တ႐ုတ္မယားလုပ္ရန္ ျမန္မာ အမ်ိဳးသမီးငယ္မ်ား အသက္အ႐ြယ္လိုက္ ေပါက္ေဈး

တ႐ုတ္မယားလုပ္ရန္ ျမန္မာ အမ်ိဳးသမီးငယ္မ်ား အသက္အ႐ြယ္လိုက္ ေပါက္ေဈး

တ႐ုတ္မယားလုပ္ရန္ ျမန္မာ အမ်ိဳးသမီးငယ္မ်ား အသက္အ႐ြယ္လိုက္ ေပါက္ေဈး

ရန္ကုန္တိုင္းေဒသႀကီးအတြင္း လူကုန္ကူးသူ အခ်ိဳ႕မွ ျမန္မာအမ်ိဳးသမီးငယ္မ်ားကို တ႐ုတ္အမ်ိဳးသားမ်ားႏွင့္ လက္ထပ္ရန္ အတြက္ ေငြက်ပ္သိန္း ၄၀ မွ ေငြက်ပ္သိန္း ၈၀ အထိ မက္လုံးေပးကာ လူကုန္ကူးမႈမ်ား ျပဳလုပ္လွ်က္ရွိ ေၾကာင္းသိရသည္။

ယင္းသို႔ လူကုန္ကူးမႈတြင္ အသက္ငယ္႐ြယ္ၿပီး အိမ္ေထာင္မရွိအပ်ိဳျဖစ္ပါက ေငြက်ပ္သိန္း ၈၀ ႏွင့္အထက္ေပးကာ အသက္အ႐ြယ္ အေတာ္အတန္ရွိ အိမ္ေထာင္မရွိသည့္ အမ်ိဳးသမီးမ်ားကိုမူ ေငြက်ပ္သိန္း ၄၀ ခန႔္ေပးကာ စည္း႐ုံးမႈမ်ားရွိေနေၾကာင္း လူကုန္ကူးခံရသည့္ မိသားစုမ်ားႏွင့္ နီးစပ္သည့္အသိုင္းအဝိုင္းမ်ားထံမွ သိရသည္။

“မိန္းကေလးက အပ်ိဳဆိုရင္ သူတို႔ေျပာတဲ့စကားအရေတာ့ သိန္း ၈၀ေလာက္ေပးတယ္။ တခ်ိဳ႕လည္း ပိုက္ဆံပိုရတာေတြရွိတယ္။ ေနာက္ အသက္၄၀ အ႐ြယ္ေလာက္ေပါ့။ အိမ္ေထာင္မရွိဘူးဆိုရင္ေတာ့ သိန္း ၄၀ေလာက္ေပးတယ္” ဟု လူကုန္ကူးခံရသည့္ မိသားစုမ်ားႏွင့္ နီးစပ္သူတစ္ဦးက ေျပာၾကားသည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္းတြင္ အဆိုပါလူကုန္းကူးသူမ်ားအေနျဖင့္ ေငြေၾကးခ်ိဳ႕တဲ့သည့္ မိသားစုမ်ားရွိ မိန္းကေလးငယ္မ်ားကို ပစ္မွတ္ထားစည္း႐ုံးမႈမ်ားရွိေနၿပီး လိုက္ပါမည့္အမ်ိဳးသမီးႏွင့္ အမ်ိဳးသမီး၏မိသားစုဝင္မ်ားမွလက္ခံပါက ရန္ကုန္မွမူဆယ္ၿမိဳ႕အထိ ယင္းလူကုန္ကူးသူမ်ားက လိုက္ပါပို႔ေဆာင္ေပးၿပီး တ႐ုတ္ႏိုင္ငံဘက္ကိုမူ လူကုန္းကူးသည့္ပြဲစားမ်ားမွတဆင့္ ပို႔ေဆာင္လ်က္ရွိေၾကာင္းလည္းသိရသည္။

ထိုျပင္ ၎တ႐ုတ္ႏိုင္ငံသားႏွင့္ လက္ထပ္ ေပါင္းသင္းရန္ သေဘာတူလက္ခံသည့္ အမ်ိဳးသမီးမ်ားအေနျဖင့္ တ႐ုတ္ ႏိုင္ငံသားႏွင့္ ေပါင္းသင္းခ်ိန္အတြင္း၌ သားေယာက္က်ားေလးေမြးဖြားပါက ယင္းလက္ထပ္ ေပါင္းသင္းသည့္ တ႐ုတ္ ႏိုင္ငံသား မိသားစုမ်ားက အေရးေပးဆက္ဆံျခင္းခံရၿပီး –

မိန္းကေလးေမြးဖြားပါက ၎လက္ထပ္ ေပါင္းသင္းသည့္ အမ်ိဳးသမီးကို ေနရပ္သို႔ျပန္လႊတ္ကာ တျခားအမ်ိဳးသမီးတစ္ဦးႏွင့္ ထပ္မံလက္ထပ္ေပါင္းသင္းမႈမ်ား ရွိေနေၾကာင္းလည္း လူကုန္ကူးခံရသည့္ မိသားစုမ်ားႏွင့္ နီးစပ္သူတစ္ဦး၏ ေျပာၾကားမႈအရ သိရသည္။

လက္ရွိျမန္မာႏိုင္ငံလူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ ၿပီးခဲ့သည့္ ဧၿပီလအတြင္းတြင္ ျမန္မာႏိုင္ငံအတြင္း လူကုန္ကူးသည့္ အမႈေပါင္း ၁၅ မႈအထိရွိၿပီး လူကုန္ကူးခံရသူ စုစုေပါင္း၂၁ ဦးရွိေၾကာင္းႏွင့္ ရန္ကုန္တိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္၊ ကခ်င္ျပည္နယ္၊ မႏၲေလးတိုင္းေဒသႀကီးႏွင့္ ဧရာဝတီတိုင္းေဒသႀကီးတို႔အနက္ ရန္ကုန္ တိုင္းေဒသႀကီးတြင္ လူကုန္ကူးခံရမႈအမ်ားဆုံးျဖစ္ေၾကာင္းလည္း ျမန္မာႏိုင္ငံလူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရး ရဲတပ္ဖြဲ႕ထံမွသိရသည္။

Credit to Isee Media

Unicode

တရုတ်မယားလုပ်ရန် မြန်မာ အမျိုးသမီးငယ်များ အသက်အရွယ်လိုက် ပေါက်ဈေး

ရန်ကုန်တိုင်းဒေသကြီးအတွင်း လူကုန်ကူးသူ အချို့မှ မြန်မာအမျိုးသမီးငယ်များကို တရုတ်အမျိုးသားများနှင့် လက်ထပ်ရန် အတွက် ငွေကျပ်သိန်း ၄၀ မှ ငွေကျပ်သိန်း ၈၀ အထိ မက်လုံးပေးကာ လူကုန်ကူးမှုများ ပြုလုပ်လျှက်ရှိ ကြောင်းသိရသည်။

ယင်းသို့ လူကုန်ကူးမှုတွင် အသက်ငယ်ရွယ်ပြီး အိမ်ထောင်မရှိအပျိုဖြစ်ပါက ငွေကျပ်သိန်း ၈၀ နှင့်အထက်ပေးကာ အသက်အရွယ် အတော်အတန်ရှိ အိမ်ထောင်မရှိသည့် အမျိုးသမီးများကိုမူ ငွေကျပ်သိန်း ၄၀ ခန့်ပေးကာ စည်းရုံးမှုများရှိနေကြောင်း လူကုန်ကူးခံရသည့် မိသားစုများနှင့် နီးစပ်သည့်အသိုင်းအဝိုင်းများထံမှ သိရသည်။

“မိန်းကလေးက အပျိုဆိုရင် သူတို့ပြောတဲ့စကားအရတော့ သိန်း ၈၀လောက်ပေးတယ်။ တချို့လည်း ပိုက်ဆံပိုရတာတွေရှိတယ်။ နောက် အသက်၄၀ အရွယ်လောက်ပေါ့။ အိမ်ထောင်မရှိဘူးဆိုရင်တော့ သိန်း ၄၀လောက်ပေးတယ်” ဟု လူကုန်ကူးခံရသည့် မိသားစုများနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် အဆိုပါလူကုန်းကူးသူများအနေဖြင့် ငွေကြေးချို့တဲ့သည့် မိသားစုများရှိ မိန်းကလေးငယ်များကို ပစ်မှတ်ထားစည်းရုံးမှုများရှိနေပြီး လိုက်ပါမည့်အမျိုးသမီးနှင့် အမျိုးသမီး၏မိသားစုဝင်များမှလက်ခံပါက ရန်ကုန်မှမူဆယ်မြို့အထိ ယင်းလူကုန်ကူးသူများက လိုက်ပါပို့ဆောင်ပေးပြီး တရုတ်နိုင်ငံဘက်ကိုမူ လူကုန်းကူးသည့်ပွဲစားများမှတဆင့် ပို့ဆောင်လျက်ရှိကြောင်းလည်းသိရသည်။

ထိုပြင် ၎င်းတရုတ်နိုင်ငံသားနှင့် လက်ထပ် ပေါင်းသင်းရန် သဘောတူလက်ခံသည့် အမျိုးသမီးများအနေဖြင့် တရုတ် နိုင်ငံသားနှင့် ပေါင်းသင်းချိန်အတွင်း၌ သားယောက်ကျားလေးမွေးဖွားပါက ယင်းလက်ထပ် ပေါင်းသင်းသည့် တရုတ် နိုင်ငံသား မိသားစုများက အရေးပေးဆက်ဆံခြင်းခံရပြီး –

မိန်းကလေးမွေးဖွားပါက ၎င်းလက်ထပ် ပေါင်းသင်းသည့် အမျိုးသမီးကို နေရပ်သို့ပြန်လွှတ်ကာ တခြားအမျိုးသမီးတစ်ဦးနှင့် ထပ်မံလက်ထပ်ပေါင်းသင်းမှုများ ရှိနေကြောင်းလည်း လူကုန်ကူးခံရသည့် မိသားစုများနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားမှုအရ သိရသည်။

လက်ရှိမြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ ပြီးခဲ့သည့် ဧပြီလအတွင်းတွင် မြန်မာနိုင်ငံအတွင်း လူကုန်ကူးသည့် အမှုပေါင်း ၁၅ မှုအထိရှိပြီး လူကုန်ကူးခံရသူ စုစုပေါင်း၂၁ ဦးရှိကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့အနက် ရန်ကုန် တိုင်းဒေသကြီးတွင် လူကုန်ကူးခံရမှုအများဆုံးဖြစ်ကြောင်းလည်း မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ထံမှသိရသည်။

Credit to Isee Media

Be the first to comment

Leave a Reply

Your email address will not be published.


*