သူငယ္တန္းပဲ ရွိေသးေပမယ့္ ကိုယ့္အားကိုယ္ကိုးတဲ့ သားသားေလး (အရမ္းခ်ီးက်ဴးဖို႔ ေကာင္းပါတယ္)

သူငယ္တန္းပဲ ရွိေသးေပမယ့္ ကိုယ့္အားကိုယ္ကိုးတဲ့ သားသားေလး (အရမ္းခ်ီးက်ဴးဖို႔ ေကာင္းပါတယ္)

သူငယ္တန္းပဲ ရွိေသးေပမယ့္ ကိုယ့္အားကိုယ္ကိုးတဲ့ သားသားေလး (အရမ္းခ်ီးက်ဴးဖို႔ ေကာင္းပါတယ္)

ကြၽန္ေတာ္တို႔ ႏိုင္ငံရဲ႕ မိဘ အေတာ္မ်ားမ်ား ဟာ သားသမီးကို အရမ္းခ်စ္ၾကပါတယ္။ ခ်စ္တာနဲ႔အတူ သားသမီးကို ဘာမွ ခိုင္းေလ့ မရွိၾကပါဘူး။ အဖိုးေတြ အဖြားေတြ၊ ဦးေလေတြ အေဒၚေတြနဲ႔ အတူ ႀကီးျပင္းလာတဲ့ ကေလးေတြဆို ပိုသိသာပါတယ္။

ကေလးကို တျခား အလုပ္ခိုင္းဖို႔ မေျပာနဲ႔ ကေလး မျဖစ္မေန လုပ္ရမယ့္ အလုပ္ေတြကိုပါ သူတို႔က ဝိုင္းလုပ္ေပးၾကတာပါ။ ထမင္းစားရင္လည္း ခြံ႕ေကြၽးတဲ့အျပင္ ကေလးေလွ်ာက္ေျပးတဲ့ေနာက္ ထမင္းပန္းကန္ကိုင္ၿပီး ေကြၽးေလ့ ရွိပါတယ္။ အက်ႌဝတ္တာက အစ အားလုံးပဲ မိဘ အဘိုးအဘြားေတြက လုပ္ေပးၾကပါတယ္။

အဲဒီကေလးေတြ အသက္ႀကီးလာေတာ့ အလုပ္ကို တာဝန္ယူေလ့ မရွိတဲ့သူ၊ စကားမေျပာရဲတဲ့သူ၊ လူေတာ မတိုးတဲ့သူ၊ သူတပါးကို မွီခိုတတ္တဲ့သူမ်ိဳးေတြ ျဖစ္ကုန္ၾကပါတယ္။

အဲဒီလို မိဘအလိုလိုက္တဲ့ ကေလးေတြ တျဖည္းျဖည္းမ်ားျပားလာတဲ့ ဒီလိုေခတ္ႀကီးထဲမွာ ကိုယ့္အားကိုယ္ကိုး တတ္ၿပီး အရမ္းခ်ီးက်ဴးဖို႔ ေကာင္းတဲ့ ကေလးေလး တေယာက္အေၾကာင္းကို ေဖာ္ျပခ်င္ပါတယ္။ မူရင္းပို႔စ္ကို ေအာက္မွာ ေဖာ္ျပထားပါတယ္-

“ေန႔တိုင္းထမင္းစား ဆင္းခ်ိန္မွာ ကိုယ့္အတန္းေရွ႕ သစ္ပင္ရိပ္ေအာက္မွာ ထမင္းလာစားတတ္တဲ့ Kg သူငယ္တန္းက သားသားေလး အျခားေသာမိဘေတြ သူတို႔ကေလးကို လာေကြၽး ၾကတာ ေတြ႕ေပမယ့္ သူကေတာ့ကိုယ့္အား ကိုယ္ကိုးေနတတ္ၿပီ သားဘယ္အတန္းကလဲ ေမးေတာ့ Kg ပါတဲ့။

ဘာဟင္းလဲသားသားဆိုေတာ့ၾကက္ဥေၾကာ္ပါ တဲ့ ခ်ိဳင့္ေလးခ်ၿပီး မုန႔္ေတြထိုင္စားေနလို႔ သားသားေရ ထမင္းအရင္စားရတယ္ ၿပီးမွမုန႔္စားေနာ္ ဆိုေတာ့ ဟုတ္ကဲ့တဲ့ က်မအလြန္သေဘာက် မိတယ္ ဒါမွကေလးဟာ ကိုယ့္အားကိုယ္ကိုး တဲ့စိတ္ဓါတ္ ထက္ျမက္ရဲရင့္တဲ့ စိတ္ဓါတ္ေတြရင့္သန္ လာမွာပါ သိပ္ခ်စ္စရာေကာင္းတဲ့ သားသားေလး”

ဒီကေလးေလးရဲ႕ မိဘေတြကိုက်ေနာ္ေလးစားတယ္၊ အခက္အခဲအမ်ိဳးမ်ိဳးေၾကာင့္ ကိုယ့္ကေလးကိုလိုက္မၾကည့္ႏိုင္ပဲ ထမင္းခ်ိဳင့္တစ္လုံးနဲ႔ ေက်ာင္းလႊတ္လိုက္တဲ့ သတၱိကိုလည္း ခ်ီးက်ဳးတယ္။

ဒီေနရာမွာ ငါ့သားေလး သူစိမ္းေတြၾကားမွာ မ်က္ႏွာငယ္မွာစိုးလို႔ဆိုတဲ့ တလြဲအေတြးေတြ ဝင္ေနရင္ ဒီကေလးရင့္က်က္မလာေတာ့ဘူး၊ လူေတာမတိုးရဲေတာ့ဘူး၊ KG တန္းမွာ ႏွစ္ဆင့္ခ်ိဳင့္ကို ကိုယ့္ဘာသာကိုဖြင့္ၿပီး စားတတ္ေနၿပီဆိုတာ သူအတြက္ ႀကီးမားေသာေအာင္ျမင္မႈပါ…

ရင့္က်က္မႈဆိုတာ အသက္အ႐ြယ္အေပၚမွာ မူမတည္ဘူး၊ ႀကဳံလာတဲ့ ေလာကဓံနဲ႔ပဲသက္ဆိုင္ပါတယ္။

Daw Thin Thin Lai, Pyae Phyo Lin

Unicode

သူငယ်တန်းပဲ ရှိသေးပေမယ့် ကိုယ့်အားကိုယ်ကိုးတဲ့ သားသားလေး (အရမ်းချီးကျူးဖို့ ကောင်းပါတယ်)

ကျွန်တော်တို့ နိုင်ငံရဲ့ မိဘ အတော်များများ ဟာ သားသမီးကို အရမ်းချစ်ကြပါတယ်။ ချစ်တာနဲ့အတူ သားသမီးကို ဘာမှ ခိုင်းလေ့ မရှိကြပါဘူး။ အဖိုးတွေ အဖွားတွေ၊ ဦးလေတွေ အဒေါ်တွေနဲ့ အတူ ကြီးပြင်းလာတဲ့ ကလေးတွေဆို ပိုသိသာပါတယ်။

ကလေးကို တခြား အလုပ်ခိုင်းဖို့ မပြောနဲ့ ကလေး မဖြစ်မနေ လုပ်ရမယ့် အလုပ်တွေကိုပါ သူတို့က ဝိုင်းလုပ်ပေးကြတာပါ။ ထမင်းစားရင်လည်း ခွံ့ကျွေးတဲ့အပြင် ကလေးလျှောက်ပြေးတဲ့နောက် ထမင်းပန်းကန်ကိုင်ပြီး ကျွေးလေ့ ရှိပါတယ်။ အင်္ကျီဝတ်တာက အစ အားလုံးပဲ မိဘ အဘိုးအဘွားတွေက လုပ်ပေးကြပါတယ်။

အဲဒီကလေးတွေ အသက်ကြီးလာတော့ အလုပ်ကို တာဝန်ယူလေ့ မရှိတဲ့သူ၊ စကားမပြောရဲတဲ့သူ၊ လူတော မတိုးတဲ့သူ၊ သူတပါးကို မှီခိုတတ်တဲ့သူမျိုးတွေ ဖြစ်ကုန်ကြပါတယ်။

အဲဒီလို မိဘအလိုလိုက်တဲ့ ကလေးတွေ တဖြည်းဖြည်းများပြားလာတဲ့ ဒီလိုခေတ်ကြီးထဲမှာ ကိုယ့်အားကိုယ်ကိုး တတ်ပြီး အရမ်းချီးကျူးဖို့ ကောင်းတဲ့ ကလေးလေး တယောက်အကြောင်းကို ဖော်ပြချင်ပါတယ်။ မူရင်းပို့စ်ကို အောက်မှာ ဖော်ပြထားပါတယ်-

“နေ့တိုင်းထမင်းစား ဆင်းချိန်မှာ ကိုယ့်အတန်းရှေ့ သစ်ပင်ရိပ်အောက်မှာ ထမင်းလာစားတတ်တဲ့ Kg သူငယ်တန်းက သားသားလေး အခြားသောမိဘတွေ သူတို့ကလေးကို လာကျွေး ကြတာ တွေ့ပေမယ့် သူကတော့ကိုယ့်အား ကိုယ်ကိုးနေတတ်ပြီ သားဘယ်အတန်းကလဲ မေးတော့ Kg ပါတဲ့။

ဘာဟင်းလဲသားသားဆိုတော့ကြက်ဥကြော်ပါ တဲ့ ချိုင့်လေးချပြီး မုန့်တွေထိုင်စားနေလို့ သားသားရေ ထမင်းအရင်စားရတယ် ပြီးမှမုန့်စားနော် ဆိုတော့ ဟုတ်ကဲ့တဲ့ ကျမအလွန်သဘောကျ မိတယ် ဒါမှကလေးဟာ ကိုယ့်အားကိုယ်ကိုး တဲ့စိတ်ဓါတ် ထက်မြက်ရဲရင့်တဲ့ စိတ်ဓါတ်တွေရင့်သန် လာမှာပါ သိပ်ချစ်စရာကောင်းတဲ့ သားသားလေး”

ဒီကလေးလေးရဲ့ မိဘတွေကိုကျနော်လေးစားတယ်၊ အခက်အခဲအမျိုးမျိုးကြောင့် ကိုယ့်ကလေးကိုလိုက်မကြည့်နိုင်ပဲ ထမင်းချိုင့်တစ်လုံးနဲ့ ကျောင်းလွှတ်လိုက်တဲ့ သတ္တိကိုလည်း ချီးကျုးတယ်။

ဒီနေရာမှာ ငါ့သားလေး သူစိမ်းတွေကြားမှာ မျက်နှာငယ်မှာစိုးလို့ဆိုတဲ့ တလွဲအတွေးတွေ ဝင်နေရင် ဒီကလေးရင့်ကျက်မလာတော့ဘူး၊ လူတောမတိုးရဲတော့ဘူး၊ KG တန်းမှာ နှစ်ဆင့်ချိုင့်ကို ကိုယ့်ဘာသာကိုဖွင့်ပြီး စားတတ်နေပြီဆိုတာ သူအတွက် ကြီးမားသောအောင်မြင်မှုပါ…

ရင့်ကျက်မှုဆိုတာ အသက်အရွယ်အပေါ်မှာ မူမတည်ဘူး၊ ကြုံလာတဲ့ လောကဓံနဲ့ပဲသက်ဆိုင်ပါတယ်။

Daw Thin Thin Lai, Pyae Phyo Lin

Be the first to comment

Leave a Reply

Your email address will not be published.


*