အိမ္ေဖာ္နဲ႔ ေဖာက္ျပန္ေနတဲ့ေယာက်ၤားကို ပညာေပးလုိက္တဲ့ ေက်ာင္းဆရာမ
မိန္းမ ျဖစ္သူက ေက်ာင္းဆရာမ ျဖစ္ေတာ့ တာဝန္က်ရာ နယ္ေျမေဒသမွာ တာဝန္ထမ္းေဆာင္ရတယ္။ အိမ္မွာ ေယာက္်ားတစ္ေယာက္ပဲက်န္ခဲ့တယ္။ သားသမီးက မရွိ စားဖို႔ ေသာက္ဖို႔ ခ်က္ျပဳတ္ဖို႔က ျပသနာ မႀကီးလွေပမယ့္ အဝတ္ေလၽွာ္ နဲ႔ အိမ္သန္႔ရွင္းေရး က ျပသနာရွိလာေတာ့ ေယာက္်ားျဖစ္သူက အိမ္ေဖာ္တစ္ေယာက္ေခၚလိုက္မယ္ဆိုၿပီး အိမ္ေဖာ္ေခၚထားလိုက္တယ္။
တာဝန္က်ရာ ၿမိဳ့မွ ေက်ာင္းပိတ္ရက္ အိမ္ကို ျပန္ေရာက္ လာေသာ အခါ သူ႔ေယာက္်ားကို
မိန္းမျဖစ္သူ ဆရာမက ” ရွင့္ အိမ္ေဖာ္ကလည္း ေခ်ာလွခ်ည္လား ကိုမိုးႀကီးရဲ့ ”
ေယာက္်ားျဖစ္သူ ကိုမိုးႀကီးက ျပန္ေျပာတယ္ ” ေခ်ာလား မေခ်ာလား မသိပါဘူးကြာ အဝတ္ေလၽွာ္ ထမင္း ခ်က္တတ္ရင္ ၿပီးတာဘဲ ဆိုၿပီး ေခၚထားလိုက္ တာပါ ”
” ရွင္နဲ႔ေရာ ကင္းရွင္းရဲ့လား ေယာက္်ား ”
” ရွင္းပါတယ္ကြာ ”
” ဒီ တစ္အိမ္လုံးမွာ ရွင္တို့ ႏွစ္ေယာက္ထဲ ဆိုေတာ့ ”
” ဘာဆိုင္လဲကြာ ၊ ညမိုးခ်ဳပ္တာနဲ႔ သူ႔အခန္း သူအိပ္ ၊ ငါ့အခန္း ငါအိပ္ သီးျခားဆီပါ ”
”ဒါဆိုလည္း ၿပီးတာပါပဲ ”
ဒီလိုနဲ႔ ဆရာမက ေက်ာင္း ျပန္ဖြင့္ေတာ့ သူတာဝန္က်ရာ ေဒသကို ျပန္သြားရျပန္တယ္ ။
ဆရာမ ျပန္သြားၿပီး ႏွစ္ရက္ ၊ သုံးရက္ ေနေတာ့ အိမ္ေဖာ္ေလးက ကိုမိုးႀကီးကို ေျပာပါေလေရာ။
အိမ္မွာ ဟင္းခ်က္တဲ့ ဒယ္အိုးႀကီး မရွိေတာ့ဘူး ေပ်ာက္ေနတယ္ တဲ့ …
” ဆရာမ ျပန္သြားကတည္းက ေပ်ာက္တာ …
ဆရာမဆီ မွားမ်ား ပါသြားေလသလား ေမးၾကည့္ပါအုံး ” ဆိုေတာ့ ….
ကိုမိုးႀကီး လည္း သူ႔မိန္းမ ေက်ာင္းဆရာမဆီ စာေရးၿပီး ေမးရ တာေပါ့ …
” မိန္းမေရ … မင္းယူတယ္ လို႔ မစြပ္စြဲပါဘူး မင္း ျပန္သြား ကတည္းက အိမ္မွာ ဟင္းခ်က္တဲ့ ဒယ္အိုးႀကီး ေပ်ာက္ေနလို့ ” လို့ မင္းဆီမ်ား မွားပါသြား သလား.. ဆိုပီး စာပို့ လိုက္တယ္ ။
အဲ့ဒီေတာ့.. သူ႔မိန္းမ ေက်ာင္းဆရာမ ဆီက စာျပန္လာတယ္ … …
” ေယာက္်ားေရ … ရွင္တို႔ အတူ အိပ္ၾကတယ္လို႔ က်မ မစြပ္စြဲပါဘူး… ရွင္ေခၚထားတဲ့ အိမ္ေဖာ္မိန္းမ အေခ်ာ အလွေလးသာ သူ႔အခန္း သူ႔အိပ္ယာမွာ သူ အိပ္ရင္ အခု ရွင္တို႔ ေပ်ာက္ေနတဲ့ ဟင္းခ်က္ ဒယ္အိုးကို ျပန္ေတြ႕တာ ၾကာပါၿပီ…
ဒယ္အိုးက ရွင့္ အိမ္ေဖာ္မ ရဲ႕ အခန္းထဲက သူ႔ အိပ္ယာေပၚ သူ႔ ေခါင္းအုံး ေအာက္မွာ ရွိပါတယ္… တဲ့..။
” ငြမ့္ .. ”
( ဆရာမသည္ အခ်ဥ္မဟုတ္ )
ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။
Unicode
အိမ်ဖော်နဲ့ ဖောက်ပြန်နေတဲ့ယောင်္ကျားကို ပညာပေးလိုက်တဲ့ ကျောင်းဆရာမ
မိန်းမ ဖြစ်သူက ကျောင်းဆရာမ ဖြစ်တော့ တာဝန်ကျရာ နယ်မြေဒေသမှာ တာဝန်ထမ်းဆောင်ရတယ်။ အိမ်မှာ ယောက်ျားတစ်ယောက်ပဲကျန်ခဲ့တယ်။ သားသမီးက မရှိ စားဖို့ သောက်ဖို့ ချက်ပြုတ်ဖို့က ပြသနာ မကြီးလှပေမယ့် အဝတ်လျှော် နဲ့ အိမ်သန့်ရှင်းရေး က ပြသနာရှိလာတော့ ယောက်ျားဖြစ်သူက အိမ်ဖော်တစ်ယောက်ခေါ်လိုက်မယ်ဆိုပြီး အိမ်ဖော်ခေါ်ထားလိုက်တယ်။
တာဝန်ကျရာ မြို့မှ ကျောင်းပိတ်ရက် အိမ်ကို ပြန်ရောက် လာသော အခါ သူ့ယောက်ျားကို
မိန်းမဖြစ်သူ ဆရာမက ” ရှင့် အိမ်ဖော်ကလည်း ချောလှချည်လား ကိုမိုးကြီးရဲ့ ”
ယောက်ျားဖြစ်သူ ကိုမိုးကြီးက ပြန်ပြောတယ် ” ချောလား မချောလား မသိပါဘူးကွာ အဝတ်လျှော် ထမင်း ချက်တတ်ရင် ပြီးတာဘဲ ဆိုပြီး ခေါ်ထားလိုက် တာပါ ”
” ရှင်နဲ့ရော ကင်းရှင်းရဲ့လား ယောက်ျား ”
” ရှင်းပါတယ်ကွာ ”
” ဒီ တစ်အိမ်လုံးမှာ ရှင်တို့ နှစ်ယောက်ထဲ ဆိုတော့ ”
” ဘာဆိုင်လဲကွာ ၊ ညမိုးချုပ်တာနဲ့ သူ့အခန်း သူအိပ် ၊ ငါ့အခန်း ငါအိပ် သီးခြားဆီပါ ”
”ဒါဆိုလည်း ပြီးတာပါပဲ ”
ဒီလိုနဲ့ ဆရာမက ကျောင်း ပြန်ဖွင့်တော့ သူတာဝန်ကျရာ ဒေသကို ပြန်သွားရပြန်တယ် ။
ဆရာမ ပြန်သွားပြီး နှစ်ရက် ၊ သုံးရက် နေတော့ အိမ်ဖော်လေးက ကိုမိုးကြီးကို ပြောပါလေရော။
အိမ်မှာ ဟင်းချက်တဲ့ ဒယ်အိုးကြီး မရှိတော့ဘူး ပျောက်နေတယ် တဲ့ …
” ဆရာမ ပြန်သွားကတည်းက ပျောက်တာ …
ဆရာမဆီ မှားများ ပါသွားလေသလား မေးကြည့်ပါအုံး ” ဆိုတော့ ….
ကိုမိုးကြီး လည်း သူ့မိန်းမ ကျောင်းဆရာမဆီ စာရေးပြီး မေးရ တာပေါ့ …
” မိန်းမရေ … မင်းယူတယ် လို့ မစွပ်စွဲပါဘူး မင်း ပြန်သွား ကတည်းက အိမ်မှာ ဟင်းချက်တဲ့ ဒယ်အိုးကြီး ပျောက်နေလို့ ” လို့ မင်းဆီများ မှားပါသွား သလား.. ဆိုပီး စာပို့ လိုက်တယ် ။
အဲ့ဒီတော့.. သူ့မိန်းမ ကျောင်းဆရာမ ဆီက စာပြန်လာတယ် … …
” ယောက်ျားရေ … ရှင်တို့ အတူ အိပ်ကြတယ်လို့ ကျမ မစွပ်စွဲပါဘူး… ရှင်ခေါ်ထားတဲ့ အိမ်ဖော်မိန်းမ အချော အလှလေးသာ သူ့အခန်း သူ့အိပ်ယာမှာ သူ အိပ်ရင် အခု ရှင်တို့ ပျောက်နေတဲ့ ဟင်းချက် ဒယ်အိုးကို ပြန်တွေ့တာ ကြာပါပြီ…
ဒယ်အိုးက ရှင့် အိမ်ဖော်မ ရဲ့ အခန်းထဲက သူ့ အိပ်ယာပေါ် သူ့ ခေါင်းအုံး အောက်မှာ ရှိပါတယ်… တဲ့..။
” ငွမ့် .. ”
( ဆရာမသည် အချဉ်မဟုတ် )
လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။
Leave a Reply