ေက်ာက္ သိန္း သာင္းခ်ီေအာင္လို႔ ပိုလႉဒါန္းႏိုင္ေတာ့မယ့္ လင္းလင္းႏွင့္ ခ်စ္သုေဝ

ေက်ာက္ သိန္း သာင္းခ်ီေအာင္လို႔ ပိုလႉဒါန္းႏိုင္ေတာ့မယ့္ လင္းလင္းႏွင့္ ခ်စ္သုေဝ

ေက်ာက္ သိန္း သာင္းခ်ီေအာင္လို႔ ပိုလႉဒါန္းႏိုင္ေတာ့မယ့္ လင္းလင္းႏွင့္ ခ်စ္သုေဝ

အလႉအတန္းမွာ ဇနီးေမာင္ႏွံႏွစ္ဦး စိတ္ေရာကိုယ္ပါ ရက္ရက္ေရာေရာ လႉဒါန္းႏိုင္ၾကတဲ့ လင္းလင္းနဲ႔ ခ်စ္သုေဝတို႔ ႏွစ္ဦးဟာ အႁမႊာ သမီးေလး အမည္ေတြနဲ႔ ေခတ္သစ္ေဖာင္ေဒးရွင္းဆိုၿပီး ထူေထာင္ထားပါေသးတယ္။

ထိုေဖာင္ေဒးရွင္းေတြကေနၿပီးေတာ့ အသက္ (၅) ႏွစ္ေအာက္ ကေလးငယ္ေတြကို ဦးစားေပးၿပီး က်န္းမာေရးေစာင့္ေရွာက္မႈေတြ ေပးလ်က္ ရွိေနတာျဖစ္ပါတယ္။

ေခတ္နဲ႔သစ္လို႔ ခ်စ္စႏိုးေခၚေနၾကတဲ့ ပရိသတ္ေတြရဲ႕ အသည္းေက်ာ္ ႏွစ္ေယာက္ကလည္း TV Program တစ္ခုကို႐ိုက္ကူးၿပီး ထိုအစီအစဥ္ကေန ရရွိလာတဲ့ အႏုပညာေၾကးေတြကိုပါ

ေဖာင္ေဒးရွင္းအတြက္ လႉဒါန္းထားတာ ျဖစ္ပါတယ္။ အဆိုေတာ္လင္းလင္းဟာ အလႉအတန္းေတြကို ရက္ရက္ေရာေရာ လႉဒါန္းတဲ့အျပင္ သမီးေလး ဗစ္တိုးရီးယားရဲ႕

အမႈကိစၥနဲ႔ပတ္သက္ၿပီး အမႈမွန္ ေပၚေပါက္ေအာင္ ရပ္တည္ေဆာင္႐ြက္ေနသူလည္း ျဖစ္ပါတယ္။ ဒီေန႔ေလးမွာေတာ့ လင္းလင္းက အားလုံးအတြက္ ဝမ္းသာစရာ သတင္းစကားတစ္ခုကိုသယ္ေဆာင္ လာခဲ့ပါတယ္။

အဲ့ဒါကေတာ့ သူကိုယ္တိုင္ ေငြေၾကးမတည္ေပးလိုက္တဲ့ ေက်ာက္ဟာ သိန္းေသာင္းခ်ီတန္သြားခဲ့တာေၾကာင့္ ဒီထက္ပိုၿပီး အလႉအတန္းေတြ လုပ္ႏိုင္ေတာ့မယ္လို႔ သူ႔ရဲ႕ သက္ဆိုင္ရာအေကာင့္ကေန ေရးသားေဖာ္ျပလာခဲ့တာပါ။

“အေပါင္းအသင္းဆိုရင္ မိသားစုလို ေပါင္းတက္တဲ့ ကိုယ့္အတြက္ မိသားစုဆန္တဲ့ အေပါင္းအသင္းေတြဟာ ႏွစ္ကာလမ်ားစြာ တြဲပါလာၾကတာေပါ့ တရားဝင္အခြန္ေဆာင္ၿပီး ေက်ာက္ေလာ့ဒ္ႏွစ္ေလာဒ္ကို

သူတို႔က ၿပိဳင္ယူခ်င္တယ္ ကိုယ္ကလဲ ဘာမွ နားမလည္ေသာ္လဲ ယုံၾကည္မႈနဲ႔ မ,တည္ ေပးတယ္ ေဟာ အခု အက္ဒစ္မလုပ္ထားတဲ့

ပုံေတြသာ ရႈစားၾကည့္ပါေတာ့ ကြၽန္ေတာ္အတြက္ေတာ့ လိုတာထပ္ ပိုရွိလာတဲ့ အသျပာေတြကို နဂိုအလႉအတန္းေတြထပ္ ပိုၿပီးလႉႏိုင္တာပါဘဲ။

အဲဒီထပ္ပိုၿပီးမဆန္းၾကယ္ ဘာဘဲေျပာေျပာ ခ်စ္ဇနီးေလးကိုလဲ အရမ္းခ်စ္တယ္(ဟင္ ဘာမွလဲမဆိုင္ဘူး ဟိဟိ) သိန္းေသာင္းပိုင္းေတြလို႔ေတာ့ ေျပာတာဘဲ ဘာမွမလုပ္ရေသးတဲ့

အတုံးေတြလဲ အမ်ားႀကီးက်န္ေသး ေပ်ာ္စရာမဂၤလာပါဘဲ ” လို႔ ေဖာ္ျပထားတာေၾကာင့္ တကယ့္ကို မဂၤလာရွိတဲ့ သတင္းစကားေလးတစ္ခုပဲျဖစ္ပါတယ္။

အမ်ားျပည္သူေတြရဲ႕အက်ိဳးေတြကိုပါ တစ္ဖက္တစ္လမ္းကေန အက်ိဳးျပဳေနၾကသူေတြျဖစ္တဲ့အတြက္ေၾကာင့္ လင္းလင္းတို႔မိသားစု ဒီထက္ပိုၿပီး လႉဒါန္းႏိုင္ဦးမယ္ဆိုတာေတာ့ အေသအခ်ာပါပဲ။

ဒီသတင္းေလးကို ၾကားလိုက္ရလို႔ ပရိသတ္ႀကီးကလည္း လင္းလင္းတို႔မိသားစုနဲ႔အတူထပ္တူထပ္မွ် ဝမ္းသာမိမယ္လို႔ ထင္ပါတယ္ေနာ္။

Unicode

ကျောက် သိန်း သာင်းချီအောင်လို့ ပိုလှူဒါန်းနိုင်တော့မယ့် လင်းလင်းနှင့် ချစ်သုဝေ

အလှူအတန်းမှာ ဇနီးမောင်နှံနှစ်ဦး စိတ်ရောကိုယ်ပါ ရက်ရက်ရောရော လှူဒါန်းနိုင်ကြတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ဦးဟာ အမြွှာ သမီးလေး အမည်တွေနဲ့ ခေတ်သစ်ဖောင်ဒေးရှင်းဆိုပြီး ထူထောင်ထားပါသေးတယ်။

ထိုဖောင်ဒေးရှင်းတွေကနေပြီးတော့ အသက် (၅) နှစ်အောက် ကလေးငယ်တွေကို ဦးစားပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးလျက် ရှိနေတာဖြစ်ပါတယ်။

ခေတ်နဲ့သစ်လို့ ချစ်စနိုးခေါ်နေကြတဲ့ ပရိသတ်တွေရဲ့ အသည်းကျော် နှစ်ယောက်ကလည်း TV Program တစ်ခုကိုရိုက်ကူးပြီး ထိုအစီအစဉ်ကနေ ရရှိလာတဲ့ အနုပညာကြေးတွေကိုပါ

ဖောင်ဒေးရှင်းအတွက် လှူဒါန်းထားတာ ဖြစ်ပါတယ်။ အဆိုတော်လင်းလင်းဟာ အလှူအတန်းတွေကို ရက်ရက်ရောရော လှူဒါန်းတဲ့အပြင် သမီးလေး ဗစ်တိုးရီးယားရဲ့

အမှုကိစ္စနဲ့ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်အောင် ရပ်တည်ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ လင်းလင်းက အားလုံးအတွက် ဝမ်းသာစရာ သတင်းစကားတစ်ခုကိုသယ်ဆောင် လာခဲ့ပါတယ်။

အဲ့ဒါကတော့ သူကိုယ်တိုင် ငွေကြေးမတည်ပေးလိုက်တဲ့ ကျောက်ဟာ သိန်းသောင်းချီတန်သွားခဲ့တာကြောင့် ဒီထက်ပိုပြီး အလှူအတန်းတွေ လုပ်နိုင်တော့မယ်လို့ သူ့ရဲ့ သက်ဆိုင်ရာအကောင့်ကနေ ရေးသားဖော်ပြလာခဲ့တာပါ။

“အပေါင်းအသင်းဆိုရင် မိသားစုလို ပေါင်းတက်တဲ့ ကိုယ့်အတွက် မိသားစုဆန်တဲ့ အပေါင်းအသင်းတွေဟာ နှစ်ကာလများစွာ တွဲပါလာကြတာပေါ့ တရားဝင်အခွန်ဆောင်ပြီး ကျောက်လော့ဒ်နှစ်လောဒ်ကို

သူတို့က ပြိုင်ယူချင်တယ် ကိုယ်ကလဲ ဘာမှ နားမလည်သော်လဲ ယုံကြည်မှုနဲ့ မ,တည် ပေးတယ် ဟော အခု အက်ဒစ်မလုပ်ထားတဲ့

ပုံတွေသာ ရှုစားကြည့်ပါတော့ ကျွန်တော်အတွက်တော့ လိုတာထပ် ပိုရှိလာတဲ့ အသပြာတွေကို နဂိုအလှူအတန်းတွေထပ် ပိုပြီးလှူနိုင်တာပါဘဲ။

အဲဒီထပ်ပိုပြီးမဆန်းကြယ် ဘာဘဲပြောပြော ချစ်ဇနီးလေးကိုလဲ အရမ်းချစ်တယ်(ဟင် ဘာမှလဲမဆိုင်ဘူး ဟိဟိ) သိန်းသောင်းပိုင်းတွေလို့တော့ ပြောတာဘဲ ဘာမှမလုပ်ရသေးတဲ့

အတုံးတွေလဲ အများကြီးကျန်သေး ပျော်စရာမင်္ဂလာပါဘဲ ” လို့ ဖော်ပြထားတာကြောင့် တကယ့်ကို မင်္ဂလာရှိတဲ့ သတင်းစကားလေးတစ်ခုပဲဖြစ်ပါတယ်။

အများပြည်သူတွေရဲ့အကျိုးတွေကိုပါ တစ်ဖက်တစ်လမ်းကနေ အကျိုးပြုနေကြသူတွေဖြစ်တဲ့အတွက်ကြောင့် လင်းလင်းတို့မိသားစု ဒီထက်ပိုပြီး လှူဒါန်းနိုင်ဦးမယ်ဆိုတာတော့ အသေအချာပါပဲ။

ဒီသတင်းလေးကို ကြားလိုက်ရလို့ ပရိသတ်ကြီးကလည်း လင်းလင်းတို့မိသားစုနဲ့အတူထပ်တူထပ်မျှ ဝမ်းသာမိမယ်လို့ ထင်ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*