ဓာတ္ဆားေရ ေသာက္ေတာ့မယ္ဆိုရင္ ဒါေတြသတိထား

ဓာတ္ဆားေရ ေသာက္ေတာ့မယ္ဆိုရင္ ဒါေတြသတိထား

ဓာတ္ဆားေရ ေသာက္ေတာ့မယ္ဆိုရင္ ဒါေတြသတိထား

ဓာတ္ဆားေရ ေသာက္ေတာ့မယ္ဆိုရင္ ဒါေတြသတိထား (ဓာတ္ဆား ဆိုတာ ဘာလဲ…ဘာ အတြက္ သုံးတာလဲ)…

ဓာတ္ဆားမႈန႔္ (Oral Rehydration Salts) ဆိုတာ…ဝမ္းပ်က္ဝမ္းေလွ်ာျခင္းနဲ႔ အေၾကာင္းအမ်ိဴ းမ်ိဴ းေၾကာင့္ ခႏၶာကိုယ္မွာရွိတဲ့ ေရဓာတ္နဲ႔ ဓာတ္ဆားမ်ား ေလ်ာ့နည္းျခင္း အတြက္ ေရနဲ႔ ေဖ်ာ္ေသာက္တာပါ…

ယခုလို အလြန္ပူျပင္းတဲ့ အခ်ိန္မွာ ေခြၽးထြက္လို႔ ဆုံးရႈံးသြားတဲ့ ေရနဲ႔ ဆားဓာတ္ေတြ ျပန္လည္ျဖည့္တင္းဖို႔ အေကာင္းဆုံးေဆးမႈံ႕ေပါ့…

(ဘယ္လို ဓာတ္ဆား ေသာက္ရင္ အေကာင္းဆုံးလဲ)…

ျမန္မာႏိုင္ငံ ေဆးဝါးလုပ္ငန္းစက္႐ုံက ထုတ္လုပ္တဲ့ ဓာတ္ဆား…ႏိုင္ငံတကာမွ တင္သြင္းေရာင္းခ်တဲ့ ဓာတ္ဆားမ်ိဴ းစုံ…အျပင္ေဈးကြက္ထဲမွာ ႐ိုး႐ိုးဓာတ္ဆားမ်ား / သစ္သီးစုံဓာတ္ဆားမ်ား…

အမ်ားအျပားေရာင္းခ်ေနၿပီး တမ်ိဴးနဲ႔ တမ်ိဴ း အာနိသင္ သိသာစြာ ကြာျခားျခင္းမရွိပဲ…အားလုံးေကာင္းၾကပါတယ္…အရည္အေသြး ျပည့္ဝၿပီး ၾကာရွည္ အထားခံတာကေတာ့…ျမန္မာႏိုင္ငံေဆးဝါးစက္႐ုံ (MPF) ကထုတ္တဲ့ ဓာတ္ဆားပါ…

(ဓာတ္ဆားထုတ္ ဝယ္ရင္ ဘာေတြသိထားသင့္လဲ)…

ဓာတ္ဆားထုတ္ ဝယ္တဲ့အခါ ပထမဆုံးၾကည့္သင့္တာက သက္တမ္းကုန္ဆုံးရက္ (Expiry date) ပါ…Date ေကာင္းတာနဲ႔တင္မၿပီးပါဘူး…လတ္ဆပ္မႈ႕ ရွိ/မရွိ လႈပ္ၾကည့္ရပါမယ္…

ကပ္ေနရင္ (သို႔) အထဲက အမႈံ႕အေရာင္ေျပာင္းေနရင္ လုံးဝမေသာက္သင့္ပါဘူး…

(ဓာတ္ဆားထုတ္ကို ဘယ္လို ထားသိုရမလဲ…ဘယ္ေရနဲ႔ ေဖ်ာ္ရမလဲ)…

ဓာတ္ဆားတထုတ္ကို ေရက်က္ေအး (သို႔ ) ေရတစ္လီတာ/ေရသန႔္တဗူးနဲ႔ ေဖ်ာ္ရမွာပါ…သတိထားရမွာက ေရေႏြးနဲ႔ မေဖ်ာ္ရသလို…ေရခဲေသတၱာထဲကေရေအးနဲ႔လဲ မေဖ်ာ္သင့္ပါဘူး…

ဓာတ္ပ်ယ္သြားတတ္လို႔ပါ…ဓာတ္ဆားထုတ္ကို ေအးၿပီး ေျခာက္ေသြ႕တဲ့ေနရာမွာ ထားသိုရမွာျဖစ္ၿပီး…ေနေရာင္ျခည္တိုက္႐ိုက္ထိေတြ႕တဲ့ ေနရာေတြမွာ မထားသင့္ပါဘူူး…

ဓာတ္ဆားရည္ကို ေဖ်ာ္ၿပီး ၂၄ နာရီအတြင္း ကုန္ေအာင္ေသာက္ရမွာျဖစ္ၿပီး ၂၄ နာရီထက္ေက်ာ္သြားတဲ့ ဓာတ္ဆားရည္ကို သြန္ပစ္ရမွာပါ…

(တစ္ေန႔ ဘယ္ႏွစ္ထုတ္ေသာက္ရမလဲ…ဘယ္လိုလူေတြ မေသာက္ရဘူးလဲ)…

ပုံမွန္အားျဖင့္ ဓာတ္ဆားကို တစ္ရက္အမ်ားဆုံး ၂ ထုတ္သာ သုံးသင့္ပါတယ္…၂ ထုတ္ထက္ပိုေသာက္မိရင္ ခႏၶာကိုယ္က ပိုေနမဲ့ ဆားဓာတ္ကို မစြန႔္ထုတ္ႏိုင္ပဲ ေသြးတိုးေရာဂါျဖစ္တတ္လို႔ပါ…

ဓာတ္ဆားထုတ္ကို ဆီးခ်ိဴ /ေသြးတိုးရွိသူေတြ ဆရာဝန္ၫႊန္ၾကားခ်က္နဲ႔မွ ေသာက္သင့္ပါတယ္…

(ဒါေၾကာင့္) တန္ေဆး လြန္ေဘးဆို သလို ေခြၽးထြက္အလြန္မ်ားတဲ့ ယခုလို ေႏြရာသီမွာ ဓာတ္ဆားထုတ္ ေသာက္တဲ့အခါ…ဆင္ျခင္စရာေလးေတြကို က်န္းမာေရးဗဟုသုတအေနနဲ႔ တင္ျပလိုက္ရပါတယ္…

ဒီ post ကို share ေပးျခင္းနဲ႔ ကုသိုလ္ယူၾကေစလိုပါတယ္ခင္ဗ်ား…..။Credit to Original Writer

Unicode

ဓာတ်ဆားရေ သောက်တော့မယ်ဆိုရင် ဒါတွေသတိထား

ဓာတ်ဆားရေ သောက်တော့မယ်ဆိုရင် ဒါတွေသတိထား (ဓာတ်ဆား ဆိုတာ ဘာလဲ…ဘာ အတွက် သုံးတာလဲ)…

ဓာတ်ဆားမှုန့် (Oral Rehydration Salts) ဆိုတာ…ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့ အကြောင်းအမျိူ းမျိူ းကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ ရေဓာတ်နဲ့ ဓာတ်ဆားများ လျော့နည်းခြင်း အတွက် ရေနဲ့ ဖျော်သောက်တာပါ…

ယခုလို အလွန်ပူပြင်းတဲ့ အချိန်မှာ ချွေးထွက်လို့ ဆုံးရှုံးသွားတဲ့ ရေနဲ့ ဆားဓာတ်တွေ ပြန်လည်ဖြည့်တင်းဖို့ အကောင်းဆုံးဆေးမှုံ့ပေါ့…

(ဘယ်လို ဓာတ်ဆား သောက်ရင် အကောင်းဆုံးလဲ)…

မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံက ထုတ်လုပ်တဲ့ ဓာတ်ဆား…နိုင်ငံတကာမှ တင်သွင်းရောင်းချတဲ့ ဓာတ်ဆားမျိူ းစုံ…အပြင်ဈေးကွက်ထဲမှာ ရိုးရိုးဓာတ်ဆားများ / သစ်သီးစုံဓာတ်ဆားများ…

အများအပြားရောင်းချနေပြီး တမျိူးနဲ့ တမျိူ း အာနိသင် သိသာစွာ ကွာခြားခြင်းမရှိပဲ…အားလုံးကောင်းကြပါတယ်…အရည်အသွေး ပြည့်ဝပြီး ကြာရှည် အထားခံတာကတော့…မြန်မာနိုင်ငံဆေးဝါးစက်ရုံ (MPF) ကထုတ်တဲ့ ဓာတ်ဆားပါ…

(ဓာတ်ဆားထုတ် ဝယ်ရင် ဘာတွေသိထားသင့်လဲ)…

ဓာတ်ဆားထုတ် ဝယ်တဲ့အခါ ပထမဆုံးကြည့်သင့်တာက သက်တမ်းကုန်ဆုံးရက် (Expiry date) ပါ…Date ကောင်းတာနဲ့တင်မပြီးပါဘူး…လတ်ဆပ်မှု့ ရှိ/မရှိ လှုပ်ကြည့်ရပါမယ်…

ကပ်နေရင် (သို့) အထဲက အမှုံ့အရောင်ပြောင်းနေရင် လုံးဝမသောက်သင့်ပါဘူး…

(ဓာတ်ဆားထုတ်ကို ဘယ်လို ထားသိုရမလဲ…ဘယ်ရေနဲ့ ဖျော်ရမလဲ)…

ဓာတ်ဆားတထုတ်ကို ရေကျက်အေး (သို့ ) ရေတစ်လီတာ/ရေသန့်တဗူးနဲ့ ဖျော်ရမှာပါ…သတိထားရမှာက ရေနွေးနဲ့ မဖျော်ရသလို…ရေခဲသေတ္တာထဲကရေအေးနဲ့လဲ မဖျော်သင့်ပါဘူး…

ဓာတ်ပျယ်သွားတတ်လို့ပါ…ဓာတ်ဆားထုတ်ကို အေးပြီး ခြောက်သွေ့တဲ့နေရာမှာ ထားသိုရမှာဖြစ်ပြီး…နေရောင်ခြည်တိုက်ရိုက်ထိတွေ့တဲ့ နေရာတွေမှာ မထားသင့်ပါဘူူး…

ဓာတ်ဆားရည်ကို ဖျော်ပြီး ၂၄ နာရီအတွင်း ကုန်အောင်သောက်ရမှာဖြစ်ပြီး ၂၄ နာရီထက်ကျော်သွားတဲ့ ဓာတ်ဆားရည်ကို သွန်ပစ်ရမှာပါ…

(တစ်နေ့ ဘယ်နှစ်ထုတ်သောက်ရမလဲ…ဘယ်လိုလူတွေ မသောက်ရဘူးလဲ)…

ပုံမှန်အားဖြင့် ဓာတ်ဆားကို တစ်ရက်အများဆုံး ၂ ထုတ်သာ သုံးသင့်ပါတယ်…၂ ထုတ်ထက်ပိုသောက်မိရင် ခန္ဓာကိုယ်က ပိုနေမဲ့ ဆားဓာတ်ကို မစွန့်ထုတ်နိုင်ပဲ သွေးတိုးရောဂါဖြစ်တတ်လို့ပါ…

ဓာတ်ဆားထုတ်ကို ဆီးချိူ /သွေးတိုးရှိသူတွေ ဆရာဝန်ညွှန်ကြားချက်နဲ့မှ သောက်သင့်ပါတယ်…

(ဒါကြောင့်) တန်ဆေး လွန်ဘေးဆို သလို ချွေးထွက်အလွန်များတဲ့ ယခုလို နွေရာသီမှာ ဓာတ်ဆားထုတ် သောက်တဲ့အခါ…ဆင်ခြင်စရာလေးတွေကို ကျန်းမာရေးဗဟုသုတအနေနဲ့ တင်ပြလိုက်ရပါတယ်…

ဒီ post ကို share ပေးခြင်းနဲ့ ကုသိုလ်ယူကြစေလိုပါတယ်ခင်ဗျား…..။Credit to Original Writer

Be the first to comment

Leave a Reply

Your email address will not be published.


*