“ကမာၻ႔အဆင္းရဲဆုံး သမၼတႀကီးရဲ႕ ရင္တြင္းစကား”
ညက NHK သတင္းေတြၾကည့္ရင္း ဘာသြားေတြ႕လိုက္သလဲဆိုေတာ့ ဟိုေဆး မူဂ်ီကာကိုပါ။ ဂ်ပန္ကို လာၿပီးေတာ့ တကၠသိုလ္ေက်ာင္းသားေတြကို ေဟာေျပာပို႔ခ်ေနတာေလး ၾကည့္လိုက္ရၿပီး စိတ္ထဲမေကာင္းဘူး။ သူ႔အေၾကာင္း ယခင္ကတည္းကလည္း ဖတ္ထားဖူးတာ။
သူက ၂၀၁၀ ျပည့္ႏွစ္က ဥ႐ူေဂြးႏိုင္ငံမွာသမၼတျဖစ္ခဲ့တာပဲ။၂၀၁၅ ခုႏွစ္ မတ္လ ၁ ရက္ေန႔အထိ သမၼတတာဝန္ကိုထမ္းေဆာင္ခဲ့တယ္။ ငါးႏွစ္တိတိ သမၼတတာဝန္ကိုထမ္းေဆာင္ခဲ့ေပမယ့္ ကမာၻ႔အဆင့္ရဲဆုံးသမၼတတဲ့ဗ်ာ။ သူ႔ဂုဏ္ပုဒ္က သမၼတျဖစ္ၿပီးအဆင္းရဲဆုံးျဖစ္ခဲ့လို႔ဂုဏ္တက္တာ။ ဘယ့္ႏွယ္ တိုင္းျပည္ရဲ႕သမၼတႀကီးျဖစ္ခဲ့ၿပီး ဆင္းရဲတဲ့ထိပ္ေခါင္ျဖစ္ရတယ္လို႔။
ဟိုေဆးမူဂ်ီကာ သမၼတလုပ္စဥ္က လစာအျဖစ္ေဒၚလာ ၁၂၀၀၀ေလာက္ရသတဲ့။ေဒၚလာ ၁၂၀၀၀ ထဲက တိုင္းျပည္ကို ၉၀ ရာခိုင္ႏႈန္းေလာက္ျပန္လႉတယ္။ဒီေတာ့ သူတစ္လကို ခံစားတဲ့အမွန္တကယ္ေငြက ၁၂၀၀ေလာက္ပဲခံစားေနတဲ့သေဘာ။သူက လစာထဲက ၉၀ရာခိုင္ႏႈန္းကို ဆင္းရဲသားေတြလႉတယ္။လုပ္ငန္းေတြကို စတင္ထူေထာင္ေနတဲ့ လုပ္ငန္းရွင္ေလးေတြကို ေထာက္ပံ့တယ္။
သူ႔ကိုၾကည့္လိုက္ရင္ သမၼတဆိုတာထက္ သူလို ငါလို ဘာမွမပိုတဲ့ အဝတ္အစား၊ အသြားအလာမ်ိဳးနဲ႔ ေနထိုင္ တာမ်ား တယ္။ အခမ္းအနားေတြတက္ရင္ သူမ်ားေတြက ဝတ္စုံေတြဘာေတြနဲ႔ ေတာက္ေတာက္ေျပာင္ေျပာင္ သားသားနားနား။ သူကေတာ့ ျဖစ္သလို ရွပ္အက်ႌေလးနဲ႔ပဲ လာထိုင္ရင္ ထိုင္ေနလိမ့္မယ္။
သူသမၼတမျဖစ္ခင္က သူပုန္လုပ္ခဲ့တယ္။ သူ႔ကို ေက်းလက္ျပည္သူေတြက ေတာပုန္းႀကီး ေရာ္ဘင္ဟုဒ္နဲ႔ ႏႈိင္းယွဥ္ၾကတယ္။မူဂ်ီကာအဖြဲ႕ဟာ နာမည္ပ်က္တဲ့ဘဏ္ေတြ၊ေသနတ္ေရာင္းတဲ့ဆိုင္ေတြ၊အျခားလုပ္ငန္းႀကီးေတြကို ဓားျပလိုက္တိုက္ၿပီး ရတဲ့ေငြေတြကို ေက်းလက္ကျပည္သူေတြကိုခြဲေဝေပးလို႔ ေရာ္ဘင္ဟုဒ္လို႔နာမည္ေက်ာ္တာေပါ့။တစ္ခ်ိန္က သူပုန္ေတြ၊ဓားျပေတြလည္း သမၼတတက္ျဖစ္ႏိုင္တာပဲ။
သမၼတျဖစ္လာေတာ့လည္း ရာထူးစည္းစိမ္ခံစားဖို႔ထက္ ျပည္သူေတြဘဝတိုးတက္ျမင့္မားေအာင္ လုပ္ေပးဖို႔ပဲစိတ္ထဲရွိတယ္။သူပုန္ဘဝနဲ႔ေနစဥ္က ေထာင္ႏွစ္ႀကိမ္က်ဖူးတယ္။ေထာင္ထဲမွာ ၁၄ ႏွစ္ေလာက္ေနခဲ့ရတယ္။ ဥ႐ုေဂြးသမၼတ မျဖစ္မီအထိ ျပည္သူေတြအတြက္ေတာက္ေလွ်ာက္တိုက္ပြဲဝင္ခဲ့တဲ့သမၼတပဲ။
မူဂ်ီကာ သမၼတျဖစ္ေတာ့ သမၼတအိမ္ေတာ္တက္ရေတာ့မယ္ေပါ့။ဒါေပမဲ့ ခမ္းနားတဲ့သမၼတအိမ္ေတာ္ႀကီးမွာ တက္မေနဘူး။ သမၼတအျဖစ္ ကားစုတ္ေလးနဲ႔ ႐ုံးလာတက္ၿပီးရင္ လယ္ထဲကအိမ္ကိုျပန္တယ္။လယ္ထဲကအိမ္ဆိုတာလည္း တစ္ထပ္အိမ္ေသးေသးေလး။ ဇနီးနဲ႔ ေခြးေတြနဲ႔အတူေနတာ။ သူ႔ခံယူခ်က္က ဘဝဆိုတာ အေကာင္းစားႀကီးေနထိုင္ျပဖို႔ မဟုတ္ဘူး။ အ႐ိုးသားဆုံး ေနထိုင္ျပဖို႔လိုတယ္တဲ့ဗ်ာ။
႐ုံးမသြားတဲ့ ရက္ေတြမွာ ၿခံလုပ္တယ္။ ပန္းေတြစိုက္တယ္။ ကိုယ္တိုင္ ပန္းေတြ ထြက္ေရာင္းတယ္။ ၿခံထြက္သီးႏွံေတြ လည္း ကိုယ္တိုင္ေရာင္းတာပဲ။ သူစီးတာ ၁၉၈၇ ခုႏွစ္ထုတ္ Volkswagon Beetle ကားေလး။
ညက သတင္းထဲမွာ ေတြ႕ေတာ့လည္း ဂ်ပန္ေတြက သူ႔ကို အဲဒီလို ကားေလးနဲ႔ပဲ တကၠသိုလ္ကို ဂုဏ္ျပဳေခၚခဲ့တာ။ ပညာရွင္ေတြ ေက်ာင္းသား ေတြက ကားေလးထဲက ေခါင္းေလးငုံ႔ၿပီးထြက္လာတဲ့ သူ႔ကို လက္ခုပ္ေတြတီးၿပီး ဂုဏ္ျပဳတာမ်ား မ်က္ရည္ေတာင္ဝဲမိတယ္။
သမၼတႀကီးအတြက္ ႏိုင္ငံေတာ္က အတင္းခ်ေပးလို႔ အေစာင့္ ႏွစ္ေယာက္ပဲရွိတယ္။ သူ႔အျခား အေစာင့္ကေတာ့ ေျခတစ္ေခ်ာင္း က်ိဳးေနတဲ့ ေခြးေလးတစ္ေကာင္။ သူ႔ကို ကမာၻက အဆင္းရဲဆုံးလို႔ သတ္မွတ္တာ။ သူက အဲဒီလို ေခၚတာ မႀကိဳက္ဘူး။
“က်ဳပ္မဆင္းရဲဘူးဗ်။ ဆင္းရဲတယ္ဆိုတာ အလိုႀကီးတဲ့သူကိုမွေခၚတာ။ က်ဳပ္ဘဝက က်ဳပ္ရခဲ့တဲ့ ရင္ထဲက ဒဏ္ရာေတြနဲ႔ ပတ္သက္ေနတယ္။ က်ဳပ္ဟာ သမိုင္းက ေမြးဖြားေပးလိုက္တဲ့ သားတစ္ေယာက္ပဲျဖစ္ရမယ္။ က်ဳပ္ဘဝမွာ ေမြ႕ရာေလး တစ္ခုရရင္ ေတာ္ၿပီလို႔ပဲ ႏွစ္ေပါင္းမ်ားစြာ ေတာင့္တခဲ့တာ”
အဲဒါ သမၼတတစ္ဦးရဲ႕ ရင္ထဲကစကားပါဗ်ာ။
Credit ဆရာ တင္ညြန္႕ (Blacker)
Unicode
“ကမ္ဘာ့အဆင်းရဲဆုံး သမ္မတကြီးရဲ့ ရင်တွင်းစကား”
ညက NHK သတင်းတွေကြည့်ရင်း ဘာသွားတွေ့လိုက်သလဲဆိုတော့ ဟိုဆေး မူဂျီကာကိုပါ။ ဂျပန်ကို လာပြီးတော့ တက္ကသိုလ်ကျောင်းသားတွေကို ဟောပြောပို့ချနေတာလေး ကြည့်လိုက်ရပြီး စိတ်ထဲမကောင်းဘူး။ သူ့အကြောင်း ယခင်ကတည်းကလည်း ဖတ်ထားဖူးတာ။
သူက ၂၀၁၀ ပြည့်နှစ်က ဥရူဂွေးနိုင်ငံမှာသမ္မတဖြစ်ခဲ့တာပဲ။၂၀၁၅ ခုနှစ် မတ်လ ၁ ရက်နေ့အထိ သမ္မတတာဝန်ကိုထမ်းဆောင်ခဲ့တယ်။ ငါးနှစ်တိတိ သမ္မတတာဝန်ကိုထမ်းဆောင်ခဲ့ပေမယ့် ကမ္ဘာ့အဆင့်ရဲဆုံးသမ္မတတဲ့ဗျာ။ သူ့ဂုဏ်ပုဒ်က သမ္မတဖြစ်ပြီးအဆင်းရဲဆုံးဖြစ်ခဲ့လို့ဂုဏ်တက်တာ။ ဘယ့်နှယ် တိုင်းပြည်ရဲ့သမ္မတကြီးဖြစ်ခဲ့ပြီး ဆင်းရဲတဲ့ထိပ်ခေါင်ဖြစ်ရတယ်လို့။
ဟိုဆေးမူဂျီကာ သမ္မတလုပ်စဉ်က လစာအဖြစ်ဒေါ်လာ ၁၂၀၀၀လောက်ရသတဲ့။ဒေါ်လာ ၁၂၀၀၀ ထဲက တိုင်းပြည်ကို ၉၀ ရာခိုင်နှုန်းလောက်ပြန်လှူတယ်။ဒီတော့ သူတစ်လကို ခံစားတဲ့အမှန်တကယ်ငွေက ၁၂၀၀လောက်ပဲခံစားနေတဲ့သဘော။သူက လစာထဲက ၉၀ရာခိုင်နှုန်းကို ဆင်းရဲသားတွေလှူတယ်။လုပ်ငန်းတွေကို စတင်ထူထောင်နေတဲ့ လုပ်ငန်းရှင်လေးတွေကို ထောက်ပံ့တယ်။
သူ့ကိုကြည့်လိုက်ရင် သမ္မတဆိုတာထက် သူလို ငါလို ဘာမှမပိုတဲ့ အဝတ်အစား၊ အသွားအလာမျိုးနဲ့ နေထိုင် တာများ တယ်။ အခမ်းအနားတွေတက်ရင် သူများတွေက ဝတ်စုံတွေဘာတွေနဲ့ တောက်တောက်ပြောင်ပြောင် သားသားနားနား။ သူကတော့ ဖြစ်သလို ရှပ်အင်္ကျီလေးနဲ့ပဲ လာထိုင်ရင် ထိုင်နေလိမ့်မယ်။
သူသမ္မတမဖြစ်ခင်က သူပုန်လုပ်ခဲ့တယ်။ သူ့ကို ကျေးလက်ပြည်သူတွေက တောပုန်းကြီး ရော်ဘင်ဟုဒ်နဲ့ နှိုင်းယှဉ်ကြတယ်။မူဂျီကာအဖွဲ့ဟာ နာမည်ပျက်တဲ့ဘဏ်တွေ၊သေနတ်ရောင်းတဲ့ဆိုင်တွေ၊အခြားလုပ်ငန်းကြီးတွေကို ဓားပြလိုက်တိုက်ပြီး ရတဲ့ငွေတွေကို ကျေးလက်ကပြည်သူတွေကိုခွဲဝေပေးလို့ ရော်ဘင်ဟုဒ်လို့နာမည်ကျော်တာပေါ့။တစ်ချိန်က သူပုန်တွေ၊ဓားပြတွေလည်း သမ္မတတက်ဖြစ်နိုင်တာပဲ။
သမ္မတဖြစ်လာတော့လည်း ရာထူးစည်းစိမ်ခံစားဖို့ထက် ပြည်သူတွေဘဝတိုးတက်မြင့်မားအောင် လုပ်ပေးဖို့ပဲစိတ်ထဲရှိတယ်။သူပုန်ဘဝနဲ့နေစဉ်က ထောင်နှစ်ကြိမ်ကျဖူးတယ်။ထောင်ထဲမှာ ၁၄ နှစ်လောက်နေခဲ့ရတယ်။ ဥရုဂွေးသမ္မတ မဖြစ်မီအထိ ပြည်သူတွေအတွက်တောက်လျှောက်တိုက်ပွဲဝင်ခဲ့တဲ့သမ္မတပဲ။
မူဂျီကာ သမ္မတဖြစ်တော့ သမ္မတအိမ်တော်တက်ရတော့မယ်ပေါ့။ဒါပေမဲ့ ခမ်းနားတဲ့သမ္မတအိမ်တော်ကြီးမှာ တက်မနေဘူး။ သမ္မတအဖြစ် ကားစုတ်လေးနဲ့ ရုံးလာတက်ပြီးရင် လယ်ထဲကအိမ်ကိုပြန်တယ်။လယ်ထဲကအိမ်ဆိုတာလည်း တစ်ထပ်အိမ်သေးသေးလေး။ ဇနီးနဲ့ ခွေးတွေနဲ့အတူနေတာ။ သူ့ခံယူချက်က ဘဝဆိုတာ အကောင်းစားကြီးနေထိုင်ပြဖို့ မဟုတ်ဘူး။ အရိုးသားဆုံး နေထိုင်ပြဖို့လိုတယ်တဲ့ဗျာ။
ရုံးမသွားတဲ့ ရက်တွေမှာ ခြံလုပ်တယ်။ ပန်းတွေစိုက်တယ်။ ကိုယ်တိုင် ပန်းတွေ ထွက်ရောင်းတယ်။ ခြံထွက်သီးနှံတွေ လည်း ကိုယ်တိုင်ရောင်းတာပဲ။ သူစီးတာ ၁၉၈၇ ခုနှစ်ထုတ် Volkswagon Beetle ကားလေး။
ညက သတင်းထဲမှာ တွေ့တော့လည်း ဂျပန်တွေက သူ့ကို အဲဒီလို ကားလေးနဲ့ပဲ တက္ကသိုလ်ကို ဂုဏ်ပြုခေါ်ခဲ့တာ။ ပညာရှင်တွေ ကျောင်းသား တွေက ကားလေးထဲက ခေါင်းလေးငုံ့ပြီးထွက်လာတဲ့ သူ့ကို လက်ခုပ်တွေတီးပြီး ဂုဏ်ပြုတာများ မျက်ရည်တောင်ဝဲမိတယ်။
သမ္မတကြီးအတွက် နိုင်ငံတော်က အတင်းချပေးလို့ အစောင့် နှစ်ယောက်ပဲရှိတယ်။ သူ့အခြား အစောင့်ကတော့ ခြေတစ်ချောင်း ကျိုးနေတဲ့ ခွေးလေးတစ်ကောင်။ သူ့ကို ကမ္ဘာက အဆင်းရဲဆုံးလို့ သတ်မှတ်တာ။ သူက အဲဒီလို ခေါ်တာ မကြိုက်ဘူး။
“ကျုပ်မဆင်းရဲဘူးဗျ။ ဆင်းရဲတယ်ဆိုတာ အလိုကြီးတဲ့သူကိုမှခေါ်တာ။ ကျုပ်ဘဝက ကျုပ်ရခဲ့တဲ့ ရင်ထဲက ဒဏ်ရာတွေနဲ့ ပတ်သက်နေတယ်။ ကျုပ်ဟာ သမိုင်းက မွေးဖွားပေးလိုက်တဲ့ သားတစ်ယောက်ပဲဖြစ်ရမယ်။ ကျုပ်ဘဝမှာ မွေ့ရာလေး တစ်ခုရရင် တော်ပြီလို့ပဲ နှစ်ပေါင်းများစွာ တောင့်တခဲ့တာ”
အဲဒါ သမ္မတတစ်ဦးရဲ့ ရင်ထဲကစကားပါဗျာ။
Credit ဆရာ တင်ညွန့် (Blacker)
Leave a Reply