







😇"စေတနာ မှန်လျှင် တကယ်လက်တွေ့ အကျိုးပါတယ်"😇

နန်းခင်ရဲ့ ထူးထူးခြားခြားအလှူလေးတစ်ခု🙏🙏🙏🎥ဘယ်လိုအလှူလေးလဲ သိချင်ရင်တော့ Video လေးကို အဆုံးထိ ပြီးအောင် ကြည့်ပေးရင် တွေ့ပါလိမ့်မယ်ရှင့်။ 😇😇😇“စေတနာမှန်လျှင် တကယ်လက်တွေ့ အကျိုးပေးပါတယ်”🤗💁‍♀️”တစ်လမှာ အမြဲတမ်း လိုအပ်နေတဲ့သူတွေ , အကူအညီလိုတဲ့ သူတွေကို နန်းခင်တို့ တတ်နိုင်တဲ့ဘက်ကနေ အနည်းဆုံး လူ နှစ်ဦး လောက် ကူညီပေးကြရအောင်” 💁‍♀️📌YouTube Video Link : https://youtu.be/Zqxfm0nM5os#NKZY#HelpForPersons#Donation

Publicado por Nang Khin Zay Yar – နန်းခင်ဇေယျာ en Sábado, 15 de febrero de 2020

Unicode

ကိုယ်တိုင် သူတောင်းစား တစ်ယောက်လို ရုပ်ဖျက်ပြီး လူတွေရဲ့ ကူညီချင်တဲ့ စိတ်ကို ရှာဖွေဖော်ထုတ် ခဲ့တဲ့ နန်းခင်ဇေယျာ(ရုပ်သံ ဗွီဒီယိုဖိုင်)

အလှမယ်တစ်ယောက်အနေနဲ့ ပရိသတ်ရဲ့အချစ်ကို ရရှိထားတဲ့ နန်းခင်ဇေယျာကတော့ အလှမယ် ဘဝကတည်းက လူသား အကျိုးပြု လုပ်ငန်းတွေနဲ့ ပရဟိတ အလုပ်တွေကို အင်တိုက်အားတိုက် လုပ်ဆောင်သူ တစ်ယောက်အဖြစ် ပရိသတ် အသိမှတ်ပြု အားပေးခြင်းကို ရရှိ ထားသူပါ။

နိုင်ငံတစ်နိုင်ငံရဲ့ ဂုဏ်ကို ဖော်ဆောင်မယ့် အလှမယ် တစ်ယောက် အနေနဲ့ အများအကျိုးပြုလုပ်ငန်းတွေကို စိတ်ပါဝင်စားသူ တစ်ယောက် ဖြစ်သလို အမျိုးသမီးတွေရဲ့ စံနမူနာ ဖြစ်ဖို့ အမြဲကြိုးစားနေတဲ့ နန်းခင်ဇေယျာ ကတော့ အခုတစ်ခေါက်မှာလည်း လူတွေကြားမှာ မေ့နေတဲ့စိတ်ထားလေး တစ်ခုကို ပြန်လည်သတိရအောင် လုပ်ဆောင်နိုင်ဖို့ အစီအစဉ်လေးတစ်ခု လုပ်လိုက်ပြန်ပါတယ်။

အဲ့ဒါကတော့ သူကိုယ်တိုင် ဒုက္ခရောက်နေတဲ့ ပုံစံဟန်ဆောင်ပြီး ပိုက်ဆံအကူအညီ လိုက်တောင်းခဲ့ကာ ဗွီဒီယိုလေးတစ်ခု လုပ်ပေးခဲ့တာပါ။ သူ့ကို ကူညီပေးတဲ့ သူတွေကိုတော့ စေတနာပြန်လည် အကျိုးပေးတဲ့အနေနဲ့ ငွေကြေးအကူအညီ ပြန်လည်ပေးအပ်ခဲ့ကာ ဗွီဒီယိုလေးကို အသက်သွင်းထားတာပါ။

ဒီဗွီဒီယိုလေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဆောင်ပုဒ် ကတော့ တစ်လကို နှစ်ခါလောက်တော့ သူများကိုကူညီပေးပါဆိုတဲ့ စကားလေးဖြစ်ပြီး ခက်ခဲ ကျပ်တည်းလာတဲ့ ခေတ်ကြီးကြောင့် သူတစ်ပါးကိုကူညီဖို့ မေ့လာကြတဲ့ သူတွေကို ဒီဗွီဒီယိုလေးနဲ့ ပြန်လည်အသိဝင်လာစေဖို့ ရည်ရွယ်ချက်နဲ့ရိုက်ကူးထားတာပါ။

ရည်ရွယ်ချက် ကောင်းကောင်းလေးနဲ့ ဖန်တီး ရိုက်ကူး ထားတဲ့ နန်းခင်ဇေယျာရဲ့ ဗွီဒီယိုလေးကို ပရိသတ်ကြီး အတွက် ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးရော တစ်လကို ဘယ်နှခေါက်လောက် သူများကို ကူညီပေးလေ့ရှိသလဲ ဖြေပေးခဲ့ပါဦးနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*