ငါးရွဥ့္ စားျခင္းကအခန႔္မသင့္ရင္ လူကိုေသဆုံးေစႏိုင္..ဘာေၾကာင့္လဲဆိုေတာ့….

ငါးရွဥ့္ စားျခင္းကအခန႔္မသင့္ရင္ လူကိုေသဆုံးေစႏိုင္..ဘာေၾကာင့္လဲဆိုေတာ့….

ငါးရွဥ့္ စားျခင္းကအခန႔္မသင့္ရင္ လူကိုေသဆုံးေစႏိုင္..ဘာေၾကာင့္လဲဆိုေတာ့….

၁။ ငါးရွဥ့္နဲ႔ အေအးစာကို တြဲမစားပါနဲ႔။

အဟာရ ဆိုင္ရာ ကြၽမ္းက်င္ ပညာရွင္ေတြ ရဲ႕ အဆိုအရ ငါးရွဥ့္ကို ခ႐ု၊ ေယာက္သြား၊ ကမာ၊ ပင္လယ္စာ၊ ဖရဲသီး၊ သခြားသီး၊ နာနတ္သီး စတဲ့ အေအးစားေတြနဲ႔ တြဲဖက္စားသုံးမိတဲ့ အခါ

အဆိပ္သင့္ျခင္း ကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ငါးရွဥ့္စားေတာ့မယ္ ဆိုရင္ အေအးစာ မစား မိေအာင္ ေရွာင္ၾကဥ္ဖို႔ လိုအပ္ပါတယ္။

၂။ မလတ္ဆက္တဲ့ ငါးရွဥ့္ကို မစားပါနဲ႔။

ငါးရွဥ့္စားသုံးတဲ့ အခါ လတ္လတ္ဆက္ဆက္ ရွိတဲ့ ငါးရွဥ့္ကို ဝယ္ယူစားသုံးဖို႔ လိုအပ္ပါတယ္။ ငါးရွဥ့္မွာပါဝင္တဲ့ ဓာတ္ေတြဟာ လတ္ဆက္တဲ့ အခ်ိန္မွာသာ အာနိသင္ ပိုရွိပါတယ္။

အစားအေသာက္နဲ႔ အဟာရ ကြက္ကဲေရးပညာရွင္ေတြ ရဲ႕ ေျပာဆိုခ်က္ အရ ငါးရွဥ့္ရဲ႕ ကိုယ္ထဲမွာပါဝင္တဲ့ Histidine ဟာ ထိုငါးမေသခင္မွာဆို အလြန္းေကာင္းမြန္တဲ့

အဟာရဓာတ္ ကို ေပးစြမ္း ႏိုင္ေပမဲ့ ေသဆုံးသြားရင္ေတာ့ အဆိုပါ Histidine ဟာ အဆိပ္ အျဖစ္သို႔ ေျပာင္းလဲသြားတယ္လို႔ ဆိုပါတယ္။ အဆိုပါ အဆိပ္ဟာ ခုခံအားေကာင္းမြန္တဲ့ အခ်ိန္မွာ မသိသာေပမဲ့

ခႏၶာကိုယ္ထဲ ဝင္ေရာက္သြားတဲ့ အဆိပ္ပမာဏ မ်ားသြားရင္ေတာ့ အႏၲရာယ္ ရွိႏိုင္ပါတယ္။ ခုံခံအားက်ဆင္းေနတဲ့ အခ်ိန္၊ ကေလးေတြ ေနမေကာင္းျဖစ္ေနတဲ့ အခ်ိန္မ်ိဳးမွာ စားသုံးမိရင္ ပိုၿပီး လူကို ဒုကၡေပးေစပါတယ္။

၃။ ငါးရွဥ့္ကို မခ်က္ျပဳတ္ဘဲ မစားပါနဲ႔။

လြဲမွားတဲ့ အယူအဆေတြနဲ႔ ငါးရွဥ့္ေသြးေသာက္ရင္ အားရွိတယ္၊ ေဆးဘက္ဝင္တယ္ ဆိုၿပီး ခ်က္ျပဳတ္ျခင္း မရွိဘဲ စားသုံးသူေတြ ရွိပါတယ္။

ငါးရွဥ့္ဟာ အသက္ရွင္ဖို႔ အလြန္ ခက္ခဲတဲ့ ႐ႊံ႕ေတြ၊ ႏြံေတြ၊ ေျမာင္းႀကိဳေျမာင္းၾကား ေနရာေတြမွာေတာင္ အသက္ရွင္ ေနထိုင္ႏိုင္တဲ့ အတြက္ သူ႔ကိုယ္မွာ မျမင္ႏိုင္တဲ့ ကပ္ပါးေကာင္ေတြ၊

ဘက္တီးရီးယားပိုးေတြ မ်ားစြာ ပါဝင္ေနပါတယ္။ ဒါ့ေၾကာင့္ အစားအေသာက္ ၾကည့္ၾကပ္ေရးဌာနကလည္း အဆိုပါ ငါးကို စားသုံးတဲ့အခါ ေသခ်ာစနစ္တက် ခ်က္ျပဳတ္ၿပီးမွ စားသုံးဖို႔ အႀကံျပဳထားပါတယ္။

၄။ ေဂါက္ေရာဂါ (ဒူလာ) ရွိတဲ့သူ မစားပါနဲ႔။

ေဂါက္လို႔ ေခၚတဲ့ ဒူလာေရာဂါဟာ ခႏၶာကိုယ္အတြင္း ယူရစ္အက္ဆစ္ မ်ားပ်ားတဲ့အခါ ထိုေရာဂါမ်ိဳးကို ျဖစ္ပြားတတ္ပါတယ္။

ငါးရွဥ့္မွာ ပ႐ိုတိန္းဓာတ္ ျမင့္မားသလို ယူရစ္အက္ဆစ္ ပမာဏ မ်ားျပားစြာ ပါဝင္တာေၾကာင့္ စားသုံးမိတဲ့ အခါ ေရာဂါအေျခအေနကို ပိုမို ဆိုး႐ြား ေစပါတယ္။

Unicode

ငါးရှဉ့် စားခြင်းကအခန့်မသင့်ရင် လူကိုသေဆုံးစေနိုင်..ဘာကြောင့်လဲဆိုတော့….

၁။ ငါးရှဉ့်နဲ့ အအေးစာကို တွဲမစားပါနဲ့။

အဟာရ ဆိုင်ရာ ကျွမ်းကျင် ပညာရှင်တွေ ရဲ့ အဆိုအရ ငါးရှဉ့်ကို ခရု၊ ယောက်သွား၊ ကမာ၊ ပင်လယ်စာ၊ ဖရဲသီး၊ သခွားသီး၊ နာနတ်သီး စတဲ့ အအေးစားတွေနဲ့ တွဲဖက်စားသုံးမိတဲ့ အခါ

အဆိပ်သင့်ခြင်း ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ငါးရှဉ့်စားတော့မယ် ဆိုရင် အအေးစာ မစား မိအောင် ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

၂။ မလတ်ဆက်တဲ့ ငါးရှဉ့်ကို မစားပါနဲ့။

ငါးရှဉ့်စားသုံးတဲ့ အခါ လတ်လတ်ဆက်ဆက် ရှိတဲ့ ငါးရှဉ့်ကို ဝယ်ယူစားသုံးဖို့ လိုအပ်ပါတယ်။ ငါးရှဉ့်မှာပါဝင်တဲ့ ဓာတ်တွေဟာ လတ်ဆက်တဲ့ အချိန်မှာသာ အာနိသင် ပိုရှိပါတယ်။

အစားအသောက်နဲ့ အဟာရ ကွက်ကဲရေးပညာရှင်တွေ ရဲ့ ပြောဆိုချက် အရ ငါးရှဉ့်ရဲ့ ကိုယ်ထဲမှာပါဝင်တဲ့ Histidine ဟာ ထိုငါးမသေခင်မှာဆို အလွန်းကောင်းမွန်တဲ့

အဟာရဓာတ် ကို ပေးစွမ်း နိုင်ပေမဲ့ သေဆုံးသွားရင်တော့ အဆိုပါ Histidine ဟာ အဆိပ် အဖြစ်သို့ ပြောင်းလဲသွားတယ်လို့ ဆိုပါတယ်။ အဆိုပါ အဆိပ်ဟာ ခုခံအားကောင်းမွန်တဲ့ အချိန်မှာ မသိသာပေမဲ့

ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားတဲ့ အဆိပ်ပမာဏ များသွားရင်တော့ အန္တရာယ် ရှိနိုင်ပါတယ်။ ခုံခံအားကျဆင်းနေတဲ့ အချိန်၊ ကလေးတွေ နေမကောင်းဖြစ်နေတဲ့ အချိန်မျိုးမှာ စားသုံးမိရင် ပိုပြီး လူကို ဒုက္ခပေးစေပါတယ်။

၃။ ငါးရှဉ့်ကို မချက်ပြုတ်ဘဲ မစားပါနဲ့။

လွဲမှားတဲ့ အယူအဆတွေနဲ့ ငါးရှဉ့်သွေးသောက်ရင် အားရှိတယ်၊ ဆေးဘက်ဝင်တယ် ဆိုပြီး ချက်ပြုတ်ခြင်း မရှိဘဲ စားသုံးသူတွေ ရှိပါတယ်။

ငါးရှဉ့်ဟာ အသက်ရှင်ဖို့ အလွန် ခက်ခဲတဲ့ ရွှံ့တွေ၊ နွံတွေ၊ မြောင်းကြိုမြောင်းကြား နေရာတွေမှာတောင် အသက်ရှင် နေထိုင်နိုင်တဲ့ အတွက် သူ့ကိုယ်မှာ မမြင်နိုင်တဲ့ ကပ်ပါးကောင်တွေ၊

ဘက်တီးရီးယားပိုးတွေ များစွာ ပါဝင်နေပါတယ်။ ဒါ့ကြောင့် အစားအသောက် ကြည့်ကြပ်ရေးဌာနကလည်း အဆိုပါ ငါးကို စားသုံးတဲ့အခါ သေချာစနစ်တကျ ချက်ပြုတ်ပြီးမှ စားသုံးဖို့ အကြံပြုထားပါတယ်။

၄။ ဂေါက်ရောဂါ (ဒူလာ) ရှိတဲ့သူ မစားပါနဲ့။

ဂေါက်လို့ ခေါ်တဲ့ ဒူလာရောဂါဟာ ခန္ဓာကိုယ်အတွင်း ယူရစ်အက်ဆစ် များပျားတဲ့အခါ ထိုရောဂါမျိုးကို ဖြစ်ပွားတတ်ပါတယ်။

ငါးရှဉ့်မှာ ပရိုတိန်းဓာတ် မြင့်မားသလို ယူရစ်အက်ဆစ် ပမာဏ များပြားစွာ ပါဝင်တာကြောင့် စားသုံးမိတဲ့ အခါ ရောဂါအခြေအနေကို ပိုမို ဆိုးရွား စေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*