မီတာခေတြ အၿမဲတမ္း ၈ေသာင္းေက်ာ္က်လို႔ စစ္ေဆးၾကည္ခိုင္းလိုက္ေသာအခါ(အမ်ား သိေအာင္ ရွယ္ေပးၾကပါ)

မီတာခေတြ အၿမဲတမ္း ၈ေသာင္းေက်ာ္က်လို႔ စစ္ေဆးၾကည္ခိုင္းလိုက္ေသာအခါ(အမ်ား သိေအာင္ ရွယ္ေပးၾကပါ)

မီတာခ တလတလ ၈ေသာင္း ၉ေသာင္းေက်ာ္ေလာက္ က်တယ္။ မီတာခအမ်ားႀကီးက်လို႔ air con သုံးတာေတြေလ်ာ့ ေရခဲေသတၱာ ညပိုင္းပဲဖြင့္သုံး မီးကို မလိုအပ္တာကိုမသုံးပဲေခြၽတာေနလဲ ၈ေသာင္းေက်ာ္ ေဆာင္ေနရလို႔ မသကၤာတာနဲ႔ ၿပီးခဲ့တဲ့လက မီတာမေဆာင္ခင္ မီတာ႐ုံးသြားၿပီး တာဝန္က်ေနတဲ့ အထက္လူႀကီးကို ဝင္တိုင္လိုက္တယ္ သူတို႔က လာစစ္ေဆးေပးမယ္လို႔ေျပာလိုက္တယ္။

ကိုယ့္ဘာသာ စစ္ရေအာင္လည္း digital မီတာပုံးက ဓါတ္တိုင္ေပၚမွာ ေနာက္၃ရက္ေလာက္ ၾကာေတာ့ စစ္ေဆးေရး ဝန္ထမ္းနဲ႔ မီတာဖတ္တဲ့သူ ေရာက္လာတယ္။ ဓါတ္တိုင္ေအာက္ ေရာက္ေတာ့ ကိုယ့္မီတာစာ႐ြက္က code noနဲ႔ digital စက္နဲ႔ ဓာတ္တိုင္ေအာက္က လွမ္းဖတ္တယ္။ မီတာကိုဖတ္လိုက္ေတာ့ ယူနစ္၂၀၀ေက်ာ္ ပိုေကာက္ထားတာ ေတြ႕ရတယ္။

အဲ့ဒါနဲ႔ ဘာလို႔ အဲ့လိုျဖစ္ရတာလည္း ဘာေၾကာင့္ ျဖစ္တာလဲ ကြၽန္မတို႔ မသုံးပဲနဲ႔ တလတလ ယူနစ္၂၀၀ေက်ာ္ဖိုး သက္သက္ ေဆာင္ေနရတာလား။

အဲ့လိုေဆာင္ေနရတာ ဘယ္ေလာက္ေတာင္ ၾကာေနၿပီလဲ အထက္ကို ေရာက္ေအာင္ တိုင္မယ္လဲေျပာလိုက္ေရာ

မီတာဖတ္တဲ့ ဝန္ထမ္းက ကြၽန္ေတာ္ ယူနစ္ကိုလာမဖတ္ပဲ မွန္းၿပီး ေရးလိုက္တာတဲ့ မွန္းေကာက္မိတာပါတဲ့ အဲ့လို လုပ္လို႔ရလား နင္တို႔မီတာ႐ုံးက အဲ့လို လုပ္စားေနတာလား နင္အဲ့လိုမွန္းေကာက္ေနတာ ဘယ္ေလာက္ၾကာၿပီလည္း ေမးေတာ့ ဘာမွ ျပန္မေျပာဘူး။

ငါဘူမသိကိုးမသိနဲ႔ အဲ့လို ေဆာင္ေနရတာ ဘယ္ေလာက္ ၾကာေနၿပီလဲဆိုၿပီး စိတ္တိုတိုနဲ႔ေအာ္ေငါက္လည္း ေျပာလိုက္ေရာ ပါလာတဲ့ လူႀကီးက သူအဆင္ေျပေအာင္ လုပ္ေပးပါမယ္တဲ့။ ခုေတာ့ ၈ေသာင္းေက်ာ္ ေဆာင္ထားလိုက္ပါတဲ့။ ေနာက္လက်ရင္ ပိုေကာက္ထားတဲ့ ယူနစ္၂၀၀ေက်ာ္ကို ၁၂၅က်ပ္နဲ႔ ျပန္တြက္ၿပီးေလ်ာ့ ေကာက္ေပးပါ့မယ္လို႔ ေျပာတယ္။

မီတာ႐ုံးကဝန္ထမ္းေတြ တလတလ မီတာ လိုက္မဖတ္ပဲ အဲ့လို ရမ္းေကာက္ေနၾကတာလား?

ဒီလ မီတာစာ႐ြက္ေရာက္ေတာ့ မီတာခက ၅၃၅က်ပ္တဲ့

၁ယူနစ္ပဲသုံးထားတယ္တဲ့

ဝန္ေဆာင္ခက၅ဝဝက်ပ္တဲ့

ငါတို႔ တိုင္းျပည္ႀကီးမွာ ဌာနဆိုင္ရာေတြက သူတို႔ လုပ္ခ်င္တာလုပ္လို႔ ရတယ္ဆိုတဲ့သေဘာလား?

တတ္လဲ တတ္ႏိုင္တဲ့ ဟာေတြ

ေနျပည္ေတာ္ထိ တက္တိုင္ခ်င္တာ ေငြကုန္လူပန္း ေစာက္အလုပ္ေတြ ရႈပ္မွာစိုးလို႔ စိတ္ကိုေလ်ာ့လိုက္ရတယ္။

ဒီpostကို တင္ခ်င္ေနတာ ဒီလ မီတာစာ႐ြက္ေရာက္ေအာင္ ၁လနီးပါး သည္းခံေစာင့္ေနရလို႔ ခုမွတင္ရတယ္

အဲ့လို လိမ္စားခ်င္လို႔ digital မီတာပုံးကို ဓာတ္တိုင္ေပၚ တင္ထားတာ ေနမယ္

သတိသာ ထားေပေတာ့။

ခရက္ဒစ္ Ni Ni Khaing fb

Unicode

မီတာခတွေ အမြဲတမ်း ၈သောင်းကျော်ကျလို့ စစ်ဆေးကြည်ခိုင်းလိုက်သောအခါ(အများ သိအောင် ရှယ်ပေးကြပါ)

မီတာခ တလတလ ၈သောင်း ၉သောင်းကျော်လောက် ကျတယ်။ မီတာခအများကြီးကျလို့ air con သုံးတာတွေလျော့ ရေခဲသေတ္တာ ညပိုင်းပဲဖွင့်သုံး မီးကို မလိုအပ်တာကိုမသုံးပဲချွေတာနေလဲ ၈သောင်းကျော် ဆောင်နေရလို့ မသင်္ကာတာနဲ့ ပြီးခဲ့တဲ့လက မီတာမဆောင်ခင် မီတာရုံးသွားပြီး တာဝန်ကျနေတဲ့ အထက်လူကြီးကို ဝင်တိုင်လိုက်တယ် သူတို့က လာစစ်ဆေးပေးမယ်လို့ပြောလိုက်တယ်။

ကိုယ့်ဘာသာ စစ်ရအောင်လည်း digital မီတာပုံးက ဓါတ်တိုင်ပေါ်မှာ နောက်၃ရက်လောက် ကြာတော့ စစ်ဆေးရေး ဝန်ထမ်းနဲ့ မီတာဖတ်တဲ့သူ ရောက်လာတယ်။ ဓါတ်တိုင်အောက် ရောက်တော့ ကိုယ့်မီတာစာရွက်က code noနဲ့ digital စက်နဲ့ ဓာတ်တိုင်အောက်က လှမ်းဖတ်တယ်။ မီတာကိုဖတ်လိုက်တော့ ယူနစ်၂၀၀ကျော် ပိုကောက်ထားတာ တွေ့ရတယ်။

အဲ့ဒါနဲ့ ဘာလို့ အဲ့လိုဖြစ်ရတာလည်း ဘာကြောင့် ဖြစ်တာလဲ ကျွန်မတို့ မသုံးပဲနဲ့ တလတလ ယူနစ်၂၀၀ကျော်ဖိုး သက်သက် ဆောင်နေရတာလား။

အဲ့လိုဆောင်နေရတာ ဘယ်လောက်တောင် ကြာနေပြီလဲ အထက်ကို ရောက်အောင် တိုင်မယ်လဲပြောလိုက်ရော

မီတာဖတ်တဲ့ ဝန်ထမ်းက ကျွန်တော် ယူနစ်ကိုလာမဖတ်ပဲ မှန်းပြီး ရေးလိုက်တာတဲ့ မှန်းကောက်မိတာပါတဲ့ အဲ့လို လုပ်လို့ရလား နင်တို့မီတာရုံးက အဲ့လို လုပ်စားနေတာလား နင်အဲ့လိုမှန်းကောက်နေတာ ဘယ်လောက်ကြာပြီလည်း မေးတော့ ဘာမှ ပြန်မပြောဘူး။

ငါဘူမသိကိုးမသိနဲ့ အဲ့လို ဆောင်နေရတာ ဘယ်လောက် ကြာနေပြီလဲဆိုပြီး စိတ်တိုတိုနဲ့အော်ငေါက်လည်း ပြောလိုက်ရော ပါလာတဲ့ လူကြီးက သူအဆင်ပြေအောင် လုပ်ပေးပါမယ်တဲ့။ ခုတော့ ၈သောင်းကျော် ဆောင်ထားလိုက်ပါတဲ့။ နောက်လကျရင် ပိုကောက်ထားတဲ့ ယူနစ်၂၀၀ကျော်ကို ၁၂၅ကျပ်နဲ့ ပြန်တွက်ပြီးလျော့ ကောက်ပေးပါ့မယ်လို့ ပြောတယ်။

မီတာရုံးကဝန်ထမ်းတွေ တလတလ မီတာ လိုက်မဖတ်ပဲ အဲ့လို ရမ်းကောက်နေကြတာလား?

ဒီလ မီတာစာရွက်ရောက်တော့ မီတာခက ၅၃၅ကျပ်တဲ့

၁ယူနစ်ပဲသုံးထားတယ်တဲ့

ဝန်ဆောင်ခက၅ဝဝကျပ်တဲ့

ငါတို့ တိုင်းပြည်ကြီးမှာ ဌာနဆိုင်ရာတွေက သူတို့ လုပ်ချင်တာလုပ်လို့ ရတယ်ဆိုတဲ့သဘောလား?

တတ်လဲ တတ်နိုင်တဲ့ ဟာတွေ

နေပြည်တော်ထိ တက်တိုင်ချင်တာ ငွေကုန်လူပန်း စောက်အလုပ်တွေ ရှုပ်မှာစိုးလို့ စိတ်ကိုလျော့လိုက်ရတယ်။

ဒီpostကို တင်ချင်နေတာ ဒီလ မီတာစာရွက်ရောက်အောင် ၁လနီးပါး သည်းခံစောင့်နေရလို့ ခုမှတင်ရတယ်

အဲ့လို လိမ်စားချင်လို့ digital မီတာပုံးကို ဓာတ်တိုင်ပေါ် တင်ထားတာ နေမယ်

သတိသာ ထားပေတော့။

ခရက်ဒစ် Ni Ni Khaing fb

Be the first to comment

Leave a Reply

Your email address will not be published.


*