ကိုယ္က ေပးမွ ျပန္ရတဲ့ အခ်စ္ေတြထက္ ကိုယ့္ကို မို႔လို႔ ေပးတဲ့ အခ်စ္ေတြကို တန္ဖိုးထားပါ

ကိုယ္က ေပးမွ ျပန္ရတဲ့ အခ်စ္ေတြထက္ ကိုယ့္ကို မို႔လို႔ ေပးတဲ့ အခ်စ္ေတြကို တန္ဖိုးထားပါ

ကိုယ္က ေပးမွ ျပန္ရတဲ့ အခ်စ္ေတြထက္ ကိုယ့္ကို မို႔လို႔ ေပးတဲ့ အခ်စ္ေတြကို တန္ဖိုးထားပါ

ကိုယ္ က ေပးမွ ျပန္ရတဲ့ အခ်စ္ေတြထက္ ကိုယ့္ကို မို႔လို႔ ေပးတဲ့ အခ်စ္ေတြကို တန္ဖိုးထားတတ္လာတဲ့အခါ

ကိုယ္က ၿပဳံးျပမွ ျပန္ရတဲ့ အၿပဳံးေတြထက္ ကိုယ့္ကို မို႔လို႔ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ၿပဳံး႐ႊင္ရီေမာျပတတ္တဲ့ လူတေယာက္ကို ေတြ႕ရတဲ့အခါ …..

ကိုယ့္ဘက္က အၿမဲေပးေနရတဲ့ ခြင့္လႊတ္ျခင္းေတြထက္ ကိုယ့္ကို မို႔လို႔ ၾကင္နာသနားတတ္စြာ ခြင့္လႊတ္သည္းခံတာေတြ ႀကဳံရတဲ့အခါ ….

ကြၽန္မ ကမာၻဟာ ေနလို႔ ပိုေကာင္းလာပါတယ္ …..

လူေတြရဲ႕ သေဘာက မရတဲ့အရာကို ပိုလိုခ်င္ၾကတယ္ ….

ကိုယ္မစီးႏိုင္တဲ့ သိပ္ေစ်းႀကီးတဲ့ကားကို စီးခ်င္သလိုမ်ိဳး , ကိုယ္မဝယ္ႏိုင္တဲ့ အိမ္တလုံးကို လိုခ်င္ေနသလိုမ်ိဳး သက္မဲ့ေတြအေပၚေတာင္ရွိရင္ ကိုယ့္ကို မခ်စ္တဲ့ လူတေယာက္ရဲ႕ အခ်စ္ကို လိုခ်င္မိတာ အဆန္းေတာ့ မဟုတ္ပါဘူး……

မရတဲ့ အရာတခုေၾကာင့္ ေန႔ေပါင္းမ်ားစြာ စိတ္ဆင္းရဲေနရတယ္ ….. မ်ကိရည္ေတြ က်ခဲ့ရတယ္ …. မလုပ္သင့္တာေတြ လုပ္တယ္ … ေတာင္းပန္တယ္ … ခယတယ္ ….. ဒီလူတေယာက္အတြက္ အရွက္သိကၡာဆိုတာ ခ်နင္းခဲ့တဲ့ အခ်ိန္ေတြေတာင္ ရွိၾကတယ္ …..
ဒါေပမဲ့ ဘာျပန္ရခဲ့လဲ ?

တခါတေလ သူ အဖက္လုပ္ခ်င္ လုပ္တယ္ …စကားျပန္ေျပာရင္ ေျပာတယ္ …. တခါတေလ ရက္ေပါင္းမ်ားစြာ ပစ္ထားျခင္း ခံရတယ္ …. seen ျဖစ္ၿပီး အဖက္လုပ္မခံရတဲ့ အခ်ိန္ေတြ , ကိုယ့္ဖုန္းကို ignore လုပ္ထားတဲ့ အခ်ိန္ေတြက ပိုပါတယ္ … ကိုယ္ဆိုတာ သူ႔ဘဝရဲ႕ အမႈန္အမႊားေလာက္ပဲ ………

ဒါနဲ႔ပဲ ကြၽန္မတို႔က အခ်စ္ ဆိုတာကို စိတ္နာၾကေသးတယ္ ….. တကယ္ေတာ့ အခ်စ္က အခ်စ္ပါပဲ …. သူ႔ဘာသာသူ တည္ရွိေနတာ….. ကြၽန္မတို႔ စိတ္နာရမွာ အဲဒီ လူ ကိုပါ …….

တခါေလာက္

ကိုယ့္ကို တန္ဖိုးထားတဲ့သူ

ကိုယ္ေျပာတာေတြ နားေထာင္ေပးတတ္တဲ့သူ

ကိုယ့္အတြက္ ပခုံးတဖက္ အၿမဲ အဆင္သင့္ရွိတဲ့သူ

ကိုယ္ေနမေကာင္းရင္ သူ႔ကမာၻပ်က္တတ္တဲ့သူ

ကိုယ့္နာမည္ဟာ သူ႔ priority list မွာ အၿမဲရွိတဲ့သူ

ကိုယ့္ကို အခ်စ္မ်ိဳးစုံနဲ႔ ၾကင္နာႏိုင္တဲ့သူ တေယာက္နဲ႔ ပတ္သတ္ၾကည့္ဖူးပါသလား ?

ဘဝမွာ အခ်စ္ခံရျခင္းဟာ ကုသိ္ုလ္ေကာင္းျခင္းတမ်ိဳးပါ …. တခ်ိဴ႕ေတြက ကိုယ္သတ္မွတ္ထားတဲ့ စံႏႈန္း ႐ုပ္ရည္ ပိုင္ဆိုင္မႈေတြနဲ႔ လက္တြဲေဖာ္ကို ေ႐ြးၾကတယ္ ….. Fb မွာ ေပ်ာ္႐ႊင္တဲ့ပုံေတြ anniversary ေတြ suprise လက္ေဆာင္ေတြ တင္တိုင္း အခ်စ္ခံရတယ္လို႔ မထင္ပါနဲ႔ ……

ဘဝလက္တြဲေဖာ္ဆိုတာ ကိုယ္နဲ႔အတူ လႈိင္းဒဏ္ ေလဒဏ္ကို ႀကံ့ႀကံ့ခံရင္ဆိုင္လို႔ ကိုယ့္ကိုပါ ကာကြယ္ေပးႏိုင္တဲ့သူကို ေခၚတာပါ …..

ခ်မ္းသာျခင္းကိုလဲ အတူ စံစားၿပီး ဆင္းရဲျခင္းႀကဳံလာရင္လဲ အတူ႐ုန္းကန္ႏိုင္သူပါ …..

ကိုယ္ေ႐ြးခ်ယ္မဲ့ ဘဝလက္တြဲေဖာ္ ေယာက်ာ္းဟာ ႐ုပ္ေခ်ာဖို႔ မလိုပါဘူး ……. ကိုယ့္ကို ခ်စ္ခင္ျမတ္ႏိုးၿပီး တန္ဖိုးထားေနဖို႔ပဲ လိုတာပါ …….

ေယာက်ာ္းတေယာက္ရဲ႕ တန္ဖိုးတထား အခ်စ္ခံရဖို႔ ဘာလိုအပ္လဲဆိုရင္ တခုပဲ လိုပါတယ္ …….

ကိုယ့္ကိုယ္ကို တန္ဖိုးထား ဖို႔ပါပဲ ….. ကိုယ့္တန္ဖိုးကိုယ္သိမွ ကိုယ့္တန္ဖိုးကို သိတဲ့သူနဲ႔ ဆုံဆည္းရမွာပါ ….

ကိုယ့္တန္ဖိုးကိုယ္သိပါ ….

ကိုယ့္အလွ ကိူယ္ျမတ္ႏိုးပါ …..

ကိုယ့္ဘဝ ကိုယ္ခ်စ္ပါ …..

ကိုယ့္ကမာၻ ကိုယ္တည္ေဆာက္ပါ …..

ၿပီးေတာ့ ကိုယ့္ value သိတဲ့သူကိုသာ ေ႐ြးခ်ယ္ပါ …..

ေလးစားစြာျဖင့္ ခရက္ဒစ္ Eirachel

Unicode

ကိုယ်က ပေးမှ ပြန်ရတဲ့ အချစ်တွေထက် ကိုယ့်ကို မို့လို့ ပေးတဲ့ အချစ်တွေကို တန်ဖိုးထားပါ

ကိုယ်က ပေးမှ ပြန်ရတဲ့ အချစ်တွေထက် ကိုယ့်ကို မို့လို့ ပေးတဲ့ အချစ်တွေကို တန်ဖိုးထားတတ်လာတဲ့အခါ

ကိုယ် က ပြုံးပြမှ ပြန်ရတဲ့ အပြုံးတွေထက် ကိုယ့်ကို မို့လို့ နှစ်နှစ်ခြိုက်ခြိုက် ပြုံးရွှင်ရီမောပြတတ်တဲ့ လူတယောက်ကို တွေ့ရတဲ့အခါ …..

ကိုယ့်ဘက်က အမြဲပေးနေရတဲ့ ခွင့်လွှတ်ခြင်းတွေထက် ကိုယ့်ကို မို့လို့ ကြင်နာသနားတတ်စွာ ခွင့်လွှတ်သည်းခံတာတွေ ကြုံရတဲ့အခါ ….

ကျွန်မ ကမ္ဘာဟာ နေလို့ ပိုကောင်းလာပါတယ် …..

လူတွေရဲ့ သဘောက မရတဲ့အရာကို ပိုလိုချင်ကြတယ် ….

ကိုယ်မစီးနိုင်တဲ့ သိပ်ဈေးကြီးတဲ့ကားကို စီးချင်သလိုမျိုး , ကိုယ်မဝယ်နိုင်တဲ့ အိမ်တလုံးကို လိုချင်နေသလိုမျိုး သက်မဲ့တွေအပေါ်တောင်ရှိရင် ကိုယ့်ကို မချစ်တဲ့ လူတယောက်ရဲ့ အချစ်ကို လိုချင်မိတာ အဆန်းတော့ မဟုတ်ပါဘူး……

မရတဲ့ အရာတခုကြောင့် နေ့ပေါင်းများစွာ စိတ်ဆင်းရဲနေရတယ် ….. မျကိရည်တွေ ကျခဲ့ရတယ် …. မလုပ်သင့်တာတွေ လုပ်တယ် … တောင်းပန်တယ် … ခယတယ် ….. ဒီလူတယောက်အတွက် အရှက်သိက္ခာဆိုတာ ချနင်းခဲ့တဲ့ အချိန်တွေတောင် ရှိကြတယ် …..
ဒါပေမဲ့ ဘာပြန်ရခဲ့လဲ ?

တခါတလေ သူ အဖက်လုပ်ချင် လုပ်တယ် …စကားပြန်ပြောရင် ပြောတယ် …. တခါတလေ ရက်ပေါင်းများစွာ ပစ်ထားခြင်း ခံရတယ် …. seen ဖြစ်ပြီး အဖက်လုပ်မခံရတဲ့ အချိန်တွေ , ကိုယ့်ဖုန်းကို ignore လုပ်ထားတဲ့ အချိန်တွေက ပိုပါတယ် … ကိုယ်ဆိုတာ သူ့ဘဝရဲ့ အမှုန်အမွှားလောက်ပဲ ………

ဒါနဲ့ပဲ ကျွန်မတို့က အချစ် ဆိုတာကို စိတ်နာကြသေးတယ် ….. တကယ်တော့ အချစ်က အချစ်ပါပဲ …. သူ့ဘာသာသူ တည်ရှိနေတာ….. ကျွန်မတို့ စိတ်နာရမှာ အဲဒီ လူ ကိုပါ …….

တခါလောက်

ကိုယ့်ကို တန်ဖိုးထားတဲ့သူ

ကိုယ်ပြောတာတွေ နားထောင်ပေးတတ်တဲ့သူ

ကိုယ့်အတွက် ပခုံးတဖက် အမြဲ အဆင်သင့်ရှိတဲ့သူ

ကိုယ်နေမကောင်းရင် သူ့ကမ္ဘာပျက်တတ်တဲ့သူ

ကိုယ့်နာမည်ဟာ သူ့ priority list မှာ အမြဲရှိတဲ့သူ

ကိုယ့်ကို အချစ်မျိုးစုံနဲ့ ကြင်နာနိုင်တဲ့သူ တယောက်နဲ့ ပတ်သတ်ကြည့်ဖူးပါသလား ?

ဘဝမှာ အချစ်ခံရခြင်းဟာ ကုသိုလ်ကောင်းခြင်းတမျိုးပါ …. တချိူ့တွေက ကိုယ်သတ်မှတ်ထားတဲ့ စံနှုန်း ရုပ်ရည် ပိုင်ဆိုင်မှုတွေနဲ့ လက်တွဲဖော်ကို ရွေးကြတယ် ….. Fb မှာ ပျော်ရွှင်တဲ့ပုံတွေ anniversary တွေ suprise လက်ဆောင်တွေ တင်တိုင်း အချစ်ခံရတယ်လို့ မထင်ပါနဲ့ ……

ဘဝလက်တွဲဖော်ဆိုတာ ကိုယ်နဲ့အတူ လှိုင်းဒဏ် လေဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်လို့ ကိုယ့်ကိုပါ ကာကွယ်ပေးနိုင်တဲ့သူကို ခေါ်တာပါ …..

ချမ်းသာခြင်းကိုလဲ အတူ စံစားပြီး ဆင်းရဲခြင်းကြုံလာရင်လဲ အတူရုန်းကန်နိုင်သူပါ …..

ကိုယ်ရွေးချယ်မဲ့ ဘဝလက်တွဲဖော် ယောကျာ်းဟာ ရုပ်ချောဖို့ မလိုပါဘူး ……. ကိုယ့်ကို ချစ်ခင်မြတ်နိုးပြီး တန်ဖိုးထားနေဖို့ပဲ လိုတာပါ …….

ယောကျာ်းတယောက်ရဲ့ တန်ဖိုးတထား အချစ်ခံရဖို့ ဘာလိုအပ်လဲဆိုရင် တခုပဲ လိုပါတယ် …….

ကိုယ့်ကိုယ်ကို တန်ဖိုးထား ဖို့ပါပဲ ….. ကိုယ့်တန်ဖိုးကိုယ်သိမှ ကိုယ့်တန်ဖိုးကို သိတဲ့သူနဲ့ ဆုံဆည်းရမှာပါ ….

ကိုယ့်တန်ဖိုးကိုယ်သိပါ ….

ကိုယ့်အလှ ကိူယ်မြတ်နိုးပါ …..

ကိုယ့်ဘဝ ကိုယ်ချစ်ပါ …..

ကိုယ့်ကမ္ဘာ ကိုယ်တည်ဆောက်ပါ …..

ပြီးတော့ ကိုယ့် value သိတဲ့သူကိုသာ ရွေးချယ်ပါ …..

လေးစားစွာဖြင့် ခရက်ဒစ် Eirachel

Be the first to comment

Leave a Reply

Your email address will not be published.


*