အရွင္ဘုရားတဲ့၊ ဗုဒၶဘာသာမွာ ေသရင္ ဘာျဖစ္မလဲ ဘယ္လို ယုံၾကည္ၾကလဲတဲ့

အရွင္ဘုရားတဲ့၊ ဗုဒၶဘာသာမွာ ေသရင္ ဘာျဖစ္မလဲ ဘယ္လို ယုံၾကည္ၾကလဲတဲ့

အရွင္ဘုရားတဲ့၊ ဗုဒၶဘာသာမွာ ေသရင္ ဘာျဖစ္မလဲ ဘယ္လို ယုံၾကည္ၾကလဲတဲ့

New York မွာ ဘယ္သူမွ မေမၽွာ္လင့္ဘဲ အေမရိကန္ဒကာေလးတစ္ေယာက္ကို တရား ေဟာျဖစ္ပါတယ္။ New York ေလဆိပ္ဝန္ထမ္းတစ္ေယာက္က ဦးဇင္းကို လာေမးတယ္ – အရွင္ဘုရားတဲ့၊ ဗုဒၶဘာသာမွာ ေသရင္ ဘာျဖစ္မလဲ ဘယ္လို ယုံၾကည္ၾကလဲတဲ့။

ဦးဇင္းက ေျပာျပတယ္ ဒီဘဝမွာ ေသရင္ ေနာက္ဘဝမွာ လူျဖစ္နိုင္ပါတယ္၊ တိရစၧာန္ ျဖစ္နိုင္ပါတယ္၊ နတ္ ျဖစ္နိုင္ပါတယ္၊ ဘုံ ၃၁ ဘုံမွ ၁ ဘုံမွာ ဘဝရမွာပါလို့ ေျပာထားပါတယ္။ (ကံအတိုင္း ျဖစ္တယ္လို့ ဦးဇင္းက ဒီမွာ မေျပာသင့္ေသးပါဘူး။

ဒီမွာ သူက ကံ၊ ကုသိုလ္ မေမးပါဘူး။ ဆက္ေမးရင္ ဦးဇင္း ေျဖရတယ္။ နိုင္ငံျခားသားေတြက ေသရင္ တစ္ခု ရွိ/မရွိ အဓိက သိခ်င္တာ။ေနာက္ဘဝ ရွိတယ္လို့ ယုံၾကည္မွ ဘယ္လို၊ ဘာေၾကာင့္လဲ ဆိုတာကို စိတ္ဝင္စားပါတယ္။)

အဲ့ဒီမွာ သူ ေမးတယ္။ ဒီလို ေနာက္ဘဝရမယ္ဆိုတာ သာဓက ရွိပါသလား၊ သက္ေသ ျပနိုင္မလားတဲ့။ ဦးဇင္းက ေျဖတယ္- ဟုတ္ပါတယ္။ Ian Stevenson နဲ႔ Jim Tucker ဆိုတဲ့ အေမရိကန္ ပေရာဖက္ဆာ ပညာရွင္ေတြက အရင္ဘဝကိုမွတ္မိတဲ့ကေလးေတြဆီ သြားၿပီး စုံစမ္းထားၾကပါတယ္။

စာအုပ္ေတြလည္း ထုတ္ေဝထားပါတယ္။ ကေလးေတြကလည္း အရင္ဘဝမွ မွတ္မိတဲ့အခ်က္အလက္ေတြကို မိဘ စသည္ ဘယ္သူမွ မသိခဲ့ပါဘူး မေျပာနိုင္ခဲ့ဘူး။ အရင္ဘဝမွာ သူတို့က ဘယ္နာမည္၊ ဘယ္အိမ္၊ ဘယ္အေတြ႕အၾကဳံရွိခဲ့လဲလို့ မွတ္မိၾကပါတယ္။

မွတ္တမ္း ႐ုံး (archive) ေတြမွာ ကေလးေတြ ေျပာျပထားတဲ့အခ်က္အလက္အတိုင္း အရင္ဘဝမွ ဘယ္မွာ၊ ဘယ္လို၊ ဘယ္ နာမည္၊ ဘယ္ အရည္အခ်င္းစသည့္ အခ်က္အလက္ အတိအက် အမ်ိဳးစုံကို ကေလးက ေျပာျပထားတဲ့အတိုင္း မွတ္တမ္းစာအုပ္ေတြမွ စစ္လို့ရပါတယ္၊ စစ္ၿပီးရင္ ကေလးေတြက ေျပာျပထားတဲ့ အရင္ဘဝက လူေတြကိုလည္း ေတြ႕ရတယ္၊ အားလုံးက အတိအက် မွန္တယ္လို့လည္း သိရပါတယ္။ အဲ့လို ကေလးေတြ အမ်ားႀကီးရွိပါတယ္။

အဲဒီမွ ဦးဇင္းတို့ သြားရမယ္ဆိုေတာ့ ဒကာေလးက ေလၽွာက္တယ္ – ေၾသာ္…. ဒီေန႔ ဗဟုသုတ ရသြားၿပီ… ေက်းဇူးတင္ပါတယ္တဲ့။

ဆရာေတာ္၊ ဆရာေလး၊ ဒကာ၊ ဒကာမမ်ားအားလုံးက်န္းမာခ်မ္းသာၾကပါေစ(ခဏေလး ယူအက္စ္ USA မွာ) ခ်က္ခ္ အရွင္ သရဏ

credit Ashin Sarana

Unicode

အရှင်ဘုရားတဲ့၊ ဗုဒ္ဓဘာသာမှာ သေရင် ဘာဖြစ်မလဲ ဘယ်လို ယုံကြည်ကြလဲတဲ့

New York မှာ ဘယ်သူမှ မမျှော်လင့်ဘဲ အမေရိကန်ဒကာလေးတစ်ယောက်ကို တရား ဟောဖြစ်ပါတယ်။ New York လေဆိပ်ဝန်ထမ်းတစ်ယောက်က ဦးဇင်းကို လာမေးတယ် – အရှင်ဘုရားတဲ့၊ ဗုဒ္ဓဘာသာမှာ သေရင် ဘာဖြစ်မလဲ ဘယ်လို ယုံကြည်ကြလဲတဲ့။

ဦးဇင်းက ပြောပြတယ် ဒီဘဝမှာ သေရင် နောက်ဘဝမှာ လူဖြစ်နိုင်ပါတယ်၊ တိရစ္ဆာန် ဖြစ်နိုင်ပါတယ်၊ နတ် ဖြစ်နိုင်ပါတယ်၊ ဘုံ ၃၁ ဘုံမှ ၁ ဘုံမှာ ဘဝရမှာပါလို့ ပြောထားပါတယ်။ (ကံအတိုင်း ဖြစ်တယ်လို့ ဦးဇင်းက ဒီမှာ မပြောသင့်သေးပါဘူး။

ဒီမှာ သူက ကံ၊ ကုသိုလ် မမေးပါဘူး။ ဆက်မေးရင် ဦးဇင်း ဖြေရတယ်။ နိုင်ငံခြားသားတွေက သေရင် တစ်ခု ရှိ/မရှိ အဓိက သိချင်တာ။နောက်ဘဝ ရှိတယ်လို့ ယုံကြည်မှ ဘယ်လို၊ ဘာကြောင့်လဲ ဆိုတာကို စိတ်ဝင်စားပါတယ်။)

အဲ့ဒီမှာ သူ မေးတယ်။ ဒီလို နောက်ဘဝရမယ်ဆိုတာ သာဓက ရှိပါသလား၊ သက်သေ ပြနိုင်မလားတဲ့။ ဦးဇင်းက ဖြေတယ်- ဟုတ်ပါတယ်။ Ian Stevenson နဲ့ Jim Tucker ဆိုတဲ့ အမေရိကန် ပရောဖက်ဆာ ပညာရှင်တွေက အရင်ဘဝကိုမှတ်မိတဲ့ကလေးတွေဆီ သွားပြီး စုံစမ်းထားကြပါတယ်။

စာအုပ်တွေလည်း ထုတ်ဝေထားပါတယ်။ ကလေးတွေကလည်း အရင်ဘဝမှ မှတ်မိတဲ့အချက်အလက်တွေကို မိဘ စသည် ဘယ်သူမှ မသိခဲ့ပါဘူး မပြောနိုင်ခဲ့ဘူး။ အရင်ဘဝမှာ သူတို့က ဘယ်နာမည်၊ ဘယ်အိမ်၊ ဘယ်အတွေ့အကြုံရှိခဲ့လဲလို့ မှတ်မိကြပါတယ်။

မှတ်တမ်း ရုံး (archive) တွေမှာ ကလေးတွေ ပြောပြထားတဲ့အချက်အလက်အတိုင်း အရင်ဘဝမှ ဘယ်မှာ၊ ဘယ်လို၊ ဘယ် နာမည်၊ ဘယ် အရည်အချင်းစသည့် အချက်အလက် အတိအကျ အမျိုးစုံကို ကလေးက ပြောပြထားတဲ့အတိုင်း မှတ်တမ်းစာအုပ်တွေမှ စစ်လို့ရပါတယ်၊ စစ်ပြီးရင် ကလေးတွေက ပြောပြထားတဲ့ အရင်ဘဝက လူတွေကိုလည်း တွေ့ရတယ်၊ အားလုံးက အတိအကျ မှန်တယ်လို့လည်း သိရပါတယ်။ အဲ့လို ကလေးတွေ အများကြီးရှိပါတယ်။

အဲဒီမှ ဦးဇင်းတို့ သွားရမယ်ဆိုတော့ ဒကာလေးက လျှောက်တယ် – သြော်…. ဒီနေ့ ဗဟုသုတ ရသွားပြီ… ကျေးဇူးတင်ပါတယ်တဲ့။

ဆရာတော်၊ ဆရာလေး၊ ဒကာ၊ ဒကာမများအားလုံးကျန်းမာချမ်းသာကြပါစေ(ခဏလေး ယူအက်စ် USA မှာ) ချက်ခ် အရှင် သရဏ

credit Ashin Sarana

Be the first to comment

Leave a Reply

Your email address will not be published.


*