အေၾကာ္ႂကြပ္ႂကြပ္ေလးႀကိဳက္သူမ်ားအတြက္ ေကာ္(ပလတ္စတစ္) ေတြထည့္ ေၾကာ္တယ္ ဆိုတာ
အရင္ကလဲ ၾကားဖူးပါတယ္။ အေၾကာ္သည္ေတြ အေၾကာ္ႂကြပ္ေအာင္ ေကာ္(ပလတ္စတစ္) ေတြထည့္ ေၾကာ္တယ္ ဆိုတာ။
မေန႔ကၿမိဳ႕ထဲေရာက္ေတာ့ ကားရပ္စရာမရ။ ဒါနဲ႔ခပ္လွမ္းလွမ္းမွာ ရပ္ထားခဲ့ၿပီး သြားလိုရာကို ၄-၅ လမ္း ျပန္ေလွ်ာက္ရတယ္။ ထူးျခားတာက အဲ့နားတစ္ဝိုက္မွာ အေၾကာ္သည္ေတြအေတာ္မ်ားတယ္။ အခ်ိဳ႕လဲေၾကာ္ၿပီး ေရာင္းေနၿပီ။ အခ်ိဳ႕က အေၾကာ္ေၾကာ္မလို႔ ဆီအပူေပးေနတုန္း။
ကိုယ္ေတြကလဲ လမ္းေလွ်ာက္သြားရင္း လမ္းေဘးအေၾကာ္သည္ကို အမွတ္တမဲ့ၾကည့္ရင္းက သူမလုပ္ေနတာတခုကို ေတြ႕လို႔ ခပ္သုတ္သုတ္ေလွ်ာက္ေနတဲ့ ေျခလွမ္းေတြေႏွးသြားတယ္။ ေနာက္ဆုံး သူမနဲ႔ မလွမ္းမကမ္းမွာရပ္ေနၿပီး သူမကိုပဲ ဆက္ၾကည့္ေနမိတယ္။
မီးဖိုေပၚမွာ ပြက္ပြက္ဆူေနတဲ့ဆီအိုး၊ သူ႔အေပၚ မွာ အေၾကာ္ဆီစစ္တဲ့ သံလင္ဗန္း။ သံလင္ဗန္းကို အေပါက္ေသးေသးေလးေတြ ေဖာက္ထားတယ္။ မီးအားေကာင္းေတာ့ ဆီအိုးထဲကဆီက ပြက္ပြက္ဆူေနၿပီး၊ အေပၚကလင္ဗန္းပါ အေတာ္ပူျခစ္ေနပုံရတယ္။ သူမက ဘာဆက္လုပ္လဲဆိုေတာ့….
ဆီကုန္သြားတဲ့ ဆီဘူး(ေရသန႔္ဘူးအခြံ)ကို အဆိုပါသံလင္ဗန္းေပၚ ဖိထားတယ္။ ေရသန႔္ဘူးထိပ္ အဝက မၾကာမီအေရေပ်ာ္ၿပီး လင္ဗန္းအေပါက္ေလးေတြကတဆင့္ အလြန္ၾကည္လင္စြာျဖင့္ တစ္စက္ခ်င္းက်သြားတယ္။ ကိုယ္ေတြၾကည့္ေနစဥ္ စကၠန႔္ပိုင္းအတြင္းမွာပဲ ေရသန႔္ဘူးႏႈတ္သီးက အရည္ေပ်ာ္ၿပီး ဆီအိုးထဲကိုအကုန္က်သြားတယ္။
အစကေတာ့ ဆီအကပ္အသပ္အက်န္ကို က်ေအာင္လုပ္ေနတယ္ပဲထင္မိတာပါပဲ။ ၾကည့္ေနရင္း ေဒါသလဲထြက္လာသလို၊ ဆက္လဲမျမင္ခ်င္ေတာ့ဘူး။ အဲ့ဒီ အမ်ိဳးသမီးကေတာ့ေအးေဆးပဲ။ လုပ္ေနက်အတိုင္း ကြၽမ္းက်င္စြာလုပ္ေနတာပါပဲ။ ကိုယ္လဲ ”ခင္ဗ်ား ဒါဘာလုပ္တာလဲ” သြားေျပာမယ္ဆိုရင္ အေၾကာ္သည္ေတြအမ်ားႀကီး ဝိုင္းရန္ေတြ႕မလား၊ ဆီပူနဲ႔ ဝိုင္းပက္ၾကမလားမသိ။
ကိုယ္ေတြကေတာ့ရွင္းတယ္။ ကိုးရီးယားယဥ္ေက်းမႈ၊ ဘာယဥ္ေက်းမႈ ထြန္းကားကား၊ အကင္မစားဘူး ။ အတတ္ႏိုင္ဆုံးေရွာင္တယ္။ Nitrosamine ေတြ ကာဗြန္ၾကပ္ခိုးေတြက ကင္ဆာျဖစ္ႏိုင္ေခ်ကို ၃% အထိ ရွိေစတယ္ဆိုတာ တိတိက်က်သိလို႔။ နီးစပ္သူေတြကိုလဲ အကင္ တတ္ႏိုင္သမွ် မစားဖို႔တိုက္တြန္းတယ္။
ေနာက္ၿပီးအေၾကာ္ႂကြပ္ႂကြပ္ေလးမွ ႀကိဳက္တယ္ဆိုသူေတြ။ အေၾကာ္သဘာဝက ေလထိတာ ၾကာရင္ ေပ်ာ့မွာပဲ။ အၾကာႀကီး ႂကြပ္ေနဖို႔ ဆိုတာ အေတာ္ႀကီးကိုသဘာဝကိုလြန္ဆန္ႏိုင္မွ ရမယ္။ အေၾကာ္ႂကြပ္ႂကြပ္ေလးမွေကာင္းတယ္လို႔ ခံယူသူေတြရွိလို႔ ဒီလိုပလတ္စတစ္ေတြ ထည့္ေၾကာ္သူေတြ ရွိေနၾကတာပါပဲ။
အဓိကကေတာ့ လူေတြက လုပ္လို႔ရသ၍ လုပ္ၾကမွာပါပဲ။ ကိုယ့္ အသိတရား ၊ ပညာ ၊ ဆင္ျခင္တုံတရား နဲ႔ ခ်ိန္ဆ ၿပီး ေ႐ြးခ်ယ္တတ္ဖို႔ပဲ လိုတာပါ။
ပလတ္စတစ္ဆိုေပမယ့္ လူေတြအသုံးခ်လို႔ရတဲ့ပလတ္စတစ္ရွိသလို ၊ အရမ္းအဆိပ္အေတာက္မ်ားတဲ့ပလတ္စတစ္လဲရွိတယ္။ အစားအေသာက္ေတြ ထည့္လို႔ရတဲ့ Gradeထဲက ပလတ္စတစ္ေတာင္ bisphenol A (BPA) ပမာဏကိုထိန္းခ်ဳပ္ထားတယ္။ BPAက လူေတြမွာ ႏွလုံးေရာဂါ ၊ ဟိုမုန္းခ်ိဳ႕တဲ့ျပသနာ ၊ ကင္ဆာေရာဂါ စတာေတြကိုျဖစ္ႏိုင္ေခ်မ်ားေစပါတယ္။
ဒီေလာက္ အႏၲရာယ္မ်ားတဲ့ ပလတ္စတစ္ ကို မျဖစ္မေနသုံး ေနရတာ နဲ႔ တင္ အေျခေန ဆိုးလွပါၿပီ။ ဒီလိုမ်ိဳး ထည့္ပါ စားလို႔ကေတာ့… ဟင္း…
ကိုယ္ေတြ ခံယူခ်က္ကေတာ့ ရွင္းတယ္။ ႏွမ္းတစိနဲ႔ ဆီမျဖစ္ဘူးဆိုေပမယ့္ ကိုယ္ကေတာ့ အတတ္ႏိုင္ဆုံး ပလတ္စတစ္မသုံးဘူး။ Mini Store ၂၄ နာရီစတိုးဆိုင္ေတြမွာ ဝယ္တိုင္း အိတ္မယူဘူး။ လက္ထဲကိုင္တယ္။ တတ္ႏိုင္သမွ် ပလတ္စတစ္အမႈိက္မပစ္ဘူး။
ဒါေပမယ့္ ဒီလို အစားအေသာက္ထဲ ထည့္ေၾကာ္ေကြၽးေနတာ မ်က္ဝါးထင္ထင္ ျမင္မိေတာ့ အေတာ္ႀကီးကို တုန္လႈပ္မိတယ္။ နဂိုထဲကမွ အကင္၊ အေၾကာ္ကို တတ္ႏိုင္သမွ် ေရွာင္ေနသူမို႔…. ခုေတာ့ ပိုေသခ်ာပါၿပီ…
Aung Pyae Sone Via Kyaw Swa Min
Unicode
အကြော်ကြွပ်ကြွပ်လေးကြိုက်သူများအတွက် ကော်(ပလတ်စတစ်) တွေထည့် ကြော်တယ် ဆိုတာ
အရင်ကလဲ ကြားဖူးပါတယ်။ အကြော်သည်တွေ အကြော်ကြွပ်အောင် ကော်(ပလတ်စတစ်) တွေထည့် ကြော်တယ် ဆိုတာ။
မနေ့ကမြို့ထဲရောက်တော့ ကားရပ်စရာမရ။ ဒါနဲ့ခပ်လှမ်းလှမ်းမှာ ရပ်ထားခဲ့ပြီး သွားလိုရာကို ၄-၅ လမ်း ပြန်လျှောက်ရတယ်။ ထူးခြားတာက အဲ့နားတစ်ဝိုက်မှာ အကြော်သည်တွေအတော်များတယ်။ အချို့လဲကြော်ပြီး ရောင်းနေပြီ။ အချို့က အကြော်ကြော်မလို့ ဆီအပူပေးနေတုန်း။
ကိုယ်တွေကလဲ လမ်းလျှောက်သွားရင်း လမ်းဘေးအကြော်သည်ကို အမှတ်တမဲ့ကြည့်ရင်းက သူမလုပ်နေတာတခုကို တွေ့လို့ ခပ်သုတ်သုတ်လျှောက်နေတဲ့ ခြေလှမ်းတွေနှေးသွားတယ်။ နောက်ဆုံး သူမနဲ့ မလှမ်းမကမ်းမှာရပ်နေပြီး သူမကိုပဲ ဆက်ကြည့်နေမိတယ်။
မီးဖိုပေါ်မှာ ပွက်ပွက်ဆူနေတဲ့ဆီအိုး၊ သူ့အပေါ် မှာ အကြော်ဆီစစ်တဲ့ သံလင်ဗန်း။ သံလင်ဗန်းကို အပေါက်သေးသေးလေးတွေ ဖောက်ထားတယ်။ မီးအားကောင်းတော့ ဆီအိုးထဲကဆီက ပွက်ပွက်ဆူနေပြီး၊ အပေါ်ကလင်ဗန်းပါ အတော်ပူခြစ်နေပုံရတယ်။ သူမက ဘာဆက်လုပ်လဲဆိုတော့….
ဆီကုန်သွားတဲ့ ဆီဘူး(ရေသန့်ဘူးအခွံ)ကို အဆိုပါသံလင်ဗန်းပေါ် ဖိထားတယ်။ ရေသန့်ဘူးထိပ် အဝက မကြာမီအရေပျော်ပြီး လင်ဗန်းအပေါက်လေးတွေကတဆင့် အလွန်ကြည်လင်စွာဖြင့် တစ်စက်ချင်းကျသွားတယ်။ ကိုယ်တွေကြည့်နေစဉ် စက္ကန့်ပိုင်းအတွင်းမှာပဲ ရေသန့်ဘူးနှုတ်သီးက အရည်ပျော်ပြီး ဆီအိုးထဲကိုအကုန်ကျသွားတယ်။
အစကတော့ ဆီအကပ်အသပ်အကျန်ကို ကျအောင်လုပ်နေတယ်ပဲထင်မိတာပါပဲ။ ကြည့်နေရင်း ဒေါသလဲထွက်လာသလို၊ ဆက်လဲမမြင်ချင်တော့ဘူး။ အဲ့ဒီ အမျိုးသမီးကတော့အေးဆေးပဲ။ လုပ်နေကျအတိုင်း ကျွမ်းကျင်စွာလုပ်နေတာပါပဲ။ ကိုယ်လဲ ”ခင်ဗျား ဒါဘာလုပ်တာလဲ” သွားပြောမယ်ဆိုရင် အကြော်သည်တွေအများကြီး ဝိုင်းရန်တွေ့မလား၊ ဆီပူနဲ့ ဝိုင်းပက်ကြမလားမသိ။
ကိုယ်တွေကတော့ရှင်းတယ်။ ကိုးရီးယားယဉ်ကျေးမှု၊ ဘာယဉ်ကျေးမှု ထွန်းကားကား၊ အကင်မစားဘူး ။ အတတ်နိုင်ဆုံးရှောင်တယ်။ Nitrosamine တွေ ကာဗွန်ကြပ်ခိုးတွေက ကင်ဆာဖြစ်နိုင်ချေကို ၃% အထိ ရှိစေတယ်ဆိုတာ တိတိကျကျသိလို့။ နီးစပ်သူတွေကိုလဲ အကင် တတ်နိုင်သမျှ မစားဖို့တိုက်တွန်းတယ်။
နောက်ပြီးအကြော်ကြွပ်ကြွပ်လေးမှ ကြိုက်တယ်ဆိုသူတွေ။ အကြော်သဘာဝက လေထိတာ ကြာရင် ပျော့မှာပဲ။ အကြာကြီး ကြွပ်နေဖို့ ဆိုတာ အတော်ကြီးကိုသဘာဝကိုလွန်ဆန်နိုင်မှ ရမယ်။ အကြော်ကြွပ်ကြွပ်လေးမှကောင်းတယ်လို့ ခံယူသူတွေရှိလို့ ဒီလိုပလတ်စတစ်တွေ ထည့်ကြော်သူတွေ ရှိနေကြတာပါပဲ။
အဓိကကတော့ လူတွေက လုပ်လို့ရသ၍ လုပ်ကြမှာပါပဲ။ ကိုယ့် အသိတရား ၊ ပညာ ၊ ဆင်ခြင်တုံတရား နဲ့ ချိန်ဆ ပြီး ရွေးချယ်တတ်ဖို့ပဲ လိုတာပါ။
ပလတ်စတစ်ဆိုပေမယ့် လူတွေအသုံးချလို့ရတဲ့ပလတ်စတစ်ရှိသလို ၊ အရမ်းအဆိပ်အတောက်များတဲ့ပလတ်စတစ်လဲရှိတယ်။ အစားအသောက်တွေ ထည့်လို့ရတဲ့ Gradeထဲက ပလတ်စတစ်တောင် bisphenol A (BPA) ပမာဏကိုထိန်းချုပ်ထားတယ်။ BPAက လူတွေမှာ နှလုံးရောဂါ ၊ ဟိုမုန်းချို့တဲ့ပြသနာ ၊ ကင်ဆာရောဂါ စတာတွေကိုဖြစ်နိုင်ချေများစေပါတယ်။
ဒီလောက် အန္တရာယ်များတဲ့ ပလတ်စတစ် ကို မဖြစ်မနေသုံး နေရတာ နဲ့ တင် အခြေနေ ဆိုးလှပါပြီ။ ဒီလိုမျိုး ထည့်ပါ စားလို့ကတော့… ဟင်း…
ကိုယ်တွေ ခံယူချက်ကတော့ ရှင်းတယ်။ နှမ်းတစိနဲ့ ဆီမဖြစ်ဘူးဆိုပေမယ့် ကိုယ်ကတော့ အတတ်နိုင်ဆုံး ပလတ်စတစ်မသုံးဘူး။ Mini Store ၂၄ နာရီစတိုးဆိုင်တွေမှာ ဝယ်တိုင်း အိတ်မယူဘူး။ လက်ထဲကိုင်တယ်။ တတ်နိုင်သမျှ ပလတ်စတစ်အမှိုက်မပစ်ဘူး။
ဒါပေမယ့် ဒီလို အစားအသောက်ထဲ ထည့်ကြော်ကျွေးနေတာ မျက်ဝါးထင်ထင် မြင်မိတော့ အတော်ကြီးကို တုန်လှုပ်မိတယ်။ နဂိုထဲကမှ အကင်၊ အကြော်ကို တတ်နိုင်သမျှ ရှောင်နေသူမို့…. ခုတော့ ပိုသေချာပါပြီ…
Aung Pyae Sone Via Kyaw Swa Min
Leave a Reply