Pa Pa Lin Wai fb
Unicode
မနက်ဆယ်နာရီတိတိ ကျိုက်ခမီရေလယ်ဘုရား အဓိဌာန်အောင်ပွဲမှ ာ အရမ်းဝမ်းသာပြီး အံသြနေလို့ ဘာပြောရမှန်းမသိအောင်ပါဘဲ …
အရမ်းဝမ်းသာပြီး အံသြနေလို့ မနေ့ ကည အထိကို စာမတင်နိုင်ခဲ့ပါဘူး ။
20.2.2020 ကျိုက်ခမီရေလယ်ဘုရားမှာ မနက်ဆယ်နာရီတိတိ အဓိဌာန်အောင်ပွဲ ဆွမ်းကပ်ရင်း နဂါးမယ်တော်ကိုလည်း နို့ပေါက်ပေါက် ဆွမ်းကပ်ရင်း အပြီးမှာ ရှင်ဥပ်ပဂုတ်ကိုလည်း သပိတ်ဆွမ်းကပ်ချင်စိတ်ပေါ်လာတာနဲ့ သစ်သီး ဆွမ်းတော်ပွဲမှာပြီး သပိတ်လေးနဲ့ အမွေးတိုင် ဖယောင်းတိုင်ထွန်းလို့ ရေထဲ မျောချပါ တယ် ။
လေကအ ရမ်းတိုက်နေတာမို့ ဖယောင်းတိုင်ကို လူနဲ့ကွယ်ပြီး မနည်းထွန်းခဲ့ရပါတယ် ။ပြီးတော့ငါးစာကျွေးတဲ့နေရာက လှေခါးထစ်တွေ အောက်ဆုံးထိဆင်းပြီး သံလွင်မြစ်ရေထဲချရတာပါ ။စိတ်က ရည်မှန်းပြီး အရှင်ဘုရား တပည့်တော်ဆွမ်းကပ်ချင်လို့ ပါဘုရား.. လက်ခံပေးတော်မူပါ ။ဆွမ်း တော်ကို သုံးဆောင်ပေးတော်မူပါ ။
ဘုရားရှိရာကို ဆွမ်းသပိတ်လေး ဆိုက်ရောက်ခွင့်ပေးပါ ။ သန့်စင်သောဆွမ်းဒါနကို လက်ခံသုံး ဆောင်ပေးပါ။ အလှူဒါနကိုသာဓုခေါ်ပေးပါ။တပည့်တော်ကိုလည်း စောင့်ရှောက်ပေးတော်မူပါ။ နိဗာန်ရောက်တဲ့ အထောက်အပံလေး ဖြစ်ချင်လို့ဆွမ်းလက်ခံပေးတော်မူပါလို့ ပြောတတ်သလို ပြောလိုက်ပြီး ရေထဲချလိုက်တာပါဘဲ။
ရေထဲမှာသပိတ်လေးက ငါးလေးတွေနဲ့ လှေခါးထစ်တိုင်နားမှာ သုံးကြိမ်လောက်လည်နေတယ် ။ တိုင်ကိုထိလိုက် ပြန်ခွာလိုက်နဲ့ သုံးကြိမ်လည်နေတယ် ။မီးတိုင်ကမငြိမ်းတော့ ကြည့်ကောင်းကောင်းနဲ့ ထိုင်ကြည့်နေမိတယ်။ ငါးစာကျွေးနေတဲ့လူတွေလည်းရှိတော့ ငေးလိုက် ပုံရိုက် လိုက် လုပ်နေမိတယ် ။
အဲ့သည်အချိန်ထိ ရှင်ဥပဂုတ်ကိုယ်တော် ကျောင်းဆောင်ရှိတာကိုမမြင်မိဘူး။ ရေထဲမှာရှိတယ် ဆိုတဲ့အသိနဲ့ဘဲ ဆွမ်းကပ်နေတာဘဲ။ လူတွေနဲ့ဓာတ်ပုံရိုက်လိုက် မီးမငြိမ်းတဲ့သပိတ်လေးကို ရိုက်လိုက်နဲ့ ပျော်နေမိတယ် ။
ပုံရိုက်နေရင်း သပိတ်လေးက ရေဆန်ကို တည့်တည့်တက်နေတယ်ဟလို့ ဘေးကလူကြီးတစ်ယောက် အော်လို့ ကြည့်မိတော့မှ သပိတ်လေးရွေ့နေတဲ့လမ်းကြောင်း အဝေးက ပေလေးရာ လောက်မှာ ရှင်ဥပဂုတ်ကိုယ်တော် သီတင်းသုံးတဲ့ကျောင်းဆောင်ကြီးကို မြင်လိုက်ရတော့တယ်။
အရမ်းအံသြလို့ တဖက်အဆောင်ကိုပြေးကြည့်မိတော့ အဲ့သည်ဖက်မှာလည်း လှေခါးလေးရှိနေတယ်။ တကယ် သပိတ်ချရမှာက အဲ့သည်နေရာကတဲ့.အဲ့နေရာကနေဆို ကိုယ်တော်အဆောင်နဲ့ ပေနှစ်ရာလောက်ဘဲ ဝေးတယ်။ လူတွေက သပိတ်လေး ရွေ့နေတာအော်ကြ ကြည့်ကြ ဖြစ်ကုန် ကြတယ် ။
ဆွမ်းတော်သပိတ်လေးက ရေဆန်ကို တည့်တည့်ကြီးဖြတ်ပြီး ဆန်တက်ပြီး အရှင်ဘုရားကျောင်း ဆေါင်အရှေ့ကို သွားနေတယ်။ အံ့သြလွန်းလို့ လူတွေက အော်ကြ လက်ခုပ်တီးကြတယ်။ ဂျပန်လူမျိူးတွေကလည်း ကိုယ့်အနားလာပြီး ကွန်ဂရယ်ကျူလေးရှင်း လုပ်ကြတယ်။ သပိတ်လေးက သွားနေတုန်းဘဲ ။
မီးလည်း မငြိမ်းဘူး။ ရေလည်း မမြှပ်ဘူး။ ဂျပန် တစ်ယောက်က လာပြောတယ်။ သည်လှိုင်းနဲ့ဆို သည်ခွက်က မြှုပ်ရမယ်။ သည်လေနဲ့ဆိုသည် မီးကငြိမ်းရမယ်။ အခု ခွက်လည်း မမြှုပ်ဘူး။ မီးလည်း မငြိမ်းဘူး။ သိပ်ထူးဆန်းတာဘဲ။ တန်ခိုးကြီးတယ်။ ဘဝမှာ ပထမဆုံးမြင်ဘူးခြင်းဘဲ တဲ့ ။
ကိုယ့်လက်ကို ဆွဲ ပြီးနုတ်ဆက်တယ်။ စကားပြန်ကလည်း ကြက်သီးတွေထလိုက်တာ အမရယ် ..အံသြလိုက်တာ.ဝမ်းသာလိုက်တာ တဲ့။ မျက်ရည်တောင်လည်တယ် တဲ့။ ဘုရားစေါင်းတန်း အပေါ် ဖက်ကကြည့်နေသူတွေကလည်း လပ်ခုပ်တီးကြ လက်မတွေ ထောင်ပြကြတယ်။
ကိုယ်လည်း တုန်လှုပ်နေတယ်၊ ဝမ်းသာလွန်းလို့ ဘာပြောရမှန်းကို မသိဘူး ဖြစ်နေတယ်။ ဆွမ်းသပိတ်လေးဟာ ရေထဲမှာ မီးမငြိမ်းဘဲ ပတ်နေတယ်။ ကျောင်းဆောင်ကို တစ်ပတ်နီးပါး ပတ်ပြီးမှ ရေထဲ မြှုပ်သွားတော့တယ်။
လူတွေအားလုံး အံသြနေကြတယ်။အရမ်းထူးဆန်းလို့ ဗွီဒီယိုလည်း ရိုက်လာပါတယ်။ အော်ဟစ်နေတဲ့ အသံတွေ ပါလို့ မတင်တော့ပါဘူး။ အားလုံးကို အမျှ အမျှ အမျှ ပေးပါတယ်။ သာဓုခေါ် ပေးကြပါနော် ….။ ကျမတော့ အရမ်းဝမ်းသာနေလို့ ဘာပြောရမှန်း မသိအောင်ပါဘဲ ….
ဘာဆုမှတော့ ထွေထွေထူးထူး မတောင်းဖြစ်ပါဘူး။ ခုလို ဆွမ်းကပ်ခွင့်ရခဲ့တာကိုဘဲ ကျေနပ်လှ ပါပြီ ။ ပုံ လေးတွေ သေချာ ကြည့်ပြီး သာဓုခေါ် ပေးကြပါ နော် ။ ခုထိ အိမ်မက် မက်နေသလို ပါ ဘဲ ။ အရမ်းလည်းပျော်ပါတယ် ။
Pa Pa Lin Wai fb
Be the first to comment
Leave a Reply
Your email address will not be published.
*