လာသမွ်လူကို အခ်ဥ္ဖမ္းၿပီး အမဲဖ်က္ဖို႔ ေစာင့္ေနၾကတဲ့ ဘုရင္ေနာင္ေဈးႀကီး မွ ကလိန္ကက်စ္မ်ား

လာသမွ်လူကို အခ်ဥ္ဖမ္းၿပီး အမဲဖ်က္ဖို႔ ေစာင့္ေနၾကတဲ့ ဘုရင္ေနာင္ေဈးႀကီး မွ ကလိန္ကက်စ္မ်ား

လာသမွ်လူကို အခ်ဥ္ဖမ္းၿပီး အမဲဖ်က္ဖို႔ ေစာင့္ေနၾကတဲ့ ဘုရင္ေနာင္ေဈးႀကီး မွ ကလိန္ကက်စ္မ်ား

ေကာင္းေရာင္းေကာင္းဝယ္ လုပ္မစားၾကပဲ တစ္နပ္စားဉာဏ္ျဖင့္ လာသမွ်လူကို အခ်ဥ္ဖမ္းၿပီး အမဲဖ်က္ဖို႔ ေစာင့္ေနၾကတဲ့ ဘုရင္ေနာင္ေဈးႀကီး မွ ကလိန္ကက်စ္မ်ားအေၾကာင္းကို ေဖာ္ျပခ်င္ပါတယ္။ အေတာ္ကို ဆိုးဝါးလွပါတယ္။ ဘယ္ေသာအခါမွ ခ်မ္းသာလာမည့္သူမ်ား မဟုတ္ပါ။ မသမာသူမ်ားျဖစ္ၾကပါသည္။သတိထားႏိုင္ၾကပါေစ။

က်ေနာ္ ကားႀကီးပစၥည္း တခုသြားဝယ္ရင္း ဘုရင့္ေနာင္ေစ်းသို ေရာက္ခဲ့သည္။ ပစၥည္းရရန္ နာရီဝက္ခန႔္ေစာင့္ရသည္။ ထိုအခ်ိန္တြင္ လူငယ္တစ္ဦးမွ က်ေနာ္ စီးလာေသာ Wish 2006 ကားေလးအား ဗန္ဘာေလ်ာ့ေနတယ္ လုပ္လိုက္ပါလား ဟုေျပာပါသည္။

က်ေနာ္လည္း ဘယ္လာက္ၾကာမလဲ ေမးေသာ အခါ 15 မိနစ္ေလာက္ဆိုၿပီးပါတယ္ ဆရာဟု ေျပာပါသည္။ အဲဒါဆို ဘယ္ေလာက္က်မလဲ ထပ္ေမးေသာအခါ ကလစ္ခုကို ငါးရာ တစ္ေထာင္ထဲပါ လိုအပ္တာထည့္လိုက္မယ္ က်ေနာ္တို႔လက္ခမယူပါဘူး ဟုေျပာပါသည္။

အင္း..ဒါဆို တေသာင္း ႏွစ္ေသာင္းေလာက္နဲ႔ အခ်ိန္လဲရတာပဲဟု စိတ္ထဲေတြးကာ လက္ခံလိုက္သည္။ ဗန္ဘာမ်ားျဖဳတ္ခ်လိုက္သည္။ ကားမွန္ကလဲေခ်ာင္ေနတယ္ဆရာ ေဘာတလုံး 1500 ပဲလက္စနဲ႔ထည့္လိုက္ပါလား က်ေနာ္လည္းအင္းေပါ့ဟု ေျပာလိုက္မိသည္။ သုံးေလးေယာက္ဝိုင္းလုပ္ၾကသည္။

ေနာက္တေယာက္က အစ္ကို ေရွာ့ဘားသဲကာေပါက္ေနတယ္ လဲလိုက္ပါလား ႏွင့္ က်ေနာ္လည္းမွာထားေသာ ကားပစၥည္းရၿပီျဖစ္၍ ဆိုင္သို႔ျပန္သြားကာ စမ္းသပ္ေန၍ အခ်ိန္အနဲငယ္ၾကာသြားၿပီး ျပန္လာေသာအခါ က်ေနာ္ကား တစစီျဖစ္ေနသည္။

မင္းတို႔ဟာ ဘာေတြလဲ ငါအဲဒါေတြမလုပ္ခိုင္းဘူးေလ ငါလဲအခ်ိန္မရဘူး ေျပာေသာအခါ အခုခဏဆို ၿပီးပါၿပီဟုေျပာပါသည္။ က်ေနာ္လည္းထိုင္ေစာင့္ရင္း ေနာက္ထပ္ႏွစ္နာရီခန႔္ေလာက္ၾကာကာ ေနာက္ဆုံး ေငြရွင္းရန္ ေဘာက္ခ်ာမ်ားေရာက္လာခ်ိန္တြင္ ႏွစ္သိန္းပါးနီးခန႔္ ေဘာက္ခ်ာ 7ေစာင္ က်ေနာ္ေခါင္းေတြမူးသြားသည္။

ငါ့မွာ အဲေလာက္ေတာ့ပိုက္ဆံမပါဘူး အိမ္ျပန္မွာမွရမယ္ဟုေျပာကာ သူတို႔ ဆယ့္ငါးေယာက္ခန႔္ၾကားမွ လွည့္ထြက္လာခဲ့သည္။ တန္ရာတန္ေၾကးကို ကိုယ္တိုင္သည္အတိုင္းေပး၍ ရမည္မဟုတိေသာေၾကာင့္ ေစ်းေခါင္း႐ုံးသို႔ သြားကာ အကူအညီေတာင္းခဲ့သည္။

ေစ်း႐ုံးမွ ဒီအတိုင္းေဆာင္႐ြက္၍မရ အမႈဖြင့္ဖို႔တိုက္တြန္းသည္။ ဟုတ္ကဲ့ ဒါဆိုလဲဖြင့္ဗ်ာ ၊ဒီလိုမတရားသျဖင့္ ကလိန္ကက်စ္လုပ္စားေနတာေတာ့ တိုက္ဖ်က္ရမယ္ဆိုတဲ့ အေတြးနဲ႔ လကၡံလိုက္သည္။ ရဲတေယာက္ေရာက္လာသည္။ ေစ်းစည္ပင္အေယာက္20ခန႔္ဝန္းရံၿပီး ထိုသူေတြအုပ္စုၾကားမွ က်ေနာ့ကားအားထုတ္ခဲ့ရသည္။

ဘုရင့္ေနာင္ရဲစခန္းက ျပတ္သားသည္။ ထိုအေၾကာင္းအရာမ်ားစြာကိုလည္း သိေနသည္။ ကလိန္ကက်စ္ေကာင္ေတြ မွန္ကန္တယ္ဆိုလိုက္လာမယ္။ လာရင္အကုန္ဖမ္းထည့္ကြာဟုေျပာသည္။ လိုက္မလာၾကပါ။ အထူးမွာခ်င္သည္မွာ ဘုရင့္ေနာင္းေစ်းအတြင္း ကားေလးျပဳလုပ္ေပးမည္ဆိုလ်င္ အနဲငယ္မွ် ေယာင္လို႔ေတာင္မလုပ္မိၾကေစဘို႔ တိုက္တြန္းသတိေပးအပ္ပါသည္။

REF: SHWE LIKE

Unicode

လာသမျှလူကို အချဉ်ဖမ်းပြီး အမဲဖျက်ဖို့ စောင့်နေကြတဲ့ ဘုရင်နောင်ဈေးကြီး မှ ကလိန်ကကျစ်များ

ကောင်းရောင်းကောင်းဝယ် လုပ်မစားကြပဲ တစ်နပ်စားဉာဏ်ဖြင့် လာသမျှလူကို အချဉ်ဖမ်းပြီး အမဲဖျက်ဖို့ စောင့်နေကြတဲ့ ဘုရင်နောင်ဈေးကြီး မှ ကလိန်ကကျစ်များအကြောင်းကို ဖော်ပြချင်ပါတယ်။ အတော်ကို ဆိုးဝါးလှပါတယ်။ ဘယ်သောအခါမှ ချမ်းသာလာမည့်သူများ မဟုတ်ပါ။ မသမာသူများဖြစ်ကြပါသည်။သတိထားနိုင်ကြပါစေ။

ကျနော် ကားကြီးပစ္စည်း တခုသွားဝယ်ရင်း ဘုရင့်နောင်စျေးသို ရောက်ခဲ့သည်။ ပစ္စည်းရရန် နာရီဝက်ခန့်စောင့်ရသည်။ ထိုအချိန်တွင် လူငယ်တစ်ဦးမှ ကျနော် စီးလာသော Wish 2006 ကားလေးအား ဗန်ဘာလျော့နေတယ် လုပ်လိုက်ပါလား ဟုပြောပါသည်။

ကျနော်လည်း ဘယ်လာက်ကြာမလဲ မေးသော အခါ 15 မိနစ်လောက်ဆိုပြီးပါတယ် ဆရာဟု ပြောပါသည်။ အဲဒါဆို ဘယ်လောက်ကျမလဲ ထပ်မေးသောအခါ ကလစ်ခုကို ငါးရာ တစ်ထောင်ထဲပါ လိုအပ်တာထည့်လိုက်မယ် ကျနော်တို့လက်ခမယူပါဘူး ဟုပြောပါသည်။

အင်း..ဒါဆို တသောင်း နှစ်သောင်းလောက်နဲ့ အချိန်လဲရတာပဲဟု စိတ်ထဲတွေးကာ လက်ခံလိုက်သည်။ ဗန်ဘာများဖြုတ်ချလိုက်သည်။ ကားမှန်ကလဲချောင်နေတယ်ဆရာ ဘောတလုံး 1500 ပဲလက်စနဲ့ထည့်လိုက်ပါလား ကျနော်လည်းအင်းပေါ့ဟု ပြောလိုက်မိသည်။ သုံးလေးယောက်ဝိုင်းလုပ်ကြသည်။

နောက်တယောက်က အစ်ကို ရှော့ဘားသဲကာပေါက်နေတယ် လဲလိုက်ပါလား နှင့် ကျနော်လည်းမှာထားသော ကားပစ္စည်းရပြီဖြစ်၍ ဆိုင်သို့ပြန်သွားကာ စမ်းသပ်နေ၍ အချိန်အနဲငယ်ကြာသွားပြီး ပြန်လာသောအခါ ကျနော်ကား တစစီဖြစ်နေသည်။

မင်းတို့ဟာ ဘာတွေလဲ ငါအဲဒါတွေမလုပ်ခိုင်းဘူးလေ ငါလဲအချိန်မရဘူး ပြောသောအခါ အခုခဏဆို ပြီးပါပြီဟုပြောပါသည်။ ကျနော်လည်းထိုင်စောင့်ရင်း နောက်ထပ်နှစ်နာရီခန့်လောက်ကြာကာ နောက်ဆုံး ငွေရှင်းရန် ဘောက်ချာများရောက်လာချိန်တွင် နှစ်သိန်းပါးနီးခန့် ဘောက်ချာ 7စောင် ကျနော်ခေါင်းတွေမူးသွားသည်။

ငါ့မှာ အဲလောက်တော့ပိုက်ဆံမပါဘူး အိမ်ပြန်မှာမှရမယ်ဟုပြောကာ သူတို့ ဆယ့်ငါးယောက်ခန့်ကြားမှ လှည့်ထွက်လာခဲ့သည်။ တန်ရာတန်ကြေးကို ကိုယ်တိုင်သည်အတိုင်းပေး၍ ရမည်မဟုတိသောကြောင့် စျေးခေါင်းရုံးသို့ သွားကာ အကူအညီတောင်းခဲ့သည်။

စျေးရုံးမှ ဒီအတိုင်းဆောင်ရွက်၍မရ အမှုဖွင့်ဖို့တိုက်တွန်းသည်။ ဟုတ်ကဲ့ ဒါဆိုလဲဖွင့်ဗျာ ၊ဒီလိုမတရားသဖြင့် ကလိန်ကကျစ်လုပ်စားနေတာတော့ တိုက်ဖျက်ရမယ်ဆိုတဲ့ အတွေးနဲ့ လက္ခံလိုက်သည်။ ရဲတယောက်ရောက်လာသည်။ စျေးစည်ပင်အယောက်20ခန့်ဝန်းရံပြီး ထိုသူတွေအုပ်စုကြားမှ ကျနော့ကားအားထုတ်ခဲ့ရသည်။

ဘုရင့်နောင်ရဲစခန်းက ပြတ်သားသည်။ ထိုအကြောင်းအရာများစွာကိုလည်း သိနေသည်။ ကလိန်ကကျစ်ကောင်တွေ မှန်ကန်တယ်ဆိုလိုက်လာမယ်။ လာရင်အကုန်ဖမ်းထည့်ကွာဟုပြောသည်။ လိုက်မလာကြပါ။ အထူးမှာချင်သည်မှာ ဘုရင့်နောင်းစျေးအတွင်း ကားလေးပြုလုပ်ပေးမည်ဆိုလျင် အနဲငယ်မျှ ယောင်လို့တောင်မလုပ်မိကြစေဘို့ တိုက်တွန်းသတိပေးအပ်ပါသည်။

REF: SHWE LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*