” နာမည္ပိေနေသာ ဘုရား၊ ေစတီ၊ ပုထိုးမ်ား ”

” နာမည္ပိေနေသာ ဘုရား၊ ေစတီ၊ ပုထိုးမ်ား ”

” နာမည္ပိေနေသာ ဘုရား၊ ေစတီ၊ ပုထိုးမ်ား ”

အနယ္နယ္အရပ္ရပ္က ဘုရားေစတီပုထိုးေတြဟာ ကိုယ္စီကိုယ္စီသူတို႔ရထားတဲ့ အမည္နာမေတြေၾကာင့္ သိပ္သနားစရာေကာင္းပါတယ္။ ဟုတ္တယ္ေလ,,။ လာတဲ့လူအမ်ားစုကလဲ အတိတ္တေဘာင္ နိမိတ္ေဆာင္ၿပီး အဲဒီနာမည္ေတြကို လာကန္ေတာ့ၾက, ပြဲေပးၾက, ဆုေတာင္းၾကတာကိုး။

ကြၽန္ေတာ္တို႔ ရပ္ကြက္မွာ ဘုရားတစ္ဆူရွိတယ္။ ‘ဆုေတာင္းျပည့္’ တဲ့။ ေဗဒင္ယၾတာက ဆုေတာင္းျပည့္မွာ အရက္ျဖတ္ပါ ဆိုလို႔ ရပ္ကြက္ထဲက အရက္သမားတစ္ေယာက္ အရက္လာျဖတ္တာ။

” ဤသို႔ကန္ေတာ့ရေသာ အက်ိဳးအားေၾကာင့္ ဘလာ ဘလာ ဘလာ ” ေလွ်ာက္႐ြတ္ၿပီးေနာက္ဆုံး ‘ အရက္ျပတ္ရပါလို၏ ‘ တဲ့။ အမယ္,,, သိပ္မၾကာဘူး ၿပီးခဲ့တဲ့တစ္ေခါက္အိမ္ျပန္တုန္းက ရပ္ကြက္ထဲမွာ ” မိုက္တဲ့ေကာင္ထြက္ခဲ့၊ က်န္တဲ့ေကာင္နဲ႔ ငါနဲ႔ ခ်မယ္ ” ဆိုၿပီး မူး႐ူးေသာင္းက်န္းေနပါေရာ။

ကြၽန္ေတာ္တို႔ရပ္ကြက္နဲ႔ခပ္လွမ္းလွမ္းမွာ ဘုရားတစ္ဆူရွိေသးတယ္။‘ ဆုေတာင္းရ ‘တဲ့။မွတ္မိေသးတယ္။၁၉၉၈တုန္းက သူငယ္ခ်င္းတစ္ေယာက္အေမ အိမ္ကေၾကာင္ေပ်ာက္သြားလို႔ ျပန္ေတြ႕ဖိုအတြက္ဆုေတာင္းတာရေအာင္ ‘ဆုေတာင္းရ’ ဘုရားမွာသြားဆုေတာင္းတယ္။ ခု ၂၀၂၀ သၾကၤန္ေရာက္ေတာ့မယ္ ျပန္မေတြ႕ေသးဘူး။

ကြၽန္ေတာ္နဲ႔ေဘာလုံးကန္ဘက္ ေဘာ္ဒါတစ္ေယာက္ၾကေတာ့လဲတစ္မ်ိဳး။ ၿပီးခဲ့တဲ့ ဝါတြင္းတုန္းက ေ႐ႊသိမ္ေတာ္ဘုရားသြားၿပီး‘ဒီဝါတြင္းသုံးလလုံး ခ်မ္းေအးသာဇံၿမိဳ႕နယ္ထဲက ဘယ္အရက္ဆိုင္မွ သြားမေသာက္ေတာ့ပါဘူးဘုရား ‘ တဲ့။ ” ဤသို႔ျပဳရေသာကုသိုလ္ေၾကာင့္ နိဗၺာန္ေရာက္ရပါလို၏ ” တဲ့။အမယ္အမယ္,,,။ အရက္ေတာင္ ၿမိဳ႕နယ္ခြဲလႉတဲ့ေကာင္က နိဗၺာန္ေရာက္ရပါလို၏တဲ့။

တစ္ျခားနာမည္ႀကီးဘုရားေတြမွာလဲ ဒီလိုအျဖစ္အပ်က္မ်ိဳးေတြနဲ႔ ဒီလိုဇာတ္လမ္းေတြရွိမွာေပါ့။ ဥပမာ,, ထီးလိုမင္းလို ဘုရား၊ အလိုေတာ္ျပည့္ဘုရား၊ လိုတရ ဘုရား ,,, စသျဖင့္ေပါ့ေလ။ထားပါေတာ့,,, အဲဒါေၾကာင့္ နာမည္ပိေနတဲ့ ဘုရားပုထိုးေစတီေတြကို သနားစရာေကာင္းတယ္လို႔ ေျပာတာေပါ့။

နာမည္ေတြက အခ်ိဳ႕ေနရာေတြအတြက္ အေရးႀကီးပါတယ္။ ရန္ကုန္-မႏၲေလး ‘ေသမင္းတမန္’ ဟိုင္းေဝး အိတ္စ္ပက္ကားလိုင္းဆိုၿပီး ကားလိုင္းေထာင္ၾကည့္ပါလား။ ဘယ္သူမွမစီးဘူး မြဲသြားမွာေပါ့။ ‘ထမင္းသိုး ဟင္းသိုး’ ဆိုတဲ့နာမည္နဲ႔ ထမင္းဆိုင္ဖြင့္ၾကည့္ပါလား။ ‘ေနာက္ဆုံးပန္းတိုင္’ ဆိုၿပီး ေလေၾကာင္းလိုင္း ေထာင္ၾကည့္ပါလား။

သို႔ေသာ္လဲသူ႔ေနရာနဲ႔သူေပါ့ေလ။ ဘယ္ဘုရား, ဘယ္ေစတီေတြကေတာ့ သူ႔နာမည္ကို လာဦးတင္တဲ့ မုဆိုးကို ဘုရားျဖစ္ေအာင္ဘယ္လိုလုပ္ရပ။ ဘယ္သူခိုးကို ဘုရားျဖစ္ေအာင္ ဘယ္လိုလုပ္ရပ။

နာမည္ၾကည့္ကုသိုလ္ျပဳၿပီး လိုတာရလို႔ကေတာ့ လူကယ္ျပန္ဝန္ႀကီးဆရာ့ကို အႀကံေပးရဦးမယ္။ ျပည္လုံးခ်မ္းသာဘုရားမွာအဓိဌါန္ဝင္ဖို႔…တစ္ျပည္လုံးခ်မ္းသာသြား ေအးေရာ။ ဘယ္သူ႔မွကယ္စရာမလိုေတာ့ဘူး။ ကုလသမၼဂၢကိုလဲ ကမာၻေအးဘုရားဝင္းထဲ ႐ုံးခ်ဳပ္ကိုေ႐ႊ႕ခိုင္းရမယ္။ ပင္လုံေက်ာက္တိုင္လဲ ၿငိမ္းခ်မ္းေရးေစတီေတာ္ထဲေ႐ႊ႕ေပါ့…ေက်ာင္းသားေတြလဲ ဆႏၵျပရတာပင္ပန္းတယ္…ေအာင္ေတာ္မူဘုရားသြားၿပီး လိုခ်င္တာသာဆုေတာင္း။ ကဲ မနိပ္ဘူးလား။

ဒီစာေလး ေဖ့စဘြတ္မွာေရးတင္ေနတုန္း friends request ဝင္လို႔ၾကည့္မိတယ္။ ” အသဲကြဲသမားေလး ႀကံတိုင္းေအာင္ ” တဲ့။ အမယ္ ေသခ်င္းဇိုးေလး။ ဒီေကာင္လဲ နာမည္ပိေနတာ။ ႀကံတိုင္းေအာင္ လို႔လဲဆိုေသး။ အသဲကလဲကြဲေနေသး။

Credit# Htwe Lynn Ko

Unicode

” နာမည်ပိနေသော ဘုရား၊ စေတီ၊ ပုထိုးများ ”

အနယ်နယ်အရပ်ရပ်က ဘုရားစေတီပုထိုးတွေဟာ ကိုယ်စီကိုယ်စီသူတို့ရထားတဲ့ အမည်နာမတွေကြောင့် သိပ်သနားစရာကောင်းပါတယ်။ ဟုတ်တယ်လေ,,။ လာတဲ့လူအများစုကလဲ အတိတ်တဘောင် နိမိတ်ဆောင်ပြီး အဲဒီနာမည်တွေကို လာကန်တော့ကြ, ပွဲပေးကြ, ဆုတောင်းကြတာကိုး။

ကျွန်တော်တို့ ရပ်ကွက်မှာ ဘုရားတစ်ဆူရှိတယ်။ ‘ဆုတောင်းပြည့်’ တဲ့။ ဗေဒင်ယတြာက ဆုတောင်းပြည့်မှာ အရက်ဖြတ်ပါ ဆိုလို့ ရပ်ကွက်ထဲက အရက်သမားတစ်ယောက် အရက်လာဖြတ်တာ။

” ဤသို့ကန်တော့ရသော အကျိုးအားကြောင့် ဘလာ ဘလာ ဘလာ ” လျှောက်ရွတ်ပြီးနောက်ဆုံး ‘ အရက်ပြတ်ရပါလို၏ ‘ တဲ့။ အမယ်,,, သိပ်မကြာဘူး ပြီးခဲ့တဲ့တစ်ခေါက်အိမ်ပြန်တုန်းက ရပ်ကွက်ထဲမှာ ” မိုက်တဲ့ကောင်ထွက်ခဲ့၊ ကျန်တဲ့ကောင်နဲ့ ငါနဲ့ ချမယ် ” ဆိုပြီး မူးရူးသောင်းကျန်းနေပါရော။

ကျွန်တော်တို့ရပ်ကွက်နဲ့ခပ်လှမ်းလှမ်းမှာ ဘုရားတစ်ဆူရှိသေးတယ်။‘ ဆုတောင်းရ ‘တဲ့။မှတ်မိသေးတယ်။၁၉၉၈တုန်းက သူငယ်ချင်းတစ်ယောက်အမေ အိမ်ကကြောင်ပျောက်သွားလို့ ပြန်တွေ့ဖိုအတွက်ဆုတောင်းတာရအောင် ‘ဆုတောင်းရ’ ဘုရားမှာသွားဆုတောင်းတယ်။ ခု ၂၀၂၀ သင်္ကြန်ရောက်တော့မယ် ပြန်မတွေ့သေးဘူး။

ကျွန်တော်နဲ့ဘောလုံးကန်ဘက် ဘော်ဒါတစ်ယောက်ကြတော့လဲတစ်မျိုး။ ပြီးခဲ့တဲ့ ဝါတွင်းတုန်းက ရွှေသိမ်တော်ဘုရားသွားပြီး‘ဒီဝါတွင်းသုံးလလုံး ချမ်းအေးသာဇံမြို့နယ်ထဲက ဘယ်အရက်ဆိုင်မှ သွားမသောက်တော့ပါဘူးဘုရား ‘ တဲ့။ ” ဤသို့ပြုရသောကုသိုလ်ကြောင့် နိဗ္ဗာန်ရောက်ရပါလို၏ ” တဲ့။အမယ်အမယ်,,,။ အရက်တောင် မြို့နယ်ခွဲလှူတဲ့ကောင်က နိဗ္ဗာန်ရောက်ရပါလို၏တဲ့။

တစ်ခြားနာမည်ကြီးဘုရားတွေမှာလဲ ဒီလိုအဖြစ်အပျက်မျိုးတွေနဲ့ ဒီလိုဇာတ်လမ်းတွေရှိမှာပေါ့။ ဥပမာ,, ထီးလိုမင်းလို ဘုရား၊ အလိုတော်ပြည့်ဘုရား၊ လိုတရ ဘုရား ,,, စသဖြင့်ပေါ့လေ။ထားပါတော့,,, အဲဒါကြောင့် နာမည်ပိနေတဲ့ ဘုရားပုထိုးစေတီတွေကို သနားစရာကောင်းတယ်လို့ ပြောတာပေါ့။

နာမည်တွေက အချို့နေရာတွေအတွက် အရေးကြီးပါတယ်။ ရန်ကုန်-မန္တလေး ‘သေမင်းတမန်’ ဟိုင်းဝေး အိတ်စ်ပက်ကားလိုင်းဆိုပြီး ကားလိုင်းထောင်ကြည့်ပါလား။ ဘယ်သူမှမစီးဘူး မွဲသွားမှာပေါ့။ ‘ထမင်းသိုး ဟင်းသိုး’ ဆိုတဲ့နာမည်နဲ့ ထမင်းဆိုင်ဖွင့်ကြည့်ပါလား။ ‘နောက်ဆုံးပန်းတိုင်’ ဆိုပြီး လေကြောင်းလိုင်း ထောင်ကြည့်ပါလား။

သို့သော်လဲသူ့နေရာနဲ့သူပေါ့လေ။ ဘယ်ဘုရား, ဘယ်စေတီတွေကတော့ သူ့နာမည်ကို လာဦးတင်တဲ့ မုဆိုးကို ဘုရားဖြစ်အောင်ဘယ်လိုလုပ်ရပ။ ဘယ်သူခိုးကို ဘုရားဖြစ်အောင် ဘယ်လိုလုပ်ရပ။

နာမည်ကြည့်ကုသိုလ်ပြုပြီး လိုတာရလို့ကတော့ လူကယ်ပြန်ဝန်ကြီးဆရာ့ကို အကြံပေးရဦးမယ်။ ပြည်လုံးချမ်းသာဘုရားမှာအဓိဌါန်ဝင်ဖို့…တစ်ပြည်လုံးချမ်းသာသွား အေးရော။ ဘယ်သူ့မှကယ်စရာမလိုတော့ဘူး။ ကုလသမ္မဂ္ဂကိုလဲ ကမ္ဘာအေးဘုရားဝင်းထဲ ရုံးချုပ်ကိုရွှေ့ခိုင်းရမယ်။ ပင်လုံကျောက်တိုင်လဲ ငြိမ်းချမ်းရေးစေတီတော်ထဲရွှေ့ပေါ့…ကျောင်းသားတွေလဲ ဆန္ဒပြရတာပင်ပန်းတယ်…အောင်တော်မူဘုရားသွားပြီး လိုချင်တာသာဆုတောင်း။ ကဲ မနိပ်ဘူးလား။

ဒီစာလေး ဖေ့စဘွတ်မှာရေးတင်နေတုန်း friends request ဝင်လို့ကြည့်မိတယ်။ ” အသဲကွဲသမားလေး ကြံတိုင်းအောင် ” တဲ့။ အမယ် သေချင်းဇိုးလေး။ ဒီကောင်လဲ နာမည်ပိနေတာ။ ကြံတိုင်းအောင် လို့လဲဆိုသေး။ အသဲကလဲကွဲနေသေး။

Credit# Htwe Lynn Ko

Be the first to comment

Leave a Reply

Your email address will not be published.


*