လူေတြရဲ႕ ေမတၱာ ေစတနာကို နင္းၿပီး လိမ္ေနတဲ႕ လတ္တေလာ ေခတ္စားေနတဲ့ လိမ္နည္း (၂)မ်ိဳး

လူေတြရဲ႕ ေမတၱာ ေစတနာကို နင္းၿပီး လိမ္ေနတဲ႕ လတ္တေလာ ေခတ္စားေနတဲ့ လိမ္နည္း (၂)မ်ိဳး

လူေတြရဲ႕ ေမတၱာ ေစတနာကို နင္းၿပီး လိမ္ေနတဲ႕ လတ္တေလာ ေခတ္စားေနတဲ့ လိမ္နည္း (၂)မ်ိဳး

“လတ္တေလာ ေခတ္စားေနတဲ့ လိမ္နည္း (၂)မ်ိဳး”

တစ္ေန႔က ျဖဴးကို ကိစၥေလးရွိလို႔ အျမန္လမ္းကေန အသြား ဘုန္းဘုန္း တစ္ပါး ေနပူႀကီးထဲ လမ္းေဘးမွာ ကားေစာင့္ေနတာ ေတြ႕လို႔ ကားရပ္ေပးလိုက္တယ္.. (ကားက ကြၽန္ေတာ့္အသင္းက Ambulance ကားပါ..)

“ဘုန္းဘုန္း…ကားေစာင့္ေနတာလား..” ဆိုေတာ့ ကားကို တစ္ခ်က္ ၾကည့္ၿပီး အိုးတို႔ အန္းတမ္းနဲ႔ ဟုတ္တယ္တဲ့.. “ဘယ္ႂကြ မလို႔လဲ ဘုရား..” “ဒကာေလးက ဘယ္သြားမွာလဲ..” “ျဖဴး..ကိုသြားမလို႔ဘုရား..” “ဥဴးဇင္းက ေတာင္ငူႂကြမွာ.. သြားသြား..ဒကာေလး..” “ရတယ္ဘုရား..တပည့္ေတာ္က ျဖဴးမွာ ခဏရယ္..ေတာင္ငူခ်က္ျခင္းသြားမွာ.. လိုက္ခဲ့..” (အမွန္က ေတာင္ငူသြားစရာအေၾကာင္းမရွိပါ.. တမင္ ေျပာတာ..) “သြားပါ..ဒကာေလး..ရတယ္..ရတယ္. မလိုက္ဘူး.. .” ဆိုၿပီး အနားကေန ခ်ာခနဲ ထြက္သြားတယ္..

ေနထိုင္ရာ ဖဒိုၿမိဳ႕က အျမန္လမ္းေဘးမွာ ရွိေနတာကတစ္ေၾကာင္း အျမန္လမ္းကို ဖန္တစ္ရာေတေအာင္ Ambulance အသုံးျပဳရတာကတစ္ေၾကာင္း လမ္းေဘးမွာ မၾကာခဏကားတားစီးတဲ့ ရဟန္းသံဃာမ်ားနဲ႔ ဆုံရတတ္ပါတယ္.. ေတြ႕တိုင္း ကြၽန္ေတာ္လမ္းႀကဳံ တင္တယ္..

႐ိုး႐ိုးသားသား လမ္းႀကဳံလိုက္ခ်င္တဲ့ ရဟန္း သံဃာေတြဆို ခ်က္ျခင္းလိုက္ပါတယ္.. သြားလိုတဲ့ မိုင္တိုင္ကိုေျပာၿပီး ကားေပၚမွာ ေအးခ်မ္းစြာ သီတင္းသုံး လိုက္လာတတ္တယ္..

ဆန္းဆန္းျပားျပား ကိုယ္ေတာ္ေတြဆိုရင္ေတာ့ ကြၽန္ေတာ့္ Ambulance ကို မစီးပါ.. သူတို႔က အိမ္စီးကားမွ စီးပါတယ္.. ၿပီးရင္ေတာ့ ကားေပၚေရာက္ရင္ အလာပ သလာပ ေျပာပါလိမ့္မယ္.. ကားေမာင္းတဲ့သူက “အရွင္ဘုရား ဘယ္က ႂကြလာတာလဲ ” လို႔ ေမးတဲ့အခါ.. သာသနာအတြက္ အင္မတန္ပင္ပန္းဆင္းရဲႀကီးစြာ အားထုတ္ေနရတဲ့ သူ႔ဘဝအေၾကာင္းနဲ႔ သူေဆးကုဖို႔ သို႔မဟုတ္ သူ႔ဝါး ဓနိ ေက်ာင္းေလး မိုးယိုေနတာ ျပဳျပင္ေပးမယ့္သူမရွိလို႔ ႐ြာမွာရွိေနတဲ့ အမ်ိဳးေတြဆီလာၿပီး ေငြေလး ၅ေသာင္း ေလာက္ ေခ်းငွါးတာ အဆင္မေျပခဲ့တဲ့အေၾကာင္း …. ဇာတ္နာစြာ ျပန္ေျပာျပပါလိမ့္မယ္.. အဲဒီအခါ ကားေမာင္းသူက သဒၵါေပါက္ၿပီး လမ္းႀကဳံဒါန အေနနဲ႔ လႉပါလိမ့္မယ္.. (ကိုယ္ပိုင္ကားစီးႏိုင္သူေလ..) (လိုအပ္ေနတဲ့ ေငြကလည္း ၅ေသာင္း ထဲေလ..)

အျမန္လမ္းနားမွာေနတဲ့ ကြၽန္ေတာ္တို႔အတြက္ ဖန္တရာေတ ႐ိုးေနတဲ့ ဇာတ္လမ္းျဖစ္ေပမယ့္ လူေတြ ခုခ်ိန္ထိ အလိမ္ခံေနရဆဲ.. တစ္ခါတစ္ေလ အဲ့လို လႉလိုက္တဲ့အေၾကာင္း ေဖ့ဘြတ္ ေပၚမွာပုံေလးေတြနဲ႔ ေတြ႕ရတဲ့အခါ မခ်ိၿပဳံးပဲ ၿပဳံးမိေတာ့တယ္..

အဲဒီလို လူလိမ္ကိုယ္ေတာ္ေတြ အျမန္လမ္းေဘးမွာ မ်ားလာေတာ့ တကယ့္ကို ကားႀကဳံလိုက္ခ်င္တဲ့ ရဟန္းေတာ္ေတြအတြက္ ခက္ခဲသြားတယ္.. ဒီအေၾကာင္းသိတဲ့ ကားေတြကလည္း လူႀကဳံ မတင္ရဲေတာ့ဘူး.. ဒီလို လိမ္နည္းမ်ိဳးကို “ေမတၱာ ေစတနာကို နင္းၿပီး လိမ္နည္း” လို႔ ေခၚပါတယ္..

ေလာကမွာ လူလိမ္ေတြ အသုံးျပဳတဲ့ အေျခခံလိမ္နည္း ၂ မ်ိဳးပဲ ရွိပါတယ္… (၁) လူေတြရဲ႕ ေလာဘကိုနင္းၿပီး လိမ္နည္း နဲ႔ (၂) လူေတြရဲ႕ ေမတၱာ ေစတနာကို နင္းၿပီး လိမ္နည္း ပါ။

(၁) လူေတြရဲ႕ ေလာဘကို နင္းၿပီး လိမ္နည္း

အစုစပ္လုပ္ငန္းေတြလုပ္ၾကမယ္ေဟ့ တစ္လကို ၁၀ တိုး ၊ ၂၀ တိုး ရမယ္.. အိုး…ထည့္လိုက္ၾကတဲ့ ေငြေတြဆိုတာ ႏွစ္လ ေလာက္နဲ႔ သိန္းေပါင္း ေသာင္းခ်ီတယ္..

ဟိုးအရင္ .. ႏွစ္ေပါင္း ၂၀ ေက်ာ္က ဧရာေျမ ကုမၼဏီ TV မွာ ေၾကာ္ျငာၿပီး တစ္ႏိုင္ငံလုံးကို လိမ္သြားတာကေန ခုခ်ိန္ထိ လူေတြ မမွတ္ေသးဘူး.. ဒီလို လူေတြရဲ႕ ေလာဘကို နင္းၿပီး လိမ္နည္းဟာ အလိမ္ခံရသူမွာ ေငြေၾကးဆုံးရႈံးမႈမ်ားလို႔ သူတစ္ဦးထဲသာ ထိခိုက္ နစ္နာတယ္.. က်န္တဲ့သူကို မထိခိုက္ဘူး..

(၂) လူေတြရဲ႕ ေမတၱာ၊ေစတနာကို နင္းၿပီး လိမ္နည္း

ဆူးေလဘုရားနားမွ ဖိနပ္ျပတ္သြားတဲ့ ကိုယ္ေတာ္ ခုခ်ိန္ထိ ဖိနပ္အသစ္ မဝယ္ရေသးဘူး..

ကားေပၚမွာ စာ႐ြက္ေလးေတြ လိုက္ကမ္းေနတဲ့ ကေလးမေလး .. သူ႔အသက္သာႀကီးလာတယ္..သူ႔အေမရဲ႕ ကိုယ္ေရျပားေဝဒနာ မေပ်ာက္ေသးဘူး..

ကေလးတစ္ဖက္နဲ႔ စပါးႏွံ ေတာင္းႀကီးထမ္းၿပီး ငွက္စာေတြလိုက္ေရာင္းေနတဲ့ စံျပဖခင္ ဦးေလးႀကီးကလည္း လူစည္တဲ့ေနရာဆို ေသြးတိုးၿပီး အာဟာရျပတ္ မူးလဲေနတာ ခုခ်ိန္ထိ ေဝဒနာ မေပ်ာက္ေသးဘူး..

ေအာင္မဂၤလာ အေဝးေျပးမွာ နယ္ကိုျပန္ဖို႔ လမ္းစရိတ္ကုန္သြားတဲ့ ကိုယ္ေတာ္ ခုခ်ိန္ထိ သူျပန္လိုတဲ့နယ္ကို မေရာက္ေသးဘူး..

လူေတြရဲ႕ ေမတၱာ ေစတနာကို နင္းၿပီး လိမ္ေနလိုက္ၾကတာ.. ျမန္မာလူမ်ိဳးေတြရဲ႕ သနားတဲ့စိတ္ ကိုယ္ခ်င္းစာတဲ့စိတ္ကို နင္းၿပီး ထြက္ေပၚလာတဲ့ လိမ္နည္းေတြ..

ဒီလို လိမ္နည္းက အလိမ္ခံရသူမွာ ေငြေၾကးဆုံးရႈံးမႈနည္းတယ္..ဒါေပမဲ့ ဒီလိုလိမ္နည္းေတြေၾကာင့္ ေလာကပါလ တရား ပ်က္စီးပါတယ္.. ဗုဒၶဘာသာ ႏိုင္ငံမို႔ သကၤန္းဝတ္ၿပီး လိမ္တဲ့အခါ သံဃာစစ္ သံဃာမွန္ေတြအေပၚ အင္မတန္ နစ္နာတယ္.. အမွန္ ဒုကၡႀကဳံရသူမွာလည္း သူတို႔ေတြေၾကာင့္ အကူအညီရဖို႔ ခက္သြားတယ္..

ဥပမာ.. တကယ္ နယ္ျပန္ဖို႔ လမ္းစရိတ္ျပတ္သြားတဲ့ ရဟန္းေတာ္တစ္ပါး ၊ တကယ္ ဖိနပ္ျပတ္သြားတဲ့ ရဟန္းေတာ္တစ္ပါး ၊ ေဈးေရာင္းရင္း တကယ္မူးလဲသြားတဲ့ သူ ၊ မိဘႏွစ္ပါး တကယ္ေရာဂါရေနလို႔ အကူအညီလိုအပ္ေနတဲ့ ကေလးငယ္ ၊ အကူအညီရဖို႔ ခက္ခဲသြားတယ္.. သူ႔ကိုယ္မယုံ သူ႔ကိုယ္မယုံ အေျခအေနေတြ ျဖစ္ေပၚလာတာဟာ ေမတၱာ ေစတနာကို ခုတုံး လုပ္ၿပီး လိမ္သူေတြေၾကာင့္ပါ.. သိပ္ဆိုးပါတယ္…

စာလည္းရွည္သြားၿပီ..နိဂုံးအေနနဲ႔ ေျပာရရင္ အဲဒီလို လူလိမ္မ်ိဳးနဲ႔ ကိုယ္ႀကဳံလာရင္ ေဖာ္ထုတ္ေပးဖို႔ လိုအပ္ပါတယ္.. ဒါေပမဲ့ ေဖာ္ထုတ္တဲ့ေနရာမွာေတာ့ သတိႀကီးႀကီး ဉာဏ္ႀကီးႀကီး ထားဖို႔လိုပါတယ္.. (ကိုယ္နာမည္ႀကီးဖို႔ ၊ သူအရွက္ကြဲေစဖို႔ ဦးမတည္သင့္ပါဘူး..) မဟုတ္ရင္ေတာ့ ေမတၱာ ေစတနာကို မ်က္စိစုံမွိတ္ၿပီး ခံစားသက္ဝင္တဲ့ ဒီႏိုင္ငံမွာ အမွန္တရားရဲ႕ သူရဲေကာင္းလုပ္ခ်င္တဲ့ ခင္ဗ်ားဟာ အားလုံးရဲ႕အျမင္မယ္ လူဆိုး တစ္ေယာက္ ျဖစ္သြားႏိုင္ပါတယ္..

Credit ကိုစိုးထိုက္(ဖဒို)

Unicode

လူတွေရဲ့ မေတ္တာ စေတနာကို နင်းပြီး လိမ်နေတဲ့ လတ်တလော ခေတ်စားနေတဲ့ လိမ်နည်း (၂)မျိုး

“လတ်တလော ခေတ်စားနေတဲ့ လိမ်နည်း (၂)မျိုး”

တစ်နေ့က ဖြူးကို ကိစ္စလေးရှိလို့ အမြန်လမ်းကနေ အသွား ဘုန်းဘုန်း တစ်ပါး နေပူကြီးထဲ လမ်းဘေးမှာ ကားစောင့်နေတာ တွေ့လို့ ကားရပ်ပေးလိုက်တယ်.. (ကားက ကျွန်တော့်အသင်းက Ambulance ကားပါ..)

“ဘုန်းဘုန်း…ကားစောင့်နေတာလား..” ဆိုတော့ ကားကို တစ်ချက် ကြည့်ပြီး အိုးတို့ အန်းတမ်းနဲ့ ဟုတ်တယ်တဲ့.. “ဘယ်ကြွ မလို့လဲ ဘုရား..” “ဒကာလေးက ဘယ်သွားမှာလဲ..” “ဖြူး..ကိုသွားမလို့ဘုရား..” “ဥူးဇင်းက တောင်ငူကြွမှာ.. သွားသွား..ဒကာလေး..” “ရတယ်ဘုရား..တပည့်တော်က ဖြူးမှာ ခဏရယ်..တောင်ငူချက်ခြင်းသွားမှာ.. လိုက်ခဲ့..” (အမှန်က တောင်ငူသွားစရာအကြောင်းမရှိပါ.. တမင် ပြောတာ..) “သွားပါ..ဒကာလေး..ရတယ်..ရတယ်. မလိုက်ဘူး.. .” ဆိုပြီး အနားကနေ ချာခနဲ ထွက်သွားတယ်..

နေထိုင်ရာ ဖဒိုမြို့က အမြန်လမ်းဘေးမှာ ရှိနေတာကတစ်ကြောင်း အမြန်လမ်းကို ဖန်တစ်ရာတေအောင် Ambulance အသုံးပြုရတာကတစ်ကြောင်း လမ်းဘေးမှာ မကြာခဏကားတားစီးတဲ့ ရဟန်းသံဃာများနဲ့ ဆုံရတတ်ပါတယ်.. တွေ့တိုင်း ကျွန်တော်လမ်းကြုံ တင်တယ်..

ရိုးရိုးသားသား လမ်းကြုံလိုက်ချင်တဲ့ ရဟန်း သံဃာတွေဆို ချက်ခြင်းလိုက်ပါတယ်.. သွားလိုတဲ့ မိုင်တိုင်ကိုပြောပြီး ကားပေါ်မှာ အေးချမ်းစွာ သီတင်းသုံး လိုက်လာတတ်တယ်..

ဆန်းဆန်းပြားပြား ကိုယ်တော်တွေဆိုရင်တော့ ကျွန်တော့် Ambulance ကို မစီးပါ.. သူတို့က အိမ်စီးကားမှ စီးပါတယ်.. ပြီးရင်တော့ ကားပေါ်ရောက်ရင် အလာပ သလာပ ပြောပါလိမ့်မယ်.. ကားမောင်းတဲ့သူက “အရှင်ဘုရား ဘယ်က ကြွလာတာလဲ ” လို့ မေးတဲ့အခါ.. သာသနာအတွက် အင်မတန်ပင်ပန်းဆင်းရဲကြီးစွာ အားထုတ်နေရတဲ့ သူ့ဘဝအကြောင်းနဲ့ သူဆေးကုဖို့ သို့မဟုတ် သူ့ဝါး ဓနိ ကျောင်းလေး မိုးယိုနေတာ ပြုပြင်ပေးမယ့်သူမရှိလို့ ရွာမှာရှိနေတဲ့ အမျိုးတွေဆီလာပြီး ငွေလေး ၅သောင်း လောက် ချေးငှါးတာ အဆင်မပြေခဲ့တဲ့အကြောင်း …. ဇာတ်နာစွာ ပြန်ပြောပြပါလိမ့်မယ်.. အဲဒီအခါ ကားမောင်းသူက သဒ္ဒါပေါက်ပြီး လမ်းကြုံဒါန အနေနဲ့ လှူပါလိမ့်မယ်.. (ကိုယ်ပိုင်ကားစီးနိုင်သူလေ..) (လိုအပ်နေတဲ့ ငွေကလည်း ၅သောင်း ထဲလေ..)

အမြန်လမ်းနားမှာနေတဲ့ ကျွန်တော်တို့အတွက် ဖန်တရာတေ ရိုးနေတဲ့ ဇာတ်လမ်းဖြစ်ပေမယ့် လူတွေ ခုချိန်ထိ အလိမ်ခံနေရဆဲ.. တစ်ခါတစ်လေ အဲ့လို လှူလိုက်တဲ့အကြောင်း ဖေ့ဘွတ် ပေါ်မှာပုံလေးတွေနဲ့ တွေ့ရတဲ့အခါ မချိပြုံးပဲ ပြုံးမိတော့တယ်..

အဲဒီလို လူလိမ်ကိုယ်တော်တွေ အမြန်လမ်းဘေးမှာ များလာတော့ တကယ့်ကို ကားကြုံလိုက်ချင်တဲ့ ရဟန်းတော်တွေအတွက် ခက်ခဲသွားတယ်.. ဒီအကြောင်းသိတဲ့ ကားတွေကလည်း လူကြုံ မတင်ရဲတော့ဘူး.. ဒီလို လိမ်နည်းမျိုးကို “မေတ္တာ စေတနာကို နင်းပြီး လိမ်နည်း” လို့ ခေါ်ပါတယ်..

လောကမှာ လူလိမ်တွေ အသုံးပြုတဲ့ အခြေခံလိမ်နည်း ၂ မျိုးပဲ ရှိပါတယ်… (၁) လူတွေရဲ့ လောဘကိုနင်းပြီး လိမ်နည်း နဲ့ (၂) လူတွေရဲ့ မေတ္တာ စေတနာကို နင်းပြီး လိမ်နည်း ပါ။

(၁) လူတွေရဲ့ လောဘကို နင်းပြီး လိမ်နည်း

အစုစပ်လုပ်ငန်းတွေလုပ်ကြမယ်ဟေ့ တစ်လကို ၁၀ တိုး ၊ ၂၀ တိုး ရမယ်.. အိုး…ထည့်လိုက်ကြတဲ့ ငွေတွေဆိုတာ နှစ်လ လောက်နဲ့ သိန်းပေါင်း သောင်းချီတယ်..

ဟိုးအရင် .. နှစ်ပေါင်း ၂၀ ကျော်က ဧရာမြေ ကုမ္မဏီ TV မှာ ကြော်ငြာပြီး တစ်နိုင်ငံလုံးကို လိမ်သွားတာကနေ ခုချိန်ထိ လူတွေ မမှတ်သေးဘူး.. ဒီလို လူတွေရဲ့ လောဘကို နင်းပြီး လိမ်နည်းဟာ အလိမ်ခံရသူမှာ ငွေကြေးဆုံးရှုံးမှုများလို့ သူတစ်ဦးထဲသာ ထိခိုက် နစ်နာတယ်.. ကျန်တဲ့သူကို မထိခိုက်ဘူး..

(၂) လူတွေရဲ့ မေတ္တာ၊စေတနာကို နင်းပြီး လိမ်နည်း

ဆူးလေဘုရားနားမှ ဖိနပ်ပြတ်သွားတဲ့ ကိုယ်တော် ခုချိန်ထိ ဖိနပ်အသစ် မဝယ်ရသေးဘူး..

ကားပေါ်မှာ စာရွက်လေးတွေ လိုက်ကမ်းနေတဲ့ ကလေးမလေး .. သူ့အသက်သာကြီးလာတယ်..သူ့အမေရဲ့ ကိုယ်ရေပြားဝေဒနာ မပျောက်သေးဘူး..

ကလေးတစ်ဖက်နဲ့ စပါးနှံ တောင်းကြီးထမ်းပြီး ငှက်စာတွေလိုက်ရောင်းနေတဲ့ စံပြဖခင် ဦးလေးကြီးကလည်း လူစည်တဲ့နေရာဆို သွေးတိုးပြီး အာဟာရပြတ် မူးလဲနေတာ ခုချိန်ထိ ဝေဒနာ မပျောက်သေးဘူး..

အောင်မင်္ဂလာ အဝေးပြေးမှာ နယ်ကိုပြန်ဖို့ လမ်းစရိတ်ကုန်သွားတဲ့ ကိုယ်တော် ခုချိန်ထိ သူပြန်လိုတဲ့နယ်ကို မရောက်သေးဘူး..

လူတွေရဲ့ မေတ္တာ စေတနာကို နင်းပြီး လိမ်နေလိုက်ကြတာ.. မြန်မာလူမျိုးတွေရဲ့ သနားတဲ့စိတ် ကိုယ်ချင်းစာတဲ့စိတ်ကို နင်းပြီး ထွက်ပေါ်လာတဲ့ လိမ်နည်းတွေ..

ဒီလို လိမ်နည်းက အလိမ်ခံရသူမှာ ငွေကြေးဆုံးရှုံးမှုနည်းတယ်..ဒါပေမဲ့ ဒီလိုလိမ်နည်းတွေကြောင့် လောကပါလ တရား ပျက်စီးပါတယ်.. ဗုဒ္ဓဘာသာ နိုင်ငံမို့ သင်္ကန်းဝတ်ပြီး လိမ်တဲ့အခါ သံဃာစစ် သံဃာမှန်တွေအပေါ် အင်မတန် နစ်နာတယ်.. အမှန် ဒုက္ခကြုံရသူမှာလည်း သူတို့တွေကြောင့် အကူအညီရဖို့ ခက်သွားတယ်..

ဥပမာ.. တကယ် နယ်ပြန်ဖို့ လမ်းစရိတ်ပြတ်သွားတဲ့ ရဟန်းတော်တစ်ပါး ၊ တကယ် ဖိနပ်ပြတ်သွားတဲ့ ရဟန်းတော်တစ်ပါး ၊ ဈေးရောင်းရင်း တကယ်မူးလဲသွားတဲ့ သူ ၊ မိဘနှစ်ပါး တကယ်ရောဂါရနေလို့ အကူအညီလိုအပ်နေတဲ့ ကလေးငယ် ၊ အကူအညီရဖို့ ခက်ခဲသွားတယ်.. သူ့ကိုယ်မယုံ သူ့ကိုယ်မယုံ အခြေအနေတွေ ဖြစ်ပေါ်လာတာဟာ မေတ္တာ စေတနာကို ခုတုံး လုပ်ပြီး လိမ်သူတွေကြောင့်ပါ.. သိပ်ဆိုးပါတယ်…

စာလည်းရှည်သွားပြီ..နိဂုံးအနေနဲ့ ပြောရရင် အဲဒီလို လူလိမ်မျိုးနဲ့ ကိုယ်ကြုံလာရင် ဖော်ထုတ်ပေးဖို့ လိုအပ်ပါတယ်.. ဒါပေမဲ့ ဖော်ထုတ်တဲ့နေရာမှာတော့ သတိကြီးကြီး ဉာဏ်ကြီးကြီး ထားဖို့လိုပါတယ်.. (ကိုယ်နာမည်ကြီးဖို့ ၊ သူအရှက်ကွဲစေဖို့ ဦးမတည်သင့်ပါဘူး..) မဟုတ်ရင်တော့ မေတ္တာ စေတနာကို မျက်စိစုံမှိတ်ပြီး ခံစားသက်ဝင်တဲ့ ဒီနိုင်ငံမှာ အမှန်တရားရဲ့ သူရဲကောင်းလုပ်ချင်တဲ့ ခင်ဗျားဟာ အားလုံးရဲ့အမြင်မယ် လူဆိုး တစ်ယောက် ဖြစ်သွားနိုင်ပါတယ်..

 

Credit ကိုစိုးထိုက်(ဖဒို)

Be the first to comment

Leave a Reply

Your email address will not be published.


*