သစ္ခုတ္ၿပီး တင္လာတဲ့ ကားတစ္စီးျမင္ၿပီး ခိုင္မာတဲ့ ဆုံးျဖတ္ခ်က္ တစ္ခုကို ခ်မွတ္လိုက္တဲ့ ေနထူးႏိုင္

သစ္ခုတ္ၿပီး တင္လာတဲ့ ကားတစ္စီးျမင္ၿပီး ခိုင္မာတဲ့ ဆုံးျဖတ္ခ်က္ တစ္ခုကို ခ်မွတ္လိုက္တဲ့ ေနထူးႏိုင္

သစ္ခုတ္ၿပီး တင္လာတဲ့ ကားတစ္စီးျမင္ၿပီး ခိုင္မာတဲ့ ဆုံးျဖတ္ခ်က္ တစ္ခုကို ခ်မွတ္လိုက္တဲ့ ေနထူးႏိုင္

အခ်စ္ေတာ္ မင္းသားေခ်ာ ေနထူးႏိုင္ကေတာ့ မတူညီတဲ့ ဇာတ္႐ုပ္ေတြနဲ႔ အမ်ိဳးမ်ိဳးေသာ ဇာတ္ကားေတြကို ႐ိုက္ကူးထားၿပီး ပရိသတ္ရဲ႕ အခ်စ္ကို သိမ္းပိုက္ထားသူ တစ္ေယာက္ပါ။ ဗြီဒီယို ဇာတ္ကားေပါင္း မ်ားစြာကို ႐ိုက္ကူးထားၿပီး သူက်င္လည္ရာ ဗြီဒီယို ေလာကႀကီး မပ်က္စီးေစေရးအတြက္လည္း

အင္တိုက္အားတိုက္ လုပ္ေဆာင္ခ်က္ေတြနဲ႔ လုပ္ေဆာင္ေနၿပီး ဝါသနာရွင္ သ႐ုပ္ေဆာင္ေလးေတြကိုလည္း ေျမေတာင္ေျမႇာက္ေပးဖို႔ ႀကိဳးစားေနသူ တစ္ေယာက္ပါ။ အႏုပညာရွင္ တစ္ေယာက္ျဖစ္တာနဲ႔ အညီ ပရိသတ္ေတြရဲ႕ စံျဖစ္ေအာင္ အၿမဲ ႀကိဳးစားေနတဲ့ ေနထူးႏိုင္ကေတာ့ (၂၀၁၉)ႏွစ္ကုန္ပိုင္းေလာက္မွာတင္

ပူျပင္းလွတဲ့ ေခ်ာက္ၿမိဳ႕မွာ စိမ္းစိုတဲ့ ေနရာေလး တစ္ခု ျဖစ္လာေစဖို႔ သစ္ပင္ေတြ မ်ားစြာ စိုက္ပ်ိဳးေပးခဲ့ပါေသးတယ္။ အခုခ်ိန္မွာဆိုရင္ေတာ့ ကမာၻအႏွံ႔အျပားမွာ သစ္ထုတ္လုပ္မႈေတြ မ်ားစြာလုပ္ခဲ့တာေၾကာင့္ သစ္ေတာျပဳန္းတီးမႈ မ်ားစြာ ျဖစ္ေပၚေနတာလည္း ျဖစ္ပါတယ္။ ႏိုင္ငံတိုင္းမွာ သစ္ပင္ခုတ္မႈကို တားျမစ္ထားတဲ့အျပင္

ကမာၻေျမႀကီး ပူေႏြးလာမႈကို ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ အစီအစဥ္ တစ္ခုအေနနဲ႔ကို သစ္ပင္စိုက္ပ်ိဳးပြဲေတြ၊ သစ္ပင္စိုက္တဲ့ အေလ့အက်င့္ေကာင္းေလးေတြ ျပန္လည္ ရရွိလာႏိုင္ေအာင္ ႀကိဳးစားေနၾကတဲ့ အခ်ိန္လည္း ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာလည္း အေလ့က်င့္ေကာင္းေလးေတြ လုပ္ျဖစ္ေအာင္လို႔ ေနႏိုင္ထူးကိုယ္တိုင္ မအားလပ္တဲ့ ၾကားထဲက သစ္ပင္ေတြကို

အခ်ိန္ေပးၿပီး စိုက္ပ်ိဳးခဲ့တာလည္း ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ ေနထူးႏိုင္က လမ္းမွာ ကားေမာင္းေနစဥ္မွာပဲ သစ္ပင္ေတြကို ခုတ္ၿပီးတင္သြားတဲ့ ကားတစ္စီးကို ေတြ႕ျမင္လိုက္ရတာေၾကာင့္ “ခုတ္ၾကပါဗ်ာ… ကြၽန္ေတာ္ သစ္ပင္ေတြ (၂၀၂၀) မွာလည္း စိုက္ပါဦးမယ္” ဆိုၿပီး ေရးသား မွ်ေဝခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ႀကီးေရ

သစ္ပင္တစ္ပင္ ျဖစ္လာဖို႔က အခ်ိန္ေတြ အမ်ားႀကီးေပးရတာ ျဖစ္လို႔ မလိုအပ္တဲ့ ေနရာေတြအတြက္ သစ္ထုတ္လုပ္မႈေတြ ေလွ်ာ့ခ်ၿပီး ကမာၻေျမႀကီးကို ကာကြယ္ဖို႔ ႀကိဳးစားၾကရမွာ ႏိုင္ငံသားတိုင္းရဲ႕ တာဝန္ပါပဲေနာ္။ ဒါ့အျပင္ ေနထူးႏိုင္ရဲ႕စိတ္ဓာတ္ကို အတုယူရင္း သစ္ပင္ေလးေတြ စိုက္ျဖစ္ၾကဖို႔ တိုက္တြန္းလိုက္ပါတယ္ေနာ္။

Unicode

သစ်ခုတ်ပြီး တင်လာတဲ့ ကားတစ်စီးမြင်ပြီး ခိုင်မာတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်တဲ့ နေထူးနိုင်

အချစ်တော် မင်းသားချော နေထူးနိုင်ကတော့ မတူညီတဲ့ ဇာတ်ရုပ်တွေနဲ့ အမျိုးမျိုးသော ဇာတ်ကားတွေကို ရိုက်ကူးထားပြီး ပရိသတ်ရဲ့ အချစ်ကို သိမ်းပိုက်ထားသူ တစ်ယောက်ပါ။ ဗွီဒီယို ဇာတ်ကားပေါင်း များစွာကို ရိုက်ကူးထားပြီး သူကျင်လည်ရာ ဗွီဒီယို လောကကြီး မပျက်စီးစေရေးအတွက်လည်း

အင်တိုက်အားတိုက် လုပ်ဆောင်ချက်တွေနဲ့ လုပ်ဆောင်နေပြီး ဝါသနာရှင် သရုပ်ဆောင်လေးတွေကိုလည်း မြေတောင်မြှောက်ပေးဖို့ ကြိုးစားနေသူ တစ်ယောက်ပါ။ အနုပညာရှင် တစ်ယောက်ဖြစ်တာနဲ့ အညီ ပရိသတ်တွေရဲ့ စံဖြစ်အောင် အမြဲ ကြိုးစားနေတဲ့ နေထူးနိုင်ကတော့ (၂၀၁၉)နှစ်ကုန်ပိုင်းလောက်မှာတင်

ပူပြင်းလှတဲ့ ချောက်မြို့မှာ စိမ်းစိုတဲ့ နေရာလေး တစ်ခု ဖြစ်လာစေဖို့ သစ်ပင်တွေ များစွာ စိုက်ပျိုးပေးခဲ့ပါသေးတယ်။ အခုချိန်မှာဆိုရင်တော့ ကမ္ဘာအနှံ့အပြားမှာ သစ်ထုတ်လုပ်မှုတွေ များစွာလုပ်ခဲ့တာကြောင့် သစ်တောပြုန်းတီးမှု များစွာ ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာ သစ်ပင်ခုတ်မှုကို တားမြစ်ထားတဲ့အပြင်

ကမ္ဘာမြေကြီး ပူနွေးလာမှုကို လျှော့ချနိုင်ဖို့အတွက် အစီအစဉ် တစ်ခုအနေနဲ့ကို သစ်ပင်စိုက်ပျိုးပွဲတွေ၊ သစ်ပင်စိုက်တဲ့ အလေ့အကျင့်ကောင်းလေးတွေ ပြန်လည် ရရှိလာနိုင်အောင် ကြိုးစားနေကြတဲ့ အချိန်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အလေ့ကျင့်ကောင်းလေးတွေ လုပ်ဖြစ်အောင်လို့ နေနိုင်ထူးကိုယ်တိုင် မအားလပ်တဲ့ ကြားထဲက သစ်ပင်တွေကို

အချိန်ပေးပြီး စိုက်ပျိုးခဲ့တာလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ နေထူးနိုင်က လမ်းမှာ ကားမောင်းနေစဉ်မှာပဲ သစ်ပင်တွေကို ခုတ်ပြီးတင်သွားတဲ့ ကားတစ်စီးကို တွေ့မြင်လိုက်ရတာကြောင့် “ခုတ်ကြပါဗျာ… ကျွန်တော် သစ်ပင်တွေ (၂၀၂၀) မှာလည်း စိုက်ပါဦးမယ်” ဆိုပြီး ရေးသား မျှဝေခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ

သစ်ပင်တစ်ပင် ဖြစ်လာဖို့က အချိန်တွေ အများကြီးပေးရတာ ဖြစ်လို့ မလိုအပ်တဲ့ နေရာတွေအတွက် သစ်ထုတ်လုပ်မှုတွေ လျှော့ချပြီး ကမ္ဘာမြေကြီးကို ကာကွယ်ဖို့ ကြိုးစားကြရမှာ နိုင်ငံသားတိုင်းရဲ့ တာဝန်ပါပဲနော်။ ဒါ့အပြင် နေထူးနိုင်ရဲ့စိတ်ဓာတ်ကို အတုယူရင်း သစ်ပင်လေးတွေ စိုက်ဖြစ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*