လူသိနည္းသြားျပီျဖစ္္တဲ႔ အိမ္္ေဆာက္နည္းမ်ား…

လူသိနည္းသြားျပီျဖစ္္တဲ႔ အိမ္္ေဆာက္နည္းမ်ား…

လူသိနည္းသြားျပီျဖစ္္တဲ႔ အိမ္္ေဆာက္နည္းမ်ား…

သိိသူေတာင္နည္းသြားျပီျဖစ္္တဲ႔ အိမ္္ေဆာက္နည္းမ်ား

ေနစရာအိိမ္ေဆာက္မယ္ဆိုရင္ (တန္ဖိုးရွိလြန္းလို႕သိမ္းထားခဲ႕တာပါ။ အခုေခတ္မွာ လုပ္ဖို႕မေျပာနဲ႕သိသူေတာင္နည္းသြားျပီ။)

ဆရာႀကီးဒဂုန္ ရဲ႕စာေတြဖတ္ရင္း ေတြ႕မိလို႕သိမ္းထားခဲ႕တဲ႕ထဲက အိိမ္ေဆာက္ရင္ လိုအပ္ခ်က္ေတြကို သိႏိုင္ဖို႕ ေဖာ္ျပလိုက္ပါတယ္။ ျမင္လဲျမင္ဆရာ ပါ။ သူေရးခဲ႕တဲ႕ စာစုကို ျပန္ေဖာ္ျပလိုက္ပါတယ္။

ေနစရာအိိမ္ေဆာက္မယ္ဆိုရင္္ ေ၀ဒဂၤတိုိ႕ ေန႕စဥ္ႏွင့္အမွ် ႐ုန္းကန္လႈပ္ရွားေနရတဲ့ အေၾကာင္းအရင္းကေတာ့ စား-၀တ္-ေန-ေရး ေၾကာင့္ပဲမဟုတ္လား။ အဲဲဒီ စား-၀တ္-ေန-ေရး ဆိုတဲ့ စကားေလး သံုးခြန္းဟာ ႏႈတ္ကေျပာရာမွာ ဘာမွမဟုတ္ေပမယ့္ ေသေသခ်ာခ်ာ ေတြးၾကည့္ေလ ေလးနက္္ က်ယ္ျပန္႕ေလပါပဲ။

စဥ္းစားၾကည့္ေလ၊ ေန႕စဥ္ႏွင့္အမွ်မစားလို႕ မ၀တ္လို႕၊ မေနလို႕ ရလို႕လား၊ မစားဘဲ၊ မ၀တ္ဘဲ၊ မေနဘဲ ရႏိုင္႐ိုးလား။ ရွာရ၊ ေဖြရ၊ ႐ုန္းကန္လႈပ္ရွားေန၇တာ၊ မေျပာခ်င္၊ မဆိုခ်င္ မဆက္ဆံခ်င္တဲ့ သူေတြနဲ႕ ေျပာဆိုဆက္ဆံရတာ ေတြဟာ အဲဒီ စား၀တ္ေန ဆိုတဲ့ ဟာႀကီးေၾကာင့္ပါ။

ဗုုဒၶ၀ါဒီပီပီေျပာရရင္ ခႏၶာအိမ္ ရွိသေရြ႕ စားေနရ၊ ၀တ္ေနရ၊ေနေနရဦးမွာပါ။စားစရာရွိိေပမယ့္၊ ၀တ္စရာရွိေပမယ့္။ ေနစရာမရွိရင္ သိပ္ဒုကၡေရာက္ပါတယ္။ေ၀ဒဂၤတိုိ႕အတြက္ နားခိုစ ရာ အမိုး၊ အကာ၊ အခင္းဟာလဲဲ စားစရာ၊ ၀တ္စရာ ေတြလိုိအေရးပါသမွ သိိပ္ကိုအေရးပါလွပါတယ္။

ဒီေနစရာ အေရးပါလြန္းလို႕လား မသိဘူး၊ ေ၀ဒဂၤ တို႕ရဲ႕ဘိုးဘြားေတြဟာ အိမ္တစ္လံုးေဆာက္ရင္ ေရြးစရာ၊ ေရွာင္စရာ၊ ေဆာင္စရာ၊ ျပဳလုပ္စရာေတြကို လကၤာနဲ႕စာသားနဲ႕ မွတ္သားၿပီး လမ္းညႊန္ခဲ့ပါတယ္။

အဲဒီလမ္းညႊန္စရာေတြကို ဗိသုကာက်မ္းအျဖစ္ သတ္မွတ္ခဲ့ပါတယ္။ ဒီက်မ္းကို ထိန္းသိမ္းရာ လဲ ေရာက္၊ အသံုးခ်ခ်င္ရင္ အသံုးလဲခ်လို႕ရေအာင္ ရွာေဖြစုေဆာင္းေလ့လာမိသမွ် ျပန္ၿပီးေျပာျပရရင္ အသက္တြြက္ၿပီးမွအိိမ္ေဆာက္ပါ အိိမ္ေဆာက္ေတာ့မယ္ဆိုရင္ အသက္တြက္ၿပီးမွ အိမ္ေဆာက္သင့္တယ္လို႕ ဆိုပါတယ္။

ဒီအခ်က္ကို လကၤာေလးနဲ႕ညႊန္းထားပံုက…

အိိမ္သစ္ေဆာက္လိုမ်ားလူဗိုိလ္၊သက္ကိုရွစ္ခုစား။ တစ္ခုၾကြင္းမူ သူေဌးယူ၊ ႏွစ္မူသူၾကြယ္သား။ ေလးခုၾကြင္းျငား ေရႊေလွခါး၊ ငါးကားေရႊျပႆဒ္။ သံုး၊ေျခာက္၊ ခုႏွစ္၊ သံုးဘံုလစ္၊ အိမ္သစ္မေဆာက္အပ္တဲ့။ လကၤာရဲ႕သေဘာကဒီီလိုပါ။ ကိုယ့္ရဲ႕ အသက္ကို (၈)နဲ႕ စားလိုက္ပါ။

၁= ၾကြင္းရင္ ဒီႏွစ္မွာ အိမ္ေဆာက္တဲ့အတြက္ သူေဌးျဖစ္ႏိုင္သလို၊

၂= ၾကြင္းရင္လည္း သူၾကြယ္ျဖစ္တတ္ပါသတဲ့။

၄- ၾကြင္းရင္ ဘ၀ရဲ႕ အဆင့္ျမင့္မႈကို ရရွိၿပီး၊

၅= ၾကြင္းရင္ လည္း တို႕ထက္ေကာင္းပါတယ္။

၃၊ ၆၊၇နဲ႕ ၀ၾကြင္းရင္ေတာ့ ဒီအသက္၊ ဒီႏွစ္ထဲမွာ အိမ္သစ္ မေဆာက္သင့္ပါဘူး။ ေဆာက္ရင္ေဆာက္သူအဖို႕ ေဘးရန္မ်ားတာ၊ စီးပြားက်တာ၊ ေရာဂါဘယ ပြားမ်ား တာေတြျဖစ္ႏိုင္တယ္နဲ႕တူပါတယ္။

အိိမ္သစ္ေဆာက္မယ့္ေျမ ေရြးရဦးမယ္ အိမ္သစ္ေဆာက္သင့္တဲ့ အသက္ေရာက္လိုကအိိမ္ သစ္ေဆာက္ဖိုိ႕စီစဥ္ၿပီဆိုရင္၊ ေဆာက္မယ့္ေျမလည္း ေရြးခ်ယ္ရပါဦးမယ္။ စနစ္တက်ေရြးခ်ယ္မွ အိမ္ရွင္အတြက္ ေကာင္းမြန္ၿပီး ေဘးရန္အသြယ္ သြယ္က ကင္းေ၀းႏိုင္ပါမယ္၊ ေျမေရြးနည္း လကၤာကေတာ့ ဒီလိုပါ။

အဆင္္းျဖဴျငားေျမပုဏၰား၊ စီးပြားျဖစ္တတ္စြာ။ အဆင္းနီီလြင္ေျမဘုရင္၊ မင္းလွ်င္ျဖစ္တတ္ပါ။ အဆင္းနက္ကေျမဒါသ၊ ဒုကၡေဘးေတြ႕ရာ။

အဆင္း၀ါဘိိေျမပကတိ၊ သုခိအေ၀ရာ။ အဆင္းျပာလွ်ံ၊ ေကသပံ၊ႏိုင္ငံတည္ေထာင္ရာ။ ေျမမင္းပုဏၰားေက်ာင္းအိမ္မ်ား၊ ေဆာက္ထား ဇရပ္သာ။

ေျမဒါသမွာ ဥယ်ာဥ္သာ၊ လယ္မွာလုပ္ေလပါ၊ ေျမပကတိိကို ရဟန္းဆို၊ ေနလို႕ေကာင္းေလစြ။

လကၤၤာရဲ႕သေဘာကေျမရဲ႕အဆင္းအေရာင္ကိုၾကည့္ၿပီး အိိမ္၊ ေက်ာင္း၊ ဇရပ္၊ ဥယ်ာဥ္တို႕တည္ထား သင့္တယ္ဆိုတဲ့သေဘာပါ။

ေသေသခ်ာခ်ာေျပာရရင္္ အဆင္းျဖဴတဲ့ ေျမကို ေျမပုဏၰားလို႕ ေခၚတယ္။

ဒီေျမမွာအိိမ္ေဆာက္ရင္ အိမ္ရွင္ဟာစီးပြားတက္မယ္။ ခ်မ္းသာမယ္။ေျမအဆင္းနီရင္္ ဒီေျမကိုေျမဘုရင္လို႕ သတ္မွတ္ တယ္။ ဒီေျမမွာ အိမ္ေဆာက္ရင္ အိိမ္ရွင္ဟာအႀကီး အကဲျဖစ္မယ္။ အမ်ားရဲ႕ ၾကည္ညိဳေလးစားမႈကို ခံရမယ္။

အဆင္းနက္တဲ့ (ေျမၾသဇာ၊ ေျမဆီေျမႏွစ္မ်ားတဲ့) ေျမကိုိ ေျမဒါသလို႕ ေခၚတယ္။ ဒီေျမမွာ အိိမ္မေဆာက္သင့္ဘူး။ ေဘးရန္မ်ားတတ္တယ္။ဒီေျမဟာ (ေျမဆီ ေျမႏွစ္ မ်ားတဲ့အတြက္ ) ဥယ်ာဥ္ စိုက္ပ်ိဳးတာ၊ လယ္လုပ္ကိုင္တာသာ လုပ္သင့္ပါ သတဲ့။

အဆင္းအေရာင္ ခပ္ျပာျပာရွိတဲ့ေျမကိုေတာ့ ေကသပ လို႕ေခၚၿပီး ႏိုင္ငံအႀကီးအကဲေတြရဲ႕ အေရးပါတဲ့ အေဆာက္အအံုေတြ ေဆာက္သင့္တယ္လို႕ယူဆရပါ တယ္။ေျမအဆင္းဟာ ၀ါရင္ပကတိိ ေျမသားအျဖစ္ သတ္မွတ္ပါတယ္။

ဒီေျမဟာ အိမ္တို႕၊ ဇရပ္တို႕ ထက္ရဟန္း သံဃာေတာ္မ်ား သီတင္းသံုးရာ ေက်ာင္းေဆာက္သင့္ပါတယ္။ ရဟန္းသံဃာေတာ္ မ်ားၾကည္လင္ ေအးခ်မ္းစြာ သီတင္းသံုးေပ်ာ္ေမြ႕ေစ ႏိုင္တဲ့ေျမမ်ိဳးပါ။

ဒီလမွာ အိမ္သစ္ေဆာက္ပါအိမ္သစ္ေဆာက္ဖို႕ အသက္လဲေရာက္ၿပီ၊ ေဆာက္သင့္တဲ့ ေျမလဲရၿပီ၊ ကဲ အိမ္သစ္ေဆာက္ၾကစို႕။ အဲတစ္ခု က်န္ေသးတယ္။ ဘယ္လမွာ ေဆာက္မလဲ။ လကၤာေလးကို ဖက္ၾကည့္ပါဦး

လတန္ခူးမွာ အိိမ္ေဆာက္ခါ၊ ခ်မ္းသာျပည့္ၾကြယ္၀။ လကဆုုန္ကားဆန္စပါး၊ ေပါမ်ားၾကြယ္တက္လွ။ ၀ါေခါင္လမွာအိိမ္ေဆာက္ခါ၊ ဥစၥာတိုးပြားရ။ နတ္ေတာ္လတြင္အိမ္ေဆာက္လွ်င္၊ ေပၚထင္ေက်ာ္ ေစာစြ။

ျပာသိုိလမွာလူတကာ၊ မ်ားစြာခ်ီးမြမ္းရ။ တေပါင္းလ၀ယ္၊ ခ်မ္းသာၾကြယ္၊ေဆာင္းဖြယ္္ ဤေျခာက္လ။

လကၤာက ေျပာထားတာကေလးက ရွင္းရွင္းကေလး ပါေနာ္၊ အက်ဥ္း႐ံုးေျပာရရင္ တန္ခူးလ၊ ကဆုန္လ၊ ၀ါေခါင္လ၊ နတ္ေတာ္လ၊ ျပာသိုလ၊ တေပါင္းလ စတဲ့ ျမန္မာလေတြမွာ အိမ္သစ္ေဆာက္သင့္တယ္။ ေဆာက္ရင္ ေကာင္းတယ္။ သူ႕လနဲ႕သူစီးပြားတက္ တာ၊ စပါးထြတ္တာ၊ ခ်မ္းသာတာ၊ ထင္ေပၚေက်ာ္ ၾကားတာေတြ ျဖစ္မယ္။

ဒါေၾကာင့္ အဲဒီေျခာက္လမွာ အိမ္သစ္ေဆာက္သင့္ၿပီး စပါးစိုက္တဲ့လ၊ အလုပ္မ်ား တဲ့လေတြမွာျဖစ္တဲ့ နယုန္လ၊ ၀ါဆိုလ၊ ၀ါဆိုလ၊ ေတာ္သလင္း၊ သီတင္းကၽြတ္၊ တန္ေဆာင္မုန္း။ တပိုတြဲစတဲ့ လေတြမွာ အိမ္သစ္မေဆာက္သင့္ပါဘူး။ လေရြးၿပီးရင္၊ေန႕လဲေရြးေပးဦး။

အဲဒီလိုအိမ္သစ္ေဆာက္ဖို႕ လေရြးၿပီးတာနဲ႕ ႀကိဳက္တဲ့ေန႕မွာ စတင္ၿပီးေဆာက္လို႕မျဖစ္ေသးပါဘူး သင့္ေလွ်ာ္တဲ့ေန႕ ေရြးဖို႕ကိုလဲ လကၤာနဲ႕ပဲ လမ္းညြန္ထားပါတယ္။လကၤာကေလးကဒီလိုပါ။

တနဂၤေႏြြတြင္အိမ္ေဆာက္လွ်င္၊ မရႊင္စိတ္ေသာက။ ေန႕တနလၤာလြန္ခ်မ္းသာ၊ အဂၤါ လာဘ္ႀကီးရ။ ဗုဒၶေဆာက္ခါဆင္းရဲစြာ၊ ရံံခါ ခ်မ္းသာရ။ ၾကာသပေတးမွာအိမ္ေဆာက္ခါ၊ ေရာဂါကင္းစင္ပ။ ေန႕ကားေသာၾကာေအးၾကည္စြာ၊ ရံဖန္ပူပင္ရ။ စေနေန႕မူအိမ္ေဆာက္သူ၊ ဗိုလ္လူညွင္းပမ္းၾက။

ဒီီလကၤာသေဘာအရ တနဂၤေႏြ၊ ဗုဒၶဟူး၊ ေသာၾကာ၊ စေနတို႕မွာ အိမ္သစ္စမေဆာက္သင့္ဘူး၊ ဗုဒၶဟူးနဲ႕ ေသာၾကာေန႕မွာအသင့္အသင့္ေကာင္းေပမယ့္ စေန၊ တနဂၤေႏြမွာေတာ့ လံုး၀ မေကာင္းႏိုင္ဘူး။ စၿပီး ေဆာက္သင့္တဲ့ ရက္ေတြကေတာ့ တနလၤာေန႕၊ အဂၤါေန႕၊ ၾကာသပေတးေန႕ တို႕ပါပဲ။ ဘာေၾကာင့္ ေဆာက္လုပ္သင့္သလဲဆိုတာကေတာ့ လကၤာမွာပါၿပီးသားပါ။

ေျမက်စ္အားကေဟာတဲ့ေဗဒင္ကိုယ္အိမ္ေဆာက္ဖို႕ေရြးထားတဲ့ေျမရဲ႕ေျမက်စ္အား(ေျမရဲ႕သိပ္သည္းျခင္း) က ကိုယ့္ကိုေဗဒင္ေဟာ တတ္ပါသတဲ့ ။

ေဟာပံုက

အိိမ္ေက်ာင္းေဆာက္ရာ၊ ေျမကိုိသာ၊ ေသခ်ာမွတ္ ၿပီးမွ။ေပါက္ေပါက္ဆန္ပန္း ဓိိဌာန္မွန္း၊ ခ်ိန္ေနာ္ ၾကည့္အပ္လွ။ တစ္က်ပ္ျပည့္လတန္၊ ဆင္းရဲတက္ ႏွစ္က်ပ္ ဒုကၡရ။

သံံုးက်ပ္ေလးက်ပ္၊ မေတာင္းတက္၊ ငါးက်ပ္ ေမတၱာမွ်။ ေျခာက္က်ပ္မွာ လာဘ္၊ ခုႏွစ္က်ပ္ အရပ္ေျပာင္းေရြ႕ရ။ ရွွစ္က်ပ္ဥစၥာ ၊ ေပါမ်ားပါ၊ ကိုးမွာ သိဒၶိကပ္၊ တစ္ဆယ္ေဘးမွတ္၊ ဆယ့္တစ္က်ပ္၊ တိုးတက္သက္ဇီ၀။ ဆယ့္ႏွစ္ ဆယ့္သံုး၊ ခ်ိန္က်ပ္ႏွဳန္း ရႊင္ၿပံဳးခ်မ္းသုခ။ ဆယ့္ေလး ခ်စ္ခင္၊ ဆယ့္ငါးကြင္း လူရွင္မွန္တတ္စြ။

ဆယ့္ေျခာက္ ေကာင္းစြန္၊တစ္ဆယ့္ခြန္၊ အလြန္မ်က္ထြက္စြ။ ခ်ိန္က်ပ္ေကာင္းစြာ၊ အိမ္ေက်ာင္းရာ၊ ေဆာက္ခါ ေနထိုင္ၾက။ ႀကံတိုိင္းလည္းေအာင္၊ သိဒၶိေဆာင္၊လူ႕ေဘာင္ေက်ာ္ ေစာလွ။ တဲ့

ဒီလကၤာကို ( Burmese to Burmese )ဘာသာျပန္ ရရင္

အိိမ္တို႕၊ ေက်ာင္းတို႕ေဆာက္ဖို႕ေျမေနရာ တိိတိက်က် ရၿပီဆုိရင္ ေျမေပၚမွာ ဆန္၊ ပန္း၊ ေပါက္ေပါက္ နဲ႕ျဖန္႕ႀကဲပူေဇာ္ရမယ္၊ အဓိ႒ာန္ျပဳ သစၥာဆိုၿပီးတိက်မွန္ကန္တဲ့ အတိတ္နမိတ္ေပၚေအာင္ ဆုေတာင္းရမယ္။ ၿပီးရင္တူရြင္းနဲ႕ေျမကို တစ္ေကာ္ေကာ္လိုက္ လိုက္ရမယ္။

ရတဲ့ ေျမ တစ္ေကာ္စာကို က်ပ္သားနဲ႕ ခ်ိန္ၾကည့္ရမယ္။ ေျမတစ္ေကာ္စာခ်င္း တူေပမယ့္ အေလးခ်ိန္မတူႏိုင္ဘူး။ ဒါက ေျမက်ပ္အား (၀ါ) ေျမရဲ႕ သိပ္သည္းမႈခ်င္း မတူလို႕ပါ။ ဒီေျမက်စ္အား ဟာ အိမ္ေဆာက္မယ့္သူအတြက္ အတိတ္နိမိတ္ ပါပဲ။

ဘယ္လိုအတိတ္နမိတ္လဲဆိုေတာ့…

တူရင္းေျမတစ္ေကာ္စာဟာ-တစ္က်ပ္သားရွိရင္ ဆင္းရဲမယ္။ ႏွွစ္က်ပ္သားရွိရင္ ေဘးဒုကၡေတြ႕မယ္။ သံုးက်ပ္သားရွိရင္ ေလးက်ပ္သားရွိရင္ သိပ္မေကာင္းဘူး။ ငါးက်ပ္သားရွိရင္ လူတကာရဲ႕ခ်စ္ခင္မႈကိုခံရမယ္ ေျခာက္က်ပ္သားရွိိရင္လာဘ္ရမယ္။

ခုႏွစ္က်ပ္သားရွိရင္ အရပ္တစ္ပါးကို ေျပာင္းေရြ႕ ရတတ္တယ္။ ရွစ္က်ပ္သားရွိရင္ဥစၥာဓနေပါမ်ားမယ္။ ကိုးက်ပ္သားရွိရင္သိဒၶိအေပါင္းနဲ႕ျပည့္စံုႏိုင္တယ္။ ဆယ္က်ပ္သားရွိရင္ေတာ့ ေဘးဥပါဒ္အႏၱရာယ္ေတြ႕ ႀကံဳရတက္တယ္။

ဆယ့္တစ္က်ပ္သားရွိရင္အသက္ရွင္မယ္။ ဆယ့္ႏွစ္က်ပ္၊ ဆယ့္သံုးက်ပ္သားရွိရင္ ေပ်ာ္ရႊင္ ခ်မ္းသာစြာေနရမယ္ ဆယ့္ေလးက်ပ္သားရွိရင္ ခ်စ္သူခင္သူေပါမ်ားမယ္။ ဆယ့္ငါးက်ပ္သားရွိရင္ေတာ္မွန္တဲ့သူျဖစ္မယ္။

ဆယ့္ေျခာက္က်ပ္သားရွိရင္ေကာင္းတယ္။ ဆယ့္ခုႏွစ္က်ပ္သားရွိရင္ေတာ့ေဒါသထြက္စရာ။ အမ်က္ထြက္တာေတြ ျဖစ္မယ္ ႐ိုးရာဓေလ့ပႏၷက္႐ိုက္ပံုဒီလိုေျမကို စနစ္တက်ေရြး၊ အိမ္ေဆာက္မယ့္၊ ႏွစ္၊ လ၊ ရက္ေတြ ေသေသခ်ာခ်ာေရြးၿပီးလို႕

အိမ္ေဆာက္ ၿပီဆိုရင္ စစခ်င္းေဆာင္ရြက္ရမွာက ပႏၷက္႐ိုက္ျခင္း ပါပဲ။ ပႏၷက္႐ိုက္ရာမွာထံုးတမ္းအစဥ္အလာအရ ေျမေစာင့္နတ္ကို ပူေဇာ္ရပါတယ္။

ပူေဇာ္ရာမွာ တင္လွဴရတဲ့၊ အရာေတြကေတာ့ အသားသက္လြတ္ ထမင္းႏွင့္ယိုစံုပါ။ ဒါေတြကို ဖက္သန္႕သန္႕နဲ႕ထည့္ ၿပီး ပူေဇာ္ရပါတယ္။ ပူေဇာ္ရာမွာရတဲ့ ဆုေတာင္း ကေတာ့ ဒီလိုပါ။ (႐ိုးရာ အစဥ္အလာ ထိန္းသိမ္း မွတ္တမ္းတင္တဲ့အေနနဲ႕ ထည့္သြင္းေဖာ္ျပပါရေစ)

ဥံဳ …ဘုမၼိရာဇာ၊ ေျမသခၤ်ာကို၊ အစိုးရသည့္ နဂါး သနင္း၊ေျမနတ္မင္း၊ ေကာင္းျခင္းတိုင္ၿမဲ၊ ပႏၷက္သဲက၊ စသည္႐ံုေပါင္း၊ ျခပုန္းေတာင္ပို႕၊ဤသို႕တစ္ေၾကာင္း၊ ေရွးသူေဟာင္းတို႕ မေကာင္းခၽြတ္လြဲ၊ ေျမထဲလားျမဳပ္၊ အ႐ုပ္ဆင္းခ်၊ ဆိုေရးစသား၊

ေဒါသကင္းေရး၊ ေကာင္းရာေဆးေလာ့၊ သူ႕ေသြးသြန္ရာ၊ ဆရာျပဳ ေဟာင္း၊ မေကာင္းတေစၦ၊ ေန႕တြင္သည္ကား၊ ေ၀းေ၀းရွား၊ ဘုရား႐ုပ္တု၊ ဆင္းတုမလြတ္၊ ဓာတ္ ေတာ္ ေမြေတာ္၊ ရွိျငားေသာ္လည္း၊ ေကာ္ေရာ္႐ိုညြတ္ နတ္တကာတို႕၊ မပါေစေၾကာင္း။ ေရေၾကာင္းေဆး မည္။

အလွ်ံတည္၊ အေရာင္ညီးညီး၊ လင္ပန္းႀကီး ႏွင့္၊ ပြဲႀကိဳနတ္ယကာ၊ ကိုင္စြဲကာျဖင့္၊အင္းကားလက္်ာ၊ ေဆးကားလက္၀ဲ၊ ကိုင္စြဲအေန ေျမတြင္ခ် ၊ ပသမလြတ္၊ယြင္းခၽြတ္ေသာ္လည္း၊ နတ္ရွင့္ပြဲေတာ္၊ စားေတာ္ေခၚေလာ့၊ ဇဟိ ံတတၱိ ံ ဘံုဥၨာဟိ ဘုဥၨာဟိဒီလို ပူေဇာ္ဆုေတာင္းၿပီးရင္ ဆန္ေပါက္ေပါက္ေတြနဲ႕ ေျမကြက္အႏွံ႕ ႀကဲျဖန္႕ရပါတယ္။

ၿပီးေတာ့မွ ပႏၷက္ခ်ၾကေလ႕ရွိၾကပါတယ္ ။ တိုင္ထူရင္ေရွာင္ရမယ့္အသား အိမ္ေဆာက္ရာမွာ မသံုးသင့္တဲ့အသားေတြကိုလဲညြန္ျပထား တာရွိပါေသးတယ္။ အဲဒီအသားေတြကေတာ့ မိေခ်ာင္း၊ မအူ၊ သခြပ္၊ သွ်ိသွ်ား၊ သီးသား၊သေျပသား၊ သစ္ဆိိမ့္သား၊ ေရသာသား၊ ကေလာသား၊ လက္္ပံသား၊ လဲ၀ါတို႕ျဖစ္ပါတယ။္

မိဘတိုင္ေျခာက္လံုးရဲ႕အမည္သညာျမန္မာ့႐ိုးရာ အိမ္ပံုစံအရ အဓိကက်တဲ့ တိုင္ေျခာက္လံုးရွိပါတယ္။ ဒီတိုင္ေျခာက္လံုးတည္ပံုနဲ႕ အမည္ေတြကေတာ့ ေဟာဒီပံုစံအတိုင္းပါပဲဗ်ာ

အေရွ႕ေျမာက္ (စံုပင္လယ္)

အေရွ႕ေတာင္ ( ဦးယူ )

အလယ္ေျမာက္ ( က်ငန္းမ )

အလယ္ေတာင္ ( က်ငန္းဖို )

အေနာက္ေျမာက္ ( သေျပ )

အေနာက္ေတာင္ ( ကုမၻီ )

အဲဒီ တိုင္ေျခာက္လံုးမထူခင္မွာ တိုင္စိုက္မယ့္က်င္း ထဲကိုိ ေဟာဒီအတိုင္းဆိုိင္ရာရာ သြန္းေလာင္းျမဳပ္ႏွံရ ပါတယ္။ က်ငန္းဖိုက်င္းထဲ ပတၱျမားစိိမ္းေရေလာင္းရမယ္။

က်ငန္းမက်င္းထဲကိုိ ခဲေရ ေလာင္းရမယ္။ ဦးယူတိုိင္စိုက္မယ့္က်င္းထဲကို ေၾကးနီျမဳပ္ရမယ္။ စံုပင္လယ္တိုင္စိုက္မယ့္က်င္းထဲကို ဆန္ ျမဳပ္ရမယ္

ကုမၻီတိုင္စိုိက္မယ့္ က်င္းထဲကို ေၾကးျဖဴျမဳပ္ရမယ္။ သေျပတိုင္စိုက္မယ့္က်င္းထဲကို ခဲမျဖဴျမွပ္ရမယ္

ဒီတိုင္ေတြကို မစိုက္မီက တစ္ခါတည္းမွန္ကန္ေအာင္ စနစ္တက်စိုက္ထူရမယ္။ ပႏၷတ္ေသေသခ်ာခ်ာ ခ်ၿပီး မွထူရမယ္။ ထူၿပီးေတာ့မွမႀကိဳက္လို႕ သေဘာမက်လို႕ဆိုၿပီး ျပန္ႏွဳတ္၊ ျပန္စိုက္တာမ်ိဳးမျဖစ္ေစရဘူး

ဒါေတြလဲေရွာင္ရဦးမယ္ ။ အိမ္ေဆာက္ရာမွာ ေရွာင္သင့္တာေတြလဲ ရွိပါေသးတယ္။ အဲဒါေတြကေတာ့ အိိမ္ျဖစ္တဲ့အတြက္ တိုင္ေတြ၊ ေဘာင္ေတြမွာ ကႏုတ္ ပန္းဆြဲေတြ ဘာေတြနဲ႕ တန္ဆာမဆင္ရဘူး။

ထုတ္တန္းမစြပ္ခင္ ယက္မတင္တာမ်ိဳး မလုပ္ရဘူး။ ယက္မတင္ၿပီးမွ ထုတ္တန္းစြပ္ရမယ္ ၾကမ္းခင္းထက္ေက်ာ္ၿပီး ရွည္ထြက္ေနတဲ့ တိုင္ေတြ မရွိသင့္ဘူး။ ရွိေနရင္ ျဖတ္ပစ္ရမယ္။

ေခါင္႐ိုးနဲ႕ (ေခါင္ေလွ်ာက္ခြ) မတင္ခင္မွာလဲ ၾကမ္းမေဖာက္ရဘူး။ ထုတ္ေတြ၊ တန္းေတြ အစြန္းထြက္တာ မရွိေစရဘူး။ ရွည္ထြက္ေနရင္ျဖတ္ပစ္ရမယ္။

ၿပီးေတာ့ အိမ္မေဆာက္ခင္က ၀င္းထရံကို ႀကိဳၿပီး ခတ္မထားရဘူး။အိိမ္ေဆာက္ၿပီးမွ ၀င္းခတ္ရမယ္ အိိမ္သစ္ၿပီးလို႕ အိမ္သစ္တက္ေတာ့မယ္ဆိုရင္ သေျပသားကိုင္ၿပီးမွ တတ္ရပါမယ္။

ေက်ာင္းသစ္ တက္ေတာ့မယ္ဆိုရင္ သနပ္သားေဆာင္ၿပီးမွ တက္ရ မယ္။ ဒါမွ ေဘးရန္ခပ္သိိမ္း ကင္းၿငိမ္းမယ္လို႕ ဆိုပါတယ္ အိိမ္အကာအကြယ္္ အိမ္သစ္မွာ ေနထိုင္ၾကမယ့္ မိသားစုေတြ ေဘးဥပါဒ္ အႏၱရာယ္ေတြ ကင္းေ၀းေအာင္ ကာကြယ္ၾကပံုလဲ ရွိပါေသးတယ္။

ကာကြယ္ပံုမွာ

အေရွ႕ေတာင္ကတိုင္မွာ သိ ၊အေနာက္ေတာင္က တိုင္မွာ န ၊ အေနာက္ေျမာက္ကတိုင္မွာ ဗိ ၊အေရွ႕ေျမာက္ကတိုင္မွာ ဘု ဆိုၿပီး ေရးသားရျခင္းပါပဲ။

အဲဒီ စာတစ္လံုးစီရဲ႕ အရွည္ကေတာ့ – သိိ = သိၾကား ၊န = နဂါး ၊ဗိ = ဗိႆႏိုး ၊ဘု = ဘုရား ျဖစ္ပါတယ္

ဒီစာေရးထားတဲ့ တိုင္ေတြကိုလဲ ေရႊရည္၊ ေငြရည္၊ စိန္ရည္၊ ေက်ာက္ရည္တို႕ သြန္းေလာင္းေပးရပါ တယ္။ ဒီလိုျပဳျခင္းအားျဖင့္ အိမ္သူအိမ္သားမ်ားဖို႕ ဥပါဒ္အႏၱရာယ္ ကင္းရွင္းၿပီး စိတ္ရဲ႕ခ်မ္းသာျခင္း၊ ကိုယ္ရဲ႕ခ်မ္းသာျခင္းတို႕နဲ႕ ျပည့္စံုႏိုင္ပါသတဲ့ ခင္ဗ်ာ

အခုတင္ျပခဲတဲ့ အေၾကာင္းအရာေတြကေတာ့ ျမန္မာ့ ႐ိုးရာထံုးတမ္းအစဥ္အလာအရ အိမ္သစ္၊ ေက်ာင္း သစ္ ေဆာက္ရာမွာ ျပဳလုပ္ေဆာင္ရြက္၊ ေရွာင္ၾက၊ ေဆာင္ၾကတဲ့အခ်က္ေတြပါ။

ေခတ္နဲ႕ ေလ်ာ္ညီစြာ ရွိတယ္၊ မေလ်ာ္ညီတယ္ဆိုတာကိုေတာ့ စာဖတ္သူ တို႕ကို ဆံုးျဖတ္ခြင့္ေပးၿပီး ႐ိုးရာဓေလ့ထံုးစံတစ္ရပ္ကို မွတ္တမ္းတင္တဲ့အေနနဲ႕ ေဖာ္ျပလိုက္ရပါတယ္

ဦးဖိုးနီ

Unicode

လူသိနည်းသွားပြီဖြစ်တဲ့ အိမ်ဆောက်နည်းများ…

သိသူတောင်နည်းသွားပြီဖြစ်တဲ့ အိမ်ဆောက်နည်းများ

နေစရာအိမ်ဆောက်မယ်ဆိုရင် (တန်ဖိုးရှိလွန်းလို့သိမ်းထားခဲ့တာပါ။ အခုခေတ်မှာ လုပ်ဖို့မပြောနဲ့သိသူတောင်နည်းသွားပြီ။)

ဆရာကြီးဒဂုန် ရဲ့စာတွေဖတ်ရင်း တွေ့မိလို့သိမ်းထားခဲ့တဲ့ထဲက အိမ်ဆောက်ရင် လိုအပ်ချက်တွေကို သိနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။ မြင်လဲမြင်ဆရာ ပါ။ သူရေးခဲ့တဲ့ စာစုကို ပြန်ဖော်ပြလိုက်ပါတယ်။

နေစရာအိမ်ဆောက်မယ်ဆိုရင် ဝေဒင်္ဂတို့ နေ့စဉ်နှင့်အမျှ ရုန်းကန်လှုပ်ရှားနေရတဲ့ အကြောင်းအရင်းကတော့ စား-ဝတ်-နေ-ရေး ကြောင့်ပဲမဟုတ်လား။ အဲဒီ စား-ဝတ်-နေ-ရေး ဆိုတဲ့ စကားလေး သုံးခွန်းဟာ နှုတ်ကပြောရာမှာ ဘာမှမဟုတ်ပေမယ့် သေသေချာချာ တွေးကြည့်လေ လေးနက် ကျယ်ပြန့်လေပါပဲ။

စဉ်းစားကြည့်လေ၊ နေ့စဉ်နှင့်အမျှမစားလို့ မဝတ်လို့၊ မနေလို့ ရလို့လား၊ မစားဘဲ၊ မဝတ်ဘဲ၊ မနေဘဲ ရနိုင်ရိုးလား။ ရှာရ၊ ဖွေရ၊ ရုန်းကန်လှုပ်ရှားနေ၇တာ၊ မပြောချင်၊ မဆိုချင် မဆက်ဆံချင်တဲ့ သူတွေနဲ့ ပြောဆိုဆက်ဆံရတာ တွေဟာ အဲဒီ စားဝတ်နေ ဆိုတဲ့ ဟာကြီးကြောင့်ပါ။

ဗုဒ္ဓဝါဒီပီပီပြောရရင် ခန္ဓာအိမ် ရှိသရွေ့ စားနေရ၊ ဝတ်နေရ၊နေနေရဦးမှာပါ။စားစရာရှိပေမယ့်၊ ဝတ်စရာရှိပေမယ့်။ နေစရာမရှိရင် သိပ်ဒုက္ခရောက်ပါတယ်။ဝေဒင်္ဂတို့အတွက် နားခိုစ ရာ အမိုး၊ အကာ၊ အခင်းဟာလဲ စားစရာ၊ ဝတ်စရာ တွေလိုအရေးပါသမှ သိပ်ကိုအရေးပါလှပါတယ်။

ဒီနေစရာ အရေးပါလွန်းလို့လား မသိဘူး၊ ဝေဒင်္ဂ တို့ရဲ့ဘိုးဘွားတွေဟာ အိမ်တစ်လုံးဆောက်ရင် ရွေးစရာ၊ ရှောင်စရာ၊ ဆောင်စရာ၊ ပြုလုပ်စရာတွေကို လင်္ကာနဲ့စာသားနဲ့ မှတ်သားပြီး လမ်းညွှန်ခဲ့ပါတယ်။

အဲဒီလမ်းညွှန်စရာတွေကို ဗိသုကာကျမ်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီကျမ်းကို ထိန်းသိမ်းရာ လဲ ရောက်၊ အသုံးချချင်ရင် အသုံးလဲချလို့ရအောင် ရှာဖွေစုဆောင်းလေ့လာမိသမျှ ပြန်ပြီးပြောပြရရင် အသက်တွက်ပြီးမှအိမ်ဆောက်ပါ အိမ်ဆောက်တော့မယ်ဆိုရင် အသက်တွက်ပြီးမှ အိမ်ဆောက်သင့်တယ်လို့ ဆိုပါတယ်။

ဒီအချက်ကို လင်္ကာလေးနဲ့ညွှန်းထားပုံက…

အိမ်သစ်ဆောက်လိုများလူဗိုလ်၊သက်ကိုရှစ်ခုစား။ တစ်ခုကြွင်းမူ သူဌေးယူ၊ နှစ်မူသူကြွယ်သား။ လေးခုကြွင်းငြား ရွှေလှေခါး၊ ငါးကားရွှေပြဿဒ်။ သုံး၊ခြောက်၊ ခုနှစ်၊ သုံးဘုံလစ်၊ အိမ်သစ်မဆောက်အပ်တဲ့။ လင်္ကာရဲ့သဘောကဒီလိုပါ။ ကိုယ့်ရဲ့ အသက်ကို (၈)နဲ့ စားလိုက်ပါ။

၁= ကြွင်းရင် ဒီနှစ်မှာ အိမ်ဆောက်တဲ့အတွက် သူဌေးဖြစ်နိုင်သလို၊

၂= ကြွင်းရင်လည်း သူကြွယ်ဖြစ်တတ်ပါသတဲ့။

၄- ကြွင်းရင် ဘဝရဲ့ အဆင့်မြင့်မှုကို ရရှိပြီး၊

၅= ကြွင်းရင် လည်း တို့ထက်ကောင်းပါတယ်။

၃၊ ၆၊၇နဲ့ ဝကြွင်းရင်တော့ ဒီအသက်၊ ဒီနှစ်ထဲမှာ အိမ်သစ် မဆောက်သင့်ပါဘူး။ ဆောက်ရင်ဆောက်သူအဖို့ ဘေးရန်များတာ၊ စီးပွားကျတာ၊ ရောဂါဘယ ပွားများ တာတွေဖြစ်နိုင်တယ်နဲ့တူပါတယ်။

အိမ်သစ်ဆောက်မယ့်မြေ ရွေးရဦးမယ် အိမ်သစ်ဆောက်သင့်တဲ့ အသက်ရောက်လိုကအိမ် သစ်ဆောက်ဖို့စီစဉ်ပြီဆိုရင်၊ ဆောက်မယ့်မြေလည်း ရွေးချယ်ရပါဦးမယ်။ စနစ်တကျရွေးချယ်မှ အိမ်ရှင်အတွက် ကောင်းမွန်ပြီး ဘေးရန်အသွယ် သွယ်က ကင်းဝေးနိုင်ပါမယ်၊ မြေရွေးနည်း လင်္ကာကတော့ ဒီလိုပါ။

အဆင်းဖြူငြားမြေပုဏ္ဏား၊ စီးပွားဖြစ်တတ်စွာ။ အဆင်းနီလွင်မြေဘုရင်၊ မင်းလျှင်ဖြစ်တတ်ပါ။ အဆင်းနက်ကမြေဒါသ၊ ဒုက္ခဘေးတွေ့ရာ။

အဆင်းဝါဘိမြေပကတိ၊ သုခိအဝေရာ။ အဆင်းပြာလျှံ၊ ကေသပံ၊နိုင်ငံတည်ထောင်ရာ။ မြေမင်းပုဏ္ဏားကျောင်းအိမ်များ၊ ဆောက်ထား ဇရပ်သာ။

မြေဒါသမှာ ဥယျာဉ်သာ၊ လယ်မှာလုပ်လေပါ၊ မြေပကတိကို ရဟန်းဆို၊ နေလို့ကောင်းလေစွ။

လင်္ကၤာရဲ့သဘောကမြေရဲ့အဆင်းအရောင်ကိုကြည့်ပြီး အိမ်၊ ကျောင်း၊ ဇရပ်၊ ဥယျာဉ်တို့တည်ထား သင့်တယ်ဆိုတဲ့သဘောပါ။

သေသေချာချာပြောရရင် အဆင်းဖြူတဲ့ မြေကို မြေပုဏ္ဏားလို့ ခေါ်တယ်။

ဒီမြေမှာအိမ်ဆောက်ရင် အိမ်ရှင်ဟာစီးပွားတက်မယ်။ ချမ်းသာမယ်။မြေအဆင်းနီရင် ဒီမြေကိုမြေဘုရင်လို့ သတ်မှတ် တယ်။ ဒီမြေမှာ အိမ်ဆောက်ရင် အိမ်ရှင်ဟာအကြီး အကဲဖြစ်မယ်။ အများရဲ့ ကြည်ညိုလေးစားမှုကို ခံရမယ်။

အဆင်းနက်တဲ့ (မြေသြဇာ၊ မြေဆီမြေနှစ်များတဲ့) မြေကို မြေဒါသလို့ ခေါ်တယ်။ ဒီမြေမှာ အိမ်မဆောက်သင့်ဘူး။ ဘေးရန်များတတ်တယ်။ဒီမြေဟာ (မြေဆီ မြေနှစ် များတဲ့အတွက် ) ဥယျာဉ် စိုက်ပျိုးတာ၊ လယ်လုပ်ကိုင်တာသာ လုပ်သင့်ပါ သတဲ့။

အဆင်းအရောင် ခပ်ပြာပြာရှိတဲ့မြေကိုတော့ ကေသပ လို့ခေါ်ပြီး နိုင်ငံအကြီးအကဲတွေရဲ့ အရေးပါတဲ့ အဆောက်အအုံတွေ ဆောက်သင့်တယ်လို့ယူဆရပါ တယ်။မြေအဆင်းဟာ ဝါရင်ပကတိ မြေသားအဖြစ် သတ်မှတ်ပါတယ်။

ဒီမြေဟာ အိမ်တို့၊ ဇရပ်တို့ ထက်ရဟန်း သံဃာတော်များ သီတင်းသုံးရာ ကျောင်းဆောက်သင့်ပါတယ်။ ရဟန်းသံဃာတော် များကြည်လင် အေးချမ်းစွာ သီတင်းသုံးပျော်မွေ့စေ နိုင်တဲ့မြေမျိုးပါ။

ဒီလမှာ အိမ်သစ်ဆောက်ပါအိမ်သစ်ဆောက်ဖို့ အသက်လဲရောက်ပြီ၊ ဆောက်သင့်တဲ့ မြေလဲရပြီ၊ ကဲ အိမ်သစ်ဆောက်ကြစို့။ အဲတစ်ခု ကျန်သေးတယ်။ ဘယ်လမှာ ဆောက်မလဲ။ လင်္ကာလေးကို ဖက်ကြည့်ပါဦး

လတန်ခူးမှာ အိမ်ဆောက်ခါ၊ ချမ်းသာပြည့်ကြွယ်ဝ။ လကဆုန်ကားဆန်စပါး၊ ပေါများကြွယ်တက်လှ။ ဝါခေါင်လမှာအိမ်ဆောက်ခါ၊ ဥစ္စာတိုးပွားရ။ နတ်တော်လတွင်အိမ်ဆောက်လျှင်၊ ပေါ်ထင်ကျော် စောစွ။

ပြာသိုလမှာလူတကာ၊ များစွာချီးမွမ်းရ။ တပေါင်းလဝယ်၊ ချမ်းသာကြွယ်၊ဆောင်းဖွယ် ဤခြောက်လ။

လင်္ကာက ပြောထားတာကလေးက ရှင်းရှင်းကလေး ပါနော်၊ အကျဉ်းရုံးပြောရရင် တန်ခူးလ၊ ကဆုန်လ၊ ဝါခေါင်လ၊ နတ်တော်လ၊ ပြာသိုလ၊ တပေါင်းလ စတဲ့ မြန်မာလတွေမှာ အိမ်သစ်ဆောက်သင့်တယ်။ ဆောက်ရင် ကောင်းတယ်။ သူ့လနဲ့သူစီးပွားတက် တာ၊ စပါးထွတ်တာ၊ ချမ်းသာတာ၊ ထင်ပေါ်ကျော် ကြားတာတွေ ဖြစ်မယ်။

ဒါကြောင့် အဲဒီခြောက်လမှာ အိမ်သစ်ဆောက်သင့်ပြီး စပါးစိုက်တဲ့လ၊ အလုပ်များ တဲ့လတွေမှာဖြစ်တဲ့ နယုန်လ၊ ဝါဆိုလ၊ ဝါဆိုလ၊ တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း။ တပိုတွဲစတဲ့ လတွေမှာ အိမ်သစ်မဆောက်သင့်ပါဘူး။ လရွေးပြီးရင်၊နေ့လဲရွေးပေးဦး။

အဲဒီလိုအိမ်သစ်ဆောက်ဖို့ လရွေးပြီးတာနဲ့ ကြိုက်တဲ့နေ့မှာ စတင်ပြီးဆောက်လို့မဖြစ်သေးပါဘူး သင့်လျှော်တဲ့နေ့ ရွေးဖို့ကိုလဲ လင်္ကာနဲ့ပဲ လမ်းညွန်ထားပါတယ်။လင်္ကာကလေးကဒီလိုပါ။

တနင်္ဂနွေတွင်အိမ်ဆောက်လျှင်၊ မရွှင်စိတ်သောက။ နေ့တနင်္လာလွန်ချမ်းသာ၊ အင်္ဂါ လာဘ်ကြီးရ။ ဗုဒ္ဓဆောက်ခါဆင်းရဲစွာ၊ ရံံခါ ချမ်းသာရ။ ကြာသပတေးမှာအိမ်ဆောက်ခါ၊ ရောဂါကင်းစင်ပ။ နေ့ကားသောကြာအေးကြည်စွာ၊ ရံဖန်ပူပင်ရ။ စနေနေ့မူအိမ်ဆောက်သူ၊ ဗိုလ်လူညှင်းပမ်းကြ။

ဒီလင်္ကာသဘောအရ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေတို့မှာ အိမ်သစ်စမဆောက်သင့်ဘူး၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မှာအသင့်အသင့်ကောင်းပေမယ့် စနေ၊ တနင်္ဂနွေမှာတော့ လုံး၀ မကောင်းနိုင်ဘူး။ စပြီး ဆောက်သင့်တဲ့ ရက်တွေကတော့ တနင်္လာနေ့၊ အင်္ဂါနေ့၊ ကြာသပတေးနေ့ တို့ပါပဲ။ ဘာကြောင့် ဆောက်လုပ်သင့်သလဲဆိုတာကတော့ လင်္ကာမှာပါပြီးသားပါ။

မြေကျစ်အားကဟောတဲ့ဗေဒင်ကိုယ်အိမ်ဆောက်ဖို့ရွေးထားတဲ့မြေရဲ့မြေကျစ်အား(မြေရဲ့သိပ်သည်းခြင်း) က ကိုယ့်ကိုဗေဒင်ဟော တတ်ပါသတဲ့ ။

ဟောပုံက

အိမ်ကျောင်းဆောက်ရာ၊ မြေကိုသာ၊ သေချာမှတ် ပြီးမှ။ပေါက်ပေါက်ဆန်ပန်း ဓိဌာန်မှန်း၊ ချိန်နော် ကြည့်အပ်လှ။ တစ်ကျပ်ပြည့်လတန်၊ ဆင်းရဲတက် နှစ်ကျပ် ဒုက္ခရ။

သံုံးကျပ်လေးကျပ်၊ မတောင်းတက်၊ ငါးကျပ် မေတ္တာမျှ။ ခြောက်ကျပ်မှာ လာဘ်၊ ခုနှစ်ကျပ် အရပ်ပြောင်းရွေ့ရ။ ရှစ်ကျပ်ဥစ္စာ ၊ ပေါများပါ၊ ကိုးမှာ သိဒ္ဓိကပ်၊ တစ်ဆယ်ဘေးမှတ်၊ ဆယ့်တစ်ကျပ်၊ တိုးတက်သက်ဇီဝ။ ဆယ့်နှစ် ဆယ့်သုံး၊ ချိန်ကျပ်နှုန်း ရွှင်ပြုံးချမ်းသုခ။ ဆယ့်လေး ချစ်ခင်၊ ဆယ့်ငါးကွင်း လူရှင်မှန်တတ်စွ။

ဆယ့်ခြောက် ကောင်းစွန်၊တစ်ဆယ့်ခွန်၊ အလွန်မျက်ထွက်စွ။ ချိန်ကျပ်ကောင်းစွာ၊ အိမ်ကျောင်းရာ၊ ဆောက်ခါ နေထိုင်ကြ။ ကြံတိုင်းလည်းအောင်၊ သိဒ္ဓိဆောင်၊လူ့ဘောင်ကျော် စောလှ။ တဲ့

ဒီလင်္ကာကို ( Burmese to Burmese )ဘာသာပြန် ရရင်

အိမ်တို့၊ ကျောင်းတို့ဆောက်ဖို့မြေနေရာ တိတိကျကျ ရပြီဆိုရင် မြေပေါ်မှာ ဆန်၊ ပန်း၊ ပေါက်ပေါက် နဲ့ဖြန့်ကြဲပူဇော်ရမယ်၊ အဓိဋ္ဌာန်ပြု သစ္စာဆိုပြီးတိကျမှန်ကန်တဲ့ အတိတ်နမိတ်ပေါ်အောင် ဆုတောင်းရမယ်။ ပြီးရင်တူရွင်းနဲ့မြေကို တစ်ကော်ကော်လိုက် လိုက်ရမယ်။

ရတဲ့ မြေ တစ်ကော်စာကို ကျပ်သားနဲ့ ချိန်ကြည့်ရမယ်။ မြေတစ်ကော်စာချင်း တူပေမယ့် အလေးချိန်မတူနိုင်ဘူး။ ဒါက မြေကျပ်အား (ဝါ) မြေရဲ့ သိပ်သည်းမှုချင်း မတူလို့ပါ။ ဒီမြေကျစ်အား ဟာ အိမ်ဆောက်မယ့်သူအတွက် အတိတ်နိမိတ် ပါပဲ။

ဘယ်လိုအတိတ်နမိတ်လဲဆိုတော့…

တူရင်းမြေတစ်ကော်စာဟာ-တစ်ကျပ်သားရှိရင် ဆင်းရဲမယ်။ နှစ်ကျပ်သားရှိရင် ဘေးဒုက္ခတွေ့မယ်။ သုံးကျပ်သားရှိရင် လေးကျပ်သားရှိရင် သိပ်မကောင်းဘူး။ ငါးကျပ်သားရှိရင် လူတကာရဲ့ချစ်ခင်မှုကိုခံရမယ် ခြောက်ကျပ်သားရှိရင်လာဘ်ရမယ်။

ခုနှစ်ကျပ်သားရှိရင် အရပ်တစ်ပါးကို ပြောင်းရွေ့ ရတတ်တယ်။ ရှစ်ကျပ်သားရှိရင်ဥစ္စာဓနပေါများမယ်။ ကိုးကျပ်သားရှိရင်သိဒ္ဓိအပေါင်းနဲ့ပြည့်စုံနိုင်တယ်။ ဆယ်ကျပ်သားရှိရင်တော့ ဘေးဥပါဒ်အန္တရာယ်တွေ့ ကြုံရတက်တယ်။

ဆယ့်တစ်ကျပ်သားရှိရင်အသက်ရှင်မယ်။ ဆယ့်နှစ်ကျပ်၊ ဆယ့်သုံးကျပ်သားရှိရင် ပျော်ရွှင် ချမ်းသာစွာနေရမယ် ဆယ့်လေးကျပ်သားရှိရင် ချစ်သူခင်သူပေါများမယ်။ ဆယ့်ငါးကျပ်သားရှိရင်တော်မှန်တဲ့သူဖြစ်မယ်။

ဆယ့်ခြောက်ကျပ်သားရှိရင်ကောင်းတယ်။ ဆယ့်ခုနှစ်ကျပ်သားရှိရင်တော့ဒေါသထွက်စရာ။ အမျက်ထွက်တာတွေ ဖြစ်မယ် ရိုးရာဓလေ့ပန္နက်ရိုက်ပုံဒီလိုမြေကို စနစ်တကျရွေး၊ အိမ်ဆောက်မယ့်၊ နှစ်၊ လ၊ ရက်တွေ သေသေချာချာရွေးပြီးလို့

အိမ်ဆောက် ပြီဆိုရင် စစချင်းဆောင်ရွက်ရမှာက ပန္နက်ရိုက်ခြင်း ပါပဲ။ ပန္နက်ရိုက်ရာမှာထုံးတမ်းအစဉ်အလာအရ မြေစောင့်နတ်ကို ပူဇော်ရပါတယ်။

ပူဇော်ရာမှာ တင်လှူရတဲ့၊ အရာတွေကတော့ အသားသက်လွတ် ထမင်းနှင့်ယိုစုံပါ။ ဒါတွေကို ဖက်သန့်သန့်နဲ့ထည့် ပြီး ပူဇော်ရပါတယ်။ ပူဇော်ရာမှာရတဲ့ ဆုတောင်း ကတော့ ဒီလိုပါ။ (ရိုးရာ အစဉ်အလာ ထိန်းသိမ်း မှတ်တမ်းတင်တဲ့အနေနဲ့ ထည့်သွင်းဖော်ပြပါရစေ)

ဥုံ …ဘုမ္မိရာဇာ၊ မြေသင်္ချာကို၊ အစိုးရသည့် နဂါး သနင်း၊မြေနတ်မင်း၊ ကောင်းခြင်းတိုင်မြဲ၊ ပန္နက်သဲက၊ စသည်ရုံပေါင်း၊ ခြပုန်းတောင်ပို့၊ဤသို့တစ်ကြောင်း၊ ရှေးသူဟောင်းတို့ မကောင်းချွတ်လွဲ၊ မြေထဲလားမြုပ်၊ အရုပ်ဆင်းချ၊ ဆိုရေးစသား၊

ဒေါသကင်းရေး၊ ကောင်းရာဆေးလော့၊ သူ့သွေးသွန်ရာ၊ ဆရာပြု ဟောင်း၊ မကောင်းတစ္ဆေ၊ နေ့တွင်သည်ကား၊ ဝေးဝေးရှား၊ ဘုရားရုပ်တု၊ ဆင်းတုမလွတ်၊ ဓာတ် တော် မွေတော်၊ ရှိငြားသော်လည်း၊ ကော်ရော်ရိုညွတ် နတ်တကာတို့၊ မပါစေကြောင်း။ ရေကြောင်းဆေး မည်။

အလျှံတည်၊ အရောင်ညီးညီး၊ လင်ပန်းကြီး နှင့်၊ ပွဲကြိုနတ်ယကာ၊ ကိုင်စွဲကာဖြင့်၊အင်းကားလက်ျာ၊ ဆေးကားလက်ဝဲ၊ ကိုင်စွဲအနေ မြေတွင်ချ ၊ ပသမလွတ်၊ယွင်းချွတ်သော်လည်း၊ နတ်ရှင့်ပွဲတော်၊ စားတော်ခေါ်လော့၊ ဇဟိ ံတတ္တိ ံ ဘုံဉ္ဇာဟိ ဘုဉ္ဇာဟိဒီလို ပူဇော်ဆုတောင်းပြီးရင် ဆန်ပေါက်ပေါက်တွေနဲ့ မြေကွက်အနှံ့ ကြဲဖြန့်ရပါတယ်။

ပြီးတော့မှ ပန္နက်ချကြလေ့ရှိကြပါတယ် ။ တိုင်ထူရင်ရှောင်ရမယ့်အသား အိမ်ဆောက်ရာမှာ မသုံးသင့်တဲ့အသားတွေကိုလဲညွန်ပြထား တာရှိပါသေးတယ်။ အဲဒီအသားတွေကတော့ မိချောင်း၊ မအူ၊ သခွပ်၊ သျှိသျှား၊ သီးသား၊သပြေသား၊ သစ်ဆိမ့်သား၊ ရေသာသား၊ ကလောသား၊ လက်ပံသား၊ လဲဝါတို့ဖြစ်ပါတယ။်

မိဘတိုင်ခြောက်လုံးရဲ့အမည်သညာမြန်မာ့ရိုးရာ အိမ်ပုံစံအရ အဓိကကျတဲ့ တိုင်ခြောက်လုံးရှိပါတယ်။ ဒီတိုင်ခြောက်လုံးတည်ပုံနဲ့ အမည်တွေကတော့ ဟောဒီပုံစံအတိုင်းပါပဲဗျာ

အရှေ့မြောက် (စုံပင်လယ်)

အရှေ့တောင် ( ဦးယူ )

အလယ်မြောက် ( ကျငန်းမ )

အလယ်တောင် ( ကျငန်းဖို )

အနောက်မြောက် ( သပြေ )

အနောက်တောင် ( ကုမ္ဘီ )

အဲဒီ တိုင်ခြောက်လုံးမထူခင်မှာ တိုင်စိုက်မယ့်ကျင်း ထဲကို ဟောဒီအတိုင်းဆိုင်ရာရာ သွန်းလောင်းမြုပ်နှံရ ပါတယ်။ ကျငန်းဖိုကျင်းထဲ ပတ္တမြားစိမ်းရေလောင်းရမယ်။

ကျငန်းမကျင်းထဲကို ခဲရေ လောင်းရမယ်။ ဦးယူတိုင်စိုက်မယ့်ကျင်းထဲကို ကြေးနီမြုပ်ရမယ်။ စုံပင်လယ်တိုင်စိုက်မယ့်ကျင်းထဲကို ဆန် မြုပ်ရမယ်

ကုမ္ဘီတိုင်စိုက်မယ့် ကျင်းထဲကို ကြေးဖြူမြုပ်ရမယ်။ သပြေတိုင်စိုက်မယ့်ကျင်းထဲကို ခဲမဖြူမြှပ်ရမယ်

ဒီတိုင်တွေကို မစိုက်မီက တစ်ခါတည်းမှန်ကန်အောင် စနစ်တကျစိုက်ထူရမယ်။ ပန္နတ်သေသေချာချာ ချပြီး မှထူရမယ်။ ထူပြီးတော့မှမကြိုက်လို့ သဘောမကျလို့ဆိုပြီး ပြန်နှုတ်၊ ပြန်စိုက်တာမျိုးမဖြစ်စေရဘူး

ဒါတွေလဲရှောင်ရဦးမယ် ။ အိမ်ဆောက်ရာမှာ ရှောင်သင့်တာတွေလဲ ရှိပါသေးတယ်။ အဲဒါတွေကတော့ အိမ်ဖြစ်တဲ့အတွက် တိုင်တွေ၊ ဘောင်တွေမှာ ကနုတ် ပန်းဆွဲတွေ ဘာတွေနဲ့ တန်ဆာမဆင်ရဘူး။

ထုတ်တန်းမစွပ်ခင် ယက်မတင်တာမျိုး မလုပ်ရဘူး။ ယက်မတင်ပြီးမှ ထုတ်တန်းစွပ်ရမယ် ကြမ်းခင်းထက်ကျော်ပြီး ရှည်ထွက်နေတဲ့ တိုင်တွေ မရှိသင့်ဘူး။ ရှိနေရင် ဖြတ်ပစ်ရမယ်။

ခေါင်ရိုးနဲ့ (ခေါင်လျှောက်ခွ) မတင်ခင်မှာလဲ ကြမ်းမဖောက်ရဘူး။ ထုတ်တွေ၊ တန်းတွေ အစွန်းထွက်တာ မရှိစေရဘူး။ ရှည်ထွက်နေရင်ဖြတ်ပစ်ရမယ်။

ပြီးတော့ အိမ်မဆောက်ခင်က ဝင်းထရံကို ကြိုပြီး ခတ်မထားရဘူး။အိမ်ဆောက်ပြီးမှ ဝင်းခတ်ရမယ် အိမ်သစ်ပြီးလို့ အိမ်သစ်တက်တော့မယ်ဆိုရင် သပြေသားကိုင်ပြီးမှ တတ်ရပါမယ်။

ကျောင်းသစ် တက်တော့မယ်ဆိုရင် သနပ်သားဆောင်ပြီးမှ တက်ရ မယ်။ ဒါမှ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းမယ်လို့ ဆိုပါတယ် အိမ်အကာအကွယ် အိမ်သစ်မှာ နေထိုင်ကြမယ့် မိသားစုတွေ ဘေးဥပါဒ် အန္တရာယ်တွေ ကင်းဝေးအောင် ကာကွယ်ကြပုံလဲ ရှိပါသေးတယ်။

ကာကွယ်ပုံမှာ

အရှေ့တောင်ကတိုင်မှာ သိ ၊အနောက်တောင်က တိုင်မှာ န ၊ အနောက်မြောက်ကတိုင်မှာ ဗိ ၊အရှေ့မြောက်ကတိုင်မှာ ဘု ဆိုပြီး ရေးသားရခြင်းပါပဲ။

အဲဒီ စာတစ်လုံးစီရဲ့ အရှည်ကတော့ – သိ = သိကြား ၊န = နဂါး ၊ဗိ = ဗိဿနိုး ၊ဘု = ဘုရား ဖြစ်ပါတယ်

ဒီစာရေးထားတဲ့ တိုင်တွေကိုလဲ ရွှေရည်၊ ငွေရည်၊ စိန်ရည်၊ ကျောက်ရည်တို့ သွန်းလောင်းပေးရပါ တယ်။ ဒီလိုပြုခြင်းအားဖြင့် အိမ်သူအိမ်သားများဖို့ ဥပါဒ်အန္တရာယ် ကင်းရှင်းပြီး စိတ်ရဲ့ချမ်းသာခြင်း၊ ကိုယ်ရဲ့ချမ်းသာခြင်းတို့နဲ့ ပြည့်စုံနိုင်ပါသတဲ့ ခင်ဗျာ

အခုတင်ပြခဲတဲ့ အကြောင်းအရာတွေကတော့ မြန်မာ့ ရိုးရာထုံးတမ်းအစဉ်အလာအရ အိမ်သစ်၊ ကျောင်း သစ် ဆောက်ရာမှာ ပြုလုပ်ဆောင်ရွက်၊ ရှောင်ကြ၊ ဆောင်ကြတဲ့အချက်တွေပါ။

ခေတ်နဲ့ လျော်ညီစွာ ရှိတယ်၊ မလျော်ညီတယ်ဆိုတာကိုတော့ စာဖတ်သူ တို့ကို ဆုံးဖြတ်ခွင့်ပေးပြီး ရိုးရာဓလေ့ထုံးစံတစ်ရပ်ကို မှတ်တမ်းတင်တဲ့အနေနဲ့ ဖော်ပြလိုက်ရပါတယ်

ဦးဖိုးနီ

Be the first to comment

Leave a Reply

Your email address will not be published.


*