ၿပိဳင္ဘက္ေဟာင္း ရွရွားႀကီးနဲ႔ ခ်န္ပီယံကာကြယ္ပြဲကို ဧၿပီ ၁၀ ရက္ေန႔မွာ ထိုးသတ္သြားမယ့္ ေအာင္လ

ၿပိဳင္ဘက္ေဟာင္း ရွရွားႀကီးနဲ႔ ခ်န္ပီယံကာကြယ္ပြဲကို ဧၿပီ ၁၀ ရက္ေန႔မွာ ထိုးသတ္သြားမယ့္ ေအာင္လ

ၿပိဳင္ဘက္ေဟာင္း ရွရွားႀကီးနဲ႔ ခ်န္ပီယံကာကြယ္ပြဲကို ဧၿပီ ၁၀ ရက္ေန႔မွာ ထိုးသတ္သြားမယ့္ ေအာင္လ

ေအာင္လအန္ဆိုင္းကေတာ့ ဧၿပီလ (10) ရက္တြင္ ၿပိဳင္ဘက္ေဟာင္းႏွင့္ ေနာက္တႀကိမ္ ထိုးသတ္ရေတာ့မွာျဖစ္ပါတယ္။ One Championship မစ္ဒယ္ဝိတ္တန္းႏွင့္ လိုက္ဟဲဗီးဝိတ္တန္း ကမာၻ႔ခ်န္ပီယံ ေအာင္လအန္ဆန္း (ျမန္မာ့စပါးအုံး) မွာလာမည့္ ဧၿပီလတြင္ ၿပိဳင္ဘက္ေဟာင္း ျဖစ္သည့္ ဗစ္တာလီဗစ္ဒက္ရ္ွႏွင့္ ခ်န္ပီယံကာကြယ္ပြဲကို ယွဥ္ၿပိဳင္ ထိုးသတ္သြားမည္ ျဖစ္သည္။

အဆိုပါ ပြဲစဥ္ကို အင္ဒိုနီးရွားႏိုင္ငံ၊ ဂ်ကာတာၿမိဳ႕တြင္ လာမယ့္ ဧၿပီလ၊ ၁၀ ရက္ေန႔၌ က်င္းပသြားမည္ဟု One Championship CEO ခ်က္ထရီဆစ္ယိုေတာင္က ၎၏ လူမႈကြန္ယက္ အေကာင့္မွ တဆင့္ အတည္ျပဳ ထုတ္ျပန္ေၾကညာ သြားခဲ့သည္။

႐ုရွား MMA ဖိုက္တာ ဗစ္တာလီဗစ္ဒက္ရ္ွမွာ One Championship မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံေဟာင္းတစ္ဦးျဖစ္ၿပီး ေအာင္လအန္ဆန္းႏွင့္ ႏွစ္ႀကိမ္တိုင္တိုင္ ယွဥ္ၿပိဳင္ ထိုးသတ္ခဲ့ဖူးသည့္ ၿပိဳင္ဘက္ဟာင္းတစ္ဦး ျဖစ္သည္။

ပထမတစ္ႀကိမ္ကို ၂၀၁၇ ခုႏွစ္၊ ဇန္နဝါရီလတြင္ အင္ဒိုနီးရွားႏိုင္ငံ၊ ဂ်ကာတာၿမိဳ႕၌ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ျခင္း ျဖစ္ၿပီး ေအာင္လအန္ဆန္းက လက္ရွိခ်န္ပီယံကို စိန္ေခၚသူ အျဖစ္ႏွင့္ ယွဥ္ၿပိဳင္ခဲ့ရျခင္း ျဖစ္သည္။

အဆိုပါ ပြဲစဥ္တြင္ ဗစ္တာလီဗစ္ဒက္ရ္ွက ဒိုင္အဆုံးအျဖတ္ႏွင့္ အႏိုင္ရ ခဲ့သည္။ ဒုတိယပြဲစဥ္ကို ရန္ကုန္ၿမိဳ႕တြင္ ၂၀၁၇၊ ဇြန္လ၌ ျပန္လည္ ထိုးသတ္ခဲ့ၿပီး ေအာင္လအန္ဆန္းက ဒိုင္အဆုံးအျဖတ္ႏွင့္ ျပန္လည္ အႏိုင္ရရွိခဲ့ၿပီး ကမာၻ႔ခ်န္ပီယံဘြဲ႕ကို လႊဲေျပာင္း ရယူ ႏိုင္ခဲ့သည္။

အဆိုပါ ခ်န္ပီယံဆု က ေအာင္လအန္ဆန္း၏ ကစားသမားဘဝတြင္ ပထမဆုံး ရရွိလိုက္သည့္ ေအာင္ျမင္မႈ ျဖစ္ၿပီး ၎ကစားမားဘဝကို တစ္ဆစ္ခ်ိဳး အေျပာင္းအလဲ ျဖစ္ေစခဲ့သည့္ ေအာင္ျမင္မႈလည္း ျဖစ္ခဲ့သည္။ ယခုတစ္ႀကိမ္တြင္လည္း ခ်န္ပီယံ ကာကြယ္ပြဲႏွင့္ ခါးပတ္လုပြဲအျဖစ္ အႀကိတ္အနယ္ ရွိလာဦးမည္ျဖစ္ၿပီး ေအာင္လန္အန္ဆန္းအေနျဖင့္ လက္ရွိ ခ်န္ပီယံဘြဲ႕ကို ဆက္လက္ ကာကြယ္ႏိုင္ေအာင္ ႀကိဳးစားရမည္ ျဖစ္သည္။

Source: One Championship

Unicode

ပြိုင်ဘက်ဟောင်း ရှရှားကြီးနဲ့ ချန်ပီယံကာကွယ်ပွဲကို ဧပြီ ၁၀ ရက်နေ့မှာ ထိုးသတ်သွားမယ့် အောင်လ

အောင်လအန်ဆိုင်းကတော့ ဧပြီလ (10) ရက်တွင် ပြိုင်ဘက်ဟောင်းနှင့် နောက်တကြိမ် ထိုးသတ်ရတော့မှာဖြစ်ပါတယ်။ One Championship မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်း (မြန်မာ့စပါးအုံး) မှာလာမည့် ဧပြီလတွင် ပြိုင်ဘက်ဟောင်း ဖြစ်သည့် ဗစ်တာလီဗစ်ဒက်ရ်ှနှင့် ချန်ပီယံကာကွယ်ပွဲကို ယှဉ်ပြိုင် ထိုးသတ်သွားမည် ဖြစ်သည်။

အဆိုပါ ပွဲစဉ်ကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် လာမယ့် ဧပြီလ၊ ၁၀ ရက်နေ့၌ ကျင်းပသွားမည်ဟု One Championship CEO ချက်ထရီဆစ်ယိုတောင်က ၎င်း၏ လူမှုကွန်ယက် အကောင့်မှ တဆင့် အတည်ပြု ထုတ်ပြန်ကြေညာ သွားခဲ့သည်။

ရုရှား MMA ဖိုက်တာ ဗစ်တာလီဗစ်ဒက်ရ်ှမှာ One Championship မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်းတစ်ဦးဖြစ်ပြီး အောင်လအန်ဆန်းနှင့် နှစ်ကြိမ်တိုင်တိုင် ယှဉ်ပြိုင် ထိုးသတ်ခဲ့ဖူးသည့် ပြိုင်ဘက်ဟာင်းတစ်ဦး ဖြစ်သည်။

ပထမတစ်ကြိမ်ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်း ဖြစ်ပြီး အောင်လအန်ဆန်းက လက်ရှိချန်ပီယံကို စိန်ခေါ်သူ အဖြစ်နှင့် ယှဉ်ပြိုင်ခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ပွဲစဉ်တွင် ဗစ်တာလီဗစ်ဒက်ရ်ှက ဒိုင်အဆုံးအဖြတ်နှင့် အနိုင်ရ ခဲ့သည်။ ဒုတိယပွဲစဉ်ကို ရန်ကုန်မြို့တွင် ၂၀၁၇၊ ဇွန်လ၌ ပြန်လည် ထိုးသတ်ခဲ့ပြီး အောင်လအန်ဆန်းက ဒိုင်အဆုံးအဖြတ်နှင့် ပြန်လည် အနိုင်ရရှိခဲ့ပြီး ကမ္ဘာ့ချန်ပီယံဘွဲ့ကို လွှဲပြောင်း ရယူ နိုင်ခဲ့သည်။

အဆိုပါ ချန်ပီယံဆု က အောင်လအန်ဆန်း၏ ကစားသမားဘဝတွင် ပထမဆုံး ရရှိလိုက်သည့် အောင်မြင်မှု ဖြစ်ပြီး ၎င်းကစားမားဘဝကို တစ်ဆစ်ချိုး အပြောင်းအလဲ ဖြစ်စေခဲ့သည့် အောင်မြင်မှုလည်း ဖြစ်ခဲ့သည်။ ယခုတစ်ကြိမ်တွင်လည်း ချန်ပီယံ ကာကွယ်ပွဲနှင့် ခါးပတ်လုပွဲအဖြစ် အကြိတ်အနယ် ရှိလာဦးမည်ဖြစ်ပြီး အောင်လန်အန်ဆန်းအနေဖြင့် လက်ရှိ ချန်ပီယံဘွဲ့ကို ဆက်လက် ကာကွယ်နိုင်အောင် ကြိုးစားရမည် ဖြစ်သည်။

Source: One Championship

Be the first to comment

Leave a Reply

Your email address will not be published.


*