၈။

သုဓမ္မ မဏိဇောတဓရ ဘွဲ့တံဆိပ်တော် { လူအမျိုးသ္မီး } ၁၉။ အဂ္ဂမဟာ သိရီသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်တော် ၂၀။ သိရီသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်တော် ၂၁။ သီဟသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်တော်၂၂။ သုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်တော် ….. တို့ပဲဖြစ်ပါတယ် ။

Credit-ကိုရန်နိုင်

Be the first to comment

Leave a Reply

Your email address will not be published.


*