ေက်ာင္းစာၾကည့္တိုက္မွ စာအုပ္မ်ား ယူဖတ္တဲ့ ေက်ာင္းသား/သူ ၆ ဦး အၿငိဳးနဲ႔ ႐ိုက္ႏွက္အျပစ္ေပးခံရ ဟု ဆို

ေက်ာင္းစာၾကည့္တိုက္မွ စာအုပ္မ်ား ယူဖတ္တဲ့ ေက်ာင္းသား/သူ ၆ ဦး အၿငိဳးနဲ႔ ႐ိုက္ႏွက္အျပစ္ေပးခံရ ဟု ဆို

ေက်ာင္းစာၾကည့္တိုက္မွ စာအုပ္မ်ား ယူဖတ္တဲ့ ေက်ာင္းသား/သူ ၆ ဦး အၿငိဳးနဲ႔ ႐ိုက္ႏွက္အျပစ္ေပးခံရ ဟု ဆို

ၿမိတ္ၿမိဳ႕နယ္တြင္ ေက်ာင္းစာၾကည့္တိုက္ မွ စာအုပ္မ်ား ယူဖတ္ တဲ့ ေက်ာင္းသား/သူ ၆ ဦး ႐ိုက္ႏွက္ အျပစ္ေပး ခံရ (26.2.2020)

ၿမိတ္ၿမိဳ႕နယ္၊ ပေသာင္း ေက်း႐ြာအုပ္စု၊ ပေသာင္းေက်း႐ြာ အ.ထ.က( ခြဲ ) တြင္ ေဖေဖၚဝါရီလ ၂၆ ရက္၊ နံနက္ပိုင္းက ဘာသာရပ္ ဆရာမတစ္ဦး က ၅ တန္းေက်ာင္းသား/သူ ၆ ဦးကို ႐ိုက္ႏွက္အျပစ္ေပးခဲ့ေၾကာင္း သိရပါတယ္။

ပေသာင္းေက်း႐ြာ အ.ထ.က ( ခြဲ )တြင္ ပညာဆည္းပူးေနတဲ့ ပၪၥမတန္း (B) အခန္း က မၾကယ္စင္ၿဖိဳးပါအဝင္ ေက်ာင္းသူ ၅ ဦးႏွင့္ ေက်ာင္းသား ၁ ဦးက ေက်ာင္းတြင္း စာၾကည့္တိုက္မွ စာအုပ္ေတြကို ယူဖတ္တာေၾကာင့္ ဘာသာရပ္ဆရာမ ေဒၚျဖဴျဖဴဝင္းက ကေလးေတြကို ႐ိုက္ႏွက္အျပစ္ေပးခဲ့တာပါ။

“၈ တန္း ႏွင့္ ၄ တန္း စာေမးပြဲ ေျဖေနေတာ့ ၅ တန္းမွာ စာမသင္ဘူး၊ ကေလး ေတြက စာၾကည့္တိုက္ က စာအုပ္ေတြ ယူဖတ္တယ္၊ ဒါ ကို ဆရာမက ႀကိမ္လုံးနဲ႔ ႐ိုက္တယ္။

အ႐ိုက္ခံရတာက ၆ ေယာက္လုံး အ႐ိုက္ခံရေပမယ့္ မၾကယ္စင္ၿဖိဳးနဲ႔ေတာ့ သူ႔မိသားစုေတြနဲ႔ ဆရာမက လူမႈေရး ျပႆနာေတြရွိတယ္။ အၿငိဳးနဲ႔ အ႐ိုက္ခံရလို႔ ဒဏ္ရာ ေတာ္ေတာ္ျပင္းသြားတာ ျဖစ္မယ္”လို႔ ဦးေလးေတာ္စပ္သူ ဦးေနမင္းစိုးက ေျပာပါတယ္။

အ႐ိုက္ခံရတဲ့ မၾကယ္စင္ၿဖိဳးတြင္ ေျခေထာက္အတြင္းဒဏ္ရာ ျပင္းထန္တာေၾကာင့္ ၿမိတ္ျပည္သူ႔ေဆး႐ုံတြင္ ေဆးကုသမႈ ခံယူေနၿပီး အုပ္ထိန္းသူမ်ားက ပညာေရးဝန္ႀကီးဌာနကို လိပ္မူၿပီး တိုင္ၾကားမွာ ျဖစ္သလို ၿမိတ္ ၿမိဳ႕မရဲစခန္း တြင္လည္း တိုင္ခ်က္ဖြင့္ရန္ စီစဥ္ေနေၾကာင္း သိရပါတယ္။

ျမတ္ထြဋ္ (ၿမိတ္)

Unicode

ကျောင်းစာကြည့်တိုက်မှ စာအုပ်များ ယူဖတ်တဲ့ ကျောင်းသား/သူ ၆ ဦး အငြိုးနဲ့ ရိုက်နှက်အပြစ်ပေးခံရ ဟု ဆို

မြိတ်မြို့နယ်တွင် ကျောင်းစာကြည့်တိုက် မှ စာအုပ်များ ယူဖတ် တဲ့ ကျောင်းသား/သူ ၆ ဦး ရိုက်နှက် အပြစ်ပေး ခံရ (26.2.2020)

မြိတ်မြို့နယ်၊ ပသောင်း ကျေးရွာအုပ်စု၊ ပသောင်းကျေးရွာ အ.ထ.က( ခွဲ ) တွင် ဖေဖေါ်ဝါရီလ ၂၆ ရက်၊ နံနက်ပိုင်းက ဘာသာရပ် ဆရာမတစ်ဦး က ၅ တန်းကျောင်းသား/သူ ၆ ဦးကို ရိုက်နှက်အပြစ်ပေးခဲ့ကြောင်း သိရပါတယ်။

ပသောင်းကျေးရွာ အ.ထ.က ( ခွဲ )တွင် ပညာဆည်းပူးနေတဲ့ ပဉ္စမတန်း (B) အခန်း က မကြယ်စင်ဖြိုးပါအဝင် ကျောင်းသူ ၅ ဦးနှင့် ကျောင်းသား ၁ ဦးက ကျောင်းတွင်း စာကြည့်တိုက်မှ စာအုပ်တွေကို ယူဖတ်တာကြောင့် ဘာသာရပ်ဆရာမ ဒေါ်ဖြူဖြူဝင်းက ကလေးတွေကို ရိုက်နှက်အပြစ်ပေးခဲ့တာပါ။

“၈ တန်း နှင့် ၄ တန်း စာမေးပွဲ ဖြေနေတော့ ၅ တန်းမှာ စာမသင်ဘူး၊ ကလေး တွေက စာကြည့်တိုက် က စာအုပ်တွေ ယူဖတ်တယ်၊ ဒါ ကို ဆရာမက ကြိမ်လုံးနဲ့ ရိုက်တယ်။

အရိုက်ခံရတာက ၆ ယောက်လုံး အရိုက်ခံရပေမယ့် မကြယ်စင်ဖြိုးနဲ့တော့ သူ့မိသားစုတွေနဲ့ ဆရာမက လူမှုရေး ပြဿနာတွေရှိတယ်။ အငြိုးနဲ့ အရိုက်ခံရလို့ ဒဏ်ရာ တော်တော်ပြင်းသွားတာ ဖြစ်မယ်”လို့ ဦးလေးတော်စပ်သူ ဦးနေမင်းစိုးက ပြောပါတယ်။

အရိုက်ခံရတဲ့ မကြယ်စင်ဖြိုးတွင် ခြေထောက်အတွင်းဒဏ်ရာ ပြင်းထန်တာကြောင့် မြိတ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေပြီး အုပ်ထိန်းသူများက ပညာရေးဝန်ကြီးဌာနကို လိပ်မူပြီး တိုင်ကြားမှာ ဖြစ်သလို မြိတ် မြို့မရဲစခန်း တွင်လည်း တိုင်ချက်ဖွင့်ရန် စီစဉ်နေကြောင်း သိရပါတယ်။

မြတ်ထွဋ် (မြိတ်)

Be the first to comment

Leave a Reply

Your email address will not be published.


*