Unicode
ငါးမန်းဂိမ်း ရှုံးလို့ သမီးအရင်းကို သူငယ်ချင်းစီ ခိုင်းစားဖို့ အပ်မယ် ဆိုတဲ့ ရွှေပြည်သာက လူတဦးအကြောင်း
ဟုတ်ပါတယ် ငါးမန်းဂိမ်းကြောင့် ဘဝပျက်ခဲ့ရတဲ့လူတွေ မြန်မာပြည်မှာ အများကြီးရှိတာမို့ သတိထား ရှောင်ကျဉ်နိုင်အောင် ဗဟုသုတ အဖြစ်နဲ့ မျှဝေပေးချင်တာပါ။(တကယ့် အဖြစ်အပျက်ပါ 17/2/2020 )
ဒီကနေ့ ကိုယ်တွေ သောက်နေတဲ့ ဘေးဝိုင်းက ညှင်းသိုးသိုးလူတစ်ယောက် ဖုန်းဆတ်နေပုံမှာ’သူငယ်ချင်း ငါ့ကို ပိုက်ဆံ၁၅ပုံးလောက် ခဏလှည့်ပါကွာ ငါပြန်ပေးပါ့မယ့် ”ငါ့သမီးလေးကိုလည်းမင်းဆိုင်မှာ ခိုင်းဖို့ ပို့ထားပေးပါ့မယ်။
ငါမလိမ်ပါဘူးကွာ ဒီတခါဘဲ ကူညီပေးပါကွာ”’တဲ့ ပြောသံကိုအတိုင်းသားကြားနေရတယ် အဲ့ညှင်းသိုးသိုးလူ အဲ့လိုပြောနေပေမယ့် တဖက်က စကားဆုံးအောင် နားမထောင်ဘဲ ဖုန်းချလိုက်သည်ဟု ယူဆရပါတယ်။
အဲ့လူက ဖုန်းကို စိတ်ပျက်လက်ပျက်နဲ့ စားပွဲပေါ် ပစ်တင်ရင်း အဝေးကို ငေးကြည့်ရင်း အမြှပ်သေနေတာ ကြာပြီဖြစ်တဲ့ သူ့ရင်ထဲ ဘယ်လောက်ပူလောင်နေမှန်းမသိ beerကို တမော့တည်းမော့ချလိုက်ချလိုက်ပြီးကိုယ်တွေဘက် လှည့်အကြည့် အဲ့လူကိုအကြောင်းကိုစပ်စုလိုက်ပါသည်။”
ဟေ့ လူ ဘာတွေညစ်နေတာလဲ ဒီဘက်လာခဲ့လေ ”အဲ့ညှင်းသိုးသိုးလူက ကိုယ်တွေ ဝိုင်းဘက်ကို ကူးလါတယ်။ အဲ့တော့မှ ကျနော်က ”ခင်များ ဘာကိစ္စတွေဖြစ်ခဲ့လို့လဲ ပြောပြလေ ကျနော်တို့ ကူညီနိုင်တာ ကူညီမယ် မကူနိုင်တာမကူဘူး ပြောလို့ရတဲ့ကိစ္စတွေဆိုပြောပြလေ”လို့ အဲ့လို’ပြောလိုက်တယ်။
ကိုယ်တွေ အတွေးကလဲ ခရီးသွားရင်း အလုခံရတာလါး လမ်းမှာ ကျပျောက်တာလါးး အထင်နဲ့ပေါ့။ အဲ့ညှင်းသိုးသိုးလူက ”’ဟုတ် အကို ပြောလို့ရပါတယ် ကျနော် ဒီနေ့ အလုပ်အပ်တာ လက်ခံရင်း ငွေလက်ခံလာပြီး သူငယ်ချင်းဟောင်းနဲ့ တွေ့ပြီး ငါးမန်းဆိုင် ရောက်သွားတယ်။
အကို အဲ့မှာ ကျနော်လဲ တသိန်ဖိုးလောက်ဆော့ပြီးပြန်မယ်ပေါ့။ စက်ကလဲ အသစ် အလျော်အစားလဲ မှန်မယ်ထင်လို့ ဆော့ရင်းဆော့ရင်းနဲ့ အလုပ်ပိုက်ဆံ၁၅သိန်းပါ ပါသွားလို့ သူငယ်ချင်းဆီ ပိုက်ဆံလှမ်းချေးနေတာပါ”’ဟု ပြောတော့ ကျနော် အားလုံးကို ဇာတ်ရည်လည်လိုက်ပါပြီ။
အစောက အဲ့လူကို စာနာစိတ်တွေ ကြက်ပျောက်ဌက်ပျောက်။ စိတ်ထဲကလဲ အတော် အချဉ်ဖောက်သွားရင်း ကျနော့်ပါးစပ်မှ ”ဖျင်သာခံနေလိုက်တော့ ကွာ မအေလိုး။ ကွကိုယ် စောက်သုံးကမကျ ဘာမှမဆိုင်တဲ့ကလေး ကိုယ့်သမီးအရင်းကိုတောင် အိမ်ပေါ်(အိမ်အကူ)အနေနဲ့ သူစိမ်းအိမ်ကို ပို့ပြီးမင်းအပြစ်ကို ကလေးကို ပေးဆပ်ခိုင်းတာ မင်းအဖေအရင်းမှ ဟုတ်ရဲ့လါး ။
ဘယ်နှယ့် အဲ့ ”ငါးမန်းဆိုင်တွေက မင်းကို မဆော့ရင် ဓားနဲ့ထိုးမယ်ပြောလို့ ဆော့တာလါးဟျောင့် မင်းအဖေအရင်းမှ ဟုတ်ရဲ့လါး အတော့်ကို ကျက်သရေတုံးတဲ့ကောင်”ဟုဆဲလိုက်ပြီး အဲ့ ညှင်းသိုးသိုးးလူကိုးမောင်းထုတ်ပစ်လိုက်ပါတော့ သည်။
ခရက်ဒစ် လေးစားစွာဖြင့် စောနေယံ(17/2/2020)မှတ်ချက်။ ။လူတွေကို အတော့်ကို ဒုက္ခပေးသော ငါးမန်းဆိုင်သည် ရွှေပြည်သာ ချစ်ကောင်းလမ်းအတွင်းထဲတွင်လည်းကောင်း ချစ်ကောင်းနား ထန်းခြောက်ပင် လမ်းပေါ်တွင် ရှိသည်ဟု အဲ့လူပြောစကားအရ သိရပါသည်။
လူငယ်တွေနှင့် မိသားစုတွေ ဘဝများဖရိုဖရဲ မဖြစ်ရေးအတွက် မျှဝေရုံသာမက အဲ့ဂိမ်းဆိုင်တွေကြောင့် ခိုးဆိုးလုနှိုက်တွေ များစွာပေါ်ထွန်းလါပြီး ရာဇဝတ်အမူ့တွေပိုမိုလာမှာ စိုးရိမ်သောကြောင့် ရွှေပြည်သာ ရဲတပ်ဖွဲ့အနေဖြင့် အမြန်ဆုံးအရေးယူသင့်ပါကြောင်း သတင်းပေးတိုင်ကြားလိုက်ရပါသည်။
Be the first to comment
Leave a Reply
Your email address will not be published.
*