






ဝေဖန်ပြစ်တင်ခြင်း မရှိဘဲ ထောက်ပြအကြံပြုခြင်းသာဖြစ်ရပါမယ်…






















Credit ;ko Than lwin

Unicode

အိမ်ထောင်တစ် ခုသာယာစေဖို့….. ဘုရင် မ စိတ် မမွေးရ ဘူး မိဖုရားနေရာ ကိုကျေနပ်စွာ လက်ခံနိုင်ရပါမယ်

အိမ်ေ ထာင်တစ်ခုသာယာစေဖို့…..

ဘုရ င်မစိတ် မမွေးရဘူး မိဖုရားနေရာကို ကျေနပ်စွာ လက်ခံနိုင်ရပါမယ်…

ဦးဆောင်လိုခြင်းထက် ပါရမီဖြည့်နိုင်ဖို့ ကြိုးစားရပါမယ်…

အနိုင်ယူလိုခြင်းမဟုတ်ဘဲ မျှတခြင်းကို မြတ်နိုးတတ်ရပါမယ်

ဝေဖန်ပြစ်တင်ခြင်း မရှိဘဲ ထောက်ပြအကြံပြု ုခြင်းသာဖြစ်ရပါမယ်…

အလိုလိုက်ခြင်း မဟုတ်ဘဲ ဂရုစိုက်ခြင်းသာ ဖြစ်ရပါမယ်..

ခွင့်လွှတ်လို့ ရတဲ့အထိ ..ခွင့်လွှတ်ပေးနိုင်ရပါမယ်…

ယုယကြင်နာခြင်းမှာ မေတ္တာတရား ပေါင်းစပ်ပေးနိုင်ရပါမယ်…

သံသယကို အမှန်ဆိုတာသေချာမှ ဆုံးဖြတ်ရပါမယ်…

သဝန်တိုစိတ်ကို သူ့သိက္ခာကို စော်ကားသလို မဖြစ်အောင် သတိထားရပါမယ်…

ချွဲ့နွဲ့ခြင်းကို ဆိုးကောက်ရစ်ပတ်ခြင်း မဖြစ်အောင်ဆင်ခြင်ရပါမယ်…

ဦးစားပေးခံလိုခြင်းထက် မျှတမှုကို ပိုပြီး နှစ်သက်ကျေနပ်နေရပါမယ်…

မိမိကချစ်သလို သူ့အချစ်ကိုလည်း မိမိအချစ်နှင့် ထပ်တူကျတယ်ဟု သတ်မှတ်နိုင်ရပါမယ်…

နားလည်မှုကို မဖြစ်မနေ တည်ဆောက်ရပါမယ်…

လူချမ်းသာစေခြင်းထက် စိတ်ချမ်းသာမှုပေးခြင်းကို တန်ဖိုးထားနိုင်ရပါမယ်…

အားပေးနှစ်သိမ့်ခြင်းကို တတ်နိုင်သလောက်ကို ရှိနေပေးရပါမယ်…

အားနည်းချက်ကိုဖျောက် အားတက်စရာစကားကို အချိန်တိုင်း ပြောပေးနိုင်ရပါမယ်

ပျော်ရွှင်ဝမ်းနည်းမှုကို မျှဝေခံစားပေးနိုင်ရမယ် မာနကို မလိုအပ်ပါဘဲ မပြမိပါစေနှင့်…

ယောက်ျားတွေလည်း ဝမ်းနည်းတတ်တယ် အားငယ်တတ်ပါတယ် ကြေကွဲတတ်တယ်ဆိုတာ သိထားရပါမယ်…

ယောက်ျားတွေလည်း မိန်းမရင်ခွင်ကို နန်းတော်ကြီးတခုလို ခိုဝင်သတ်မှတ်တတ်တာ သိနေရမယ်…

ကျရှုံးနေချိန်မှာ ယုံကြည်မှုကို အပြည့်အဝထားနိုင်ရမယ်

မိမိမှာရှိသော အရည်ချင်းကို ပြိုင်ဆိုင်ခြင်း မဖြစ်စေဘဲ ကူညီဖေးမမှုဖြစ်ပေးနိုင်ရပါမယ်…

မိမိလိုချင်သော မေတ္တာ သစ္စာ ဂရုဏာတို့ကို မိမိမှလည်း ပြန်လည်ပေနိုင်ရမယ် ကိုးကွယ်အမွှန်းတင်ခြင်းမဟုတ်ဘဲ ယုံကြည်လေးစားခြင်း သာဖြစ်နေရပါမယ်…

အတ္တနှင့် မာနကို ခွင့်လွှတ်နားလည်ခြင်းဖြင့် ချေဖျက် နိုင်ရပါမယ်..

ယောက်ျားတယောက်ကို ဒူးထောက် ခယ အောက်ကျခံပြီး ချစ်ဖို့ မလိုသလို အနိုင်ယူ အထင်သေး အသာစီးယူပြီး ချစ်တာလည်း မဖြစ်သင့်ဘူးလို့ ကျွန်တော်ထင်ပါတယ်..

အပြန်အလှန် နားလည်မှုဖြင့် ပျှော်ရွှင်ချမ်းမြေ့စွာ လျှောက်လှမ်းနိုင်ကြပါစေလို့….

Credit ;ko Than lwin

Be the first to comment

Leave a Reply

Your email address will not be published.


*