က်ီးေပါင္း အတြက္ အေကာင္းဆုံး မိႆလင္ၾကပ္ထုပ္ ျပဳလုပ္ပုံံ အဆင့္ဆင့္ ….

က်ီးေပါင္း အတြက္ အေကာင္းဆုံး မိႆလင္ၾကပ္ထုပ္ ျပဳလုပ္ပုံံ အဆင့္ဆင့္ ….

က်ီးေပါင္း အတြက္ အေကာင္းဆုံး မိႆလင္ၾကပ္ထုပ္ ျပဳလုပ္ပုံံ အဆင့္ဆင့္ ….

ပိတ္စအျဖဴ ခ်ည္ထည္အၾကမ္း အျဖဴေရာင္ တစ္ကိုက္ ဝယ္ပါ (ၾကပ္ထုပ္ ၃ထုပ္ စာ ရသည္) မိႆလင္ အမႈန႔္ အၾကမ္းပန္းကန္ တစ္လုံးစာကို ပိတ္စ ႏွစ္ထပ္ျဖင့္ ထုပ္ရမည္။ အတြင္းခံပိတ္စ (၁၁)လက္မပတ္လည္၊ အျပင္ခံပိတ္စ (၁၄)လက္မပတ္လည္ ထုပ္ရပါမည္။

ႏွစ္ၾကာ ခါးနာ၊ ဇက္ေၾကာတက္ ေဝဒနာသည္မ်ား ၊ ေဆာင္းရာသီ တြင္ အေအးပတ္ လွ်င္ ေခါင္းမူးတတ္သူမ်ား အတြက္ ေရေႏြးေငြ႕ ျဖင့္ အပူ ေပး၍ အခ်ိန္မေ႐ြး ၾကပ္ထုပ္ ထိုးေပး ႏိုင္ပါသည္။ အထုပ္ ႏွစ္ထုပ္ ျပဳလုပ္ၿပီး တစ္လွည့္စီ နာရီဝက္ခန႔္ ထိုးပါ။

မုံညႇင္းဆီ၊ ႏွမ္းဆီ အရင္ လိမ္းၿပီးမွ ထိုးလွ်င္ ပို၍ ေခ်ာေမြ႕ ပါသည္။ ေဆးခန္းသြား ၍ ေငြကုန္ခံမည့္ အစား မိမိအိမ္ တြင္ သက္သာမည့္ နည္းလမ္း ျဖစ္ပါသည္။

မိႆလင္ တစ္မ်ိဳး တည္း ႏွင့္ က်ီးေပါင္းေျပ၊ ဒဏ္ေက် ေစႏိုင္ပါသည္။ ပရေဆးဆိုင္ မွာ မိႆလင္ဥ ဝယ္ၿပီး အမႈန႔္ႀကိတ္ အပ္လိုက္လွ်င္ ရပါသည္။ အခိုးထြက္ သည့္ ပိတ္စ အၾကမ္းကို အသုံးျပဳပါ။

ဇက္က်ီးေပါင္း၊ ခါးဆစ္က်ီးေပါင္း ကို မိႆလင္ ၾကပ္ထုပ္ ထိုးၿပီးလွ်င္ သေဘၤာ႐ြက္ ကို ေပ်ာ့ေအာင္ ေရေႏြး ခဏစိမ္ၿပီး ကပ္ေပးပါ။ က်ီးေပါင္း တျဖည္းျဖည္း ပါ:သြားပါလိမ့္မည္။ ေဆးပူေတြ အၿမဲ မလိမ္း ပါႏွင့္။ ပ႐ုပ္ဆီ မလိမ္း ပါႏွင့္။ ပူလွ်င္ ယားလွ်င္ သနပ္ခါးျမစ္ႏွင့္ ဆားေသြးလိမ္းပါ။

ဆရာၾကည္လြင္ျမင့္ မုျဒာ

Unicode

ကျီးပေါင်း အတွက် အကောင်းဆုံး မိဿလင်ကြပ်ထုပ် ပြုလုပ်ပုံံ အဆင့်ဆင့် ….

ပိတ်စအဖြူ ချည်ထည် အကြမ်း အဖြူရောင် တစ်ကိုက် ဝယ်ပါ (ကြပ်ထုပ် ၃ထုပ် စာ ရသည်) မိဿလင် အမှုန့် အကြမ်းပန်းကန် တစ်လုံးစာ ကို ပိတ်စ နှစ်ထပ် ဖြင့် ထုပ်ရမည်။ အတွင်းခံ ပိတ်စ (၁၁) လက်မ ပတ်လည်၊ အပြင်ခံ ပိတ်စ (၁၄) လက်မ ပတ်လည် ထုပ်ရ ပါမည်။

နှစ်ကြာ ခါးနာ၊ ဇက်ကြောတက် ဝေဒနာသည်များ ၊ ဆောင်းရာသီ တွင် အအေးပတ် လျှင် ခေါင်းမူးတတ်သူများ အတွက် ရေနွေးငွေ့ ဖြင့် အပူ ပေး၍ အချိန်မရွေး ကြပ်ထုပ် ထိုးပေး နိုင်ပါသည်။ အထုပ် နှစ်ထုပ် ပြုလုပ်ပြီး တစ်လှည့်စီ နာရီဝက်ခန့် ထိုးပါ။

မုံညှင်းဆီ၊ နှမ်းဆီ အရင် လိမ်းပြီးမှ ထိုးလျှင် ပို၍ ချောမွေ့ ပါသည်။ ဆေးခန်းသွား ၍ ငွေကုန်ခံမည့် အစား မိမိအိမ် တွင် သက်သာမည့် နည်းလမ်း ဖြစ်ပါသည်။

မိဿလင် တစ်မျိုး တည်း နှင့် ကျီးပေါင်းပြေ၊ ဒဏ်ကျေ စေနိုင်ပါသည်။ ပရဆေးဆိုင် မှာ မိဿလင်ဥ ဝယ်ပြီး အမှုန့်ကြိတ် အပ်လိုက်လျှင် ရပါသည်။ အခိုးထွက် သည့် ပိတ်စ အကြမ်းကို အသုံးပြုပါ။

ဇက်ကျီးပေါင်း၊ ခါးဆစ်ကျီးပေါင်း ကို မိဿလင် ကြပ်ထုပ် ထိုးပြီးလျှင် သင်္ဘောရွက် ကို ပျော့အောင် ရေနွေး ခဏစိမ်ပြီး ကပ်ပေးပါ။ ကျီးပေါင်း တဖြည်းဖြည်း ပါ:သွားပါလိမ့်မည်။ ဆေးပူတွေ အမြဲ မလိမ်း ပါနှင့်။ ပရုပ်ဆီ မလိမ်း ပါနှင့်။ ပူလျှင် ယားလျှင် သနပ်ခါးမြစ်နှင့် ဆားသွေးလိမ်းပါ။

ဆရာကြည်လွင်မြင့် မုဒြာ

Be the first to comment

Leave a Reply

Your email address will not be published.


*