᠌Facebook အစား ဒီ Website ၁၀ ခုနဲ႔ သင့္ကိုယ္သင္ အဆင့္ျမႇင့္တင္ၾကည့္ပါ

᠌Facebook အစား ဒီ Website ၁၀ ခုနဲ႔ သင့္ကိုယ္သင္ အဆင့္ျမႇင့္တင္ၾကည့္ပါ

᠌Facebook အစား ဒီ Website ၁၀ ခုနဲ႔ သင့္ကိုယ္သင္ အဆင့္ျမႇင့္တင္ၾကည့္ပါ

လူတိုင္းနီးပါးဟာ တ​ေန႔ကို ၂ နာရီေလာက္ ဆိုရွယ္မီဒီယာေတြမွာ အခ်ိန္ျဖဳန္းတတ္ၾကပါတယ္။

ျပန္စဥ္းစားၾကည့္ၾကမယ္ဆိုရင္ အဲဒီလို ၂ နာရီေလာက္ ပုံမွန္အခ်ိန္ျဖဳန္းေနပမယ့္ အဲဒီကေန ေလာက္ေလာက္လားလား မက္ေလာက္စရာ ကၽြန္ေတာ္တို႔ ဘာျပန္ရပါသလဲ။

ဘာသာစကားအသစ္ေတြ ေလ့လာမိသလား?
တျခားအရည္အေသြးေတြ ျမင့္တက္လာသလား?

အခု ကၽြန္ေတာ္က ပရိတ္သတ္ေတြကို လူမွုကြန္ယက္မဟုတ္တဲ့ စိတ္ဝင္စားစရာ Website ၁၀ ခုနဲ႔ မိတ္ဆက္ေပးပါမယ္။

ဒီ Website ၁၀ ခုက ပရိတ္သတ္ေတြရဲ့ ဘဝကို ပိုစမတ္က်က် တိုးတက္လာေစမယ့္ Website ေတြဆိုတာကိုေတာ့ အာမခံပါတယ္။ ၾကည့္ၾကရေအာင္ …

1.Unplug The TV

www.unplugthetv.com

ဒီ Website ထဲကို တၾကိမ္ဝင္ၾကည့္လိုက္တိုင္းမွာ မတူညီတဲ့ ဗီဒီယိုအသစ္တခုကို ၾကည့္႐ႈရပါလိ့မ္မယ္။ ဘယ္လို ဗီဒီယိုဖိုင္မ်ိဳးလဲဆိုေတာ့ မိမိကိုယ္ကိုယ္ စမတ္က်က်ရွင္သန္နိုင္ေစဖို႔ လမ္းညႊန္ေပးမယ့္ ဗီဒီယိုဖိုင္မ်ိဳးေပါ့။ တကယ္လို႔ အေၾကာင္းအရာက ကိုယ္စိတ္ဝင္စားတဲ့ အေၾကာင္းအရာမ်ိဳးမဟုတ္ခဲ့ရင္ေတာင္မွ ဗီဒီယိုဖိုင္ကို ၿပီးဆုံးသည္အထိ ၾကည့္ၾကည့္ပါ။ မတူညီတဲ့ အေၾကာင္းအရာေတြ တင္ျပပုံေတြထဲကေန သင့္ကို အျမင္က်ယ္ေစၿပီး စိတ္ခ်မ္းသာမွုကို တည္ေဆာက္နိုင္ေစမယ့္ အေၾကာင္းအရာေတြ မၽွေဝေပးပါလိမ့္မယ္။

2.Skillshare

www.skillshare.com

နယ္ပယ္အသီးသီးက ကၽြမ္းက်င္သူ ပညာရွင္ေတြက သင္ခန္းစာေတြ သင္ၾကားေပးမွာျဖစ္ပါတယ္။ သီအိုရီေတြ ပညာခန္းေတြ တစ္ခုမွမပါဝင္ပါဘူး။ အသုံးဝင္ၿပီး ထိေရာက္တဲ့နည္းေတြခ်ည္း ခ်ျပမွာျဖစ္ပါတယ္။ ကိုယ္ဝါသနာပါရာကို ရွာေဖြၾကည့္႐ုံပါပဲ။

3.University of the People

www.uopeople.edu

အက်ိဳးအျမတ္မယူတဲ့ လူမွုအဖြဲ႕အစည္းတစ္ခု ဖန္တီးထားတဲ့ ဒီ Website ဟာ တကၠသိုလ္ပညာေရးကေန ဘြဲ႕ရၿပီးတဲ့အထိ ပါဝင္တဲ့ ပညာရပ္နယ္ပယ္အသီးသီးက ဘာသာရပ္ေတြကို ေလ့လာဖို့ က်ဴရွင္မဟုတ္တဲ့ အြန္လိုင္းသင္တန္းေတြကို ဖြင့္လွစ္ေပးထားပါတယ္။

4.High Brow

www.highbrow.com

ဒီ Website ကို Subscribe လုပ္ထားမယ္ဆိုရင္ သူတို့ဆီကေန ၅ မိနစ္စာ ဘာသာရပ္အလိုက္ သင္ခန္းစာေတြကို ေန႔စဥ္ အခမဲ့ ပို့ေပးေနမွာျဖစ္ပါတယ္။ စိတ္ဝင္စားစရာေကာင္းသလို ဗဟုသုတလည္းရပါတယ္။

5.Investopedia

www.investopedia.com

Wikipedia ေတာ့ အားလုံးၾကားဖူးၾကမွာပါ။ ဒါက Wikipedia မဟုတ္ေပမယ့္ Wiki လိုပဲ လူေတြကို အေထာက္အကူျပဳတဲ့ Site တစ္ခုပါပဲ။ ရင္းႏွီးျမႇုပ္ႏွံမွုနဲ႔ ဘ႑ာေရးဆိုင္ရာ ကိစၥရပ္ေတြက ရွုပ္ေထြးၿပီးေတာ့ နားလည္ရခက္ခဲပါတယ္။ ဒါေပမယ့္ မိမိႏွစ္သက္သည္ျဖစ္ေစ မႏွစ္သက္သည္ျဖစ္ေစ ေငြေၾကးဆိုတာ အျမဲတေစပတ္သက္ေနရမွာပါ။ ဒီေတာ့ ဒီ Website ထဲကေနတဆင့္ အခ်က္အလက္ ကိုင္တြယ္စုေဆာင္းမွုပညာရွင္ေတြနဲ႔ ေငြေၾကးက႑ကၽြမ္းက်င္သူေတြရဲ့ လမ္းညႊန္ခ်က္ေတြ အခ်က္အလက္ေတြ ဗဟုသုတေတြ အႀကံဥာဏ္ေတြကို ရယူနိုင္ပါတယ္။

6.Brain Pump

www.brainpump.net

ထူးထူးေထြေထြ ဆန္းဆန္းျပားျပားေတြကိုမွ စိတ္ဝင္စားသူေတြဟာ ဒီ Site ထဲကို ဝင္ၾကည့္သင့္ပါတယ္။ ကမၻာတစ္လႊားက လူသိနည္းတဲ့ ဗဟုသုတေတြ အိုင္ဒီယာေတြကိုမွ သီးျခား စုစည္းေဖာ္ျပေပးတဲ့ Website မို့ပါ။ ဒီအတိုင္း ရွာေဖြဖတ္ရွုဖို့ေတာင္ ခက္ခဲတဲ့ ဗဟုသုတေတြဆိုေတာ့ လူမွုကြန္ယက္စာမ်က္ႏွာေတြမွာ ဒီလို တစုတစည္းထည္း ျမင္ရဖို့ဆိုတာ ေဝလာေဝးပါပဲ။ တစ္ခုအႀကံေပးခ်င္တာက ဒီထဲက အေၾကာင္းအရာေတြက လူတိုင္းအတြက္ အသုံးဝင္ခ်င္မွ ဝင္ပါလိ့မ္မယ္။ ဒါေပမယ့္ ေသခ်ာတာကေတာ့ သင္ဒီထဲဝင္ၾကည့္ၿပီးရင္ အရင္ကထက္ပိုေပ်ာ္တတ္လာၿပီး ပိုတီထြင္ဆန္းသစ္ခ်င္လာမယ္ဆိုတာပါပဲ။

7.Spreeder

www.spreeder.com

ျဖည္းျဖည္းနဲ႔ မွန္မွန္ စာဖတ္က်င့္ရွိတဲ့သူေတြဟာ တျဖည္းျဖည္းခ်င္း ခိုင္မာအားေကာင္းတဲ့ အျမင္စူးရွမွုကို ရလာပါလိမ့္မယ္။ ဒီေတာ့ တျဖည္းျဖည္းခ်င္းပဲ သူမ်ားေတြထက္ တိုးတက္လာမွာေပါ့။ အခု Website ကေတာ့ သင္တို့ကို ခပ္ျမန္ျမန္စာဖတ္နိုင္ေအာင္ ကူညီပါလိမ့္မယ္။ ကိုယ္ဖတ္ခ်င္တဲ့စာကို Copy/Paste လုပ္ၿပီး Site ထဲထည့္ရင္ Site က အျမန္ဆုံးနဲ႔ အရွင္းဆုံးျဖစ္ေအာင္ ဘယ္လိုဖတ္ရမယ္ဆိုတာကို ျပင္ဆင္လမ္းညႊန္ေပးပါလိမ့္မယ္။

8.Coursera

www.coursera.org

Coursera ဟာ အြန္လိုင္းေပၚကေန Learning လုပ္ဖို့ အေကာင္းဆုံး Website လို့ ညႊန္းပါရေစ။ ကၽြန္ေတာ္ကိုယ္တိုင္လည္း ဒီ Website ကေန သင္ခန္းစာေတြ Subscribe လုပ္ၿပီး ေလ့လာေနလို့ပါ။ သိပ္ေကာင္းပါတယ္။ အခမဲ့ အြန္လိုင္း သင္ခန္းစာေတြ/သင္ၾကားမွုေတြေပးတဲ့ေနရာမွာ ဂုဏ္သိကၡာအႀကီးမားဆုံး Website တစ္ခုျဖစ္ပါတယ္။ Data Science တို့ Machine Learning တို့လိုမ်ိဳး ခက္ခဲနက္နဲတဲ့ ဘာသာရပ္ေတြအထိ ရွာေဖြ ေလ့လာနိုင္ပါတယ္။

9.Hemingway Editor

www.hemingwayapp.com

လူတိုင္းနီးပါးက ဝါသနာေၾကာင့္ျဖစ္ေစ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ျဖစ္ေစ စာေရးျဖစ္တတ္ၾကပါတယ္။ ဒီ Website ကေတာ့ စာဘယ္လိုေရးရမယ္ဆိုတာကို လမ္းညႊန္ပါလိမ့္မယ္။ ကိုယ္ေရးသားထားတဲ့ စာေတြကို Site ထဲ Paste လုပ္လိုက္တဲ့အခါ စာသားေတြကို ဘယ္လိုထားသိုသင့္တယ္၊ ဘယ္လို မက္ေဆ့ခ္်ေပးမယ္၊ စာပိုဒ္ေတြ ဘယ္လိုတည္ေဆာက္မယ္ စသျဖင့္ေပါ့ေလ ျပင္ဆင္တည္းျဖတ္ေပးပါလိမ့္မယ္။ ဒါက ကိုယ့္ရဲ့ ကိုယ္ပိုင္ အယ္ဒီတာေလးျဖစ္ေနမွာပါ။

10.edX

www.edx.org

ဒီ Website ထဲမွာ ကမၻာတလႊားက တကၠသိုလ္ေပါင္းေျမာက္မ်ားစြာရဲ့ အြန္လိုင္း သင္တန္းေပါင္းေျမာက္မ်ားစြာကို ရွာေဖြနိုင္ပါတယ္။ ၂၀၁၆ ဒီဇင္ဘာတုန္းက ဒီ Site ကေနတဆင့္ ပညာသင္ၾကားခဲ့တဲ့ ေက်ာင္းသား ၁၀ သန္းျပည့္ခဲ့ၿပီးေတာ့ သင္တန္းအေရအတြက္အားျဖင့္လည္း ၁၂၇၀ ခုအထိ ခ်ိတ္ဆက္ဖြင့္လွစ္ေပးထားပါတယ္တဲ့ဗ်ာ။

#Credit:
#PNA MYANMAR ICT ACADEMY

Credit:#PDF Links and Literture

Unicode

᠌Facebook အစား ဒီ Website ၁၀ ခုနဲ့ သင့်ကိုယ်သင် အဆင့်မြှင့်တင်ကြည့်ပါ

လူတိုင်းနီးပါးဟာ တနေ့ကို ၂ နာရီလောက် ဆိုရှယ်မီဒီယာတွေမှာ အချိန်ဖြုန်းတတ်ကြပါတယ်။

ပြန်စဉ်းစားကြည့်ကြမယ်ဆိုရင် အဲဒီလို ၂ နာရီလောက် ပုံမှန်အချိန်ဖြုန်းနေပမယ့် အဲဒီကနေ လောက်လောက်လားလား မက်လောက်စရာ ကျွန်တော်တို့ ဘာပြန်ရပါသလဲ။

ဘာသာစကားအသစ်တွေ လေ့လာမိသလား?
တခြားအရည်အသွေးတွေ မြင့်တက်လာသလား?

အခု ကျွန်တော်က အခရာ ပရိတ်သတ်တွေကို လူမှုကွန်ယက်မဟုတ်တဲ့ စိတ်ဝင်စားစရာ Website ၁၀ ခုနဲ့ မိတ်ဆက်ပေးပါမယ်။

ဒီ Website ၁၀ ခုက ပရိတ်သတ်တွေရဲ့ ဘဝကို ပိုစမတ်ကျကျ တိုးတက်လာစေမယ့် Website တွေဆိုတာကိုတော့ အာမခံပါတယ်။ ကြည့်ကြရအောင် …

1.Unplug The TV

www.unplugthetv.com

ဒီ Website ထဲကို တကြိမ်ဝင်ကြည့်လိုက်တိုင်းမှာ မတူညီတဲ့ ဗီဒီယိုအသစ်တခုကို ကြည့်ရှုရပါလိ့မ်မယ်။ ဘယ်လို ဗီဒီယိုဖိုင်မျိုးလဲဆိုတော့ မိမိကိုယ်ကိုယ် စမတ်ကျကျရှင်သန်နိုင်စေဖို့ လမ်းညွှန်ပေးမယ့် ဗီဒီယိုဖိုင်မျိုးပေါ့။ တကယ်လို့ အကြောင်းအရာက ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာမျိုးမဟုတ်ခဲ့ရင်တောင်မှ ဗီဒီယိုဖိုင်ကို ပြီးဆုံးသည်အထိ ကြည့်ကြည့်ပါ။ မတူညီတဲ့ အကြောင်းအရာတွေ တင်ပြပုံတွေထဲကနေ သင့်ကို အမြင်ကျယ်စေပြီး စိတ်ချမ်းသာမှုကို တည်ဆောက်နိုင်စေမယ့် အကြောင်းအရာတွေ မျှဝေပေးပါလိမ့်မယ်။

2.Skillshare

www.skillshare.com

နယ်ပယ်အသီးသီးက ကျွမ်းကျင်သူ ပညာရှင်တွေက သင်ခန်းစာတွေ သင်ကြားပေးမှာဖြစ်ပါတယ်။ သီအိုရီတွေ ပညာခန်းတွေ တစ်ခုမှမပါဝင်ပါဘူး။ အသုံးဝင်ပြီး ထိရောက်တဲ့နည်းတွေချည်း ချပြမှာဖြစ်ပါတယ်။ ကိုယ်ဝါသနာပါရာကို ရှာဖွေကြည့်ရုံပါပဲ။

3.University of the People

www.uopeople.edu

အကျိုးအမြတ်မယူတဲ့ လူမှုအဖွဲ့အစည်းတစ်ခု ဖန်တီးထားတဲ့ ဒီ Website ဟာ တက္ကသိုလ်ပညာရေးကနေ ဘွဲ့ရပြီးတဲ့အထိ ပါဝင်တဲ့ ပညာရပ်နယ်ပယ်အသီးသီးက ဘာသာရပ်တွေကို လေ့လာဖို့ ကျူရှင်မဟုတ်တဲ့ အွန်လိုင်းသင်တန်းတွေကို ဖွင့်လှစ်ပေးထားပါတယ်။

4.High Brow

www.highbrow.com

ဒီ Website ကို Subscribe လုပ်ထားမယ်ဆိုရင် သူတို့ဆီကနေ ၅ မိနစ်စာ ဘာသာရပ်အလိုက် သင်ခန်းစာတွေကို နေ့စဉ် အခမဲ့ ပို့ပေးနေမှာဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းသလို ဗဟုသုတလည်းရပါတယ်။

5.Investopedia

www.investopedia.com

Wikipedia တော့ အားလုံးကြားဖူးကြမှာပါ။ ဒါက Wikipedia မဟုတ်ပေမယ့် Wiki လိုပဲ လူတွေကို အထောက်အကူပြုတဲ့ Site တစ်ခုပါပဲ။ ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်တွေက ရှုပ်ထွေးပြီးတော့ နားလည်ရခက်ခဲပါတယ်။ ဒါပေမယ့် မိမိနှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ငွေကြေးဆိုတာ အမြဲတစေပတ်သက်နေရမှာပါ။ ဒီတော့ ဒီ Website ထဲကနေတဆင့် အချက်အလက် ကိုင်တွယ်စုဆောင်းမှုပညာရှင်တွေနဲ့ ငွေကြေးကဏ္ဍကျွမ်းကျင်သူတွေရဲ့ လမ်းညွှန်ချက်တွေ အချက်အလက်တွေ ဗဟုသုတတွေ အကြံဉာဏ်တွေကို ရယူနိုင်ပါတယ်။

6.Brain Pump

www.brainpump.net

ထူးထူးထွေထွေ ဆန်းဆန်းပြားပြားတွေကိုမှ စိတ်ဝင်စားသူတွေဟာ ဒီ Site ထဲကို ဝင်ကြည့်သင့်ပါတယ်။ ကမ္ဘာတစ်လွှားက လူသိနည်းတဲ့ ဗဟုသုတတွေ အိုင်ဒီယာတွေကိုမှ သီးခြား စုစည်းဖော်ပြပေးတဲ့ Website မို့ပါ။ ဒီအတိုင်း ရှာဖွေဖတ်ရှုဖို့တောင် ခက်ခဲတဲ့ ဗဟုသုတတွေဆိုတော့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ဒီလို တစုတစည်းထည်း မြင်ရဖို့ဆိုတာ ဝေလာဝေးပါပဲ။ တစ်ခုအကြံပေးချင်တာက ဒီထဲက အကြောင်းအရာတွေက လူတိုင်းအတွက် အသုံးဝင်ချင်မှ ဝင်ပါလိ့မ်မယ်။ ဒါပေမယ့် သေချာတာကတော့ သင်ဒီထဲဝင်ကြည့်ပြီးရင် အရင်ကထက်ပိုပျော်တတ်လာပြီး ပိုတီထွင်ဆန်းသစ်ချင်လာမယ်ဆိုတာပါပဲ။

7.Spreeder

www.spreeder.com

ဖြည်းဖြည်းနဲ့ မှန်မှန် စာဖတ်ကျင့်ရှိတဲ့သူတွေဟာ တဖြည်းဖြည်းချင်း ခိုင်မာအားကောင်းတဲ့ အမြင်စူးရှမှုကို ရလာပါလိမ့်မယ်။ ဒီတော့ တဖြည်းဖြည်းချင်းပဲ သူများတွေထက် တိုးတက်လာမှာပေါ့။ အခု Website ကတော့ သင်တို့ကို ခပ်မြန်မြန်စာဖတ်နိုင်အောင် ကူညီပါလိမ့်မယ်။ ကိုယ်ဖတ်ချင်တဲ့စာကို Copy/Paste လုပ်ပြီး Site ထဲထည့်ရင် Site က အမြန်ဆုံးနဲ့ အရှင်းဆုံးဖြစ်အောင် ဘယ်လိုဖတ်ရမယ်ဆိုတာကို ပြင်ဆင်လမ်းညွှန်ပေးပါလိမ့်မယ်။

8.Coursera

www.coursera.org

Coursera ဟာ အွန်လိုင်းပေါ်ကနေ Learning လုပ်ဖို့ အကောင်းဆုံး Website လို့ ညွှန်းပါရစေ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီ Website ကနေ သင်ခန်းစာတွေ Subscribe လုပ်ပြီး လေ့လာနေလို့ပါ။ သိပ်ကောင်းပါတယ်။ အခမဲ့ အွန်လိုင်း သင်ခန်းစာတွေ/သင်ကြားမှုတွေပေးတဲ့နေရာမှာ ဂုဏ်သိက္ခာအကြီးမားဆုံး Website တစ်ခုဖြစ်ပါတယ်။ Data Science တို့ Machine Learning တို့လိုမျိုး ခက်ခဲနက်နဲတဲ့ ဘာသာရပ်တွေအထိ ရှာဖွေ လေ့လာနိုင်ပါတယ်။

9.Hemingway Editor

www.hemingwayapp.com

လူတိုင်းနီးပါးက ဝါသနာကြောင့်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ စာရေးဖြစ်တတ်ကြပါတယ်။ ဒီ Website ကတော့ စာဘယ်လိုရေးရမယ်ဆိုတာကို လမ်းညွှန်ပါလိမ့်မယ်။ ကိုယ်ရေးသားထားတဲ့ စာတွေကို Site ထဲ Paste လုပ်လိုက်တဲ့အခါ စာသားတွေကို ဘယ်လိုထားသိုသင့်တယ်၊ ဘယ်လို မက်ဆေ့ခ်ျပေးမယ်၊ စာပိုဒ်တွေ ဘယ်လိုတည်ဆောက်မယ် စသဖြင့်ပေါ့လေ ပြင်ဆင်တည်းဖြတ်ပေးပါလိမ့်မယ်။ ဒါက ကိုယ့်ရဲ့ ကိုယ်ပိုင် အယ်ဒီတာလေးဖြစ်နေမှာပါ။

10.edX

www.edx.org

ဒီ Website ထဲမှာ ကမ္ဘာတလွှားက တက္ကသိုလ်ပေါင်းမြောက်များစွာရဲ့ အွန်လိုင်း သင်တန်းပေါင်းမြောက်များစွာကို ရှာဖွေနိုင်ပါတယ်။ ၂၀၁၆ ဒီဇင်ဘာတုန်းက ဒီ Site ကနေတဆင့် ပညာသင်ကြားခဲ့တဲ့ ကျောင်းသား ၁၀ သန်းပြည့်ခဲ့ပြီးတော့ သင်တန်းအရေအတွက်အားဖြင့်လည်း ၁၂၇၀ ခုအထိ ချိတ်ဆက်ဖွင့်လှစ်ပေးထားပါတယ်တဲ့ဗျာ။

#Credit:
#PNA MYANMAR ICT ACADEMY

Credit:#PDF Links and Literture

Be the first to comment

Leave a Reply

Your email address will not be published.


*